လဲကျတိုင်းမှာ ပြန်ထပါ

in #myanmar7 years ago (edited)

တအိမ်လုံးရဲ့ဆည်းလည်းလေးအဖြစ် ပြောစမှတ်တွင်နေတဲ့ ညီမလေးတယောက်ဟာ ရုတ်တရက်ဘာစကားမှမပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေတာမြင်ရတော့ တအိမ်လုံးကစိတ်မကောင်းဖြစ်ကြရတယ် ။

သူ့ စိတ်ထဲမှာ တခုခုကိုကြိမ်ဖန်များစွာခံစားလာတာတွေကြောင့်ရယ် သူအဆင်မပြေမှုများဖြစ်နေလို့ ရယ်ဆိုတဲ့အကြောင်းပြချက်တွေရယ်ကို သက်လျာကိုပြောပြပြီး အိမ်ကမိသားစုကို မသိစေချင်ဘူးလို့  သူကဆိုပေမယ့်လည်း သူ့ ကိုအရိပ်တကြည့်ကြည့်နေတဲ့မိသားစုကို သူသတိမထားမိတာပါ ။

သူကလည်း သူ့ ကြောင့်မိသားစုစိတ်မညစ်စေချင်သလို မိသားစုကလည်း သူ့ ကိုပျော်စေချင်ကြတယ်လေ ။ မိသားစုတွေရော ညီမလေးရော ပျော်ရွှင်စေဘို့ အတွက် မမသက်လျာက စာလေးတစ်စောင်ရေးပေးလိုက်တယ်နော် ……

image

photo credit # facebook search

ညီမလေးရေ ……

လဲကျတိုင်းမှာပြန်ထပါ
ဟိုးငယ်ငယ်ကလေးဘဝလေးကို ပြန်တွေးကြည့်စမ်းပါအုံး
လမ်းမလျှောက်တတ်သေးတော့ လမ်းလျှောက်ချင်တဲ့စိတ်တခုနဲ့ လေးဘက်ထောက်သွားခဲ့ရတဲ့ကလေးဘဝ …

လေးဘက်ထောက်ကလေးသွားတတ်လာတော့ ခါးလေးကိုကုန်းပြီးအားယူလို့  မတ်တပ်ရပ်ဖို့ အတွက် ထပ်ပြီးကြိုးစားကြတဲ့ကလေးဘဝ……

မတ်တပ်လေးရပ်နိုင်တော့ ကြာကြာမရပ်နိုင်သေးဘဲ တဘုန်းဘုန်းလဲငိုပေမယ့် မတ်တပ်ကြာကြာရပ်နိုင်ဘို့  ပြန်ထ ကြတာဘဲလေ ……

မတ်တပ်လေးကြာကြာရပ်နိုင်တော့ရော ပြီးမသွားဘဲ လမ်းစမ်းလျှောက်လိုတဲ့ဆန္ဒလေးတွေကြောင့် ကလေးငယ်တိုင်းဟာ တောက်တောက် တောက်တောက်နဲ့ ယိုင်တိယိုင်တိုင် ခန္ဓာကိုယ်ကို သိပ်မဟန်သေးဘဲ လမ်းလျှောက်ခဲ့ကြတယ်လေ ……

အဲ့လိုတွေ တဆင့်ပြီးတဆင့် လမ်းလျှောက်ကြဖို့ ကြိုးစားလာခဲ့ကြတဲ့ ကလေးငယ်တွေအားလုံးရဲ့ဘဝမှာ လဲကျခြင်းဆိုတဲ့ ဒဏ်ရာအနာတရအနည်းနဲ့အများတော့ ရှိခဲ့ကြရပါတယ် ……

လဲကျတိုင်းမှာလည်း ရရှိခဲ့တဲ့ဒဏ်ရာတွေအလိုက် ငိုခဲ့ကြပေမယ့် ကလေးငယ်တိုင်းဟာ ပြန်ထဘို့ ကြိုးစားခဲ့ကြသလိုပါဘဲ တို့ တတွေဟာလည်း လဲကျတိုင်းမှာ ပြန်ထကြဘို့  ကလေးငယ်လေးတွေကိုကြည့်ပြီး ကြိုးစားရမယ်လေ ………

ညီမလေးရဲ့ငယ်ငယ်က လမ်းလျှောက်စအရွယ်က အဖြစ်အပျက်လေးကို အိမ်ကလူကြီးတွေပြောပြတာတွေကို ပြန်စဉ်းစားပါ ။ ၇လသမီးအရွယ်မှာ ညီမလေးဟာ တခြားကလေးတွေထက်အရင်ဦးစွာ လမ်းလျှောက်ဖို့ ကြိုးစားခဲ့တွေရယ် အဲ့လိုလမ်းလျှောက်ဖို့ ကြိုးစားရင်းက လဲကျခဲ့တာကို စိတ်တွေတိုပြီး မရမကကြိုးစားပြီး ထပ်လျှောက်ကြည့်လို့  တအိမ်လုံးက ဇွဲရှိတယ် သတ္တိရှိတယ်လို့  ချီးကျူးအားပေးလက်ခုပ်တီးပြီး ပံ့ပိုးထိန်းသိမ်းပေးခဲ့ကြတာတွေရယ်ကို မေ့မပစ်လိုက်ပါနဲ့ကွယ်……

လဲကျတယ်ဆိုတဲ့စကားဟာ ကြီးကျယ်ခမ်းနားသွားတယ်လို့  မမြင်စေချင်ပါဘူး ။ အဆိုးရွားဆုံးထိလဲကျခဲ့မယ်ဆိုရင်တောင် ပြန်ထဖို့ အတွက် မမအားပေးစကားပြောပြခြင်းလို့ ဘဲ မြင်စေချင်တယ်နော် ……

သိပ်ချစ်ရတဲ့ညီမလေးအတွက် လဲကျတိုင်းမှာ ပြန်ထနိုင်ရန်အတွက် အားပေးကူညီရင်း မမစာလေးကိုဖတ်ပြီး ခွန်အားဖြစ်ပါစေလို့ 

ချစ်တဲ့ မမသက်လျာ

@thetlyar

MSC 027

Sort:  

good post ပါညီမလေးသက်လျာ
ညီမလေးထံသို့ရင်ဖွင့်ပေးစာလေးကိုဖတ်ခွင့်လေးရလို့စိတ်နှလုံးအေးချမ်းစေခဲ့ရပါတယ်@thura

ကျေးဇူးထက်တင်လိုက်ပါတယ်ညီမလေးသက်လျာနှင့်(baby )@thura

ကြီးသူဆိုတာ အမြဲ အနစ်နာခံရမြဲ၊ ထိုတူ အသိပိုသူဟာလည်းအမြဲ အနစ်နာခံရမြဲပါ၊

ဟုတ်တယ်ဆရာ

ကဲ့..ညီမ​လေး ဖိုက်​တင်း...

5tin ! thank you

Good writing
I like it

Good,Right,fighting

လဲကျမှာကိုမပူပါနဲ့ မကြာခဏတော့လဲမှာပါ ပြန်မထတော့မှာကိုပဲပူရမှာ ကောင်းမွန်တဲ့အားပေးချက်လေးပါဗျာ

thank you brother

@cryptohustlin has voted on behalf of @minnowpond.
If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

            To receive an BiggerUpvote send 0.5 SBD to @minnowpond with your posts url as the memo
            To receive an BiggerUpvote and a reSteem send 1.25SBD to @minnowpond with your posts url as the memo
            To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
            To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
            To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

Congratulations @thetlyar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

လဲ ကျတာတော့ရှိမှာပဲ။ပြန်ထဖို့ကအရေးကြီးတယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60997.20
ETH 2384.69
USDT 1.00
SBD 2.56