ကျေးဇူးတင်ထိုက်သော လူဆိုးတစ်ယောက် - ၁

in #myanmar7 years ago (edited)

ကမ္ဘာပေါ်တွင် နေထိုင်သော လူများထဲတွင် အဆိုးအကောင်းဟူ၍ နှစ်မျိုးရှိတယ်ဆိုတာကိုတော့ အကြမ်းအားဖြင့် လက်ခံကြပြီးဖြစ်ပါလိမ့်မယ်။ image
Potos:Google Images #Credit

အများနဲ့ဆန့်ကျင်ဘက်နေထိုင်သူကိုတော့ လူဆိုးဟုသတ်မှတ်ကြတာပေါ့။လူဆိုးများသည် ရုပ်အင်လက္ခဏာကိုက ကြမ်းတမ်းသောသွင်ပြင်ရှိတတ်ကြပါတယ်။ကလေးများနှင့် အမျိုးသမီးများဆိုလျှင်လည်း လူဆိုးများကိုမြင်လျှင် ကြောက်ရွံ့တတ်သော သဘောများရှိတတ်ကြပါတယ်။ပျော့ညံ့တဲ့အမျိုးသားများကလည်း လန့်တတ်ကြပါတယ်။လူဆိုးများက များသောအားဖြင့် အများမကြိုက်သော အကြောင်းအရာများကို လုပ်လေ့ရှိကြတယ်။အများနဲ့ စိတ်သဘောထားတိုက်ဆိုင်သူကိုတော့ လူကောင်းဟု သတ်မှတ်ကြတာပေါ့ဗျာ။လူကောင်းများကတော့ သူတစ်ပါးကို ကူညီတတ်ကြပြီး အများမကြိုက်သည်များကို ရှောင်ဖယ်လေ့ရှိကြပါတယ်။လူသားများအနေနဲ့လည်း လူကောင်းများကိုသာရွေးချယ်ပေါင်းသင်းလိုကြပြီး လူဆိုးများနဲ့ ဝေးဝေးနေထိုင်လိုကြပါတယ်။လူကောင်းနဲ့လူဆိုး ဘယ်အရာတွင် ယှဉ်ယှဉ် လူကောင်းကိုတော့ ယှဉ်နိုင်ရိုးထုံးစံမရှိပါ။လူဆိုးများနဲ့ အကြောင်းအမျိုးမျိုးကြောင့် သွားလာလှုပ်ရှား လုပ်ကိုင်ရမည်ဆိုလျှင် လူအများသည် စိတ်မချမ်းမြေ့ဖွယ်ရာ အပြုအမှုများကို ပြသလေ့ရှိကြပါတယ်။ထိုသို့လူဆိုးလူကောင်းရှိတဲ့အထဲမှကျွန်တော့ဘ၀ကို ပြောင်းလဲစေသော လူဆိုးတစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။
သူကတော့ ကျွန်တော်တို့နဲ့ တစ်ရွာတည်းအတူနေထိုင်ခဲ့သော လူဆိုးတစ်ယောက်ဖြစ်ပါတယ်။သူတို့မိသားစုတွင် ညီအစ်ကို ၇ ယောက်ရှိသည့်အနက် တတိယမြောက်အကြီးဆုံးသားဖြစ်ပါတယ်။သူ၏နာမည်က မင်းနိုင်(နာမည်လွှဲ) ဖြစ်ပါတယ်။သူတို့မိသားစုကတော့ ရွာထဲတွင် ရွာသားများမကြိုက်သော အပြုအမှုများကိုလုပ်လေ့ရှိပါတယ်။သူတို့မိသားစုနဲ့ဆို ရွာထဲမှာမည်သူမျှ မပတ်သက်လိုပါ။သူ့ရဲ့မိဘများက ရွာသားများကို သောက်စားမူးယစ်စေသော အရက်များကို ရောင်းချလုပ်ကိုင်စားသောက်ကြတယ်။ image
Photos:Google Images #Credit
ဟိုး လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ခန့်က အဖြစ်အပျက်ကလေးများအား ပြန်လည်တင်ပြပေးလိုက်ပါတယ်။
ကျွန်တော်တို့မိသားစုက မြိုနဲ့အလှမ်းဝေးတဲ့ ကျေးရွာလေးတစ်ရွာမှာ နေထိုင်ခဲ့ကြပါတယ်။ image
Photos:Google Images #Credit

ကျွန်တော်တို့ မိသားစုမှာ အဖေ ၊ အမေ ၊ အစ်ကို ၊ ကျွန်တော်နှင့် ကျွန်တော့ညီလေး ငါးယောက်ရှိပါတယ်။ကျွန်တော့အစ်ကိုနှင့်ကျွန်တော်က တတိယတန်းကျောင်းသားအရွယ်ပေါ့။ image
Photos:Google Images #Credit

အစ်ကိုနဲ့ အတန်းတူလို့ အမွှာလို့တော့မထင်ကြပါနဲ့။ရွာတွေမှာက အဲလိုဘဲ ကြီးပြင်းလာကြတာဘဲ။အဲဒီအချိန်တုန်းက ကျေးရွာက တော်တော်ကြမ်းတာဗျ။ ညနေစောင်းပြီဆိုတာနဲ့ အမူးသမားများ သောက်စားမူးယစ်သောင်းကျန်းကြပါတော့တယ်။ imagePhotos:Google Images #Credit

သောင်းစားမူးယစ်ပြီး အချင်းချင်း ခိုက်ရန်များလျှင် တုတ် ၊ ဓါး ၊ လှံ လက်နက်များဖြင့် ဖြေရှင်းလေ့ရှိကြပါတယ်။ညနေဆိုလျှင် ရွာထဲကိုပင် လမ်းလျှောက်ထွက်ရန် မသင့်လောက်အောင် ဆိုးသွမ်းခဲ့ကြပါတယ်။အခုတော့ အဲလိုမျိုးဓလေ့တွေမရှိတော့ပါဘူး။အရင်တုန်းကတော့ တောရွာကလေးတွေဆိုတော့ ပညာရေးကလည်း ခေါင်ပါး ၊ ဗဟုသုတကလည်း အလွန်နည်းပါးတဲ့အတွက် အချင်းချင်းလောဘစိတ်တွေထားပြီး ဒေါသတွေ မောဟတွေ အများကြီး လွှမ်းခြုံခဲ့ကြတာပေါ့ဗျာ။မင်းနိုင်ကို ကျွန်တော်ကျေးဇူးတင်ရခြင်း အကြောင်းကတော့ဒီလိုပါဗျာ-

အပိုင်း _ ၂ ကို

ဆက်လက်အားပေးကြပါရန် မျှော်လင့်ရင်း

Writter@theinzawlin
MSC No.128

Sort:  

ရေးသားချက်တွေကစွဲဆောင်မှုရှိတယ်ဗျ
လူကောင်းတစ်ယောက်ဖြစ်ဖိုကြိုးစားရင်း
စောင့်မျှော်နေမယ်အပိုင်းဆက်(သူရ)

အပိုင်း ၂ ကိုမျော်လျက်ပါ@thein

ကျေးဇူးပါ

ဆက်လက်အားပေးဖို့မျှော်နေပီဗျာ

ကျေးဇူးတင်ပါတယ်ဗျာ

Good bro အားပေးနေတယ်

good bro အားပေးနေတယ်

ဆက်ရေးမယ်ဗျာ

အပိုင်း၂ကိုစောင့်နေတယ်အကိုရေ😍😍😍

အခုလိုအားပေးတဲ့အတွက် ကျေးဇူးပါ

Nice post bro အားပေးဖို့ စောင့်နေမယ်

ကျေးဇူးပါဗျ

ပုံလေးတွေနဲ့ ဝေဝေဆာဆာ goodသွားတယ်😁😁

အစ်မတော်တွေရဲ့ ကျေးဇူးတွေကြောင့်ပါဗျ

ပုံလေးတွေ ရွေးတတ်တာ အနုပညာဘဲ😁😁

ဆက်​ဖတ်​ပါ့မယ်

ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.15
TRX 0.13
JST 0.026
BTC 57864.58
ETH 2697.00
USDT 1.00
SBD 2.21