အကြင်နာတစ်ခုစတင်ခြင်း

in #myanmar6 years ago

အကြင်နာ တစ်ခု စတင်ခြင်း
ဆောင်းရာသီရဲ့ အကြင်နာကင်းတဲ့ လေစိမ်းတစ်ချက်ဝေ့လိုက်တိုင်း ကြွေကျသွားတဲ့ သစ်ရွက်လေးတွေကို ငေးရင်း
မမေ့နိုင်တဲ့အတိတ်က အကြောင်းအရာတွေ ခေါင်းထဲမှာ ပြန်မြင်မိလာတယ်။
image
ဆောင်း ....လို့ခေါ်တဲ့ အကြင်နာ...တစ်ခု....ငါ့ရင်ဘတ်ထဲ တိုးဝင်လာဖို့ဘယ်အရာမှ မတားဆီးနိုင်ခဲ့ဘူး။
လေတစ်ချက်အဝေ့မှာ သစ်ရွက်တွေလိုဘဲ ငါ့နှလုံးသားဟာ ဆောင်း ရဲ့ ရှေ့မှာ ကြွေကျ ခဲ့ရတယ်။
အချိန်က 2006 ခုနှစ် ဇန်နဝါရီ 13 ရက် နေ့လယ် 12:10မိနစ် 23 စက္ကန့်တိတိမှာ နှလုံးသား တခြမ်းကို စတွေ့ခဲ့တာပေါ့။သိပ်လှတယ် ဆောင်းရယ်......အဲ့အချိန်မှာ လောကကြီးတစ်ခုလုံး ငြိမ်သက်အေးချမ်းသွားသလို ဆောင်းရဲ့ပုံရိပ်တစ်ခုကဘဲ စိုးမိုးထားခဲ့တယ်။ ဆံပင်ရှည်လေးနဲ့ လိုက်ဖက်တဲ့ ပုံစံလေးကို ကိုယ့် မျက်လုံးထဲက အခုထိ မထွက်ဘူး။
သန်လျင် TU ရဲ့ ကန်တင်းမှာ မင်းအကြောင်းကိုသူငယ်ချင်းတွေဆီ စုံစမ်းရင်း ကိုယ့်ရဲ့ ဂျူ နီယာ fresher မှန်း သိလိုက်ရတယ်။
image
ဘဝမှာပထမဆုံးဖြစ်ဖူးတဲ့ စိုးရိမ်စိတ်လေးတစ်ခုဝင်သွားခဲ့တယ်။ငါ့လို့ လူဆိုးစာရင်းထဲပါတဲ့ စီနီယာအစ်ကိုကြီးတစ်ယောက်ကို ပြန်များ မချစ်နိုင်ခဲ့ဘူးဆိုရင် ရင်ကွဲရချည်ရဲ့................
နှလုံးသားရဲ့ အလိုဆန္ဒ အတွက် သူငယ်ချင်းတွေကို ဆောင်း နေထိုင်တဲ့ရပ်ကွက် ၊ အိမ် .....
အိုကွာ ရူပ်ပါတယ်.....ဆောင်းနဲ့ပတ်သတ်သမျှ အရာအားလုံး သူ့အကြောင်းသိတဲ့သူတွေဆီက စုံစမ်းလာခဲ့ဖို့ ပထမဆုံး အကူအညီ တောင်းခံဖူးတယ်။ပြန်ရလာတဲ့ ဆောင်း နဲ့ပတ်သတ်တာတွေက
နာမည်က ဆောင်း တစ်လုံးထဲတဲ့
(ဟာာ...ငါ့နှလုံးသားရဲ့ပိုင်ရှင် အမည်က တစ်လုံးထဲတဲ့..........)
တက်နေတဲ့အတန်းက 1st year EP Class (A)
နေတာက သင်္ကန်းကျွန်း မှာ ဆရာအတက်သင်ရဲ့ရှေ့လမ်း၊
တက်နေတဲ့ ကျူ ရှင်က ငါ့တို့ဆီ လာလာနေတဲ့ ပုဇွန်တောင်က ကျောင်းသားဆီမှာ ဝိုင်းတက်နေတာတဲ့
ထိုင်တက်တဲ့ ကန်တင်း နာမည်က infinity ၊
ဦးနှောက်က စေစားရာကို မှန်သမျှကို မလုပ်ခဲ့တဲ့ လူတစ်ယောက် က နှလုံးသား စေခိုင်းရာ ကို တသွေမတိမ်း လိုက်ပါစီးမျော မိလာတယ်။
image
ဆောင်းရဲ့ အကြောင်းတွေ အသေးစိတ်ကအစ သိချင်လာတယ်။ဘာ ရုပ်ရှင်ကြိုက်တက်လဲ.......ခုထိမှတ်မိနေပါသေးတယ်။ကန်တင်းမှာ သူရဲကား ပြနေတော့ နေ့ခင်းပိုင်းတောင် ကြောက်နေတဲ့ ဆောင်းမျက်နှာလေးကို ပိုပြီး ချစ်လာခဲ့တယ်။ ရင်ထဲမှာ တိုးတိုးလေး ပြောနေတဲ့ စကားကတော့ ကိုယ့်ကို ယုံကြည်ပြီး ပြန်ချစ်ပေးပါ ဆိုတာဘဲအကြိမ်ကြိမ် ပြောနေမိတယ်။
ဆောင်းသူငယ်ချင်းတွေကို ရင်းနှီးအောင်လုပ်ပြီး ဆောင်းနဲ့ နီးစပ်ဖို့ကြိုးစားခဲ့တယ်။
ပထမဆုံး ခြေလှမ်းစလှမ်းဖို့ ဆောင်းတက်နေတဲ့ ကျူ ရှင်ကို ကျူ ရှင်မစမီ သွားဖို့ ဆုံဖြတ်ချက်ချလိုက်တယ်။
အဲ့နေ့က အမဲပေါ် အဖြူ ပွင့်လေးတွေပါတဲ့ ဝမ်းဆက်လေးနဲ့ လှချင်တိုင်း လှနေတဲ့ နတ်သမီးလေးကို ကြည့်ငေးရင် ကိုယ့်သာ နတ်သားဖြစ်ခဲ့ရင် နတ်သက်ကြွေ သွားလောက်ပါပြီ ဆောင်းရယ်။ရာဇဝင်တွေ ထဲက အလှဘုရင်မ တွေကို ကွန့်ပြီးရေးထားတယ်ဆိုပြီး မယုံကြည်ခဲ့တဲ့သူတစ်ယောက် ခုတော့ ဆောင်းရဲ့ ခြေတော်ရင်း မှာ နှလုံးသားတစ်ခု ခစားနားခိုခဲ့ရပြီ။အချိန်တွေကလည်း ကုန်တာမြန်တယ်လို့ ခံစားမိတယ်။ဆောင်းနဲ့ စကားပြောတာမကြာသေးဘူး ဆရာမ ကရောက်လာတော့ ပြန်လာခဲ့ရတယ်။
ဒုတိယခြေလှမ်းအဖြစ်မနက်ဖြန်ပိတ်ရက်မှာ ဆောင်းတို့ရပ်ကွက်ထဲသွားဖို့ ကိုစီစဉ်ထားခဲ့တယ်။သူများရပ်ကွက်ထဲဆိုတော့သူငယ်ချင်းတွေပါအဖော်ခေါ်သွားလိုက်တယ်။အဲ့တုန်းက လူငယ်အတွေးနဲ့ မလိုလားအပ်တဲ့ ပြသာနာတွေဖြစ်လာခဲ့ရင်လည်း ဖြေရှင်းဖို့ကို ကြိုတင် အစီအစဉ်ချထားခဲ့တယ်။ (အခု ဝေလသီချင်းလေး နားထောင်မိတဲ့အခါ ပြုံးမိတယ် ,"မင်းတို့ရပ်ကွက်ထဲ ဇိုးဘဲတွေ သိပ်များလို့ ခါးကြားထဲ ဓားထိုးပြီးတော့ မင်းဆီ လာတွေမလို့ အိမ်ရှေ့ထွက်ခဲ့ပါတော့ မင်းမျက်နှာလေးကို ငါငေးဖို့"
တကယ်ပါ အတိတ်ကအကြောင်းအရာတွေ ပြန်မှတ်မိစေတဲ့ သီချင်းရေးကောင်းတဲ့ ဘီးကျဲ ကြီး)
ဆောင်း တို့ အိမ်ရှေ့ကိုမယောင်မလည် နဲ့ ခေါက်တုံခေါက်ပြန်လျှောက်ပြီး ကြည့်လည်း အရိပ်အခြေလေးတောင်မတွေ့တော့ စိတ်ထဲ စနိုးစနောင်ဖြစ်လာတယ်။အဲ့တာနဲ့ အားတင်းပြီး သူ့တို့အိမ်ကို တံခါးသွားခေါက်လိုက်တော့ ဦးလေးကြီးတစ်ယောက်ထွက်လာတယ်။ဆောင်းရဲ့ အဖေလို့ယူဆရတယ် ရုပ်ခြင်းဆင်တယ်။ဘာကိစ္စရှိလို့လဲ မေးတော့ ဆောင်းဆီက ပြီးခဲ့တဲ့တပတ်က ကျူ ရှင်ပြတ်ထားလို့ စာအုပ်လာငှါးတာ လို့ပြောလိုက်တော့ ဆောင်းကိုခေါ်ပေးတယ်။ ဆောင်း ထွက်လာတော့ ကျွန်တော့်မျက်နှာကိုမြင်လိုက်တဲ့အချိန် အံ့သြသွားတယ်..........
ဦးလေးကြီး လှည့်ထွက်သွားတော့....... ဘာလာလုပ်တာလဲတဲ့....... အဖေ သိသွားရင် ဆူလိမ့်မယ် စာအုပ်ယူပြီး မြန်မြန်ပြန်တော့တဲ့.......... စိုးရိမ်နေတဲ့ မျက်နှာလေးကို တွေ့လိုက်ရတယ်။လှလိုက်တာ ဆောင်းရယ်။ မျက်နှာလေး မြင်ရရင်တောင်ကျေနပ်တဲ့ သူက လက်ဆောင်အဖြစ် တွေ့ပါ တွေ့ရတော့ ကျေနပ်ပါပြီ။ဆောင်းပေးတဲ့ စာအုပ်လေးကိုယူပြီး
"အင်း ကိုယ်ပြန်တော့မယ်...... ဆောင်း ကိုတွေ့ချင်လို့ လာခဲ့တာ "ဆိုပြီး သူမျက်နှာလေးကို ငေးရင်း တိုးတိုးလေးတစ်ခု ပြောခဲ့တယ်။
ဆောင်း.....ခု လာမယ့် တင်္နလာနေ့က ကိုယ့် မွေးနေ့ သူငယ်ချင်းတွေ နဲ့ လျှောက်လည်မလို့ လိုက်ခဲ့နော်"
ဆောင်း ဘက်ကတော့ စဉ်းစားအုံးမယ်။ သူ့သူငယ်ချင်းတွေပါရင်တော့ လိုက်ခဲ့မယ် လို့ "ပြောခဲ့တယ်။
လောကကြီး ရပ်တန့်သွားသလို့ ကြည်နူးတယ်ဆိုတဲ့ အရာကို စပြီး ထိတွေ့ခံစားဖူးသွားတယ်။
image
ဆောင်း သူငယ်ချင်းတွေ ကိုစည်းရုံးပြီး ဖွင့်ပြောတဲ့အချိန် ရှောင်ပေးဖို့ကို ပေးထားခဲ့တယ်။
ဒါပေမယ့် ဆောင်းငယ်သူငယ်ချင်းတွေ အသိုင်းအဝိုင်းဘက်က စကားတစ်ခွန်းထွက်လာတာ ကြားမိတယ် ။ စိတ်မကောင်းဖြစ်စရာ တစ်ခုပေါ့။တချို့ သူငယ်ချင်းတွေက သဘောမတူဘူးတဲ့ ဆိုးတဲ့အပြင် ကိုယ့် စီနီယာ လည်းဖြစ်နေလို့ ဆောင်းဆီ ကြားစကားတွေ ပို့ဆောင်ပေးနေတယ်တဲ့.........ပြောကြပါစေ ကိုယ့်စီမှာ ရှိတဲ့ ဆောင်းကိုချစ်တဲ့စိတ်ရယ် ရိုးသားမူရယ် ကို သူတို့ မမြင်လည်း ဆောင်း မြင်နိုင်မှာပါ။
စောင့်မျှော်နေရတဲ့နေ့ ရောက်ရှိလာခဲ့တယ်။ဆောင်းသူငယ်ချင်းတွေလည်း အလိုက်တသိ ရှောင်ပေးခဲ့တယ်။
သစ်ပင်ကြီးရဲ့အောက်မှာ ဆောင်းနဲ့ ကိုယ် နှစ်ယောက်ထဲ ကျန်တော့တဲ့အချိန် ငြင်းသွားမလားဆိုတဲ့ စိုးထိတ်မူက ကိုယ့်ခန္ဓာကို တောင်မခံနိုင်အောင် တုန်လှုပ်နေခဲ့တယ် ။ အဝေးကို ငေးကြည့်နေတဲ့ ဆောင်းကိုငေးရင်း
နူတ်ခမ်းက မထွက်ကျလာတဲ့ စကားလုံးတွေကိုအပြစ်တင်မိတယ်။
တိုးတိုးလေး ခေါ်လိုက်တယ်
ဆောင်း..............
ခေါင်းလေးစောင်းပြီး ငဲ့ကြည့်လာတယ်။
ကိုယ့်ကို ယုံကြည်ပေးပါ ဆောင်းရယ်။
ဆောင်း ...... နူတ်ခမ်းက ထွက်ကျလာမဲ့ စကားတွေကို စောင့်ဆိုင်းရင်းနဲ့..................... အဖြေက? ဘာဆက်ဖြစ်မလဲ စာဖတ်နေတဲ့ ညီအစ်ကို တွေ တွေးကြည့်လို့ရအောင် ချန်ထားပေးခဲ့တယ်နော်.........
Photo credited by google
@thethtooaung
MSC-157

Sort:  

ဆောင်း… ကိုယ့်ကိုယုံကြည်ပေးဘာ။ ကိုယ်အကြွေးမှန်မှန်ဆပ်ပါမေ 😪😪

ငွိ ကြွးကိစ္စတွေမပါဘူးလေ

ဆောင်းက အကြွေးကြေမှ ရည်ချားချကား ဆက်ပြောဘာတဲ့ .ငိငိ 😜

ဟုပ်ပပြီဂျာ

ကောင်းခန်းရောက်မှမီးပျက်ဆိုသလိုလုပ်သွားတယ်

ဟိဟိ အမီရေးရတာ sis ရေ

ှုတ်ခမ်းကထွက်ကျလာတဲ့ စကားများကို အပြစ်တင်မတယ် အလယ်ြုက် 😁😁

မိုက်တယ်bro👍

ဖတ့်ပေးတဲ့အတွက်ကျေးဇူး bro

ဒီနှစ်ဆောင်းသိပ်မအေးသလိုဘဲ😆😆😆

ဟုတ်တယ် bro

ဒီနှစ်​​ဆောင်း​တော်​ပူတယ်​ 😃

ငင့် ဒီလောက်အေးနေတာကို

အရေးအသားကောင်းတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်

ချစ်ခြင်းဖွဲ့လေး ကောင်းတယ် ။

ဟုတ် ဖတ့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ဆောင်းတီးတတ်တယ်

ပြောမယ့်ပြော ပြီးအောင်ပြောလေ ဆက်ငင် ဆက်ငင်နဲ့

ဟုတ်ကဲ့ bro

Coin Marketplace

STEEM 0.23
TRX 0.12
JST 0.029
BTC 66161.45
ETH 3566.85
USDT 1.00
SBD 3.11