ဗုဒ္ဓဘာသာသည် လွတ်လပ်သော ဘာသာတရား

in #myanmar7 years ago

ဗုဒ္ဓဘာသာသည် လွတ်လပ်သော ဘာသာတရား
မာတိကာ (၁) အပိုင်း (ဂ)
............. အမှန်တရားကို တကယ်လိုလားရင်၊ လွတ်လပ်မှုကို
တကယ်လိုချင်ရင် အမှားအမှန်ကိုကိုယ်တိုင်ဆုံးဖြတ်ရမယ်
ဒီတာဝန်ကို ရှောင်လွှဲ လို့မရနိုင်ပါဘူး။
..... မှန်ပါတယ်ဘုရား။ သဘောပေါက်ပါတယ်။ တပည့်တော်တို့
ကြောက်တာကို ပြောပြတာပါဘုရား။ ကာလာမသုတ်ကို တပည့်
တော်တို့ ကြိုက်လည်းကြိုက်တယ်၊ ကြောက်လည်းကြောက်ပါတယ်။
..... ဟုတ်တယ်... ဒကာကြီးတို့.. ဒီတရားဟာကြောက်စရာကောင်း
လောက်အောင်ကို လွတ်လပ်မှုကို လမ်းဖွင့်ပေးထားတာနော်...။
သတ္တိနည်းတဲ့သူဆိုရင် ဒီလောက် လွတ်လပ်တာကို ယူရဲမှာ မဟုတ်
ဘူး။
....... ကလေးဘဝက ပြောသမျှကို ယုံလို့ စိတ်မှာ တစ်မျိုးသက်သာ
မှု ရတယ်။ ကြီးလာတော့ ဘာကိုမှ မယုံတော့လို့ ဟာတာတာဖြစ်နေ
တယ်။ ပြောသမျှကို ယုံလို့စိတ်ဆင်းရဲရတာတွေလည်းရှိတယ်။
..... ကိုယ့်အတွက် အရာရာတိုင်းကို အမှားအမှန် ဆုံးဖြတ်ပေးနိုင်တဲ့
သူရှိတယ်လို့ ယုံရတာ false security ရတယ်။ အဲ့ဒီ false
security ကိုရဖို့ ပေးလိုက်ရတဲ့ တန်ဖိုးကလည်းမသေးဘူး။
...... အမှန်တရားကိုရှာတယ်ဆိုတာကိုက ( ပြောသမျှကို မယုံဘူး)
လို့ ဆိုရာရောက်တယ်။ အဲ့တာကြောင့် တေယ်လှန်ရေးတစ်မျိုးဖြစ်
နေပါတယ်။
..... ကာလာမသုတ်ဟာ အမှန်တရားကို လွတ်လွတ်လပ်လပ်ရှာတဲ့
သူတွေအတွက် လမ်းညွှန်တဲ့တရား၊ အားပေးတဲ့ တရားဖြစ်တယ်။
အဲ့ဒီသုတ်ကို ဘုန်းကြီးပထမကြိမ် ဖတ်တာ အသက် ၁၆/၁၇ လောက်မှာပဲ။ ဒီတရားကို ဖတ်ပြီးကတည်းက တခြားဘာကိုဖတ်ဖတ်
ကာလာမသုတ်နဲ့ မှတ်ကျောက်တင်တော့တာပဲ။ အဲ့ဒီမှာ ဘုန်းကြီးအ
နေနဲ့ ပထမဆုံး အလေးအနက် ခံစားရတဲ့အချက်က "မာပရမ္ပရာမ"
ဆိုတဲ့အချက်ပဲ။
...... " မာပရမ္ပရာမ " tradition မိရိုးဖလာ အစဉ်လာဖြစ်လို့၊ ဆရာတပည့် အစဉ်အဆက် လက်ခံလာခဲ့လို့ မှန်တယ်လို့မယူပါနှင့်။
...... အမှန်တရားတွေဆိုပြီး ပြောနေကြတာ လက်ခံနေကြတာတွေ
ဟာ အစဉ်လာတွေပဲ ဖြစ်နေတာများပါတယ်။ အစဉ်အလာတွေကို
ဉာဏ်နဲ့ စမ်းစစ်မယ်။ လက်တွေ့အထောက်အထားနဲ့ စမ်းစစ်မယ်
ဆိုရင် အစဉ်အလာတော်တော်များများက မှားနေတာတွေ့ရမယ်။
ဆေးပညာမှာလည်း အစဉ်အလာ အယူဆတွေမှားနေတာ တွေ့ရ
မယ်။ စင်္ကြာဝဠါ နဲ့ ပက်သက်ပြီးတော့လည်း အစဉ်အလာ အယူဆ
တွေမှားနေတာ တွေ့ရမယ်။ ဘာသာရေးနဲ့ ပက်သက်ပြီးတော့လည်း
ထို့အတူပဲ။
..... (မာပရမ္ပရာယ) အစဉ်အဆက် လက်ခံလာတဲ့ အစဉ်အလာ
ဓလေ့ထုံးစံဖြစ်လို့ မှန်တယ် လို့ မယူဆပါနဲ့။
..... အစဉ်အလာ ဓလေ့ထုံးစံတွေဟာ အင်မတန် ကြီးမားတဲ့အချုပ်
အနှောင်အဖွဲ့ ဖြစ်ပါတယ်။ မိဘ, ဘိုးဘွားတွေရဲ့ အစဉ်အလာကို
ပယ်ဖျက်ဖို့မလွယ်ကူပါဘူး။ လူအများစုဟာ မိဘ အစဉ်အလာကို
မမေးပဲ မစစ်ဆေးပဲ လက်ခံလိုက်ကြတယ်။ အဲ့ဒီအစဉ်လာကနေ
လွတ်ဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ ဒါပေမယ့် အမှန်တရားကို
လွတ်လွတ်လပ်လပ် ရှာဖွေမယ်ဆိုရင် အစဉ်အလာကို ငဲ့နေလို့မရပါ
ဘူး။ အယူအဆတစ်ခုဟာ နှစ်ပေါင်း ထောင်နဲ့ ချီပြီးကြာလေ အမှား
တွေပါဖို့ များလေပါပဲ။
...... (မာပရမ္ပရာယ) အစဉ်အဆက် လက်ခံလာတဲ့ အစဉ်အလာ
ဓလေ့ထုံးစံ ဖြစ်လို့ မှန်တယ်လို့ မယူဆပါနဲ့။ ဘုန်းကြီးနဲ့ အတွေးအ
ခေါ်တွေဟာ ဒီတစ်ချက်တည်းနဲ့ အများကြီးပြောင်းလဲ သွားတယ်။
အစဉ်အလာကအရေးမကြီးဘူး။ အမှန်တရားကပဲ အရေးကြီးတယ်။
အစဉ်အလာထက် အမှန်တရားကို ပိုတန်ဖိုးထားတယ်လို့ စိတ်ထား
ပြောင်းသွားတာနဲ့ အစဉ်အလာရဲ့ အနှောင်အဖွဲ့ကနေ လွတ်လာ
တော့တယ်။ အစဉ်အလာတွေကို သံသယ မျက်စိနဲ့ ကြည့်လာတယ်။
အရင်တုန်းက သံသယဖြစ်ရတာကို စိတ်မချမ်းသာဘူး။ နောက်တော့
အဲ့ဒီ ကာလာမသုတ်မှာပဲ မြတ်စွာဘုရားက
( အလံဟိ ဝေါ ကာလာမ င်္ကခိ တုံ အလံဝိစိကိစ္ဆိတုံ။
ကင်္ခနီယေဝ ပန ဝေါ ဌာနေ ဝိစိကိစ္ဆာ ဥပ္ပန္နာ)
.... ကာလာမတို့ သင်တို့ဟာ ယုံမှားသံသယဖြစ်သင့်ပါတယ်။ သံသ
ယ ဖြစ်ထိုက်တဲ့ကိစ္စမှာ သင်တို့ သံသယဖြစ်ကြတယ်လို့ ဆိုပါတယ်။
အဲ့လိုဖတ်ရတော့ သံသယ ဖြသ်ရတာဟာ ဖြစ်သင့်ဖြစ်ထိုက်တယ် လို့
လက်ခံလာတယ်။
...... သံသယ ဖြစ်ထိုက်တဲ့ ကိစ္စမှာ သံသယဖြစ်တာဟာ ဉာဏ်ရှိလို့
ပါ။ ဉာဏ်ရှိသူတိုင်းဟာ ပြောတိုင်းမယုံပါဘူး။ သံသယကြီးတယ်။
ဒါကြောင့်လှည့်စားတာကို သိပ်မခံရဘူး။ ဉာဏ်နည်းတဲ့ အားငယ်
တတ်တဲ့သူဟာ ယုံလွယ်တယ်။ ဒါကြောင့် လှည့်စားတာကိုပိုခံရ
တယ်။
...... သံသယဖြစ်တတ်တဲ့ သူတွေကြောင့် လောကကြီး တိုးတက်
လာတာ။ သို့မဟုတ်ရင် ပြောင်းလဲမှာမဟုတ်ဘူး။ တိုးတက်မှာ မဟုတ်ဘူး။ ဟုတ်ရဲ့လား.... မှန်ရဲ့လား လို့ အမြဲတမ်းမေးပြီး စစ်
ဆေးနေတဲ့ သူတွေကြောင့် တိုးတက်လာတာ။ ကိုယ့်စိတ်ကူးနဲ့ကိုယ်
ပိုကောင်းအောင် တီထွင်ကြံဆပြီး လုပ်နေတဲ့သူတွေကြောင့်တိုးတက်
လာတာ။ ရှေးတုန်းကအတိုင်း တွေးပြီး လုပ်နေကျတိုင်း လုပ်တဲ့သူ
တွေကြောင့် တိုးတက်လာတာမဟုတ်ပါဘူး။ ယုံလွယ်တယ်သူတွေ
ကြောင့် တိုးတက်လာတာ မဟုတ်ပါဘူး။
..... ရှေးဟောင်း ဓလေ့ထုံးစံတွေကို ဘာတစ်ခုမှ လက်မခံပဲ ကိုယ့်
ဟာကိုယ် လုပ်ချင်တာလုပ်မယ်ဆိုရင် ကောင်းပါ့မလား။
..... မကောင်းဘူးလို့ထင်ပါတယ်ဘုရား။
..... အဲ့ဒီလိုဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အစဉ်အလာတွေကို မျက်စီ
မှိတ်ပြီး ယုံတာလည်း မကောင်းဘူး။ အစဉ်အလာတွေ အားလုံးကို သိမ်းကြုံးပြီး ပယ်တာလည်း မကောင်းဘူး ။ ဘာလုပ်ရမလဲ။
.......( ဉာဏ်နဲ့ စမ်းစစ်ရမယ်ဘုရား)
....... ဟုတ်တယ်။ လေးလေးစားစား ဉာဏ်နဲ့ စမ်းစစ်ရမယ်။ မာနနဲ့
လုပ်လို့ မရပါဘူး။ ငါကဘာမှမသိဘူး။ ဒါကြောင့်သူတို့ပြောတာတွေ
ကို လက်ခံရမှာပဲလို့ တွေးရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိရာ
ရောက်တယ်။ ဘယ်သူပြောတာမှ လက်မခံဘူး။ ငါလုပ်ချင်တာလုပ်
မယ်ဆိုရင်လည်း အတ္တစွဲကြီးရာ ရောက်တယ်။ Balance ရှိဖို့လို
တယ်။ တစ်ဖက်စွန်း မရောက်ဖို့လိုတယ်။ ချင့်ချင့်ချိန်ချိန် သုခမိန်လို့
ဆိုသလိုပဲ။ အချိန်ယူပြီးစမ်းစစ်ပြီးလုပ်ရမယ်။ နေရမယ်။ ဒီလိုနေရ
တာဟာ အဓိပ္ပါယ်ရှိတယ်။ ကျေနပ်တယ်။ မလွယ်တာကိုလုပ်နေရ
တာကို ပိုကျေနပ်တယ်။ ပုံသေနည်းနဲ့ ပုံသေမှတ်ပြီးနေရတာလွယ်
တယ်။ ချင့်ချိန်ပြီးနေရတာမလွယ်ဘူး။ လွယ်တာကြိုက်သလား။
မလွယ်တာကြိုက်လား။
...... မလွယ်တာပဲကြိုက်ပါတယ်ဘုရား။
..... ကိုယ့်ကိုကိုယ် လေးစားတဲ့သူဟာ အလွယ်လမ်းကို မလိုက်ဘူး။
အမှန်လမ်းကိုလိုက်တယ်၊ အမှန်လမ်းက မလွယ်ဘူး။ တစ်ခါတလေ
အမှန်တရားနဲ့ အကြိတ်အနယ် နပန်းလုံးနေရသလိုပဲ။ အမှန်တရား
က တကယ်မှန်နေရင် နောက်ဆုံးမှာ အမှန်တရားကပဲ အနိုင်ရပါ
တယ်။
....... အမှန်တရားကို ထိုက်ထိုက်တန်တန်
နေရာပေးချင်ပါတယ်။ ဒါကြောင့်လွယ်လွယ်နဲ့
လက်မခံတာပါ။ လွယ်လွယ်နဲ့ လက်ခံရင်
မလေးစားရာရောက်တယ်။

(ဆက်ရန်)........

ဆရာတော် ဦးဇောတိက ၏
လွတ်လပ်သောစိတ် တရားတော်စာအုပ်မှ
တရားအလှူ ဒါန ပြန်လည်မျှဝေသည်။

HFS 11 # Group/A
@thetei

Sort:  

အားပေးနေပါတယ်ဗျာ

'Cullum' is Scottish, but I'm nowhere near Scottish. My mother is Burmese, and my father is of German, Jewish, English ancestry.

Hello @thetei, upv0t3
This is a free service for new steemit users, to support them and motivate them to continue generating valuable content for the community.
<3 This is a heart, or an ice cream, you choose.

:)


R4ND0M:
1785 9701 6656 8762
4409 7923 7043 6186
2322 7118 9246 2436
3568 4659 5903 8914

Congratulations @thetei! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @thetei! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 60907.24
ETH 3249.66
USDT 1.00
SBD 2.45