ဘီးယားမားကတ်

in #myanmar6 years ago

Bear market ကြောင့် တော်တော်အထိနာနေလေပြီ။ ထိုစိတ်ကြောင့် စတီးမစ်ပေါ်မှာ
စာမရေးနိုင်တာလည်း ကြာပါပေါ့။ စာမရေးရသည့် အကြောင်းမှာ ပို့ စ် reward နည်း
သွားသောကြောင့်မဟုတ် . . . မိမိဝယ်ယူစုဆောင်းထားသော steem တန်ဖိုးမှာ 150%
မျှမက ကျဆင်းသွားသောကြောင့်ဖြစ်သည်။ တန်ဖိုးလျော့လေ ကာမိအောင် ထပ်ဝယ်လေ
ထပ်ကျလေ ဖြစ်နေတော့သည်။ လက်လှမ်းမီသမျှ လေ့လာကြည့်တော့ Cryptocurrency
တွေက Correction လုပ်နေကြသည်ဟုဆိုကြသည်။ Crypto တွေရဲ့ တန်ဖိုးအမှန်ပြန်ရောက်
မည်လို့ ပြောကြသည်။ ၂၀၁၇ ဒီဇင်ဘာလောက်က ဒေါ်လာ ၂၀၀၀၀ လောက်ဈေးပေါက်ခဲ့
သည့် BTC သည် အခုချိန်တွင် ဒေါ်လာ ၃၀၀၀ ကျော်သာရှိတော့သည်။Steem သည်လည်း
နှစ်ဆန်းပိုင်းက ၇ ဒေါ်လာကျော်ဈေးပေါက်ခဲ့ပြီးမှ ယခုအချိန်တွင် ၂၅ ဆင့် လောက်သာ
ဈေးရှိတော့သည်။ Steemian တစ်ယောက်အနေနဲ Steem ကိုတော့ မြတ်နိုးသည် . . .
သူက တစ်ခြားကွိုင်တွေလို မဟုတ် . . . ကျဝယ် တက်ရောင်း လုပ်လို့ ရသည့်အပြင်
Power up လို့ ရသည် . . . မိမိနှင့် အခြားသူတွေကို ကောင်းကောင်းအကျိုးပြုနိုင်သည်။
ဒီလောက်ကောင်းတဲ့ Steem ဘာဖြစ်လို့ များဈေးတွေစွတ်ကျနေပါလိမ့် ။ Popular ဖြစ်မှု
အားနည်းနေတာကို သတိပြုမိပါသည် ။ BTC နှင့် Exchange တွေပေါ်မှာ paired လုပ်ခံ
ရသည့်အခါ နဂိုကတည်းက လူသိနည်းသည့် Steem သည် BTC ကျတိုင်း သူကပိုပိုကျ
သွားသည်။ Steemit Inc အနေဖြင့် Steem ကို promote လုပ်စရာမလိုဟု ထင်ပုံရသည်။
ဟုတ်တော့လည်း ဟုတ်ပေသည် Steem သည် တစ်ခြားကွိုင်တွေလို မဟုတ် . . .
Steemit မရှိတော့လျှင်တောင် Steem Blockchain ကတော့ ဆက်ရှိအုံးမည်ဟု
သိရသည်။ တစ်ခြားကွိုင်တော်တော်များများ နာမည်ကြီးရခြင်းမှာ Pump & Dump ကြောင့်
ဖြစ်သည်။ Pump & Dump ဖြစ်လေလေ အရောင်းအဝယ်လုပ်တဲ့ volume များလေလေ
ဖြစ်ကာ သက်ဆိုင်ရာ ကွိုင်ရဲ့ တန်ဖိုးကို မြင့်တင်သွားသည်။ တန်ဖိုးလည်း
မြင့်သွားသလို
Trader များအတွက် Risk လည်းများသည်။ မိမိကိုယ်တိုင်လည်း self key ဆိုသည့်
ကွိုင်တွင် ပိုက်ဘောမိခဲ့ဖူးသည်။ တစ်ခုတော်သေးသည်က ကျနော်ကစားသော
ပမာဏမှာ သူများတွေအတွက် မုန့်ဖိုးသာသာလောက်သာရှိသည်။ Steemit Inc ကတော့
Steem ကို Pump & Dump ပုံစံမျိုးဖြစ်စေချင်ပုံမပေါ် . . . . Community အားနဲ့ 
Steem တန်ဖိုးကို ဖြည်းဖြည်းချင်းဆွဲတင်သွားချင်ပုံရသည်။ ပြီးတော့ Steem
Blockchain
ပေါ်မှာ Steemit အပြင် အခြား dapp တွေ ဖန်တီးခဲ့သည်။ သိပ်အလုပ်ဖြစ်ပုံမရ . . .
နောက်တစ်ခါ SMT Projects တွေနဲ့  steem Blockchain ကို မောင်းနှင်ဖို့ ပြင်ဆင်
နေသည်။ ဒီတစ်ခါ အလုပ်ဖြစ်ဖို့  Steemit Community တစ်ခုလုံး မျှော်လင့်နေကြသည်။
Pump & Dump ကွိုင်တွေကြားထဲမှာ Steem အနေဖြင့် ရှင်သန်ဖို့  အတော်ကြိုးစား
နေရပုံပေါ်သည်။ သို့ သော် Crypto လောက ကပြောရခက်သည်။ လတ်တလော
တန်ဖိုးကိုပဲ ကြည့်ကြသည် ။ ဘယ်လောက်ထိ အသုံးဝင်သလဲဆိုတာကို မကြည့်ကြ။
လက်ရှိ ၂၅ ဆင့်လောက်သည် Steem ၏ Bottom Level ဖြစ်ပါစေလို့ ဆုတောင်းမိသည်။
အဲဒီ Level ကိုရောက်ရင် Steem အတွက် Uptrend တွေပဲ ဖြစ်လာတော့မည်ဟု သိရသည်။
လက်ရှိ exchange များတွင်လည်း 1 steem ကို 7000 Sat အောက်လျော့ပြီးရောင်းချင်ပုံ
မပေါ်တော့ ။

Photo : http://steem.link/E7KDA

Steem တွေ အစုလိုက်အပြုံလိုက်ရောင်းနေတဲ့လူတွေ ကို တော်တော်မေတ္တာပို့ မိခဲ့သည်။
ပြီးတော့ရှိသေးသည် . . . Steem ဈေးကျနေရတဲ့အထဲ Steemfest အကြောင်းပို့ စ်တင်
နေသူတွေကို တော်တော်မြင်ပြင်းကတ်သည်။ Steemian တွေ ပွဲလုပ်တော့ Expense ကို
Steem တွေရောင်းပြီး ဖြေရှင်းကြမည်ဟု ထင်သည်။ ထိုအခါ Steem ဈေးအထိုက်
အလျောက်ကျပေတော့မည်။ သူတို့ ပို့စ်တွေမှာ ဆန်ကျင်ဘက်တွေ
သွားမန့် ခဲ့သည်။ အရမ်းကြီးလည်း မမန့် ရဲ . . . တော်ကြာ ကိုယ့်ရဲ့ RP လေးနဲ့ 
Flag ပြခံရမည်ကို ကြောက်သည်။ ပြီးတော့ Steemit Inc ကိုယ်တိုင်
လိုအပ်တဲ့ ကုန်ကျစရိတ်အတွက် Steem တွေ ထုတ်ရောင်းနေသည်ဟု ထင်ခဲ့သည်။
ထိုအချက်ကတော့ မနေ့ က ပို့ စ်တစ်ခုမှာ Ned ရဲ့ ဖြေရှင်းချက်လေးကို တွေ့ လိုက်ရလို့ 
စိတ်သက်သာရာရခဲ့သည်။ သူ့ အပြောအရ “ Steemit Inc ရဲ့ ဝန်ထမ်းလျော့ချတဲ့
ကိစ္စနဲ့ ပတ်သက်ပြီး အဖွဲ့ အစည်းရဲ့  ဘဏ္ဍာရေးအခြေအနေကို စိတ်မပူကြဖို့ ၊ Steemit Inc
ဟာ Fiat Currency နဲ့ တည်ထောင်ထားတာဖြစ်ပြီး ဝန်ထမ်းလျော့တဲ့ကိစ္စဟာလည်း
သုတေသနနဲ့  ဖွံဖြိုးရေး ကဏ္ဍတွေမှာ ကုန်ကျစရိတ်တွေ အရမ်းများနေလို့ 
လျော့ချရတာဖြစ်ကြောင်း ၊ဘဏ္ဍာရေးအခြေအနေ တည်ငြိမ်နေပြီး လက်ရှိ
Bear Market မှာတောင် Blockchain အတွက် ကုန်ကျစရိတ်တွေကို
Fiat နဲ့ ပဲ အသုံးပြုဖို့  လုံလောက်လျက်ရှိကြောင်း ၊ ဒေဝါလီခံရမယ့် အန္တာရယ်
မရှိကြောင်း” သိလိုက်ရလို့ အနည်းငယ်စိတ်အေးခဲ့ပါတယ်။ Information ဆိုတာကလည်း
Crypto လောကမှာ Player ပါပဲ ။ ပြီးခဲ့တဲ့ Estimated Account Value Error မှာလည်း
Steem ဈေးကျသွားပါသေးတယ်။ Bear ဖြစ်နေရတဲ့ ကြားထဲ သူကပါ အဲလိုတွေဖြစ်တော့
တမင်တကာများလုပ်သလားလို့ တောင်ထင်ရပါတယ်။ ဟုတ်တယ်မဟုတ်ကတော့
Ned တို့ အဖွဲ့ ပဲ အသိဆုံးဖြစ်မှာပါ။ SMT Projects တွေအတွက် SP တွေစုဆောင်း
နိုင်အောင် လုပ်ပေးတာလည်း ဖြစ်နိုင်တယ်လို့ လည်း ညဏ်မီသလောက်လေး
တွေးမိရင်း ဘီးယားမားကတ် အဆုံးသတ်ဖို့ လည်း ဆုတောင်းလိုက်ပါတယ်။

@thettinaung
MSC - 105

Posted using Partiko Android

Sort:  

နည်းပညာနဲ့ပတ်​သက်​ရင်​ ဒို့က​တော့ သူငယ်​တန်းအဆင့်​ဘဲရှိ​တော့ ဘာ​ပြောရမှန်းမသိ​တော့ပါဘူး ဘရိုရာ

ဟုတ် Bro ကျနော်လည်း သိပ်မသိပါဘူးဗျ ။ ဟိုစပ်စပ် ဒီစပ်စပ်လောက်ပါပဲ😁

Posted using Partiko Android

ခုလိုအ​ကြောင်းအရာများနှင့်​​ဖြေရှင်းချက်​​လေး​တွေဖတ်​ရ​တော့ဘယ်​လိုဖြစ်​ဖြစ်​စိတ်​​အေးရပါတယ်​....

Posted using Partiko Android

နည်းနည်းတော့ စိတ်ချမ်းသာသွားရတယ်ဗျ

Posted using Partiko Android

မသိသေးတာ သိလိုက်ရတဲ့အတွက် ကျေးဇူးပါ

Posted using Partiko Android

ဖတ်ပေးလို့ ကျေးဇူးပါဗျာ

Posted using Partiko Android

ဘီယာ Market ဆိုရင်တော့ ဝယ်သောက်မလို့ ပဲ
ဟီး😁

နောက်တာပါအကို

အဲ့အပိုင်းတွေ မသိဘူး
အားနည်းပါတယ် တင်ပြပေးတာကျေးဇူးပါ

😁 ဟုတ်သားပဲ Bro ပြောရင်းတောင်သောက်ချင်လာပြီ

Posted using Partiko Android

စတင်းဝယ်ရမလား မဝယ်ရဘူးလား မသိအောင်ပါပဲဗျာ

Posted using Partiko Android

Steem က turning point ရောက်နေပြီထင်တာပဲဗျ

ကျေးဇူးပါအစ်ကိုရေ။ အစ်ကို့postဖတ်ရတာ ဝမ်းသာမိတယ်ဗျာ။

ဖတ်ပေးတာ ကျေးဇူးပါ bro

ဟီးကျနော်လည်း မရှိမဲ့ရှိမဲ့လေးနဲ့ စတင်းဝယ်ထားတယ် 😁

ဝယ်လိုအားများလေ ကောင်းလေပဲ Bro , :D

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63818.94
ETH 2624.28
USDT 1.00
SBD 2.78