တန်ခူးလမှာ ……

in #myanmar7 years ago

မြန်မာတို့ရဲ့ နှစ်ကူးချိန်ခါ တန်ခူးလမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင် ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများ ပြည့်ဝကြပါစေ ။

received_688395631359554.jpeg

သူငယ်ချင်းတို့ရေ အတာတန်ခူးမှာ ဘယ်လိုတွေ စီစဉ်ထားကြပါသလဲ ?

အကြိုမနက်ကထဲက စလည်မှာပါလား ? မနက်ကို ပြင်ဦးလွင်တက်ပြီး ညနေဖွင့်ပွဲအမှီပြန်ဆင်းပြီး ကျုံးပတ်မယ်လေ !

အကျီ င်္ကတွေ့လို့ ဝယ်ထားလိုက်တာ သူနဲ့လိုက်ဖက်မယ့် ဟာတွေ မဝယ်ရသေးဘူး !

ငါ့အမျိုးတွေဆီသွားကန်တော့ပြီး ကြံဖန်ထုလိုက်အုံးမယ် မုန့် ဘိုးရလာမှ ဝယ်စရာတွေထပ်ဝယ်ရမယ် !

စသည့် အသံမျိုးစူံဖြင့် ဖုန်းဆက်အလုပ်ရှုပ်နေသော မော်လမြိုင်မှ ညီမဝမ်းကွဲတော်စပ်သူ၏ တဖက်ကိုအားရပါးရ ပြောနေသံကိုကြားအပြီး ကျမထံသို့  အကြံအဖန်လှည့်လာမယ်ဆိုးသဖြင့် ခြေလှမ်းတို့ နောက်ဆုတ်ရင်း မီးဖိုချောင်ထဲ ဝင်နေလိုက်တယ် ။ မီးဖိုခန်းထဲ ကျမရှိနေလို့ ကတော့ မလာတာ အသေအချာပါ ။ ညီမဝမ်းကွဲဆိုသူမှာ အိမ်အလုပ်ကူလုပ်ရမှာ အင်မတန်ကြောက်သော ယောင်္ကျားစိတ်ပေါက်နေသူတဦး ဖြစ်သောကြောင့်ပါ ခ်ခ် ။

ကိုယ့်စိတ်ကူးက သင်္ကြန်တွင်းမှာ မနက်အစော အမေနဲ့အတူ ဥပုဒ်ကျောင်းလိုက်ပို့ ရင်း ဥပုဒ်တထိုင်ယူမယ် ။ ပြန်လာရင် မီးဖိုချောင်ဝင်ပြီး ချက်မယ် ပြုတ်မယ် ။ အလည်ထွက်ကြတဲ့ ညီမနဲ့မောင်လေးပြန်အလာစောင့်ပြီး သူတို့ မြင်လာသမျှ သူတို့ အပျော်တွေ ပြန်ပြောပြတာနားထောင်မယ် ။ ဟော အကြိုက်ဆုံးတခု ပြောဘို့ ကျန်ခဲ့တယ် တော်ပါသေးရဲ့ ။ သူတို့ တွေ အလည်ထွက်နေတော့ ကိုယ်ကြိုက်သော ကိုရီးယားကားတွေကိုလည်း နေကြာစေ့လေးစားလိုက် အအေးလေးသောက်လိုက် လဖက်သုပ်လေးစားလိုက်နဲ့ ဆက်တိုက် အပိုင်းတခွေပြီးတခွေ ကြည့်နေရုံပဲလေ ။

သင်္ကြန်ရက်အတွက် ကျမ ဟင်းအော်ဒါလက်ခံထားသေးတာလည်း ချက်ရအုံးမယ်ဆိုတော့ ကြိုတင်ဝယ်ထားစရာရှိတာလဲ ဝယ်ပြီးတော့ အတာသင်္ကြန်တွင်း ရောက်လာရန် မျှော်နေမိတော့တာ ။ ဟင်းအော်ဒါဆိုလို့  အထင်မကြီးနဲ့အုံးနော် ။ အဖေကချက်ဖို့ မှာတာက ဆိတ်သားမွှကြော်တဲ့ ။ အမေက မွန်သင်္ကြန်ဟင်းတဲ့ ။ မောင်နဲ့ညီမက ဝက်အူချောင်းကြော်နဲ့ ပဲကြာဇံဟင်းရည်တဲ့ ။ နှစ်တိုင်းဒီဟင်းဘဲ ချက်ခိုင်းနေတာ အစဉ်အလာတခုလိုဖြစ်နေလားမသိ ။

ကျမရဲ့ အတာတန်ခူးရဲ့ နှစ်ဟောင်းကိုစွန့်  နှစ်သစ်ကိုကြိုဆိုမယ့် အစီအစဉ်လေးတွေပြောပြပြီးပြီဆိုတော့ စတီးမစ်သူငယ်ချင်းတို့ ရော ဘာတွေစီစဥင်္ထားကြလဲရှင် ။

FB_IMG_1522495323328.jpg

all photos credit # facebook

@thetlyar

MSC 027

Sort:  

လမ်းလျှောက်သင်္ကြန် သွားမယ်မလား မမကြည်တို့ မုံရွာလဲ ဒီနှစ် လမ်းလျှောက်သင်္ကြန် လုပ်နေတယ်ရော သဲရုပ်တုတွေရော ပါတယ်တဲ့😍

wow မိုက်တယ်မမရေ

သင်္ကြ၃်မှာပျော်ကြမယ့်ပုံရိပ်တွေရေးသားထားတာတွေကြည့်ပီး
ကြည်နူးမျက်ရည်ဝဲမိပါတယ်ဗျာနှစ်သစ်မှာအားလုံးအစစအရာရာအဆင်ပြေချော့မွှေ့ပီးကိုယ်စိတ်နှစ်ဖြာဘေးဘရာကင်းကွာကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်သက်လျာရေ

ဟုတ် ကိုသာအေးတို့ မိသားစုလဲ မာပါစေကြောင်းဆုတောင်းလျှက်ပါရှင်

သင်္ကြန်မွေးရပ်မြေပြန်မယ်ကွယ်

ပျော်စရာ နှစ်ကူး သင်္ကြန် ..

အေးအေးဆေးဆေး ဥပုသ်သီလယူတော့လည်းအေးချမ်းတာပေါ့လေ။သင်္ကြန်ဆိုတာနဲ့ ပျော်ရွှင်ကြည်နူးရတာပါ။စိတ်တွေလည်း ပေါ့ပါးသွားပါတယ်။ကောင်းသောနှစ်သစ် ဖြစ်ပါစေခင်ဗျာ။

ကျေးဇူးပါ

အယ်လယ်

နှစ်သစ်ကူးသက်ြမှာမဖွယ်မရာတွေမမြင်ချင်ဘူးဗျာ

ကျနော်လည်းမမြင်ချင်လို့ တရားစခန်းသွားမှာ အဲ့အချိန်က ကုသိုလ်ထက် အကုသိုလ်ပိုများတယ်

အမှန်ဆုံးပါဘဲရှင်

ပျော်​စရာ​ကောင်းမှာဘဲ

ပျောလဲပျော်တယ် ရေစိုအဝတ်တွေလျှော်ရတာလဲ မနိုင်ဘူး ဟီးး

ကျိန်း​သေတာက သင်္ကြန်​ ကျ ရွာပြန်​ရ​မေထင်​​တယ်​။

ရွာဆိုပိုပျော်တယ် ကျမတော့

ကိုယ်က တော့သင်္ကြန်ပုဂံမှာရှိမယ် သက်ရေ

ကောင်းပါလေ့ရှင်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62427.05
ETH 2464.11
USDT 1.00
SBD 2.65