ငါးဥချက်

in #myanmar8 years ago

received_1936135216609124.jpeg

ဒီနေ့ တော့ ငါးဥချက်စားဖြစ်ပါတယ် ချက်ရတာလွယ်ကူပြီး စားလို့ လည်းကောင်းတဲ့ ဟင်းတခွက်ပါ အလုပ်သွားမယ့်အချိန်မရတဲ့ အိမ်ရှင်မတွေအတွက် အဆင်ပြေမယ့် ချက်နည်းလေးတခုပေါ့
ငါးဥချက်တဲ့နည်းလေးကို တင်ပြပေးပါ့မယ်ရှင်

ငါးဥချက်ရာတွင်လိုအပ်သောပစ္စည်းများကတော့

ငါးဥ ၂၀၀၀ဘိုး
ခရမ်းချဉ်သီး၎လုံး
ကြက်သွန်နီ၅လုံး
ကြက်သွန်ဖြူတဥ
ဆီ၅ကျပ်သား
ဆားဟင်းခတ်အချိုမှုန့် အနည်းငယ်
ဆနွင်းအနည်းငယ်
ငရုပ်သီးတောင့်အနည်းငယ်
နံနံပင်တစည်း တို့ ဖြစ်ပါတယ်

received_1936016183287694.jpeg

ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ
ကြက်သွန်နီကိုပါးပါးလှီးထားပါ
ကြက်သွန်ဖြူကို အခွံနွှာပြီးထောင်းထားပါ

ငါးဥကို ဆားဟင်းခတ်အချိုမှုန့်အနေတော်ထည့်၍ နယ်ထားပါ

ဒယ်အိုးတွင်ရေအနည်းငယ်ထည့်ပြီး ဆနွင်းအနည်းငယ်ထည့်ကာ ဆူပွက်လာအောင်တည်ပါ ရေဆူပွက်လာလျှင် ဆားဟင်းခတ်အချိုမှုန့်နယ်ထားသော ငါးဥကိုထည့်လိုက်ပါ
ထိုကဲ့သို့ ငါးဥကိုပြုတ်မှသာ ငါးဥများ ကြေမသွားဘဲ အတုံးလိုက် မာမာလေးဖြစ်မှာပါ

received_1936016173287695.jpeg

ရေလဲခမ်းပြီး ငါးဥလဲမာလာအောင်ပြုတ်ပြီးပြီဆိုတော့ ဆယ်ထားပြီး အအေးခံထားပါ ငါးဥအတွဲကို စားချင်တဲ့အရွယ်အစားမှန်းပြီး အတုံးလေးတွေလှီးထားပါ

ငါးဥချက်ရန်အတွက် အနှစ်လုပ်ရန် ဒယ်အိုးတွင် ဆီထည့်ပါ ဆီကျက်လာလျှင် စောစောက အဆင်သင့်လှီးထားသော ခရမ်းချဉ်သီး ကြက်သွန်နီနှင့် ထောင်းထားသောကြက်သွန်ဖြူ တို့ကို ထည့်လိုက်ပါ
ခရမ်းချဉ်သီးအနှစ်ဖြစ်အောင် ချက်ပါ ဆားဟင်းခတ်အချိုမှုန့် အနည်းငယ်ထည့်ပါ ခရမ်းချဉ်အနှစ်ကို အရသာအပေါ့အငံမြည်းကြည့်ပါ

received_1936016153287697.jpeg
အရသာလိုအပ်တာဖြည့်ပြီး ခရမ်းချဉ်အနှစ်ထဲသို့  ပြုတ်၍အတုံးငယ်များလှီးထားသော ငါးဥတုံးလေးများကိုထည့်ပါ ရေတောက်ထည့်ပါ ငရုပ်သီးကို ခြမ်းထည့်ပါ နံနံပင်ထည့်ပါ
အချိန်ခန ဆီပြန်လာသည်ထိ အသာမွှေပေးပါ ငါးဥမကြေစေရန်အတွက်ပါ

ဆီပြန်လာလျှင် ငါးဥအတုံးမာမာလေးများကို အနှစ်ဖြင့်ချက်ထားသော
ငါးဥချက်မွှေးမွှေးလေးကို စားလို့ ရပါပြီရှင်

steemit သူငယ်ချင်းများ မင်္ဂလာပါရှင်
နေ့သစ်များစွာကို အောင်မြင်စွာဖြတ်သန်းနိုင်ကြပါစေ
ဟင်းချက်နည်းရေးတင်တိုင်း အားပေးဖတ်ရှု့ အကြံပေးကြလို့  ကျေးဇူးတင်ပါတယ်ရှင်

@thetlyar

Sort:  

Open new worlds with Cooking.
Yummy.

ဟုတ် next post

ငါးဥစားပီးအိပ်တာ ငါတယောက်ထဲလားကွ

ever sleep ပါ

စားချင်​တယ်​ ​​ကြွေးပါ 😂

ကျွေးမှာပေါ့ တကယ်လား

ဗိုက်ဆာလာပီဗျို့

ဟီးး

တကယ်ကောင်းမဲ့ ပုံပဲ

အားပေးပါတယ် ဖတ်ပါတယ် ဒါပေမင့် စားချင်စိတ်ဖြစ်လာပြီး မချက်တန်သေး ဟုတယ် ကြက်ဥတောင် မီးတူးအောင်ပြုတ်တဲ့လူတေ တို့က

ဟားး ကျေးဇူးထပ်တင်ပါတယ် အားပေးလို့

စားကြမယ်​​ဟေ့​ကောင်း​ကောင်း

ယမ်မီ ယမ်မီ

စားချင်လာပီနာ့

အရမ်းကောင်းတဲ့ဟင်းတစ်ခွက်ပါဗျာ အရမ်းကြိ

ဟုတ် ကျေးဇူးပါ

Coin Marketplace

STEEM 0.09
TRX 0.31
JST 0.031
BTC 106730.27
ETH 3868.21
USDT 1.00
SBD 0.57