ဆင်ခြင်ဖွယ်ရာသင်ခန်းစာ ၂
ဒေါသကိုလည်း ထိန်းနိုင်အောင်ကြိုးစားကြရမည် ။
မိမိ၏စိတ်မှဖြစ်ပေါ်သော အလိုဆန္ဒကိုလည်း ထိန်းနိုင်ရန်
ကြိုးစားစားရမည် ။
ဒီနေ့ အလုပ်ကအပြန် စာရေးရန်အတွက် စဉ်းစားရင်း သတင်းတခုဖတ်လိုက်ရပါတယ် ။ မန်းလေးမှာ ဖြစ်သွားတဲ့ မှုခင်းသတင်းတခုပါ ။ လူသတ်မှုဖြစ်စဉ်ပေါ့ ။
အကြောင်းရင်းအတိုချုပ်က ကောင်မလေးကိုတွေ့တိုင်း ပြစ်မှုကျူးလွန်သူက ရီးစားစကားပြောလေ့ရှိပါတယ်တဲ့ ။ ကောင်မလေးကလည်း လက်မခံနိုင်ကြောင်း ငြင်းပယ်တယ် ။
ဒီနေ့ မှာတော့ ကောင်မလေးကို ကောင်လေးက ထုံးစံအတိုင်း တွေ့တာနဲ့ ချစ်ကြိုက်ကြောင်းပြောပြီး ကောင်မလေးကလဲ ငြင်းပယ်မြဲ ငြင်းပယ်မြဲပေါ့ ။
၇၈လမိးဲ့ မြဝတီမင်းကြီးလမ်းဒေါင့်မှာ ဖြစ်တယ်လို့ ရေးထားပါတယ် ။ ကောင်လေးက အသင့်ယူဆောင်လာတဲ့ဓားနဲ့ ကောင်မလေးကို ဓားနဲ့ ၇ချက်ထိုးသတ်ခဲ့ပါတယ် ။
သေဆုံးသူကောင်မလေးရဲ့အမက ဝင်ဆွဲလို့  အမပါ ဓားနဲ့ထိုးခဲ့တာ ၅ချက်ဖြစ်ပြီး အတွင်းလူနာအဖြစ်ကုသနေရတယ်လို့ သတင်းမှာ ရေးထားပါတယ် ။ မှုခင်းပုံကို မတင်တော့ပါဘူး ။
ဒီလိုဖြစ်စဉ်ကိုဖတ်ရပြီး ဆင်ခြင်စရာအသိတရားကို ရလိုက်တာက မိမိကို မချစ်မနှစ်သက်မှန်းသိရင် ရှောင်ဖယ်နေတာဟာ အသင့်တော်ဆုံးပါ ။ မိမိကို နှစ်သက်လိုလားသူများနှင့်သာ ပေါင်းသင်းနေထိုင်သင့်ပါတယ် ။
မိမိမရနိုင်တာကို စိတ်အလိုကိုလိုက်ပြီး ရအောင်ယူသင့်တာမှ ယူပါ ။ မယူသင့်တာကို ယူချင်မိတဲ့စိတ်မှတဆင့် မရတော့ ဒေါသပွားပြီး မဖြစ်သင့် မလုပ်သင့်တာကိုပါ လုပ်မိလာမှာကြောင့် ထားသင့်တဲ့အတ္တကိုသာ ထားကြရမှာပါ ။
ဒေါသဖြစ်တုန်းအလျောက် မိမိစိတ်ကိုဦးစားပေးပြီး မစဉ်းစား မဆင်ခြင်ဘဲ လုပ်မိတော့ တဖက်သားအတွက် အသက်ဆုံးရှုံးရသလို ကိုယ့်အတွက်လည်း အကျိုးမရှိဘဲ အပြစ်ဖြစ်စေတာပါ ။ ကိုယ့်အပြစ်အတွက် နှစ်လများစွာ လက်ရှိမှာ အပြစ်ပေးခံရပြီး နောင်သံသရာအတွက်လည်း မကောင်းနိုင်ပါ ။
မည်သည့်အရာမဆို မလုပ်ခင်က အကျိုးရှိမရှိစဉ်းစားလုပ်တာဟာ အသင့်တော်ဆုံးပါ ။ ကိုယ့်ကြောင့် သူတပါးများစွာနစ်နာမည့်အလုပ်ကို မလုပ်တာအကောင်းဆုံးပါ ။ အကျိုးမဲ့သော အသေးအဖွဲကိစ္စများကိုလည်း ပယ်နိုင်အောင် ဆင်ခြင်မှ ဖြစ်မယ်ဟု သင်ခန်းစာယူလိုက်မိပါတယ် ။
MSC 027
ဘယ်လိုများလူသတ်ဖို့ထိ စဉ်းစားလဲဆိုတာ တွေးလို့မရဘူး🤔🤔
ဟုတ်တယ် သတ်ရဲဘူး
You got a 1.71% upvote from @postpromoter courtesy of @thetlyar!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!
thank you
လူတွေရဲ့ လိုချင်တပ်မက်မှုတွေကြောင့် ဒေါသတွေဖြစ်နေကြတာပေါ့ အစ်မရယ်
ဟုတ်ကဲ့
လှတဲ့သူတွေ အိမ်ပြင်မထွက်ရ😉😉မမရယ် သက်ရယ် အဓိကပဲ ဟိ😁အော် bpyae လေးရောပါတယ် သူလဲ လှတယ်လေ😍😍
ဟုတ်တယ်မမရေ ဟိ
ဒေါသထွက်လာရင် လူကအသိဥာဏ်မဲ့သွားရော
ထိန်းနိုင်မှတန်ကာ ကျတယ်အမရေ
တော်တော်ကြောက်ဖို့ကောင်းတယ်
ဟုတ်တာပေါ့ရှင်
ကိုယ်ကြောင့်သူတစ်ပါးနစ်နာရင်
အဲဒီလူဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ
အသက်ဆုံးရတဲ့နစ်နာမှုမျိုးကိုလုပ်မယ်ဆို ပိုပီးစဉ်းစားသင့်ပါတယ်
ဒေါသစိတ်ရိုင်းက တော်တော်ဆိုးတာဘဲ။ ဘေးမှာ အမေပါတာတောင် ဖြစ်ရသလား။
သူ့ အမဝင်ဆွဲလို့  သူ့ အမပါထိုးတာတဲ့
ဒေါသစိတ်ရဲ့ ဆိုးကျိုးတွေပါ။မိမိလုပ်တဲ့ ကိစ္စကို အကောင်းအဆိုး မခွဲခြားနိုင်သေးတော့ ဒီလို လူသတ်တဲ့အထိစိတ်ရိုင်းတွေဝင်လာတော့တာပေါ့။
ကြောက်စရာပါ ဒေါသစိတ်က
သင်ခန်းစာယူစရာဘဲ...ဒေါသစိတ်ကကြောက်စရာကြီး...ခုတော့နှစ်ဘက်စလုံးထိခိုက်ဆုံးရှုံးရပြီ😨
ဟုတယ် သူ့ အတွက်လဲမကောင်းဘူး သူ့ ဒေါသကြောင့်
ဒေါသဟာ ပူလောင်စေပါတယ် တားဆီးထိန်းချုပ်ဖို့လည်းခက်ခဲတတ်ပါတယ်
ကြိုးစားထိန်းရမှာကို သင်ခန်းစားယူရမှာပေါ့လေ