အွန်လိုင်းခရီး ( ၂)

in #myanmar7 years ago

1516482237149.png
အွန်လိုင်းငွေရှာတာကို ပြောရရင် PM ကတော့
မပါမဖြစ်ဗျ။ Perfect Money ဆိုတဲ့ PM
အကောင့်လေးက မြန်မာနိုင်ငံနဲ့ တော်တော်
လေးကိုက်ညီတာပါ။ တခြား Paypal တို့
Payeer တို့ဆိုတာတွေလည်း တွေ့ရတယ်
. . .ဒါပေမယ့် အဆင်မပြေပါဘူး။ Register
လုပ်ရင် Credit Card နံပါတ်တွေထည့်ခိုင်း
တာဆိုတော့ ကိုယ်တွေနဲ့က တော်တော်ကြီး
ကို အလှမ်းဝေးပါတယ်။ Paypal verified
အကောင့်ရောင်းတာတွေတော့ တွေ့ပေမယ့်
သူများဆီကဝယ်ရမှာ စိတ်မချတာရယ်
PM လေးကအဆင်ပြေနေတာကြောင့်ရယ်
PM ကိုပဲ အခုချိန်ထိ သုံးဖြစ်ပါတယ်။
အဲဒီလိုနဲ့ PM အကောင့်လေးထဲ ပိုက်ဆံ
ဖြည့်လိုက် Paidvert က ကြော်ငြာ
package လေးတွေဝယ်ပြီး ကလစ်လိုက်
လုပ်နေတာ ။ ညဘက်ဆို သူများတွေ
အိပ်နေတဲ့အချိန်ထိစောင့် . . . ပြီးရင် ကိုယ်
တွေ လုပ်ငန်းစပြီ။ ည ၁၁ နာရီ ၁၂နာရီ
လောက်မှာတောင် ဇာတ်လိုက်ကျော် MPT
က ဒုက္ခပေးတုန်း . . . . အဝိုင်းလေးက
လည်တယ် . . လည်တယ်နဲ့။ ဒီနေ့ခောတ်
အဝိုင်းလည်တယ်ဆိုတာ အဲ့တုန်းကလည်
တာကိုဘယ်မှီမလဲ ။ လည်တာမှ စလိုးမိုးရှင်း
နဲ့လည်တာ . . . ။ ကိုယ့်ခွဲတမ်းကြော်ငြာ
တွေ အပြီးကလစ်ဖို့ ၂ နာရီ ၃ နာရီလောက်
ကိုကြာတာပါ။ တစ်ခါ MPT လုံးဝ
ဒေါင်းသွားပြီဆိုရင် MEC card လေးကို
Modem ထဲထည့် လိုင်းချိန်းပေါ့ဗျာ ။
အဲလိုလည်တယ်ပူတယ်နဲ့ လုပ်ရင်းကနေ
အရှိန်လေးလည်းရလာရော ဘာဖြစ်လာ
လဲဆိုတော့ အသစ်အဆန်းလေးတွေက
ကိုယ့်လောဘကို လာဆွပါရောလားဗျာ။
လာဆွတဲ့သူတွေကလည်း တခြားဟုတ်
ရိုးလားဗျာ . . .ဒီလောကထဲက ဂုရုကြီး
တွေ ။ အဲဒီအချိန်က လုပ်ဖြစ်တဲ့လူတွေ
ကြုံဖူးပါလိမ့်မယ် Paidvert ရဲ့
ခေါင်းပန်းလှန်တဲ့ဂိမ်းပေါ့ဗျာ။ ဆရာသမား
တွေရဲ့ နည်းပေးလမ်းပြတွေနဲ့ ခေါင်းပန်း
အကြိမ်ရေမှတ်ပြီး Formula တွေထုတ်
ပေါ့ဗျာ . . . အစကတော့ဟုတ်သလိုလို
နဲ့ ပြန်ပြန်ပါသွားတာပါပဲ။ ကိုယ့်လောဘကို
အရှိန်လေးသတ်ပြီး အနိုင်ပိုင်းနိုင်တဲ့နေ့
ရှိသလို စဆော့ကတည်းက ကိုယ့်ကိုပဲ
အညိုးကြီးနဲ့လုပ်နေသလား ထင်ရအောင်
တစ်လှည့်မှ မရတဲ့နေ့ကခပ်များများဗျ။
ဆရာသမားတွေကတော့ပြောရှာပါတယ်. . . .
စိတ်ငြိမ်ရင် ရတယ်တဲ့ . . . .သူတို့လည်း
စိတ်ငြိမ်တဲ့အချိန်ပဲရွေးကစားတာလို့ဆိုတော့ . . . . . . ကိုယ်တွေမှာ ခေါင်းပန်းမလှန်ခင်
စိတ်ငြိမ်အောင် ဝင်လေ ထွက်လေ
မှတ်လို့မှတ်ပေါ့ဗျာ ။ ဒါပေမယ့် မရပါဘူးဗျာ
ကျနော့်ကံကြောင့်လားပဲမသိ . . . လွယ်လွယ်
ကူကူပိုက်ဆံရတာမျိုး တစ်ခါမှကို မရဘူး
သေးတာ ။ မရတဲ့အပြင် ခွက်ခွက်လန်
ရှုံးပြီး ညဆိုတော်တော်နဲ့အိပ်မရဘူး. . .
စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့ပေါ့ဗျာ ။နောက်တော့
ခေါင်းပန်းလှန်တာကို သိပ်မဆော့ဖြစ်တော့
ဘူး ။ ဆော့ချင်ရင် ကိုယ်အရှုံးခံနိုင်
သလောက်ကိုပဲ သတ်မှတ်ပြီး အဲဒီလောက်
ကုန်ရင်တော်ပြီဆိုပြီး အပျင်းပြေအနေနဲ့သာ
ဆော့ဖြစ်တော့တယ်။ Paidvert နဲ့
ပတ်သက်ပြီး နောက်တစ်မျိုးက
Paidverts ရဲ့ရှယ်ယာအစုတွေကို
ဝယ်ရောင်းလုပ်တာပါ။ ဆရာသမားတွေရဲ့
လမ်းညွှန်မှုအရ PV share တွေကို
ဝယ်ထား - ဈေးတက်ရင်ထုတ်ရောင်းပေါ့လေ။
share market ကလည်း Paidvert site
ထဲမှာပါပဲ။PV share holder တွေ
အချင်းချင်း ကြိုက်ရောင်းကြိုက်ဝယ်
ပုံစံမျိုးဗျ။ ဒါနဲ့ ကိုယ်တွေလည်း ကြော်ငြာ
ကလစ်ထားတဲ့ ပိုက်ဆံလေးရယ် နောက်ထပ်
ပိုက်ဆံလေးရယ်ထပ်ထည့်ပြီး share တွေ
ဝယ်ထားလိုက်ရော . . . . ၂ ခါလောက်တော့
မိသွားလိုက်သေးတယ် မြတ်တယ်ဆိုပါ
တော့ဗျာ ။ အဲ့  . . . .မြတ်မယ်ကြံကာရှိသေး
PV owner ဖြစ်တဲ့ JO ဆိုတဲ့လူက
share တွေကို ခွဲထုတ်ပစ်ရော ။ နဂို share
5 စုပိုင်ထားတဲ့လူက ၁၀ စု ပွားသွားတဲ့
သဘောပါ။ share ပိုင်ဆိုင်မှု အရေအတွက်
တွေများလာသလို share ဈေးတွေလည်း
ကျကုန်တာပေါ့ဗျာ ။ ကျတာမှ တော်တော်ကျ
တာ အရင်းလေးပြန်ရအောင်တောင်
၁လကျော်လောက် စောင့်လိုက်ရပါတယ်။
Paidvert မှာတကယ်တမ်းတွက်ကြည့်ရင်
ငွေကြေးအမြတ်အစွန်းကတော့ လုံးဝမရ
ခဲ့တာပါပဲ။ ဒါပေမယ့်ဖြေသိမ့်စရာတစ်ခုက
Paidvert ကြောင့် Online Earning ရဲ့
သဘောတရားတော်တော်များများကို
သိသွားခဲ့ရတာပါပဲ ။

ဆက်ရန် . . . . . .
@thettinaung
MSC - 105

Sort:  

ptc လေးတွေနဲ့စခဲ့တာပါ

ဟုတ်ပါတယ် BRO ရေ
အခြေခံလေးတွေပေါ့

Your Post Has Been Featured on @Resteemable!
Feature any Steemit post using resteemit.com!
How It Works:
1. Take Any Steemit URL
2. Erase https://
3. Type re
Get Featured Instantly – Featured Posts are voted every 2.4hrs
Join the Curation Team Here

ဖတ်လို့ကောင်းတယ်။
ဖတ်လို့ကောင်းရုံတင်ပဲလားလို့မမေးနဲ့အုံး ဗဟုသုတလည်း အရေးအသား ပွင့်လင်းလို့ဖတ်ကောင်းတယ်ပြောပါသည်

ကျေးဇူးတင်ပါတယ်ဗျ

ကိုယ်တွေ့လေးတေ မျှဝေပေးလို့ ကျေးဇူး

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ

This post has received a 1.84 % upvote from @drotto thanks to: @thettinaung.

မှန်ပါ့အစ်ကိုရေ paivert ကို ခေါင်းပန်းကို စာအုပ်မှာရေးမှတ်ပြီး လုပ်ခဲ့ရတာ အမှတ်ရသေးတယ်

အိပ်ပျက်ညတွေပေါ့ Bro :)

This post has received a 3.79% upvote from @lovejuice thanks to @thettinaung. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

ခေါင်းပန်း လှန်လည်း ရှုံးတာပဲ
ဒါပေမယ့် အဲ့ဒီဟာကိုတော့ အရင်းအနှီးတောင်မထည့်ဖြစ်ခဲ့ပါဘူး online money ဆိုတာ ဘာလည်းဆိုတာ လိုက်ပြီးဖတ်တာနဲ့ ပဲ အချိန်ကုန်သွားတယ်😁😁

တကယ်ဆို Paidvert ကကျောင်းကြီးပါဗျာ 😁😁

😁😁😄😄

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Wow , that's good .Thanks
I'd like to keep moving with your project .
Thanks

Coin Marketplace

STEEM 0.30
TRX 0.27
JST 0.041
BTC 98339.25
ETH 3633.10
SBD 3.58