ရှားလောစ့်အောင် မွေးဖွားလာခြင်း

in #myanmar6 years ago (edited)

ရှားလောစ့်အောင် မွေးဖွားလာခြင်း
image
ရှေ့က ရေးထားတဲ့ ကြုံတင်ရွာ မှာ ပါဝင်တဲ့ ရှားလောစ့်အောင် ဇာတ်ကြောင်းလေးကို ဇာတ်ရည်လည်သွားအောင် intro လေး တင်ပြခြင်းဖြစ်ပါတယ်။
ဒုန်း........ဆိုသော အသံနှင့်အတူ နာကျင်မူကြောင့်လန့်နိုးလာခဲ့လေသည်။အော်.......ငါ့ ခုတင်အောက် ပြုတ်ကျတာပါလား အလုပ်လာ အပ်မယ့်သူလည်းမရှိသေးဘူး ဆိုတဲ့ အသိနှင့် ခုတင်အောက်မှာဘဲ ဆက်ကွေးနေလိုက်တော့သည်။
ဗိုက္ထဲက တဂြီဂြီ မြည်လာလို့ မျက်လုံးလေး အားယူဖွင့်ပြီး နာရီ ကြည့်လိုက်တော့
လခွမ်း 11 နာရီခွဲပြီဟ
ဟိုကောင်တွေနဲ့ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ 11 နာရီ ချိန်းထားတာ အချိန်တော့ လွန်ပြီ ဆိုပြီး ကမန်းကတန်းထ ရေချိုး အဝတ်အစားလဲ ပြီး လမ်းထိပ်သို့ သွားမှ၊
လမ်းထိပ် ရောက်ခါနီး ပုဆိုးကိုပြင်ဝတ် ၊အိနြေ္ဒ နဲ့ တလှမ်းခြင်း လျှောက်သွားရင်း စိုးထွန်း နဲ့ ကျော်ကြီးရေ လမ်းမှာအရေးကြီးတဲ့ အမှုတစ်ခု ဖြေရှင်းပေးနေရလို့ နည်းနည်းနောက်ကျသွားတယ်ကွာ။
ဟိုနှစ်ကောင်ကတော့ အရေးတောင် မစိုက် သူတို့ ph သူတို့ ကိုယ်စီ ပွတ်နေတော့တယ်။
ဟာ.....ဟိတ်ကောင်တွေ..... ငါရောက်နေပြီဟ
အော်....အေးအေး
ဒီမှာ သုသု့ ဗီဒီယို လေးကြည့်နေလို့ အောင်ကြီးရေ ။မင်းကလည်း နောက်ကျလိုက်တာကွာ၊
ဟေ့ကောင် စိုးထွန်း ၊ကျော်ကြီး ဟိုမှာ ကိုထွန်းတို့စတိုးဆိုင် ရှေ့ လူတွေ တရုတ်ရုတ်နဲ့ ဘာဖြစ်နေတာလဲ မသိဘူး။
သွားမေးကြည့်ရအောင်.....
အာ....ရူတ်ရူတ်ရှက်ရှက် မင်းဘာသာ သွားမေးပါကွာ အောင်ကြီးရာ၊
image
လူအုပ်ကြားထဲ တိုးဝှေ့ကြည့်ပြီး ကြည့်လိုက်တော့ ကိုထွန်းတို့ဆိုင် အဖောက်ခံရတာ ဟ
သူခိုးတွေကလည်း လက်ရဲဇက်ရဲ မြို့လယ်ကောင်က စတိုးဆိုင်တောင်လာဖောက်ရဲတယ်။
ရဲ ကိုအကြောင်းကြားထားတယ်ကြားတယ်၊ရဲတွေမရောက်ခင် နည်းနည်းစပ်စုကြည့်လိုက်အုံးမယ်။
ဗျို့..... ကိုထွန်း ဘယ်လိုဖြစ်တာလဲဗျာ
အေး အောင်ကြီးရေ ၊ညက သူခိုးကပ်သွားတာ ကုန်ပါပြီကွာ။အကျီတွေ နဲ့ ငွေတွေပါသွားတယ်ကွာ.....
စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော် ဆိုင်ထဲ နည်းနည်းကြည့်ကြည့်လို့ရမလား သဲလွန်စလေး ဘာလေး ရရင် ရဲတွေအတွက်အထောက်အကူ ဖြစ်တာပေါ့။
အေးအေး ကြည့်ကြည့်ပေါ့ကွာ။ အရင်းတော့ပြုတ်ပါပြီကွာ.............
အယ်.....သူခိုးတွေက သော့ကို ပုံစံမပျက်သော့တုနဲ့ ဖွင့်တဲ့ပုံစံဘဲ ။ပတ်ဝန်းကျင်အသံမကြားအောင် နဲ့ စတိုးဆိုင်ထဲက ပစ္စည်းတွေ နဲ့ငွေတွေ လူမသိအောင် ရွေ့သွားနိုင်တယ်ဆိုတာ ကျွမ်းကျင်တဲ့ သူခိုးမျိုးဖြစ်ဖို့များတယ်။
ဟင်...... စားပွဲအောက်က ဘာလေးတုန်းဟ
ဆေးပြားလေးပါလား......... အိပ်ဆေးပြားလေးပါလား
ဒါဆို သူခိုးတွေက ပိုင်ရှင်ရော၊ပတ်ဝန်းကျင်ရောပါ အိပ်ဆေးငွေ့နဲ့ အိပ်ငွေ့ချလိုက်လို့ မနိုးတာဖြစ်နိုင်တယ်။
သိပ်ကို ကြောက်စရာကောင်းတဲ့ ခေတ်ကြီးပါလား ။ခေတ်မီ နည်းပညာတွေနဲ့ မကောင်းမူကို အသုံးပြုလာကြတယ်။
တော်သေးတာပေါ့ ငါ့လဲ ခေတ်နဲ့ သိပ်အဆက်မပျက်လို့
စရှာရမည့်နေရာကိုတော့သိပြီ ဆေးဆိုင်တွေက တဆင့် အိပ်ဆေးဝယ်တဲ့သူတွေကို အရင်စုံစမ်းရမယ်။
ကိုထွန်းရေ ရဲတွေမရောက်ခင် သူခိုးတွေအရင်ကျွန်တော်ဖမ်းပေးမယ်ဗျို့.......ခု သွားစုံစမ်းလိုက်အုံးမယ်။
အင်း ငါတို့ မြို့မှာ ဆေးဆိုင် ဆိုလို့ နှစ်ဆိုင်ရှိတာ
အရှေ့ဘက်က ဆိုင်မှာ အရင် သွားစုံစမ်းမယ်။
ဆိုင်ရှင်တို့ ဒီလိုအိပ်ဆေးမျိုးရှိလား....ဒီဆိုင်မှာ
အိပ်ဆေးတော့ မရောင်းပါဘူး ကျွန်မတို့ဆိုင်မှာ ပါရာစီတမော့ နဲ့ ဘာမီတွန်လောက် ဘဲ ရောင်းတာပါ။ ဆေးဆိုင် နံမည်ဘဲ တပ်ထားတာ ရှိတာ နှစ်မျိုးဘဲ ရောင်းတယ်။
ဟင် ကြံကြံဖန်ဖန်.....ဆေးဆိုင်ကလည်း
အေးအေး
နောက်တဆိုင်သွားကြည့်ကြတာပေါ့ ။
image
ဆိုင်ရှင်တို့ ဆိုင်ရှင်တို့.......
ဒီလို အိပ်ဆေးမျိုး ရောင်းလား မသိဘူး ။
အိပ်ဆေးကတော့ ဆရာဝန်ညွှန်ကြားချက်ပါမှ ရောင်းလို့ရတာဆိုတော့ ဆိုင်မှာတော့ မတင်ဘူး အစ်ကို
ဟင်...... အစ်ကို ယူလာတဲ့ဆေးက အိပ်ဆေးမဟုတ်ဘူး ။ ဒီကိုတေး လို့ ခေါ်တယ် ဝမ်းပိတ်ဆေးကြီး
အဲ့တာတော့ ဆိုင်မှာရောင်းတယ် ။ယူမလား အစ်ကို
ဟာ.......မယူတော့ပါဘူး ဗျာ.....
သွား.... သွား....သွားအုံးမယ် ။ကျေးဇူးဘဲဗျာ
သွားပြီကွာ..... သဲလွန်စတော့ပျောက်သွားပြီ။ဘယ်လိုဆက်လိုက်ရမလဲမသိတော့ဘူး။စောနက လူတွေရှေ့မှာ ကြွားထားတာ အရှက်တော့ကွဲပါပြီကွာ။
တော်ပီ စိတ်ညစ်သွားပြီ အိပ်ပြန်ပြီး တစ်ပတ်လောက်အပြင်မထွက်ဘဲ အိမ်တွင်းအောင်နေရမယ်။
ရှေ့က ခြုံ ဘုတ်ထဲ လှုပ်လှုပ်နဲ့ ဘာတုန်းဟ။
အော်...... အမူးသမားလဲနေတာဘဲ။
တော်တော်မူးနေတာဘဲ အမယ်လက်ထဲမှာလဲ အကျီဘူးနဲ့ အမူးသမားက အကျီအသစ်တွေဘာတွေ နဲ့ပါလား။
ထူပေးလိုက်ပါမယ်လေ။
ကဲ နောင်ကြီး ထထ ။ဘယ်သွားမလို့လဲဗျ ။
အေ့..... အရက်ဆိုင်ကိုလေ
သောက်တာ မဝသေးလို့ အကျီ နဲ့ အရက် သွားလဲပြီးသောက်မလို.....အေ့
အေးပါဗျာ........သွားသောက်ပါ။
ဟင် မဟုတ်သေးပါဘူး။ကိုထွန်းတို့ ဆိုင်က အကျီတွေပါပျောက်တယ်ပြောတယ်။ဒီအရက်သမားနဲ့ အပေါင်းအပါတွေခိုးတာလားမသိဘူး။
image
ဟိတ်........ ရပ်လိုက် နောင်ကြီး....တစ်လှမ်းမှ ရှေ့မတိုးပါနဲ့။
အေ့......မူးပြီးလဲနေပါတယ်ဆို ဘယ်လို လမ်းလျှောက်ပြီးရှေ့တိုးရမလဲ ငထုံရယ်.........အေ့....ဝေါ့....
အေး ပြီးရော....အဲ့ဒီ အကျီကို ကိုထွန်းတို့ စတိုးဆိုင်က ခိုးလာတာ မဟုတ်လား မှန်မှန်ပြောနော်.....လိမ်မယ်မကြံနဲ့ ငါအားလုံးသိပြီးပြီး........
အေ့....ဝေါ့.......ဟာ...မြန်မာမှန်ရင် အဲ့လိုမျိုး မပြောသင့်ပါဘူးဗျာ.....ခိုးလာတာမဟုတ်ဘူး အရက်နဲ့ လဲသောက်မလို ယူလာတာ.....အေ့
ကဲ ကြာတယ် လာလာ လက်ကိုကြိုးနဲ့တုပ်ပြီး ခေါ်သွားရမယ်။
အရင်ဆုံး သူ့ကို အရင်ထူရမယ်။ လာလာ အမလေး မနိုင်ဘူးဟ အမူးသမားက တော်တော်လေးတာဘဲ။
ဖြေးဖြေးလုပ်ပါကွာ ဇိမ်ပျက်လွန်းလို့......အေ့
သူ့ကိုလည်းမထူးနိုင်ဘူး ။ ရဲတွေဆီ ph ဆက်ရမယ်။
ဟယ်လို...... ရဲစခန်းကလား မသိဘူး ။မြို့လယ်က ကိုထွန်းတို့ စတိုးဆိုင် ဖောက်တဲ့ သူခိုးကို မိထားလို့ပါ။
မြို့တောင်ဘက် ဘုန်းကြီးကျောင်းနားပါ။မြန်မြန်လာခဲ့ပါ ရဲအရာရှိကြီး ကျွန်တော် တစ်ယောက်ထဲ ထိန်းထားရလို့ပါ။
image
အေးအေး လာခဲ့မယ် ။နိုင်အောင်ထိန်းထား
အသက်အန္တရာယ် ထိခိုက်မယ့် အနေအထားဆိုရင်လွှတ်သာပေးလိုက်နော်.......
ဟုတ်ကဲ့.... ရဲအရာရှိကြီး........
ဝီရော.....ဝီရော....ဝီရော
ရဲအရာရှိကြီးများ ဒီဘက် ခြုံထဲမှာပါ။
အေးအေး လက်နက်တွေပါသေးလား ၊
မပါပါဘူး ရဲအရာရှိ ကြီး
ကဲ့ ရဲသား မင်းက ညာဘက်က ဝိုင်း ၊ ငါ့က ညာဘက်က ဝိုင်းမယ်။
ဟုတ်ရဲမူး......
ဟာ...မင်းသူခိုးက မူးပြီး ထတောင် မထနိုင်ပါလား
သေချာရဲ့လား သူခိုးဆိုတာ.......
သေချာပါတယ် ရဲအရာရှိကြီးရယ်၊သူ့အိပ်မပျော်ခင် သေချာဝန်ခံသွားတာပါ။
အေး....ဒါဆို ရဲစခန်းခေါ်သွားတာပေါ့၊စခန်းရောက်မှ စစ်ဆေးမေးမြန်းကြတာပေါ့ ။
ရဲသား...... စတိုးဆိုင်ပိုင်ရှင် ကိုထွန်းကိုပါအကြောင်းကြားလိုက် တရားခံ မိပြီလို့ ။တာဝန်သိ ပြည်သူတစ်ယောက်ဖမ်းဆီးပေးတာပါထည့်ပြောလိုက်
ကိုထွန်း....... တို့အမောတကော ရဲစခန်းသို့ ရောက်ချ လာလေသည်။
ကျေးဇူးတင်လိုက်တာ အောင်ကြီးရယ် မင်းကူညီပေးလို့ ဖောက်ထွင်း ဝိဇ္ဇာ ကိုဖမ်းမိတာ.....ဘယ်လိုကျေးဇူးတင်မှန်းတောင်မသိတော့ဘူးကွာ၊
ရပါတယ်ကွာ တာဝန်သိ ပြည်သူတစ်ယောက်အနေနဲ့ လုပ်သင့် လုပ်ထိုက်တာကို လုပ်ပေးရတာ အပန်းမကြီးပါဘူးကွာ.......
ကဲ..... ရဲအရာရှိကြီးတွေ သူခိုးကို စစ်ဆေးမေးမြန်းတာ ကြည့်လိုက်ရအောင်ကွာ.....
ဟေ့ကောင် မင်း စတိုးဆိုင်ကို ဘယ်လို ဖောက်ထွင်းခဲ့သလဲ အစအဆုံး ပြောပြစမ်းကွာ.......
လိမ်မယ်မကြံနဲ့နော် ဦးရဲတွေ လက်စ ကိုသိတယ်နော်......
အမငီး.......အဟင့်
မဖောက်ထွင်းရပါဘူးဗျာ ရဲအရာရှိကြီးရယ်.....ကျွန်တော် အရက်ဆိုင်က ပြန်လာတော့ စတိုးဆိုင်ရှေ့မှာ မူးပြီးလဲတယ်။စတိုးဆိုင် တံခါးကိုကြည့်လိုက်တော့ သော့မခတ်ထားဘူး ။ အဲ့တာနဲ့ ဝင်ကြည့်တော့ ဆိုင်ရှင်က ဝေါက်တောင် ဟောက်နေတယ် အိပ်နေတာ အဲ့တာနဲ့ အရက်ကလည်း သောက်တာမဝသေးတာနဲ့ အကျီ နှစ်ထည်ယူပြီး အရက်နဲ့ လဲသောက်ဖို့ အရက်ဆိုင်ပြန်သွားရင်းလဲ လမ်းမှာ မူးပြီးလဲတုန်း ဟော့အရှေ့က အစ်ကိုနဲ့တိုးတာပါဘဲ ရဲအရာရှိကြီးရယ်။
ဟေ့ကောင် စတိုးဆိုင်ပိုင်ရှင်က ပိုက်ဆံတွေလည်း ပါသွားတယ် ပြောတယ် မလိမ်နဲ့ ငါလုပ်လိုက်ရ.......
ဟီး........ဘုရားစူးစူး ကျမ်းစူးစူးပါဗျာ ဘယ်ပိုက်ဆံမှ မယူရပါဘူး.............
ကိုထွန်း သူခိုးက မယူဘူးပြောနေတယ်...... ခဗျာ ဟာ ခိုးခံရတာရော ဟုတ်ရဲ့လား ပိုက်ဆံတွေက
ခဏလေး ပါ ရဲအရာရှိမင်း အိမ်က မိန်းမကို ပိုက်ဆံ ဘယ်လောက်ပါသွားလဲ စာရင်းတွက်ခိုင်းထားပါတယ်။ph ဆက်မေးကြည့်လိုက်ပါမယ် ရဲအရာရှိကြီး......
အေးအေး မြန်မြန် လုပ် ကိုထွန်း
ဟယ်လို..... မိန်းမလား သူခိုးဆီ ဘယ်လောက်ပါသွားလဲ စာရင်းအတိအကျသိရပြီလား.....
ဟမ်.....ငွေ 150 ကျပ်တော့ စာရင်းကွာနေတယ် ဟုတ်လား.....
ဟီး....ရဲအရာရှိမင်း........... မိန်းမက ငွေ150 ကျပ် စာရင်းကွာနေတယ်ပြောတယ်။
ဟာ...........လာနောက်နေတာလား ကိုထွန်း ငွေ150 ဆိုတာ ဇီးထုတ်တောင် ဝယ်စားလို့မရဘူး။ဒါဆို အကျီနှစ်ထည် ခိုးမှု နဲ့ဘဲ သူခိုးကို အမူဖွင့်အရေးယူလိုက်မယ် ။
ပစ္စည်းပြန်ရကြောင်းလက်မှတ်ထိုးပြီးတာနဲ့ ပြန်လို့ရပြီ။
ဟိုညီလေး ကျေးဇူးဘဲ ကွာ.... ခုလို တာဝန်သိပြည်သူ တစ်ယောက်အနေနဲ့ ကူညီပေးတာ.....
ညီလေး နာမည်လေး တစ်ချက်လောက် ပြောခဲ့ပေး ဂုဏ်ပြုမှတ်တမ်းလေး စီစဉ်ပေးရအောင်........
ညီလေး.....နာမည်လေးဆို.......
ကျွန်တော့် နာမည်က
အောင်........ ရှားလောစ့်..အောင်
ရှားလောစ့်အောင်
image
ကျေးဇူးတင်ပါတယ်။
Photo credited by google
@thethtooaung
MSC-157

Sort:  

Good တယ်​ကွာ။ဇာတ်​​ကောင်​နာမည်​​ရောဇာတ်​လမ်း​ရော​ရေးတတ်​ပါ​ပေ့ကွယ်

ဟုတ် ဖတ့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် မအိ

ရှားလော့စ်အောင် ဝမ်း ဖိုက် ဆဲဗင်းး

ဟီး တန်းသိ 😁😁😁

စုံထောက်ကြီးရှိနေတာပဲ ကုလားမပျောက်နေတဲ့ အမှု့ကို လိုက်ပေးပါ

အမူလိုက်ပေးခ 20sbd ပေးရမယ် 😁😁😁

ဟုတ်​ကဲ့ပါ ကိုရှား​လော့စ်​​အောင်​​ရေ

ဟီး.....ကျေးဇူးတင်ပါတယ်

received_1455829334545674.jpeg

လေးစားပါတယ်ဗျာ ၀တ်ထုတွေရေးနိုင်လို့
ညီကတော့ မရေးနိုင်သေးဘူး ကြိုးစားရအုံးမယ်

ဟုတ်ကဲ့ ရေးပါ ညီ ၊နောက်ပိုင့်းအလိုလို ဖြစ်သွားပါလိမ့်မယ်

This post has received a 0.24 % upvote from @drotto thanks to: @banjo.

Shar log aung :-) :-) :-) :-)

😁😁😁😁

တော်ပါပေတယ် ...ရှားလော့စ်အောင်။

ဖတ့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ရေးတက်ပါပေ၊တော်လိုက်တာ

ဟုတ်ကဲ့ ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ sis

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 61473.25
ETH 2969.27
USDT 1.00
SBD 3.48