ဒေါ်ကြီးစုနှင့် Super power

in #myanmar7 years ago

လူများစွာထဲကမှ လူတစ်ချို့အကြောင်း တစေ့တစောင်း ပြောကြည့်ရအောင်လား သူငယ်ချင်းတို့ ရေ ။ ကောင်းသည့်အရာတွေကို အတုယူကြပြီး မကောင်းသည့်အရာတွေကို ရှောင်ကျဉ်ကြမယ်လေ ။
သက်လျာသိသလောက် အရင်စပြီးပြောပြမယ်နော် ……

သက်လျာကတော့ တခြားကလူတွေအကြောင်း ကောင်းတာလဲမပြောရဲသလို မကောင်းတာလဲမပြောရဲဘူးနော် ။ ကို့ အိမ်မှာရှိတဲ့ အိမ်ကမိသားစုဝင် ဒေါ်ကြီးစုအကြောင်းကို ပြောပြမယ်လေ

အိမ်မှာက အဖိုးအဖွားအပါအဝင် မိသားစုဝင် ၁၁ဦးရှိတဲ့အနက်က ထူးထူးခြားခြား ကွဲပြားတာကတော့ ဒေါ်ကြီးစုတစ်ယောက်ပါဘဲ ။ အိမ်ပြင်ထွက်တာကလဲ အများဆုံးဆိုတော့ အပြင်ဗဟုသုတ ကြွယ်ဝတာလဲဖြစ်နိုင်ပါတယ် ။ မန်းလေးမှာ ဘယ်နေရာဖြစ်တယ်ဟေ့ဆိုရင် ဒေါ်ကြီးစုက အရင်သိပြီးသားဘဲ ကျမတို့ အိမ်မှာတော့ top 1 ပါဘဲ ။ ရပ်ကွက်ထဲမှာ ချဲဒိုင် နှစ်လုံးဒိုင် ဘော်လုံးဒိုင်များအဖမ်းခံရရင်လဲ ဒေါ်ကြီးစုက ဒိုင်ကဘယ်သူဘယ်ဝါ ဖမ်းတာက ဘယ်စခန်းရဲ့ဗိုလ်လေးဘယ်သူဆိုတာကအစ အတိအကျနာမည်နဲ့ အိမ်ကိုပြန်ပြောပြတတ်ပါ ။ ဒေါ်ကြီးစုက ခေသူမဟုတ်ဘူးနော် အဲ့ဒီလိုတိတိကျကျကို သူသိပြီးပြန်ပြောပြတတ်တာ ။

image
photo # facebook search

အစက ကျမသိပ်မယုံဘူး ။ ကြီးစုက စပ်စုလိုက်တာ ဟုတ်ရောဟုတ်ရဲ့လား ပေါက်ကရကြားလာပြီး ရမ်းပြောမိနေရင် တဖက်ကလူက မဟုတ်ခဲ့ရင် စိတ်ဆိုးဒေါသထွက်မယ် နနစ်နာမယ်လို့  ကျမဒီလိုပြောမိတာ ။ သူပြောတဲ့သတင်းအချို့က ရတနာပုံသတင်းစာနဲ့ facebook မှာ မန်းလေးသတင်းအကုန်သိရန် page မှာပါလာတတ်ရင်လည်း ကွက်တိမှန်နေတော့ ကျမလဲ လက်ခံရမလိုလို ။

မီးသတ်ကားများ အရေးပေါ်ဖြတ်သွားတာ ဒေါ်ကြီးစုမြင်လို့ ကတော့ မီးသတ်ကားတဝေါဝေါ အသံဘယ်လောက်ကျယ်ပါစေ ဘယ်နားလောင်တာလဲဟေ့လို့  အော်မေးပြီးသာပါ ။ မီးသတ်သမားများကလည်း ဒေါ်ကြီးစုအသံကို နားယဉ်နေသလား မှတ်ရပါတယ် ဘယ်နားလောင်တာဗျို့ အော်ဖြေပြီးသာပါ ။ သူဟာနဲ့သူတော့ မေးတဲ့သူနဲ့ဖြေတဲ့သူ ကွက်တိပါ ။

မနက်ခင်းစာစားဘို့  မုန့် စားစရာသွားဝယ်ပြီးပြန်လာရင်တောင် စနေတနင်္ဂနွေ တရက်ရက်မှာကန်တတ်တဲ့ သူ့ အသဲစွဲအသင်းဖြစ်တဲ့ မန်ချက်စတာဘောလုံးအသင်းရဲ့ အနိုင်အရှုံးကိုလည်း သူပြောနိုင်ပါတယ် ။ သူလဲမကြည့်ရဘဲ ဘယ်သူဂိုးသွင်းတာ ဒိုင်ကဘယ်လို သူကြည့်ရသလိုဘဲ မာန်အပြည့်နဲ့ပြောတတ်တာပါ ။ မြန်မာဘော်လုံးအသင်းများ ကစားတဲ့နေ့ တွေဆို ဘော်လုံးကန်မယ့်အချိန်ကနေစပြီး ပွဲပြီးမှသာ တီဗွီရှေ့ကထပါတော့တယ် ။ သူကြည့်နေတုန်း ဘာမှအပြင်ထွက်ဝယ်ခိုင်းဘို့  မကြိုးစာလေနဲ့ မဝယ်ပေးဘဲငြင်းတတ်ပါတယ် ။

အလှူ မင်္ဂလာဆောင် ဆွမ်းကျွေးများအိမ်ကိုဖိတ်စာလျှင်လည်း ဖိတ်စာထဲကနာမည်တွေဖတ်ပြီးတာနဲ့ ဒီအလှူရှင်က ကျောက်အောင်လို့ လှူတာ ဘယ်လောက်နဲ့ဝယ်တဲ့ကျောက်ကိုဖြတ်လိုက်တာ သိန်းဘယ်လောက်မြတ်တာတဲ့ ။ ဒီမင်္ဂလာဆောင်က သတို့ သမီးဘက်က သဘောမတူဘူး ဘယ်မြို့မှာနေတာ သတို့ သားကဘာအလုပ်လုပ်တာ သွားတောင်းတာလက်မခံလို့ ခိုးပြေးရတာတဲ့ ဒီလိုပြောနိုင်တဲ့ကြီးစုပါ ။
အကုန်အစင်မတိကျတောင် အကြမ်းဖျင်းမှန်နေတတ်တဲ့ ကြီးစုရဲ့ ထောက်လှမ်းရေးနည်းပညာပါ ။ ဘယ်အချိန် ဘယ်သင်တန်းများ သွားတက်ထားတယ်လဲမကြားမိခဲ့ပါ ။ ကြီးစုရဲ့အတန်းပညာကလဲ ၈တန်းမအောင်ခဲ့ပါ ။

image

သူ့ အကျင့်နဲ့သူ လူတိုင်းမှာရှိကြပြီးသာပါ ။ ကြီးစုလည်း မွေးရာပါပညာတခုလားမသိ စပ်စုလွန်းလို့ ဘဲသိလေးသလား သူမစပ်စုရပါဘဲ သူ့ ရှေ့ကျမှပြောမိနေကြလို့  သူကြားခဲ့သလား ကျမမသိနိုင်ပါဘူး ။ ဒေါ်ကြီးစုရဲ့ super power လို့ ပြောရမလိုဖြစ်နေတယ် ။ ကျမက အိမ်မှာရှိတဲ့ ဒေါ်ကြီးစုရဲ့ ကျမတို့ မိသားစုနဲ့မတူဘဲ ထူးခြားကွဲပြားတာလေးလဲ ပြောပြပြီးပါပြီ ။ သူငယ်ချင်းတို့ သိတဲ့ အများနဲ့မတူတဲ့ ဒေါ်ကြီးစုလိုလူ ရှိရင်လည်း ပြန်ပြောပြပြီး steemit မှာ သက်လျာလိုဘဲ ရေးတင်ပေးကြအုံးလေ ။

@thetlyar

MSC - 027

Sort:  

ဟား ဟားးး

ဘာလို့ ရီတာလား ခ်ခ်

@alchemage has voted on behalf of @minnowpond. If you would like to recieve upvotes from minnowponds team on all your posts, simply FOLLOW @minnowpond.

To receive an upvote send 0.25 SBD to @minnowpond with your posts url as the memo
To receive an reSteem send 0.75 SBD to @minnowpond with your posts url as the memo
To receive an upvote and a reSteem send 1.00SBD to @minnowpond with your posts url as the memo

အဲ ဟင်း

ဘာဖြစ်တာလဲရှင်

သိလို့ လား :P

Super powerလို့ခေါ်သကွဲ့

ဟုတ်တယ်

Good Post! Thank for knowledge.

ဟုတ်

မရှိသေးဘူး
နောက်တွေ

တကယ်လား

Hi @thetlyar , This post has resteemed by @a-a-a-a over 2600 followers and followed you.Please Follow me and upvote this comment for future resteem your post. Thanks.

thanks
followed

😂😂😂😂

ခိခိ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63064.93
ETH 2468.39
USDT 1.00
SBD 2.55