အွန်လိုင်းခရီး (၆)

in #myanmar7 years ago (edited)

အွန်လိုင်းပေါ်ကငွေရဖို့ ဟိုဟာကောင်းနိုး ဒီဟာ
ကောင်းနိုးနဲ့ လုပ်ရင်းက ဒီတစ်ခါတော့
cryptocurrency mining ဘက်ကိုရောက်
သွားခဲ့ပါတယ်။ ရောက်သွားဖြစ်ခဲ့ပုံက FB မှာ
Like လုပ်ထားတဲ့ page တစ်ခုက
Android mining apk ဆိုပြီးတွေ့ရာကနေ
. . .ဖုန်းထဲမှာ install လုပ်ပြီးကလိကြည့်
တော့ mining လုပ်လို့ရတယ်ဆိုတာ
တွေ့ခဲ့ပါတယ် ။ ကိုယ်ကိုယ်တိုင်လည်း
mining လုပ်တယ်ဆိုတာ ဘာမှန်းညာမှန်း
မသိခဲ့ပါဘူး . . . BTC mining လုပ်တဲ့
စက်တွေတော့ Online ပေါ်မှာ တွေ့ဖူးပေမယ့်
ဒီတစ်ခါတွေ့တဲ့ ဖုန်း apk လေးက
minergate ဆိုတဲ့ android apk လေးပါ။
CPU နဲ့ GPU ကိုသုံးပြီး mining လုပ်ပေး
တာပါ . . . ဖုန်းနဲ့ဆိုတော့ CPU နဲ့ပဲ
support ဖြစ်တာကို တွေ့ရပါတယ်။ coin
တော်တော်များများကို pool mining ပုံစံနဲ့
တူးနိုင်ပါတယ် . . ကျနော်လည်း ဖုန်း
ထဲမှာ ထည့် Run ထားပြီး internet ဖွင့်တဲ့
အချိန် mining လုပ်တာပေါ့ဗျာ . . .
သူ့ခမျာလည်း တတ်နိုင်သလောက်တော့
တူးပေးပါတယ် . . အဲ့တုန်းက ကျနော်လုပ်
ဖြစ်တာက monero (XMR) ဆိုတဲ့ Coin
ကိုအဓိက ထားပြီးတူးဖြစ်ခဲ့ပါတယ်။
တစ်ပတ်လောက်ကြာအောင် လုပ်ကြည့်
တာ သိပ်မရပါဘူး . . . 1$ဖိုးတောင်မရခဲ့ ဘူးထင်တယ် . . .ပြီးတော့ internet bill
ကလည်း တော်တော်စားပါတယ်။ pool
mining ကြောင့်လားတော့ မသိပါ . . .
ဖုန်းနဲ့လုပ်တာကြောင့် သိပ်တွက်ခြေမကိုက်
ဘူးထင်ပြီး ကွန်ပျူတာနဲ့ လုပ်ကြည့်ဖို့
ကြံစည်ပါတယ် . . minergate software
လေးကို ကွန်ပျူတာအတွက် ဒေါင်းလုပ်ဆွဲ
ပြီး Run ကြည့်တော့ အဆင်ပြေပါတယ်။
ဒါပေမယ့် ကျနော့် laptop ၂လုံးစလုံးက
GPU အနိမ့်ဆိုတော့ CPU mining ပဲရပါတယ်။
အဲဒီလိုနဲ့ i3 laptop လေး (၂) လုံးရယ် . .
tablet လေးတစ်လုံးရယ် ဖုန်းလေးရယ်ကို minergate software တွေ apk တွေ
သွင်းပြီး . . . ဖုန်းဝိုင်ဖိုင်လေးကိုဖွင့် . . Run
ခဲ့တာပေါ့ဗျာ . . . laptop က i3 ဆိုတော့
CPU thread 3ခုသုံးခွင့်ရပါတယ် (ယူဆချက်ပါ)
coin တစ်ခုစီကို thread တစ်ခုစီသုံးပြီး
အများဆုံး coin သုံးမျိုးကို တစ်ပြိုင်နက်
mine လို့ရသလို coin တစ်မျိုးထဲကိုပဲ
thread သုံးခုလုံး သုံးပြီးလည်း mine လို့ရပါ
တယ်။ Hash rate ကတော့ကွာသွားပါတယ်။
Thread တစ်ခုကိုအများဆုံး 10 H/s ကျော်
လောက်ပဲရပါတယ် . . . 3 thread ဆိုတော့
30 H/sကျော် ကွန်ပျူတာတစ်လုံးအတွက်
ရပါတယ် . . . စပြီး Mining လုပ်တဲ့နေ့
ည ၈ နာရီလောက်ကနေ စRun လိုက်တာ
ည၁၂ နာရီလောက်လည်းရောက်ရော
ဝယ်ထားတဲ့ data package တွေကုန်သွား
ပါတယ် . . သိပ်မကျေနပ်သေးတာနဲ့ internet
8 Gb ထပ်ဝယ် ဆက်Run ရင်း ဖုန်းထဲက
data usage ကိုစစ်ကြည့်တော့ 10 မိနစ်ကို
200 Mb ကျော်လောက်စားနေတာကို တွေ့
ရပါတယ် . . . ဒီလောက်ကြီးစားတာတော့
မဖြစ်ချေသေးဘူးဆိုပြီး mining လုပ်တာ
ကို ရပ်လိုက်ရပါတယ် ။

Untitled.png

ဒါပေမယ့် စိတ်ထဲ
ဘဝင်မကျတာက mining လုပ်တာ ဒီလောက်
ကြီး data စားတာတော့ သိပ်သဘာဝ
မကျသလိုပါပဲ ။ နိုင်ငံခြားကလူတွေ mining
လုပ်တာ data ဒီလိုစားရင် တွက်ချေကိုက်မှာ
တော့ မဟုတ်ဘူး . . . တွက်ချေမကိုက်ပဲလည်း
သူတို့ဒီအလုပ်ကို လုပ်မှာမဟုတ်ဘူး . . .
ဆိုတော့ ကျနော်ပဲ တစ်ခုခု မှားနေတာများ
လား . . . ဘာများလိုနေလဲဆိုတာ သုံးသပ်
ရတော့မယ်မှန်းသိခဲ့ပါတယ် ။ ကျနော့်အနေ
နဲ့ အဲဒီအချိန်က BTC ဝယ်ရောင်းကိုလည်း
နိုင်သလောက်လေး လုပ်ရင်းတခြား Currency
တွေကိုလည်း အနဲအကျဉ်းလေ့လာဖြစ်ခဲ့ပါ
တယ် ။ Monero ကို mine ဖြစ်ခဲ့တာက
လည်း နာမည်သိပ်မကြီးသေးတာရယ်
အဲ့တုန်းက XMR Price က 50$ ဝန်းကျင်
လောက်နဲ့ပဲ top ten ထဲမှာရှိနေတာရယ်
ပြီးတော့ သူ့ရဲ့တစ်ခြားလက္ခဏာတစ်ခုက
transaction လမ်းကြောင်းကို လုံးဝခြေရာ
ခံလို့မရဘူးဆိုတာရယ်က ထူးခြားနေတာပါ။
နောက်တစ်ခုက Monero စပေါ်လာကတည်း
က တစ်ခြား currency တွေလိုမဟုတ်ပဲ
price ကပုံမှန်လေးတည်ငြိမ်နေတာပါ။
Cyrptocurrency တွေထဲမှာတော့ ဈေးနှုန်း
အတည်ငြိမ်ဆုံးလို့ ပြောလို့ရပါတယ် ။
အဲဒီအချက်တွေကြောင့်ဆိုပါတော့လေ . . .
Monero ဟာ သိပ်မကြာခင်ဈေးတက်မယ်
လို့ထင်ခဲ့ပါတယ် . . . အဲဒါကြောင့်လည်း
အိမ်က laptop လေးတွေနဲ့ mining လုပ်တာ
အဆင်များပြေခဲ့ရင်ဆိုတဲ့အတွေးနဲ့
လုပ်ဖြစ်ခဲ့တာပါ။ အဲ့တုန်းက mining profit
ကို Hash power rate နဲ့တွက်ကြည့်တာ
မျိုးမလုပ်တတ်သေးဘူး . . . သိလည်းမသိ သေးဘူးဗျ . . . အခုလို mining ကနေအကျိုး
အမြတ်တစ်ခုတော့ ရမှာပဲလို့ပဲ ထင်ခဲ့တာပါ။
မျက်ကန်း တစ္ဆေမကြောက် ဆိုသလိုပေါ့ဗျာ။

Untitled1.png

Monero mining ကိုစမ်းတစ်ဝါးဝါးနဲ့
စလုပ်ဖြစ်ရာက စိတ်ဝင်စားစရာကောင်း
လာပါတယ် . . . လေ့လာရင်း. . အစတွေဆွဲ
ထုတ်ရင်းကနေ . . အတန်အသင့်လောက်
တော့သိလာရပါတယ်။ Monero နဲ့ပတ်သက်
ပြီး Reddit ရဲ့ thread တွေမှာအတော်များများ
လေ့လာလို့ရသလို youtube မှာလည်း
ရပါတယ်။ minergate မှာ ပထမလုပ်ဖြစ်ခဲ့ တာက
pool mining ပဲဖြစ်ပြီး console
mining လည်းလုပ်လို့ရပါတယ်။
Console mining လုပ်မယ်ဆိုရင်
mining software ရှိရမှာဖြစ်သလို monero
wallet လည်းရှိရမှာဖြစ်ပါတယ် ။ ပြီးတော့
Monero အတွက် software ရော wallet ရော
က အများအားဖြင့် GUI နဲ့ သိပ်မတွေ့
ရပဲ Command line တွေနဲ့တွေ့ရပါတယ်။
Monero-wallet-cli ပါ . . . အသုံးပြုမယ်
ဆိုရင် monero blockchain ကြီးတစ်ခု
လုံးကို download ဆွဲရပါတယ် ။ အဲဒီတုန်း
က blockheight ၁.၂ သန်းကျော်ရှိပါတယ်
. . . ခုနက data အရမ်းစားရခြင်းရဲ့ အကြောင်း
အရင်းပဲဖြစ်ပါတယ် ။ တကယ်တမ်း mining
လုပ်တာက data အနဲငယ်ပဲ အသုံးပြုတာ
ဖြစ်ပါတယ် ။

ဆက်ရန်

@thettinaung
MSC - 105

Sort:  

စောင့်မျှော်နေပါတယ် အခုလိုလေးတွေ တင်ပေးတော့ နည်းပညာ ဗဟုသုတရပါတယ်ခဗျာ

ကျေးဇူးတင်ပါတယ် အကို

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly – Featured Posts are voted every 2.4hrs
Join the Curation Team Here

minergate ကောင်းတယ် :)

minergate console mining ကောင်းတယ်
Bro

ခုလည်း bill တွေတော့ ကုန်တယ်ဗျ
တွက်တော့မကြည့်မိပါဘူး ကုန်လိုက်ထည့်လိုက်နဲ့😁😁😁

ဟုတ်ပါ့ဗျာ

ဘေတွေအရမ်းမစားဘူးလား။

ဝိုင်ဖိုင် ဖရီးဆိုးအေးဆေးပဲ ဟိဟိ

mining လုပ်တာက bill လုံး ဝမစားပါဘူးဗျ။
wallet အတွက် blockchain တစ်ခုလုံးကို
download ဆွဲရလို့ bill စားတာပါ Bro။
download မဆွဲပဲ remote node နဲ့သုံးရင်
bill လုံးဝမစားပါဘူးဗျ။

ဗဟုသုတရပါတယ

ကျေးဇူးပါ Bro

Trusted mining site ​လေးလင်းပါအုန်း​ဗျ

Bro က cloud mining ပြောတာလားမသိ :D
အဲဒါဆိုမသိဘူးဗျ။ ကျနော်ခုရေးထားတာက
pc နဲ့လုပ်တဲ့ pool mining ရယ် console mining ရယ်ကိုရေးတာပါ။

Online mining တွေ လျောက်လုပ်ဖူးတယ်ခင်မျ
Siteတွေက ဘေကြိတ် လို့ လုပ်တော့ဘူးရယ်
WiFi Freeနဲ့ဆိုရင် ပိုအဆင်ပြေမယ်ထင်တယ် ခင်မျ

Mining က ဘေလုံးဝမစားပါဘူးBro။
Wallet ကစားတာပါ ။ Risk တော့ရှိပေမယ့်
remote nodes တွေသုံးကြည့်ပါ Bro

ဘေကြိတ်​တတ်​လို့ လုပ်​ဘူးဗျို့

Wallet ကို remote nodes နဲ့ syncing လုပ်ကြည့်
ပါ Bro ။ Mining က bill.မစားပါဘူးဗျ။
20Mb / day လောက်ပဲရှိတာပါ။

အစ်ကိုရေးထားတာကိုဖတ်ပြီး ဆောင်ရန်ရှောင်ရန်တွေသိရတာပေါ့ဗျာ

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 55528.94
ETH 2373.33
USDT 1.00
SBD 2.36