ဇာတ်ဆရာအလိုကျ
ဆရာမက ဘလက်ဘုတ်မှစာကိုဖျက်ပြီး နာရီတစ်ချက်ငုံကြည့်ကာ အတန်းနားဘီဖြစ်ကြာင်း ပြောလိုက် တော့ စာအုပ်ကိုလွယ်အိပ်ထဲထည့်ရင်း နွယ်လေးဆီကိုအကြည့်ရောက်သွားတယ် တိုင်ပင်မထားဘဲ အကြည့်ချင်း ဆုံတော့ ပြုံးပြပြီးမျက်နှာလွှဲသွားတယ် ကျွန်တော့ရင်မှာတော့ စည်းဝါးမမှန်တော့ဘူးပေါ့။ ကျောင်းအဆင်းမှာ သူ့စက်ဘီးနောက် မလှမ်းမကမ်းကနေ တဖြည်းဖြည်းလိုက်လာခဲ့တယ် ညနေလက်ဖက်ရည်ဆိုင်မှာဆုံကြမယ်ဆိုတဲ့စကားကို ပြောဖို့ အခွင့်အရေးကိုချောင်းရင်းနဲ့ပေါ့လေ။
အဆောင်ရောက်တော့ စက်ဘီးလေးကိုထောက် လွယ်အိပ်ကလေးကိုချပြီး သီချင်းတအေးအေးနဲ့ရေကိုချိုး၊ ပြီးတာနဲ့ “Y Cafe” ဆိုတဲ့ဆိုင်လေးဆီပြေးခဲ့ရတယ်။ အဆိုတော်ဂျေမောင်မောင်ရဲ့ အလွမ်းကဖေးဆိုတဲ့သီချင်းထဲကနာမည်မျိုးတော့ မဟုတ်ပေမယ့် "Y Cafe" ဆိုတဲ့ကဗျာဆန်ဆန်ပေးထားလေရဲ့။ ဆိုင်လေးကတစ်ခြားဆိုင်တွေလို လမ်းမပေါ်မှာဖွင့်ထားတာမဟုတ်ဘဲ အိမ်ဝန်းအတွင်းထဲမှာဘဲဖွင့်ထားတယ်၊ အုတ်တံတိုင်းပါတ်ပါတ်လည်ရဲ့ပလတ်စတစ်ပန်းပင်လေးတွေအောက်မှာ စားပွဲခုံလေးတွေ၊ သစ်သားခုံပုလေးတွေနဲ့ တစ်ဝိုင်းနဲ့တစ်ဝိုင်းခပ်လှမ်းလှမ်းလေးချထားတာပေါ့။ ဆိုင်နာမည်လေးကိုလဲ ကားနံပါတ်ပြားသာသာလေးပေါ်မှာဘဲ ရေးထားတယ်။ကောင်တာနဲ့တီးခုံကတော့အိမ်ဝန်းရဲ့အလည်နားလောက်လေးမှာပေါ့။ ကျွန်တော်နဲ့ နွယ်လေး လာနေကျ ဆိုင်လေးပေါ့။နွယ်လေးအဆောင်နဲ့ကပ်လျက်ဆိုတော့ပိုပြီးအဆင်ပြေတယ်လေ။
"နွယ်လေးရေ ဧည့်သည်" ဆိုတဲ့အဆောင်သူတစ်ယောက်အသံကြားပြီးခနအကြာ ဖြေးညှင်းအိဒြေ္ဒကြီး စွာနဲ့ ထွက်လာတဲ့နွယ်လေးကိုမြင်လိုက်ပါတယ်။ ပိုက်ဆံအိပ်လေးကိုလက်မှာကိုင်ထားပြီး လွတ်လွတ်လပ်လပ် လမ်းလျှောက်လာတဲ့နွယ်လေး၊ ခါးတိုအင်္ကျီင်္ီင်္ပန်းရောင်လေးနဲ့ပေါ့ လုံခြည်အဖြူပေါ်မှာ ပန်းရောင်အဝိုင်းလေးတွေနဲ့ အင်္ကျီင်္ီနဲ့ အင်မတန်လိုက်ဖက်လှပါပေတယ်။ ကျွန်တော့ကိုမြင်တော့ပြုံးပြပြီး
"စောင့်နေတာကြာသွားလားကိုငယ်" တဲ့ သူပြောနေကျစကားလေးပေါ့ စကားကိုအေးအေးလေးနဲ့ ဖြေးဖြေးဘဲပြောတတ်တဲ့နွယ်လေး အမြဲအပြုံးလေးနဲ့ဘဲ ပြောတတ်တယ်။
"မကြားသေးပါဘူးနွယ်လေး"
ကျွန်တော်ကပြောပြောဆိုဆို စက်ဘီးလေးတွန်းပြီး သူဘေးမှာကပ်လျက် လက်ဖက်ရည်ဆိုင်ထဲဝင်လာ ခဲ့ကြတယ်။ စားပွဲလွတ်တစ်လုံးမှာမျက်နှာချင်းဆိုင် ဝင်ထိုင်ကြတော့ အလိုက်သိတဲ့စားပွဲထိုးလေးရဲ့ ပေါ့ဆိမ့်နှစ်ခွက် ဆိုတဲ့ အသံကို သတိပြုမိလိုက်တယ်။ ကျွန်တော်က တီးဆရာကိုတစ်ချက်လှမ်းပြုံးပြပြီး နှုတ်ဆက်လိုက်တယ်။
"စာမေးပွဲနီးဘီနော်" ထိုင်ကာစရှိသေးနွယ်လေးပြောလိုက်တယ် ကျွန်တော်သက်ပျင်းတစ်ချက်မသိမသာ မှုတ်ထုတ်ရင်း
"အင်းလေ စာတွေရဘီလား သိပ်အိပ်ရေးပျက်မခံနဲ့နော် နွယ်လေး"
"အင်းမဆိုးပါဘူး ကိုငယ်ရော"
"အင်းရနေပါဘီ"
"ညအဆောင် ဂစ်တာတီးမလာနဲ့တော့ကိုငယ် စာမေးပွဲလဲနီးဘီလေ"
"အင်းပါနွယ်လေးရဲ့"
စာမေးပွဲပြီးရင်ခွဲခွာရတော့မယ်ဆိုတဲ့အတွေးကိုယ်စီကြောင့် စကားခနပြတ်သွားတယ်။ကျွန်တော်ကစကား လမ်းကြောင်းလွှဲပြောလိုက်ပေမယ့် နှစ်ယောက်စလုံးကမတိုင်ပင်ဘဲ ခွဲခွာရတော့မှာကိုသိနေကြဘီလေ။ စားပွဲထိုးလေး လာချပေးတဲ့လက်ဖက်ရည်ခွက်ကို အဓိပ္ပါယ်မဲ့ငေးကြည့်နေရင်း ဘာစကားပြောရမလဲစဉ်းစားနေမိတယ်။ တကယ်တော့ နွယ်လေးနဲ့ကျွန်တော်ဟာ ချစ်သူတွေမဟုတ်သေးပါဘူး ကျွန်တော်သူ့ကိုချစ်နေတယ်ဆိုသူသိပြီး သူကျွန်တော့ကို အဖြေမပေးသေးပေမယ့် နှလုံးသားချင်းနားလည်နေဘီပေါ့။
"နွယ်လေး ကိုငယ့်ကိုအဖြေဘယ်တော့ပေးမှာလဲဟင် စာမေးပွဲနောက်ဆုံးရက်မှပေးမှာလား"
ကျွန်တော်က စကားအဆက်အစပ်မရှိဘဲနဲ့ သူ့မျက်နှာလေးကို မရဲတရဲကြည့်ရင်းမေးမိတယ် နွယ်လေး တစ်ချက်ပြုံးလိုက်တယ် သူ့အပြုံးကလှောင်ပြုံးမဟုတ်တာတော့ကျိန်းသေပါတယ်။
"နွယ်ပြောမယ်ကိုငယ် နွယ်လေး ကိုငယ်အပေါ်သံယောဇဉ် ရှိပါတယ် သူငယ်ချင်းထက်မကပိုတယ် ဆိုတာလဲကိုငယ်သိပါတယ် ဒါပေမယ့်"
"ဒါပေမယ့် ပြောလေနွယ်လေး"
"ဒါပေမယ့် အိမ်ကိုနွယ်လေးတို့နှစ်ယောက်အကြောင်းအကုန်ပြောပြထားပါတယ် ခက်တာက နွယ်လေးတို့မိဘတွေအစဉ်အဆက်က မိဘပေးစာသူကိုဘဲအိမ်ထောင်ပြုခဲ့ကြတယ်ကိုငယ် ဒါမျိုးတွေခုခေတ်ထဲမှာ မရှိတော့ပါဘူးလို့ ကိုငယ်မထင်စေချင်သလို နွယ်လေးလဲလက်မခံချင်ပါဘူးကိုငယ်"
သူကျွန်တော့မျက်နှာကိုတစ်ချက်အကဲလာခတ်လိုက်တယ် ကျွန်တော်မျက်နှာ ဘယ်လိုဖြစ်နေသလဲဆိုတာ ကျွန်တော်သတိမထားမိဘူး၊ နွယ်လေးစကားက ကျွန်တော့ခေါင်းပေါ်မိုးကြိုးပြစ်ချလိုက်သလိုပါဘဲ။
"အဲဒါကြောင့် နွယ်လေးကိုနားလည်ပေးနိုင်မယ်ထင်ပါတယ် နွယ်လေးလဲဒီအကြောင်းတွေကို မပြောချင် ပါဘူး ဒါပေမယ့်နွယ်လေးတို့ခွဲခွာရမယ့်အချိန်က တစ်ဖြည်းဖြည်းနဲ့နီးလာဘီလေ ကိုငယ်ကိုလည်း နွယ်လေးမခံစားစေ ချင်ဘူး နွယ်လေးလဲ မိဘတွေပြောထားတာကြောင့် ဘယ်သူ့ကိုမှမချစ်မိအောင်ကြိုးစားနေတာပါဘဲ ဒါပေမယ့် ကိုငယ်နဲ့ တွေ့တော့ "
သူစကားရပ်သွားတယ် ကျွန်တော်သူ့မျက်နှာကိုစေ့စေ့ကြည့်မိတယ် နွယ်လေးကသူ့ ပိုက်ဆံအိပ်လေးကို အကြောင်းမဲ့ လှည့်ပါတ်ကြည့်နေရင်း ဘာဆက်ပြောရမလဲစဉ်းစားနေဟန်တူပါလေရဲ့၊
"ကိုငယ် နားလည်ပါတယ်နွယ်လေးရယ် ဘာဘဲဖြစ်ဖြစ် ကိုငယ်နွယ်လေးကိုချစ်တာ နွယ်လေးသိရင် ကိုငယ်ကျေနပ်ပါတယ်"
နွယ်လေးရဲ့တိုးညှင်းတဲ့သက်ပြင်းချသံကြားလိုက်ရတယ်
"နွယ်လေးကိုမေ့လိုက်ပါလို့တော့ မတောင်းဆိုချင်ဘူးကိုငယ် နွယ်လေးလည်း ကိုငယ်ကို မိဘတွေလက်ခံ နိုင်လောက်အောင် ကြိုးစားပါ့မယ်"
ကျွန်တော်ဒီကိုထွက်လာစဉ်က ဒီလက်ဖက်ရည်ဆိုင်လေးထဲမှာ နှစ်ဦးသားရီစရာလေးတွေပြော စနောက် စာမသိတာရှိရင်မေး ထမင်းစားချိန်မတိုင်ခင်ပြန် ဒီလိုစိတ်ကူးနဲ့ပျော်ပြီးလာခဲ့တာ ခုလိုစကားတွေမျှော်လင့်မထားမိဘူးလေ နွယ်လေးလည်း မျက်လွှာလေးချပြီးစဉ်းစားခန်းဝင်နေတယ်ထင်ပါလေရဲ့ အတော်ကြာ စကားပြောဖို့နှစ်ဦးစလုံးမေ့နေ ကြဘီပေါ့။
"နွယ်ကိုတစ်မျိုးမထင်စေချင်ဘူးကိုငယ် ကိုငယ်ကို အချိန်ဆွဲပြီးမှ ပြန်မချစ်နိုင်ပါဘူးလို့လဲ မပြောချင်ပါဘူး ဒီလိုစကားတွေကိုပြောဖို့လဲနွယ်လေးတော်တော်ကြိုးစားခဲ့ရတယ်ဆိုတာကိုငယ်ယုံစေချင်ပါတယ်"
"ကိုငယ်ယုံပါတယ်နွယ်လေးရယ် ဒါပေမယ့် ကိုငယ်ဘာဖြစ်သွားမှန်မသိလို့ပါ"
"နွယ်လေးနားလည်ပါတယ် ကိုငယ်"
နှစ်ဦးသားစကားပြန်ပြတ်သွားပြန်တယ် ကျွန်တော်ကတော့စိတ်ညစ်တာကလွဲပြီး ဘာမှမသိတော့ဘူးပေါ့ သူရှေ့မှာဟန်ဆောင်နေရတယ် ခေါင်းထဲမှာတော့အရမ်းချစ်ရတဲ့သူနဲ့ ရှေ့ဆက်မဖြစ်နိုင်တော့ဘူးဆိုတဲ့အတွေးတွေ အပြည့်ဘဲပေါ့။ နွယ်လေးက လက်မှနာရီလေးကိုတချက်ငုံ့ကြည့်လိုက်ပြီး
"နွယ်လေးပြန်တော့မယ်ကိုငယ် စာမေးပွဲနီးဘီမဟုတ်လား"
ကျွန်တော်သဘောပေါက်ပါတယ် သူကျွန်တော့နဲ့ဆက်ထိုင်နေရင်လည်း အနေခက်မယ်ဆိုတာကိုပေါ့။ ကျွန်တော်လည်း အတွန့်တက်မနေဘဲ လက်ဘက်ရည်ဖိုးပိုက်ဆံလေးကို ပန်ကန်ပြားအောက်ဖိပြီး ထရပ်လိုက်တယ်။ သူ့အဆောင်ဘက်ကိုပြန်လာကြတော့နှစ်ဦးစလုံး ဘာစကားမှမပြောဖြစ်ခဲ့ပြန်ဘူးပေါ့။ အဆောင်ရှေ့ရောက်တော့
"သွားတော့မယ်ကိုငယ် စိတ်ညစ်စရာတွေတွေးမနေပါနဲ့ စာမေးပွဲလည်းဂရုစိုက်အုန်းနော်" လို့တိုးညှင်းစွာ ပြောတော့ ကျွန်တော်ခေါင်းလေးညိတ်ပြမိခဲ့တယ်ထင်ပါရဲ့။ အပြန်လမ်းမှာစက်ဘီးနင်းရတာပိုမောသလိုဘဲ။
မနေ့ကစာမေးပွဲနောက်ဆုံးရက်ဘဲ နွယ်လေးဖြေနိုင်ကောင်းပါရဲ့ ဒီနေ့နွယ်လေးပြန်မယ် နောက်ဆုံးအနေနဲ့ လိုက်ပို့ဖို့တောင်းဆိုတုန်းက နွယ်လေးညင်းခဲ့တယ် ဒါပေမယ့် ကျွန်တော်အတန်တန်ပြောတော့မှ ကိုငယ်သဘောပါ ကိုငယ်စိတ်ညစ်မှာဆိုးလို့ပါဆိုပြီး လိုက်ပို့ခွင့်ပြုခဲ့လေရဲ့။ ကျွန်တော်အဆောင်ကထွက်လာပြီး တွေ့တဲ့ဆိုက်ကားတစ်စီး ကိုခေါ်လာခဲ့တယ် နွယ်လေးတို့အဆောင်ရောက်တော့ အထုတ်အပိုးတွေအဆင်သင့် ဖြစ်နေဘီလေ အထုတ်အပိုးတွေကို ဆိုက်ကားပေါ်ကူတင်ပေးပြီး နွယ်လေးကသူ့သူငယ်ချင်းတွေကိုတစ်ယောက်ချင်း နှုတ်ဆက်နေလေရဲ့။ခနကြာတော့ ဆိုက်ကားဆရာကို ရှေ့ကသွားခိုင်းပြီး နွယ်လေးကိုကျွန်တော့စက်ဘီးပေါ် တင်နင်းခဲ့တယ် နွယ်လေးကထုံးစံအတိုင်း ဘာမှမဖြစ်သလိုပါဘဲ စက်ဘီးနင်းနေတဲ့ကျွန်တော့ရင်ထဲမှာတော့ မီးတောင်တစ်လုံးပေါက်ကွဲနေသလိုပါဘဲ။ ကားဝန်းရောက်တော့ ကားထွက်ဖို့ဆယ်မိနစ်ဘောက်အချိန်ရသေးတယ်တဲ့ နွယ်လေးက ကျွန်တော့ဘေးနာလာရပ်ပြီး
"ကိုငယ်နွယ်လေးသွားတော့မယ်နော်" ကျွန်တော်ဘာပြန်ပြောရမလဲမသိဘူး
"အင်းပါနွယ်လေးရဲ့ ကောင်းကောင်းသွားနော် နွယ်လေးခုံပေါ်မှာ ရေသန့်ဘူးတင်ထားခဲ့တယ်"
ကျွန်တော်သူ့မျက်နှာလေးကို နောက်ဆုံးအနေနဲ့ နောက်ဆုံးအနေနဲ့လို့ဘဲပြောချင်တယ် သေချာကြည့် လိုက်တယ် နွယ်လေးကပြုံးမပြခဲ့ဘူး အော်နွယ်လေးရယ်ကိုငယ်ဘာပြောရမလဲဆိုတာမသိတော့ဘူး နွယ်လေးနဲ့ဝေးတာ ဟာ တစ်သက်စာအတွက်နဲ့ ခနတာအတွက်ဆိုရင် တစ်သက်စာအတွက်ကပိုပြီးဖြစ်နိုင်တော့ ကိုငယ်ဘာပြောလို့ရမှာလဲ ခနကြာတော့နွယ်လေးကားပေါ်တက်သွားလေရဲ့ ကားထွက်တော့လက်ကလေးဘဲပြပြီး နောက်ဆုံးအကြိမ်အနေနဲ့ ပြုံးတောင်ပြမသွားတော့ဘူးလားနွယ်လေးရယ်။ ကားကိုမျက်စိတစ်ဆုံးလိုက်ကြည့်မိပြီး မြင်ကွင်းကပျောက်သွားမှ စက်ဘီးလေးနဲ့ အဆောင်ပြန်လာခဲ့တယ်။ နွယ်လေးနေခဲ့တဲ့အဆောင်ရှေ့ကမရည်ရွယ်ဘဲဖြတ်လာခဲ့မိတယ် မထူးပါဘူးလေ လက်ဖက်ရည်ဆိုင်ထိုင်အုန်းမှ အဆောင်လဲမပြန်ချင်သေးဘူး ပြီးတော့တစ်ယောက်ထဲဘဲနေချင်သေးတယ် လို့တွေးမိပြီး “Y Cafe” ထဲကိုဝင်လာခဲ့တယ် လူရှင်းနေတဲ့ဆိုင်လေးထဲမှာ ထိုင်နေကျနေရာလေးကိုဘဲ ဝင်ထိုင်မိရက်သား ဖြစ်သွားတယ် ပေါ့ဆိမ့်တစ်ခွက် လို့ပြောလိုက်တဲ့စားပွဲထိုးလေးအသံကြားလိုက်မိတယ် ဆေးလိပ်ပါယူခဲ့ကွာ လို့ကျွန်တော်ထပ်ဆင့်မှာလိုက်တယ် ခနကြာတော့ လက်ဖက်ရည်ခွက်နဲ့အတူ ဆေးလိပ်တစ်ပွဲလာချသွားတယ်။
"အစ်ကိုသီချင်းလေးပိတ်ပေးပါလား" လို့ကောင်တာကအစ်ကိုကိုလှမ်းပြောမိတယ် ဂျေညီညီရဲ့ အလွမ်းကဖေး ဆိုတဲ့သီချင်းသံတိုးတိုးကရပ်သွားလေရဲ့။ ဆေးလိပ်သောက်တာမကြိုက်တဲ့နွယ်လေးရေ ဒီတစ်ကြိမ်တော့ ကိုငယ်ကို သောက်ခွင့်ပေးပါကွယ်။ မင်းထိုင်ခဲ့တဲ့ခုံလေးက ထိုင်မယ့်သူကိုမျှော်နေတယ်ထင်ပါလေရဲ့ မင်းကိုယ်နဲ့ အဝေးဆုံးကိုထွက်သွားဘီဆိုတဲ့အတွေးကိုလက်ခံလို့မရဘူးဖြစ်နေတယ်နွယ်လေးရေ။ လက်ဖက်ရည်ဆိုင်အပေါက်ဝကို ခနခနကြည့်မိတယ် နွယ်လေးများလိုက်လာမလားဆိုပြီးတော့ပေါ့။
အော်နွယ်လေးရယ် ကိုငယ့်စိတ်နဲ့လူမကပ်ဘူးဖြစ်နေတယ် နွယ်လေးနဲ့သွားခဲ့ဘူးတဲ့နေရာတွေ ကိုငယ်မသွားမိအောင်သတိထားရတော့မယ် နွယ်လေးပြောခဲ့တဲ့စကားသံတွေကိုငယ် ထပ်မကြားပါရစေနဲ့ နွယ်လေးနဲ့ အမြဲအတူတူထိုင်ခဲ့တဲ့ဒီဆိုင်လေးကိုလဲ ကိုငယ်ထိုင်ခြင်းဟာ ဒီတစ်ခါနောက်ဆုံးဘဲဖြစ်မှာပါနွယ်လေးရယ် အပြန်ကျရင် နွယ်လေးအဆောင်ရှေ့ကဖြတ်မပြန်ရဲတော့ဘူး နွယ်လေးရဲ့မျက်နှာလေးကိုမေ့ပျောက်သွားချင်တယ် နွယ်လေးနဲ့ မပါတ်သက်ခဲ့ရင် အကောင်းသားပေါ့ ခုတော့ကိုငယ့်ရင်ထဲမှာ ဘာမှမကျန်ခဲ့တော့ဘူးထင်တယ် အရာအားလုံးဟာ နွယ်လေးနဲ့အတူတူပါသွားဘီထင်ပါရဲ့ ကံမကုန်သေးရင်တော့ပြန်ဆုံပါရစေနွယ်လေးရယ်။
Post Writer : Thet Naing Min(@thetnaingmin)
From Myanmar
Photo Credit google Image
MSC-129
Wowပေါ့အကိုရေအရေးအသားကောင်းတယ်
ဟုတ်ကျေးဇူးပါခင်ဗျ
ရင်ထဲအသဲထဲကနေတကယ်ခံစားရပါတယ် တက္ကသိုလ်မြေက
အချစ်တွေမွေးဖွားပေးခဲ့သလို အချစ်တွေကဘဲအရာရာကိုပြောင်းလဲပေးခဲ့တယ် ဒါပေမယ့်မပြောင်းလဲနိုင်တဲ့အချစ်က တက္ကသိုလ်မြေမှာဘဲရှိတယ်ဗျာ
True story မဟုတ်ဘူးနော်
ဟုရားအေ တက္ကသိုလ် အပြင်ဖက်မာလဲ အချေ့တေ ချိပါဒေ😃😃
ခ်ခ်ခ် နောက်နဲ့
😃😃
Good. Bro
thanks bro
ပြန်ဆုံပါစေဗျာ
ကျွန်တော်လဲ အဲ့လိုဘဲဆုတောင်းပါတယ်ဗျ ဟီးဟီး
သွားကဖြီးနေတာဘဲ
ဟားဟားဟား နောက်ဆက်တွဲမှာပေါင်းပေးမှာပါ
ကောင်းတယ် bro HR. အခန်းဆက်ဖတ်ချင်လာပြီ
ဟုတ်ကဲ့ဗျ ကြိုးစားရအုန်းမယ်အစ်ကိုရေ
ပြန်ဆုံပျဇီ
စကားမစပ် နိက ဘူနက် ဆုံချင်နာ😃😃
နော်လဲဆုတောင်းနေပါတယ် ဟီးဟီး
Post ထဲကဇာတ်လိုက်ကို Bro ကိုယ်တိုင်ထင်နေတာ
True Story မဟုတ်ဘူးဆိုတော့
ဒါရိုက်တာပေါ့ဗျာ ။
ဇာတ်လမ်းဆင်တာရော အရေးအသားရော Good တယ်
ကျွန်တော်ဖြစ်စဉ်ကနည်းနည်းလေးပါတာပါဗျ အဲ့ဒါကိုနည်းနည်းချဲ့ရေးထားတာ ဟီးးး
Nice post!
thanks
ပြန်ဆုံပါစေကွယ်
နောက်တစ်ပိုင်းမှာ ပြန်ပေါင်းပေးမှာပေါ့ ဟီးးး
စမိ ကျောင်းမာ အချေ့မချိ ပုရယ် 😃😃ဟီးဟီး😃😃
ဒီကလဲစိတ်ကူးယဉ်ပါနော် ဟဲဟဲဟဲ
ဟိ😃😃 ယုံပါပုလေ😃😃