တွေ့ရကြုံရ HR ဘဝ အပိုင်း ၂

in #myanmar7 years ago (edited)

တွေ့ရကြုံရ HR ဘဝ ပထမပိုင်း
https://steemit.com/myanmar/@thetnaingmin/ety-ya-kan-ya-hr-baw
တွေ့ရကြုံရ HR ဘဝ ဒုတိယပိုင်း

         ကျမတို့ရုံးမှာလည်း ကွန်ပျူတာကျွမ်းကျင်သူတွေလိုတာဘဲလေ  ကိုယ်ကိုတိုင်ကလဲကျွမ်းကျင်ဖို့လိုသလိုတစ်ဖြည်းဖြည်းတိုးတက်လာတဲ့ နည်းပညာလောကကိုလည်း အမှီလိုက်ရသေး။  ခုဆိုရင် HR အတွက်အဆင်သင့်လုပ်ထားတဲ့ HR Software တွေကလည်း အစုံဘဲ ရုံးကိုလာလာမိတ်ဆက်ကြတယ် ဒီဆော့ဝဲ သုံးကြည့်ပါ ဒီဆော့ဝဲကဘယ်လိုအသုံးဝင်ပါတယ်  Error ကင်းပြီး ဘယ်လိုဖြစ်ပါတယ်ပေါ့လေ  သူတို့ဆော့ဝဲ သုံးရအောင်လာလာမိတ်ဆက်တယ် အဲ ဒါပေမယ့် ဆရာက မဝယ်ချင်ဘူးဆိုတော့ ကျမပင်ပန်းတာပေါ့လေ။
             အေးအေးမွန်စားပွဲရောက်တာနဲ့ သူ့ကွန်ပျူတာက  လုပ်လက်စဖိုင်ကိုကြည့်လိုက်တယ် လစာစာရင်းဖိုင်ဖွင့်ထားပြီး  လူမှုဖူလုံရေး ထည့်သွင်းငွေစာရင်း လုပ်နေတာကိုးး 

"အေးမွန် ညီမလေး ပြီးခါနီးရင်ပြောနော် ဒီလအတွက်ထွက်သွားတဲ့ ဝန်ထမ်းတွေ အထုတ်ခံရတဲ့ ဝန်ထမ်းတွေ အသစ်ဝင်လာတဲ့ ဝန်ထမ်းတွေကို သီးသန့်စာရင်းပြုစုရမယ်နော် အဲ့စာရင်းကမှားလို့မရဘူးနော် ညီမလေး"
"ဟုတ် မမနွေး သမီးသေချာလုပ်ပါ့မယ် ဒီနေ့ ၁၀ ရက်နေ့ဆိုတော့ အနက်ဖြန်အကုန်ပြီးလောက်ပါတယ် မမနွေးရဲ့"
"အေးပါအေ ၁၄ ရက်နေ့ လူမှုဖူလုံရေးရုံးကို ထည့်ဝင်ကြေးသွင်းနိုင်ရင်ပြီးတာဘဲ ၁၅ ရက်နေ့မကျော်စေနဲ့ပေါ့ ကျော်ရင်တော့ဒဏ်ငွေကနည်းတာမဟုတ်ဘူး ဆောင်ရမှာ"
"ဟုတ်ကဲ့ သိပါတယ်မမနွေးရဲ့"

office-assistant-resume-concept-art.jpg
အေးအေးမွန်စားပွဲကထွက်လာပြီးနောက်ဆုံးကျန်နေတဲ့ သီရိဆိုတဲ့ လေးလုံးမှန်ကြောင်လေးစားပွဲပေါ့ အဲ သူကတော့ခွင့်စာရွက်တွေတစ်ပုံတစ်ပင်နဲ့ စာပွဲပေါ်မှာရှုပ်ပွနေတာပေါ့
"မောနီး သီရိရေ စောစောစီးစီး အလုပ်ရှုပ်နေဘီပေါ့"
"ဟုတ်ကဲ့ မမနွေး မောနီးပါပါမမ"
သူ့အလုပ်ကတော့ ဌာနအသီးသီးကတက်လာတဲ့ ခွင့်တွေကို စစ်ဆေး စာရင်းသွင်း ခွင့်လက်ကျန်တွေတွက်ပေါ့ ခွင့်ကလဲ သုံးလေးမျိုးရှိလို့တာ လေးငါးခြောက်မျိုးလောက်ဆိုမလွယ်ဘူးလေ။ ရှောင်တခင်ခွင့် လုပ်သက်ခွင့် ဆေးခွင့် မီးဖွားခွင့် စတာတွေပေါ့ ဝန်ထမ်းအင်အားကများတော့ နှစ်ကုန်ပိုင်းရောက်လေ ခွင့်တွေကများလေဘဲ ရှောင်တခင်ခွင့် ဆေးခွင့်က တစ်နှစ်ပြီးတစ်နှစ် မသုံးခဲ့ဘူးဆိုရင် ပျက်ပျယ်သွားတာဆိုတော့ ဝန်ထမ်းတွေက နှစ်ကုန်ခါနီးဆိုရင် အကြောင်းအမျိုးမျိုးပြပြီးယူကြဘီပေါ့။
"သီရိ မနေ့ကလာတဲ့ဝန်ထမ်းတစ်ယောက်ကဘာဖြစ်တာ လစာတစ်ရက်စာ အဖြတ်ခံရတာဆိုတဲ့ဟာလေ"
"ဟုတ်တယ် မမနွေးရဲ့ သူကခွင့်တင်တာ ၂ ရက်ပေါ့ ရှောင်တခင်ခွင့်ပေါ့ သမီးကလစာတွက်တော့ သူ့လက်ကျန်ခွင့်ကတစ်ရက်ဘဲကျန်တယ် ဒါနဲ့တစ်ရက်ကို Leave without အနေနဲ့ လစာဖြတ်လိုက်တာ အဲဒါမနေ့ကသူလာပြီး သူကခွင့်တစ်ရက်ဘဲကျန်တာသိလို့တဲ့ နောင်ရက်ကိုပြန်ဆင်းတယ်တဲ့ တစ်ရက်ဘဲခွင့်ယူပြီး နောက်တစ်ရက်ကို လှမ်းပြီး Cancel လုပ်တယ်တဲ့ "
"ဟင် သူ Cancel လုပ်တာ သီရိဆီကိုလား သီရိကောသိလိုက်လား"
"သမီးဆီ မဟုတ်ဘူး မမနွေး သူတို့ဌာနကစာရေးမဆီမှာတဲ့ စာရေးမကလဲ သမီးဆီထိရောက်အောင်မပြောတော့ သမီးကလစာဖြတ်လိုက်တာပေါ့"
"အေးအေးသိဘီ နောက်တခါဌာနပေါင်းစုံက စာရေးတွေကိုသင်တန်းထပ်ပေးရအုန်းမယ် ဒီတိုင်းထားလို့တော့မရတော့ဘူး ခွင့်တင်တာတွေနောက်ကျတယ် ဘာနေနေအကုန်နောက်ကျတော့ ဒီမှာလုပ်ရတဲ့သူအဆင်မပြေဘူး အေးအဲ့ဒါခုဘယ်လိုလုပ်ထားလဲသီရိ "
"သမီးမမကိုမေးမလို့ မနေ့က မမ မအားလို့"
"အေးထားလိုက်တော့ဒီတစ်ခါတော့ သူလဲနောက်တခါဆိုရင် ရုံးထိသိအောင်လုပ်ရမယ့်အကြောင်းသေချာပြောပြထားလိုက်ပေါ့ ဟိုစာရေးမလေးကိုလဲသေချာဖုန်းဆက်ထား"
ကျမပြောပြောဆိုဆိုလှည့်ပြန်လာခဲ့တယ် ဒါကကျမရဲ့ မနက်တိုင်းပုံမှန်အလုပ်လေးပါဘဲ ကျမစားပွဲမထိုင်ခင် ကျမအလုပ်ကို ဇောက်ချမလုပ်ခင်ဆိုပိုမှန်မယ်ထင်တယ် ခုလိုတစ်ပါတ်လောက်ပါတ်ပြီးဘီဆိုရင် သူတို့ကျမကိုတစ်နာရီ နှစ်နာရီအတွင်းတော့ လာဘာမှလာမေးအုန်းမှာမဟုတ်ဘူးလေ ဒါမှကျမလဲအလုပ်ကိုစိတ်ချလက်ချလုပ်နိုင်မှာပေါ့။

fa355c9a789c5a908fc3ab47cfe16ec8--office-assistant-sample-resume.jpg
ကျမစားပွဲရောက်တယ်ဆိုရင်ဘဲ လစာဖိုင်ကိုဖွင့် လစာစာရင်းတွက်တာတွေပြန်ကြည့်တချို့ဖော်မြူလာတွေလိုက်ပြင် အစရှိတာလေးတွေလုပ်နေတာပေါ့လေ
"မမနွေးဆေးခန်းကဖုန်းလာတယ် မမနွေးခနကြွခဲ့ပါအုန်းတဲ့"
"အော်အေးအေး အေးမွန် ခုနကသွားမလို့ဟာ မေ့သွားတယ်"
ကျမလည်းလုပ်လက်စအလုပ်လေးခနထားခဲ့ပြီး မှတ်စုစာအုပ်လေးလက်ကစွဲလို့ဆေးခန်းရှိရာဘက်ကို ထွက်လာခဲ့တယ် ဆေးခန်းဆိုတာကတော့ ကျမတို့ကုမ္ပဏီက ဆေးကုမ္ပဏီတစ်ခုကိုငှားထားတာပေါ့လေ အဲ့ဒီဆေးကုမ္ပဏီကလည်း လူမှုဖူလုံရေးအသိအမှတ်ပြုပေါ့ ဆရာဝန်တွေအားလုံးဟာ လူမှုဖူလုံရေးဥပဒေတွေ အကုန်သိပြီးသားတွေပေါ့ ကျမတို့ဝန်ထမ်းတွေနေထိုင်မကောင်းရင် ဘယ်မှာဘဲဆေးခန်းပြခဲ့ပြခဲ့ ဒီဆေးခန်းကိုပြန်ပြပြီးဒီဆေးခန်းကဆေးစာရွက်မှသာ ဆေးခွင့်ကိုအကျုံးဝင်တယ်လို့ သတ်မှတ်ထားပါတယ်
ဆေးခန်းခဲ့လှမ်းဝင်လိုက်တယ်ဆိုရင်ဘဲ ဆရာဝန်ကြီးက ကျမကိုပြုံးပြီး
"Morning ဆရာမလေး"
"Morning ဆရာ ဆရာကလဲ သမီးကဆရာမမဟုတ်ပါဘူးဆရာရယ်"
ဒီဆေးခန်းက အလှည့်ကျဆရာဝန်တွေအကုန်လုံး ကျမကိုဆရာမလေးလို့ခေါ်ကြတယ် လူနာတွေအတွက် ဆေးခွင့်ကိစ္စတွေ သူတို့ရှင်းမရတဲ့ကိစ္စတွေဆိုရင် ကျမကိုလှမ်းလှမ်းခေါ်နေကျပေါ့
"ဟုတ်ဆရာ ဒါနဲ့ အခုဘာဖြစ်လို့လဲ ဆရာ"
"ဒီလိုဆရာမရေ လူနာက အပြင်မှာ အက်ဆီးဒင့်ဖြစ်ပြီး အပြင်ဆေးရုံတက်ရတယ် ခုအပြင်ဆေးခန်းက Fit တော့မပေးသေးဘူး သူကသက်သာနေပါပြီတဲ့ အလုပ်ပြန်လုပ်ချင်နေပါပြီတဲ့ သူက ဆေးခွင့်တွေကုန်လို့ လစာမဲ့တွေဖြစ်နေတော့ Fit တောင်းတယ်လေ ကျွန်တော်တို့က အပြင်ဆေးခန်းက Fit ပေးလိုက်ရင်တောင် ကျွန်တော်တို့က လူနာအလုပ်နိုင်လား မလုပ်နိုင်ဘူးလား သေချာစစ်ဆေးပြီးမှ Fit ပေးလို့ရမှာပါ ခုသူက Fit ဘဲတောင်းနေတယ် သူလစာမဲ့တွေများနေလို့ပါဆိုပြီး ဒါဘဲပြောနေတယ် ကျွန်တော်တို့ပြောမရလို့ ဆရာမလေးကိုခေါ်လိုက်ရတာဘဲဗျ"
ဆရာက စိတ်ရှည်လက်ရှည် အသေးစိတ် ရှင်းပြတယ် ကျမသဘောပေါက်လိုက်ပါတယ် ဒါကဖြစ်နေကျပါ လူနာရှင်ဝန်ထမ်းကိုနားလည်အောင် ရှင်းပြဖို့က ကျမတာဝန်ပေါ့ ဆရာဝန်တွေပြောမရတဲ့သူကို နားလည်အောင်ပြောပြရမယ် လွယ်တော့မလွယ်ဘူးလေ ဝန်ထမ်းတွေကလည်း လူအမျိုးမျိုးဘဲ တချို့က ပညာတတ်တယ် တချို့က စာမတတ်ဘူး တချို့ကျ ဘာလေးဖြစ်ဖြစ် ဒီကုမ္ပဏီကဘယ်လိုပါဆိုပြီး FB ပေါ်တင်ကြ တချို့ကျတော့လဲ ဘာမှန်းညာမှန်းမသိ သူတို့ဖြစ်ချင်တာဘဲသိတဲ့လူတွေ အို အမျိုးမျိုးပါဘဲ ဒါနဲ့ကျမလည်း လူနာဝန်ထမ်းကို ရုံးကကောင်မလေးကတဆင့် ချက်ချင်းဆေးခန်းလာဖို့ခေါ်ခိုင်းလိုက်တယ် လူနာကလဲ အဆင်သင့်စောင့်နေတာနဲ့အဆင်ပြေ သွားတာပေါ့
"ကဲ ကိုအောင်ထွန်း ခင်ဗျားက အပြင်မှာအက်ဆီးဒင့်နဲ့ အပြင်ဆေးရုံတက်ရတယ် နောက်ဆေးရုံကဆင်းလာတယ် အဲ ဆေးခွင့်ကုန်တော့ လစာတွေအဖြတ်ခံရရော အဲ့ဒီတော့အဖြတ်မခံရအောင် Fit တောင်းပြီး အလုပ်ပြန်ဆင်းချင်ရော အဲ့ဒီတော့ဒီကဆရာဝန်ကလဲ လက်ရှိကုနေတဲ့ဆရာဝန်က Fit မပေးသေးတော့ ဒီဘက်ကပေးမရသေး အဲဒါကိုခင်ဗျားက Fit ဘဲတောင်း ဟုတ်တယ်မို့လား"
"ဟုတ်ပါတယ် ကျွန်တော်ကလဲ အရင်ကဆေးခွင့်တွေယူထားတာရှိတော့ ခုဆေးခွင့်တွေကကုန်နေဘီဗျ အဲဒါကြောင့် လစာမဲ့တွေဖြစ်နေတော့ အလုပ်ပြန်ဆင်းချင်ပြီး Light Duty လေးဖြစ်ဖြစ်နဲ့ပေါ့ဗျာ"
"ဟုတ်ပါတယ် ကျမတို့လဲနားလည်ပါတယ် ဆေးခွင့်ကုန်ရင် လစာမဲ့ဖြစ်နေတော့ ဝန်ထမ်းတွေအပေါ်လဲ ကိုယ်ချင်းစာပါတယ် ဒါပေမယ့် ခင်ဗျားလုပ်ရတဲ့အလုပ်က Light Duty ပေးထားလို့မရတဲ့နေရာဖြစ်နေတာကိုး ဥပမာ လုံခြုံရေးချင်းအတူတူဖြစ်နေရင်တောင် တံခါးအဖွင့်အပိတ်လောက်ဘဲ လုပ်ရတဲ့လုံခြုံရေးနဲ့ ပါတ်ကင်းပါတ် ကင်းလှည့်တဲ့ လုံခြုံရေးမတူသလိုပေါ့ အဲဒါကြောင့် ဒီကဆရာဝန်က Fit ပေးမှသာ ကျမတို့ကလဲ အလုပ်ဆင်းဖို့လက်ခံလို့ရမှာပါ အဲဒီတော့ ဘယ်လိုဘဲဖြစ်နေဖြစ်နေ ဒီကကုမ္ပဏီတွေတရားဝင်ခန့်အပ်ထားတဲ့ ဆရာဝန်တွေရဲ့ ထောက်ခံချက်မပါရင် ဘာမှလုပ်လို့မရသလို ဒီကဆရာဝန် Fit ပေးဖို့ကလဲ အပြင်မှာ ပြနေကျ လက်ရှိကုသနေတဲ့ ဆရာဝန်ရဲ့ Fit ရမှာသာဖြစ်ပါ့မယ် ဒါကြောင့် ကျမတို့ကလဲ ဒီကဆရာဝန်တွေ နဲ့သဘောထားအတူတူဘဲ ဖြစ်ပါတယ် ဒီကဆရာဝန်က ဒီကုမ္ပဏီရဲ့ ဝန်ထမ်းအားလုံးရဲ့ ကျန်းမာရေး နဲ့ပါတ်သက်သမျှ တာဝန်ယူထားရတာဖြစ်ပါတယ် ခင်ဗျားတို့အလုပ်မဝင်ခင်က ဆေးစစ်ရသလို ပါဘဲ အဲဒီတော့ ဆရာဝန်ပြန်ပြခိုင်းတဲ့ရက်ချိန်းအတိုင်းပြဖို့လိုပါတယ် ကျမတတ်နိုင်တာကလဲ ခင်ဗျားအမြန်သက်သာလာအောင် ကျန်းမာရေးဂရုစိုက်ပြီး နေကောင်းအောင်နေပါလို့ဘဲ ပြောချင်ပါတယ် ခင်ဗျား လစာမဲ့ဖြစ်တဲ့ရက်တွေအတွက်လစာမရပေမယ့် လူမှုဖူလုံရေးဝင်ထားတဲ့အတွက်ခင်ဗျားရဲ့ ဆေးခွင့်တွေအားလုံးအတွက် ငွေကြေးအကျိုးခံစားခွင့်တွေ ပြန်လည်ခံစားရှိအောင် တောင်းဆိုပေးဖို့က ကျမတို့ရဲ့ တာဝန်ပါ "
"ဟုတ်ကဲ့ပါ ခင်ဗျ ဒါဆိုကျွန်တော် အမြန်ပြန်သက်သာလာအောင်ဘဲ ကျိုးစားရမှာပေါ့ဗျာ"

images (1).jpg

            ခုတော့ပြေပြေလည်လည်ဘဲ ပြန်သွားလေရဲ့ ဟူးးးကနဲ သက်ပြင်းကိုမှုတ်ထုတ်ရင်း ဆရာဝန်ကိုနှုတ်ဆက်ကာ ကိုယ့်ရုံးကိုပြန်လာခဲ့တယ် ရုံးရောက်တော့ အလုပ်သမားအဖွဲ့အစည်းက ခေါင်းဆောင်ပိုင်း နှစ်ယောက်သုံးယောက်လောက်က ရုံးခန်းဧည့်ဆောင်ကနေစောင့်နေလေရဲ့ ကျမသက်ပြင်းကို ပိုမှုတ်ထုတ်ရင် ဧည့်ဆောင်ထဲဝင်လာလိုက်ပါတယ်

ကျမရောက်ပြီးပြုံးပြီးနှုတ်ဆက်လိုက်ပါတယ်
"ကျွန်တော်တို့ အနေနဲ့ စာချုပ်အသစ်ကိစ္စနဲ့ပါတ်သက်ပြီးဆွေးနွေးချင်လို့ပါခင်ဗျ"
"အော် ဟုတ်ကဲ့ပါရှင့်"
"စာချုပ်သစ်မှာ ကျွန်တော်တို့ဘက်က ဒီအချက်တွေကို ပြင်ဆင်ချင်ပါတယ် အဲဒါ လာပြီးစာတင်တာပါ"
"အော်ဟုတ်ကဲ့ပါ ကျမ ကိုပေးထားခဲ့ပါ ကျမဆက်တင်ပြလိုက်ပါ့မယ်"
သူတို့က လက်ထဲက ဖိုင်တစ်ခုကိုထိုးပေးရင်း
"ကျွန်တော်တို့ကိုခွင့်ပြုပါအုန်းခင်ဗျာ"
"ဟုတ်ကဲ့ပါရှင့်"

ူတို့ပေးတဲ့ဖိုင်လေးကိုယူပြီး စာပွဲရှိရာထွက်လာခဲ့တယ် စားပွဲရောက်တော့ ဖိုင်လေးကိုဖွင့်ကြည့်ပြီး သေချာဖတ်ရတယ် အလုပ်သမားဥပဒေတွေပြန်ကြည့်ရတယ် နိုင်ငံဝန်ထမ်းဥပဒေတွေပြန်ကြည့်ရတယ် အလုပ်ရုံအလုပ်သမားဆက်ဆံရေးကထုတ်တဲ့ ညွှန်ကြားချက်တွေပြန်ဖတ်ကြည့်ရတယ် သူတို့ပြင်ဆင်ချင်တဲ့အချက်အလက်တွေနဲ့ ဖြစ်နိုင်တဲ့အချက်အလက်တွေ မဖြစ်နိုင်တဲ့ အချက်အလက်တွေ မဖြစ်နိုင်ဘူးဆိုရင်လဲ ဘယ်လိုကြောင့် မဖြစ်နိုင်တာကို အကိုးအကားအတိအကျပြဖို့ကလည်း လိုသေးတယ်လေ အားလုံးကို သေချာပြုစု Draft ဆွဲ ပြီးတော့ နာရီတစ်ချက်ကြည့်လိုက်မိတယ် ထမင်းစာချိန်တောင်နီးပါပေါ့လား ကျမလဲ ဖိုင်ကိုသေချာထည့်ပြီး ဆရာ့ရုံးခန်းဘက်ကိုထွက်လာခဲ့တော့တယ်။
ဆက်လက်ဖတ်ရှုပါရန်

(ကျွန်တော်ချစ်သော HR) အားဖတ်ရှုလိုပါက https://steemit.com/myanmar/@thetnaingmin/kundefinednetaundefinedsetha-hr
ကျုယ်တိုင်ရေးသားကြောင်း အာမခံပါသည်။

Post Writer : Thet Naing Min(@thetnaingmin)
From Myanmar
Photo Credit google Image
MSC-129

Sort:  

အပိုင်းများများတင်ရအောင် စာပိုဒ်တွေ ပြန်လျော့လိုက်ပါလား။ နည်းနည်းလေးနဲ့ ထိထိ ရောက်ရောက်ဖြစ်အောင် ပုံလေးတွေ နဲ့ ပြန်စီရင် ပိုကောင်းမယ်ထင်ပါတယ်။

ဟုတ်ကဲ့ပါခင်ဗျာ တစ်နေရာမှာ ရိုက်ပြီး ပြန်ကူးရတာဆိုတော့ အဆင်မပြေဘူးဖြစ်ဖြစ်သွာားတယ်ဗျာ ဖုန်းက ဇော်ဂျီဖောင့်မမှန်ဘူးဖြစ်နေတော့ စိတ်ညစ်ပါတယ်ဗျာ ဘာဘဲဖြစ်ဖြစ် ကျေးဇူးအရမ်းတင်ပါတယ်ဗျာ နောက်လဲဝေဖန်ပေးပါအုန်းခင်ဗျ

V 100% 0.093$ V n C done. @poe/thi.

thanks @poe/thi family.

HR ကဆိုတော့ ရေးစရာတွေ အများကြီးကျန်ဦးမှာဘဲ ကျေးဇူးပါဗျ share ပေးတဲ့အတွက်

မကုန်နိုင်ဘူးပေါ့ဗျ ဒါပေမယ့် ကျွန်တော်ကသိပ်မရေးတတ်ဘူးဗျ

HR အကြောင်းလေ့လာခွင့်ရလို့ကျေးဇူးပါ ကသက်ရေ

ဝေမျှခွင့်ရလို့လဲ ဝမ်းသာမိပါတယ်

ကျေူးးပါ ဘဒို

Thanks for knowledge

Thz for sharing

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62390.04
ETH 2455.58
USDT 1.00
SBD 2.66