ပုံမှန်စုဆောင်း သူဌေးလောင်း

in #myanmar7 years ago

တစုံတရာ အလိုမကျတာပါလာခဲ့ရင် ညည်းတွားလေ့ရှိတဲ့ ကျမညီမလေးအပါအဝင် တခြားသူငယ်ချင်းများကို အားပေးနှစ်သိမ့်ချင်ပါတယ် ။ အိမ်မှာတော့ steem ဈေးအတက်အကျကြောင့် ဗြောင်းဆန်နေတဲ့သူ တယောက်ရှိနေလို့ ပါ ။

Steemit လုပ်နေတာနဲ့ပတ်သက်ပြီး ကျမရုံးနားတဲ့၂ရက်ကလေးမှာကို ညီမလေးဆီက အသံပေါင်းစုံနဲ့ ညည်းတွားနေတာ အစုံကိုကြားခဲ့ရတာ ။

ဟင် ! စိတ်ညစ်ပါတယ်အေ 1sbd boost လုပ်တာ အရင်းမရဘူးအေ
ဒီကြားထဲ sp ပြန်ပေးတာနဲနဲလေး
ဟာ ! sbd ဈေးတွေက ကျကုန်ပြီ ကုန်ပါပြီ အဲ့ဒါတွေစုထားတာဒီက
ဟယ် ! သူများတွေ 1 နဲ့ boost တာ 3 ရတာတော့ မြတ်နေတာ လုပ်ကြည့်အုံးမယ် နဲ့ ညီမလေးရဲ့ အမျိုးစုံတဲ့ အသံတွေပါ ။

ဒါတင်မကသေးပါဘူး အမလေး sbd ဈေးတွေက တက်ပြန်ပြီ ။ steem ဈေးကလဲ sbd ဈေးကို မှီတော့မယ် ငါတော့ စိတ်ညစ်လှပါပြီ သေချင်ပါတယ်အေ ဆိုတာက ညည်းပါသေးတယ် ။

အဲ့တော့ ကျမသူကိုကြည့်ပြီး အတော်သနားသွားတာ ။ ညီမလေး နင့်ဟာက ဘယ်လိုတုန်းကွယ် ရှုံးလို့ ညည်းတွားနေတာဘဲလေဆိုပြီး နားထောင်ပေးမိတယ် အခုမြတ်ပြန်တော့လည်း ဝမ်းသာတယ်မပြောဘဲ သေချင်ပါတယ် ဘာညာတွေထိ စိတ်တွေညစ်ပြပြီး ညည်းတွားနေတော့ နားထောင်ပေးရတဲ့ငါက ထရိုက်ချင်လာပြီလို့  ပြောတာပေါ့ ။

အဲ့တော့သူကလဲ သူလုပ်တဲ့ ဟိုပြောင်းဒီပြောင်းနဲ့ သူရှုံးသွားတဲ့ဆင်ခြေတွေကို ပေးပြီးဖြေရှင်းပြတာပေါ့ ။ ကျမနားထောင်ပေးပါတယ် သူပြောတာနားထောင်ပေးပြီး ကျမတခွန်းထဲဘဲ သူ့ ကိုပြောပြမိပါတယ် ။ ညီမလေးလို steem စုမှာဆိုပြီး ရသမျှစုမထားဘဲ ဟိုဟိုဒီဒီပွားမလားမလုပ်ဖဲ မမလိုဘဲ နေပါတော့လို့  ပြောလိုက်တော့တယ် ။

တပတ်မှာ ၂ရက်လောက် steemit post တင်ပြီး သူ့ နောက်မှ လုပ်တဲ့ ကျမရဲ့ စတီးမစ်အကောင့်လေးကမှ ရသမျှစုထားလိုက်တာ power 100 တောင်ရောက်တော့မယ်လေ ။ ဒါတောင် ကျမဆုခဲ့ရစဉ်က steem နဲ့ sbd တွေကို သူယူသွားလို့ ပါဆို ။ ကြုံတုန်း အပြစ်ပြောရတာ တတ်နိုင်ဘူးလေ ။

ညီမလေးဒီတယောက်ထဲရှိတော့လည်း အလိုလိုက်ကြတာပါ ။ သူ့ ကို လိမ်မာစေချင်တယ် ။ အောင်မြင်စေချင်တယ်လေ ။ ကျမတို့ သားအမိက သူ့ အတွက် ကိုယ့်အရည်အချင်းဘယ်လိုမြင့်တင်မလဲ ဘက်ပေါင်းစုံကနေ သူဖြစ်လာအောင်ဝိုင်းပြီးထောက်ပံ့ လုပ်ဆောင်ပေးတဲ့ သဘောပါ ။

ဒါမှ ကျမညီမလေးအတွက် ကျမတို့ မိသားစုက စိတ်ကျေနပ်မှုတွေရမယ်
ညီမလေးရဲ့ ကြိုးစားမှုတွေအတွက်လည်း လေးစား ချစ်ခင်မှုတွေရပြီး ယုံကြည်မှုတွေနဲ့ တိုးတက်နိုင်နိုင်မယ်လေ ။

steemit မိသားစုများ မင်္ဂလာပါရှင် ။
ကျမညီမလေးလိုဘဲ ခံစားညည်းတွားနေကြတဲ့သူတွေလည်း ရှိခဲ့ရင် အားမငယ်ကြပါနဲ့ ။ ရည်ရွယ်ချက်တခုထဲကို တစိုက်မတ်မတ် လုပ်ကြပါလို့  တိုက်တွန်းလိုက်ပါတယ်ရှင် ။

received_765291456984040.png

@thetlyar

MSC 027

Sort:  

ဆိုင်​ကယ်​ဝယ်​​တော့မှာတဲ့ SBDနဲ့ Bပြည့်​​လေးက

ဟုတ်တယ်အကိုရေ ဆူညံနေတာ ၄ရက်လောက်ရှိပြီ ခိခိ

ဒီကလည်းသူ့လိုပါပဲ…လေ
တက်လိုက်ကျလိုက်ဖြစ်နေသောဈေးကွက်လေးကိုကြည့်ပြီး
တစ်ယောက်ထဲစကားပြောနေတက်ခဲ့ပြီ……လေ(သူရ)

ဟုတ်ကဲ့ 5tin! အကို

ကျေးဇူးပါညီမလေး(သက်လျာ)

ခုမှစ စုတာတော့မဖြစ်နိုင် ဟီးးးးးး

ကိုသာအေးက ကျမထက်စောတယ်လေ စတီးမစ်လုပ်လာတာ စုပါ အားတင်းထား

မသက်လျာရေ
Gp 3ကိုလာပေးပါဦး

ဟုတ်ကဲ့ပါရှင် ဘဏ်အလုပ်ဆိုတော့ မအားတာကို နားလည်ပေးပါ လာပါ့မယ်ရှင်

Aww.ဟုတ်ကဲ့ဟုတ်ကဲ့

ဟုတ်စုဆောင်နိင်ရင်တော့အဆင်ပြေပါတယ်

ဟုတ်ကဲ့

အရမ်း​ကောင်းပါတယ်​....

ကျေးဇးပါအမရေစိတ်ဓာတ်ခွန်းအားရပါတယ်

အရေးအသားလေးတွေကြိုက်တယ်

thanks

စုမယ်ဗျား

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65092.40
ETH 3470.06
USDT 1.00
SBD 2.50