Buddhism Is The Religion of Freedom

in #myanmar7 years ago

IMG_20180107_162648.jpg
Buddhism Is The Religion Of Freedom
မာတိကာ (၁) အပိုင်း(က)
ဗုဒ္ဓဘာသာသည် လွတ်လပ်သော ဘာသာတရား
.........ဒကာကြီးတို့ ဘုန်းကြီဆီကို ခဏခဏလာနေကြတယ်။ဘုန်းကြီးဆီကို ခဏခဏလာရင် သက်သာမှာမဟုတ်ဘူး။ ဘုန်းကြီး
ကိုယ်တိုင်ကလည်းသက်သာအောင်မနေဘူးဘယ်သူ့ကိုမှသက်သာအောင်လုပ်မပေးဘူး။ ဘုန်းကြီးက ဒကာကြီးတို့ကို စဉ်းစားစရာတွေပဲ
ပြောမယ်။ အဆင်သင့်ယူသွားစရာဘာမှမပေးဘူး။
..........ဘုန်းကြီးဆီကိုလာရင် ဒကာကြီးတို့ လွယ်လွယ်နဲ့ လက်ခံ
ထားတာတွေကို ပြန်ပြီးစဉ်းစားရလိမ့်မယ်။ ဒကာကြီးတို့ သိသားပြီး
တွေကို ဟုတ်ရဲ့လားလို့ ပြန်မေးရလိမ့်မယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ လွတ်
လွတ်လပ်လပ် စဉ်းစားရလိမ့်မယ်။ ကိုယ့်တာဝန်ကို ကိုယ် ယူရလိမ့်
မယ်။
...........လွတ်လွတ်လပ်လပ် အမှန်တရားကို ရှာမှ ဗုဒ္ဓဘာသာဝင်
ပီသမယ်နော်။ ကြားသမျှယုံနေရင်တော့ ဗုဒ္ဓဘာသာဝင် မပီသဘူး။
ယုံရတာလွယ်တယ် ကိုယ်တိုင်သိအောင်လုပ်ရတာမလွယ်ဘူး။
ဘုန်းကြီးက မလွယ်တာကို ကြိုက်တယ်။ ဒကာကြီးတို့ကော လွယ်
တာကြိုက်ကြသလား။ မလွယ်တာ ကြိုက်သလား။
.......... တပည့်တော်တို့ မလွယ်တာပဲ ကြိုက်ပါတယ်ဘုရား။ ဒါ
ကြောင့် အရှင်ဘုရားဆီ မကြာမကြာလာတာပါ။
......... ဘုန်းကြီးက သံသယကြီးတဲ့သူဖြစ်တယ်။ ယုံလွယ်တဲ့သူ မဟုတ်ဘူး။ အကြောင်းအရာတစ်ခု အယူဆတခုကို အဘက်ဘက်
က စဉ်းစားတယ်။ မယုံပဲ နေလို့ရရင် မယုံပဲနေချင်တယ်။ ဟုတ်မှန်း
မသိ မဟုတ်မှန်း မသိပဲနဲ့ သိမ်းကြုံးပြီး ယုံနေရတာကို မလုပ်နိုင်ဘူး။
ကိုယ့်စိတ်ကိုယ်ရှင်းထားချင်တယ်။ အခုလည်းရှင်းထားလိုက်တာ
အတော်တော့ရှင်းသွားပြီ။
.........ဗုဒ္ဓဘာသာတရားကို ဘုန်းကြီးငယ်ငယ်တည်းက စိတ်ဝင်စား
လာတာ ဘာကြောင့်လဲဆိုတော့ ဗုဒ္ဓက " မယုံနဲ့ " နဲ့လို့ ပြောလို့ပဲ။
' ယုံပါ ၊ ယုံရမယ်' လို့ ပြောရင် ဘုန်းကြီးက " လာပြန်ပြီး၊ နောက်
ဆရာတစ်ယောက်။ ယုံခိုင်းနေပြီး လိမ်တော့မှာပဲ " လို့တွေးပြီးလက်ခံ
မှာ မဟုတ်ဘူး။ စိတ်ဝင်စားမှာ မဟုတ်ဘူး။ " မယုံပါနဲ့ " လို့ပြောလို့
ဘုန်းကြီးက စိတ်ဝင်စားတာ။ ' လက်တွေ့စမ်းကြည့်ပါ ' လို့ပြောလို့
ဘုန်းကြီးကလက်တွေ့စမ်းကြည့်တာ။ စာတွေလောက်နဲ့ မှန်တယ်
မှားတယ် မဆုံးဖြတ်နိုင်ဘူး။ " ဆုံးဖြတ်လို့ မရနိုင်ဘူး " ။ လက်တွေ့
စမ်းဖို့လိုတယ်။
......... လက်တွေ့စမ်းပြီးမှ ဘုန်းကြီးက ဗုဒ္ဓဘာသာတရားကို
The Religion of Freedom လို့ခေါ်လိုက်တယ်။
......... ဗုဒ္ဓဘာသာတရားဟာ Dogmatism မဟုတ်ဘူး။
Dogmatism ဆိုတာ ခိုင်လုံတဲ့အထောက်ထား မရှိပဲ မှန်တယ်လို့
ယုံရတာကိုခေါ်တယ်။
(Dogmatism ဆိုတဲ့စကားလုံးကို အဂ်လိပ် အဘိဓာန်မှာ ရှာ
ကြည့်ရင်တော့-unfounded positiveness in matters
of opinion ) အဓိပ္ပါယ်က"" အယူအဆပိုင်းမှာ အထောက်ထား
မရှိပဲ မှန်တယ်လို့ ပြောတာ "" အဓိပ္ပါယ်ရတယ်။ unfounded
ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ရှာကြည့်တော့ " without factual
or rational foundation " မှန်ကန်တိကျသော အချက်လက်
အထောက်အထား အုတ်မြစ်မရှိသော (သို့) အကြောင်းအကျိုး ခိုင်မာ
မှု အုတ်မြစ်မရှိသော လို့ တွေ့ရတယ်။ အခြေအမြစ်မရှိတဲ့ စကားကို ယုံရမှာလား။
...... မှန်ကန်တိကျတဲ့ အချက်အလက် အကြောင်းအကျိုး အထောက်အထားမရှိပဲ မှန်တယ်လို့ ပြောတာကို ဘာကြောင့် လက်ခံ
ရမှာလဲ။ လက်မခံနိုင်ပါဘူး။ အဲ့သလိုသာ လက်ခံနေရင် ကိုယ့်ခေါင်း
ဟာ အမှိုက်ပုံးလို ဖြစ်သွားမှာပေါ့။
......opinion တွေ၊ ထင်မြင်ချက်တွေ၊ အယူအဆတွေကိုပဲ အမှန်
တရားလို့ပြောနေကြတာပါ။ နှစ် နဲ့ နှစ်ပေါင်း လေးဆိုတာကို ဘယ်သူ
မှမငြင်းကြပါဘူး။ ဘာကြောင့် မငြင်းတာလဲ။ ငြင်းနေဖို့မလိုလို့ပေါ့။
ဘာကြောင့်ငြင်းနေဖို့မလိုလဲ။ ထင်မြင်ချက်မဟုတ်လို့။ သဘာဝဖြစ်လို့
။ အမှန်တရားဖြစ်လို့။ လက်တွေ့သိနိုင်လို့။
......... အငြင်းအခုံ လုပ်နေရတာတွေဟာ ထင်မြင်ချက်တွေပဲ။ အမှန်တရားဟာ ငြင်းနေစရာ မလိုတဲ့အရာဖြစ်တယ်။
........ တချို့ကပြောကြတယ်။ အထောက်အထားမရှိပဲ ယုံတာမှ
တကယ် ယုံတာ၊ အထောက်အထားခိုင်လုံမှ ယုံတာက တကယ်ယုံ
တာမဟုတ်ဘူး တဲ့။ ယုံတာက အဓိကမဟုတ်ဘူး။ သိတာက အဓိက။
....... မယုံကြည်ရင် အပြစ်ရှိတယ်လို့ ပြောတာတွေကလည်း အများ
ကြီး။ ယုံရင် အပြစ်ရှိတယ်လို့ ပြောတာတွေကလည်း အများကြီး။
အဲ့တော့ ကြောက်ကြောက်နဲ့ ယုံလိုက်တာပဲ။
...... သံသယဖြစ်တယ်ဆိုတာ လူသားပဲဖြစ်နိုင်တယ်။ဘယ်တိရိစ္ဆာန်
မှ သံသယမဖြစ်တတ်ဘူး။ သဘာဝကျကျ အကြောင်းအကျိုး ကိုက်
ညီအောင် စဉ်းစားနိုင်တာကလည်း လူသားပဲ။ ဘယ်တိရိစ္ဆာန်မှ
အကြောင်းအကျိုး ကိုက်အောင် မစဉ်းစားနိုင်ဘူး။

#... အကြောင်းအကျိုး ကိုက်အောင် စဉ်းစားနိုင်တဲ့
လူ့အရည်အချင်းကို ပိတ်ပင်တာ၊ ဖျက်ဆီးတာဟာ
လူ့အရည်အချင်းအစစ်ကို ဖျက်ဆီးတာ၊ ဒါဟာအရက်စက်ဆုံး၊
အကြီးလေးဆုံးပြသ်မှု ပဲ၊ အမှန်တရားကို မသိအောင်ပိတ်ပင်တာ
အကြီးမားဆုံးပြစ်မှု ကို လွန်ကြူးကြတာပဲ။

........ ဘယ်သူတွေက ဒီပြစ်မှုကို လွန်ကြူးနေကြသလဲ။ လူတွေကို
လွှမ်းမိုးခြယ်လှယ်ချင်သူတွေ။ လူတွေကိုကြောက်အောင်လုပ်ပြီး ကိုယ်ကျိုး ရှာချင်တဲ့သူတွေ။
(ဆက်ရန်)........

ဆရာတော် ဦးဇောတိက ၏
လွတ်လပ်သောစိတ် တရားတော်စာအုပ်မှ
တရားအလှူ ဒါန ပြန်လည်မျှဝေသည်။

HFS 11 # Group/A
@thetei

Sort:  

I love Buddha And Buddhism 😇😇

Thank so Brother
One day all of you wish be got it

Hope so and yours too😊😊

ကောင်းတယ်​​ဗျာ

good post

Good post bro

အမှန်ပါပဲ အကို

ကောင်းပါတယ်ဗျာ

🙏🙏🙏🙏🙏ဗုဒ္ဓဘုရားမှတစ်ပါးကိုးကွယ်ရာမရှိ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 61240.20
ETH 3247.86
USDT 1.00
SBD 2.45