အကြီးဆိုသည်မှာ

in #myanmar6 years ago

အလုပ်လုပ်ရတာခြင်း အတူတူသော်မှ ခွင့်ယူမရတာများနေသော အလုပ်ကိုမှရွေးလုပ်မိတဲ့ ကိုယ့်အဖြစ်က သနားစရာ ။
အိမ်ကမိသားစု ဘယ်ကိုဘုရားဖူးထွက်ထွက် လူမှုရေးတွေအတွက်သွားသွား နေခဲ့ရသည်က ကိုယ်တယောက်ထဲ ။

အိမ်စောင့်နတ်က ဘယ်မှမထွက်ရ အမိန့် ချထားတဲ့အတိုင်းပါဘဲ ။ ခရီးသွားတမျိုး ဘုရားဖူးတာမျိုးသာဟမထွက်ရတာ ခရီးသွားကြမည့် မိသားစုရဲ့ အထုတ်တွေနဲ့ ယူစရာရှိတာတွေကိုကျ ကိုယ်က ပြင်ဆင်ပေးရတာ အမောပါ ။

မောင်နှမများတွင် အကြီးဖြစ်ရသည့်ခံစားချက်ကို အကြီးဖြစ်သူခြင်းသာ ပိုသိနိုင်ပါမှာပါ ။ အဖေအမေက တခုခုလုပ်မယ် ခိုင်းမယ်ကြံတိုင်း သူတို့ ပါးစပ်ဖျား ရေပန်းစားတဲ့နာမည်ကတော့ ဟဲ့ အကြီးမ ဟဲ့ အကြီးကောင် အစချီခေါ်တော့ပါဘဲ ။ သမီးကြီးရေ သားကြီးရေ ဆိုပြီး ချိုသာစွာ ချော့ခိုင်းတာ ခံရပါသေးတယ် ။

ကိုယ်ချည်းလုပ်ရပါများလို့  တခါတလေ ဘဝင်မကျလို့  အငယ်တွေကျ မခိုင်းဘူး မဆူဘူးများ ပြောမိရင်လည်း အကြီးဆိုတာ အငယ်တွေကို ငဲ့ညှာရမယ်လေ ။ အကြီးက အကြီးတာဝန်ကို ကျေအောင်လုပ်ပြနိုင်မှ အငယ်တွေကလည်း လေးစားအားကိုးကြမှာတဲ့ ။ ပြောဆိုဆုံးမတာတွေကလည်း မှန်နေလေတော့ ဟုတ်ကဲ့ ခေါင်းညိတ်ပြပြီး လုပ်ပေးမြဲ လုပ်ပေးရတာပါဘဲ ။

ကိုယ့်စိတ်အရင်းခံကလည်း အကြီးဖြစ်သောကြောင့် အကြီးတချို့တို့ ၌ရှိတတ်သော အနစ်နာခံတဲ့စိတ်က ပါလာခဲ့ပြီးသားပါ ။ သူတို့ စာကျက်နေပါစေ ငါဘဲလုပ်လိုက်တော့မယ် ။ သူတို့ ကစားနေတာဘဲ ကိုယ်သာလုပ်လိုက်တော့မယ်ဆိုတဲ့စိတ်နဲ့ ကိုယ်ကချည်း အမြဲလိုလို လုပ်ပေးနေတတ်တော့တာ ။

အဲ့လိုလုပ်ပေးနေတဲ့ကြားက ဟိုအော်ဒီအော်နဲ့ ပြန်အော်ပြီး အငယ်ဖြစ်သူတွေက ဆရာလုပ်တာလေးတွေရော ကျမတို့ အကြီးတွေ ခံရဘူးမှာပါ ။ သူတို့ ပြန်အော်နေတာကို ကြည့်ပြီး တခါတလေမှာ အပြစ်မမြင်ဘဲ ရီစရာ ချစ်စရာဖြစ်နေတတ်တော့ တမင်အော်အောင်ကို စချင်မိသေးတာ ။

ဒါပေမယ့် တခါတလေမှာတော့ အပြင်ကအလုပ်တွေပင်ပန်းလာတာမျိုးနဲ့ အဆင်မပြေတဲ့ ကိုယ့်ကိစ္စတခုခုကြောင့် စိတ်အခန့် မသင့်နေချိန်မျိုးမှာကျ သူတို့ ထက်ကိုယ်က ပိုအော် ပိုဒေါသဖြစ်ပြီး အော်ငေါက်ကြိမ်းမောင်းမိပြန်ရော ။ တကယ်အော်လိုက်တော့လဲ သူတို့ က ငြိမ်ကုပ်နေကြပြန်တော့ ကိုယ်ကဘဲ သနားမိလာပြီး ပြန်ချော့ရတဲ့အဖြစ်တွေကလည်း ခနခနကြုံရပါတယ် ။

အမှန်တကယ် အကြီးတွေက အငယ်တွေကို သူတို့ ကိုကူလုပ်ပေးရင်းကနေ ဒါကိုဘယ်လိုလုပ်ရမယ် ဒါကဘယ်လိုဖြစ်ရမယ် ဒါလေးက ဒီလိုဆိုတာကိုပါ ပြောပြသင်ပေးရမှာပါ ။ အငယ်တွေကို ချစ်လို့  အရာရာမှာ အငယ်တွေကို ငဲ့ညှာပြီး အကြီးတယောက်ထဲကလုပ်နေလေတော့ အငယ်တွေဟာ တတ်သင့်တာ မတတ်ဖဲ အကြီးလုပ်လိမ့်မယ်ဆိုတဲ့စိတ်က သူတို့ အသိထဲဝင်သွားပြီး ဘာမှမလုပ်ချင်တော့တာမျိုးဖြစ်နေရတာပါ ။ အငယ်တွေကို ချစ်တာဟာ သူတို့ ကိုနှစ်နေသလိုဖြစ်သွားတတ်ကြပါတယ်ရှင်

IMG20170603181231.jpg

@thetlyar

MSC 027

Sort:  

အဟိ.. ဟာသ​လေးတပုဒ်​​ပြောအုံးမယ်
အိမ်​တအိမ်​မှာအကြီးဆုံး ဖြစ်​ရတာဂုဏ်ယူ
တယ်​တဲ့ ဘာဖြစ်​လို့လဲဆို အိမ်​မှာ ပြသ်​နာတ
ခုခုဖြစ်​ရင်​ အင်​ငယ်​​တွေ လွှဲချလို့ရတာ​ပေါ့တဲ့
ခ်​ခ်​ စတာပါ စတာပါ

ဟား ဟား

မမရဲ့ အမကလဲ မမကို ချစ်တယ် မမက အငယ်😁

ကံကောင်းတာပေါ့မမက

😍😘😍

အစ်‌မကြီး အမိ အရာ‌ပေါ့။

ဟုတ်ကဲ့

ကိုယ်ရချင်တာတွေထက်အငယ်ကိုဦးစားပေးရကာတယ်ဗျာ😅😅

ဟုတ်ပါတယ်

အငယ်တွေကို စိုးရိမ်ရတာလည်းအမော

ဟုတ်တယ်ရှင့်

အမကြီး​တော့  အမိရာ​ပေါ့

ဟုတ်

ဟုတ်တယ် အမြဲဦးစားပေးရတယ်

ဟုတ်ကဲ့

ကျွန်တော်လဲ အကြီးဆိုတော့ အငယ်ကိုဒီလိုပဲ ညှာတာရပါတယ်။ကိုယ်ချင်းစာပါတယ်ခင်ဗျာ။

ဟုတ်ကဲ့

အိမ်မှာဆိုလည်း ညမတို့ရဲ့အမကြီးက အစစအရာရာအနစ်နာခံပေးရတယ် ကိုယ်ကအငယ်ဆုံးဆိုပေမယ့် အကြီးတွေကို ကိုယ်ခြင်းစာမိပါတယ်

အငယ်ဖြစ်ချင်တာ တခါတလေကျလေ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64038.60
ETH 3148.89
USDT 1.00
SBD 3.97