င/လပွေ့ကျေးရွာဘုရားပွဲ

in #myanmar6 years ago (edited)

မင်္ဂလာပါ Steemit မှ ညီအစ်ကို မောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျာ။ဒီနေ့ ကျွန်တော် Steemit မှ မိတ်ဆွေများအားလုံးကို ကျွန်တော်တို့မြို့မှ င/လပွေ့ကျေးရွာ ဗုဒ္ဓပူဇနိယပွဲတော်တစ်ခုသို့ ကျွန်တော်နဲ့ အတူသွားရောက်လည်ပတ်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။ဒီဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ၂၂ နှစ်ဖြစ်လာခဲ့ပြီဆိုတော့ ၂၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ပေါ့။ imageဘုရားပွဲတော်ကို ၂၀၁၈ နှစ်သစ်ရဲ့ ပထမနေ့မှာ ဇန်န၀ါရီလ ၁ ရက်နေ့ကျင်းပဖို့ပြင်ဆင်ထားပြီးသား။ဘုရားပွဲကျင်းပပြုလုပ်မယ်ဆိုတော့ ရွာမှ ရွာလူကြီးများနဲ့ ရပ်သူရွာသားများ ၊ကျေးရွာရှိ လူပျိုအပျိုများကလည်း တက်တက်ကြွကြွဖြင့် ဘုရားပရ၀ုဏ်အတွင်း သန့်ရှင်းလုပ်သူများ ၊ ရောင်တော်ဖွင့်ကြသူများဖြင့် ပြင်ဆင်ထားခဲ့သည်မှာ အဆင်သင့်အနေအထား။ဘုရားပွဲဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေသူများကလည်း ရခိုင်မုန့်တီရောင်းရန်အတွက် ရန်ပုံငွေလက်မှတ်များကအစ အကုန်ရောင်းပြီးသား။ရွာသားများကလည်း သူတို့ရွာ၏ တစ်နှစ်တစ်ခါကျင်းပသော ဘုရားပွဲတော်အတွက် ပျော်ရွှင်ကြည်နူးနေချိန် ၊ ရင်ခုန်နေကြချိန်ပေါ့။မနက်ဖြန်ဆို ဘုရားပွဲ စတော့မည်။ဘုရားပွဲတွင် ပျော်ပွဲရွှင်ပွဲများ ၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲများ ၊ ရခိုင်ရိုးရာလှေပြိုင်ပွဲများလည်း ပါဝင်တာပေါ့။မနက်ဖြန်အတွက် ရွာသူရွာသားများကြည်နူးနေချိန် မြို့ရဲ့အရှေ့တောင်ဘက်အရပ်မှ ရွေ့လျားလာနေသော ကောင်းကင်မှ အရိပ်မည်းများ ၊ထိုအရိပ်များသည် တစ်စထက်တစ်စ ပိုမိုများပြားလာပြီး နေရောင်ပင်မမြင်နိုင်တော့ပါ။ရွာသားများ ရင်ထဲမှာတော့ စိုးရိမ်စိတ်များကြီးစိုးလာပြီ ၊ ဒီအရိပ်မည်း ဘုရားပွဲတော်ကို အနှောင့်အယှက်ပေးတော့မည်ဟု ထင်မြင်နေကြပြီ။ညနေဘက်ကိုလည်း တဖြည်းဖြည်းရောက်လာပါပြီ အရိပ်မည်းများကတော့ လုံးဝပျောက်သွားခြင်းမရှိဘဲ ရွာသူရွာသူများ ညနေအိပ်ယာဝင်ချိန်မှာဘဲ ထင်ထားကြသည့်အတိုင်း အရိပ်မည်းကြီး ငိုချလိုက်ပါပြီ။ငိုချလိုက်လာတာမှ သည်းကြီးမဲကြီးကို ငိုချလိုက်ခြင်းပါ။ရွာသားများလည်း အခက်အခဲအလွန်ဖြစ်သွားရလေပြီ။လွန်ခဲ့သော ၂၀၁၈ ခုနှစ် ၊ ဇန်န၀ါရီလပထမအပတ်က မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းခဲ့မှုကိုတော့ အားလုံးသတိထားမိကြမှာပါ။မနက်မိုးလင်းတော့လည်း မိုးရွာသွန်းမှုက ရပ်တန့်သွားခြင်းလုံးဝမရှိပါ။သို့ပေမယ့်လည်းရွာသားများက နေ့လည်နေ့ဘက် ရပ်သွားလိမ့်မည်ဟု ယုံကြည်ပြီး ဘုရားပွဲတော်စတင်သည့်အနေဖြင့် ရခိုင်ရိုးရာလှေပြိုင်ပွဲများ ပြုလုပ်ကြမယ်ပေါ့။ရွာသူရွာသားများကလည်း တက်တက်ကြွကြွဖြင့် လာရောက်အာပေးကြပါတယ်။မိုးကလည်း အရှိန်ကပိုမိုပြင်းထန်စွာ ရွာသွန်းနေပါတော့တယ်။ပြိုင်ပွဲဝင်များကလည်း မိုးရေတွေစိုရွှဲ ၊ လာရောက်ကြည့်ရှုသူရပ်သူရွာသားများလည်း စိုရွှဲ ၊ မိုးကအချိန်အခါမဟုတ် ရွာသွန်းခြင်းကလည်းဖြစ် ဆောင်းရာသီလည်းဖြစ်သောကြောင့် တော်တော်ကို အေးတာဗျ။နောက်ဆုံးအားလုံးကလည်း ချမ်းလာတော့ ဘုရားပွဲ ကျင်းပဖို့မဖြစ်နိုင်တော့ဘဲ ပွဲကိုရပ်တန့်လိုက်ရပါတော့တယ်။ပွဲရက်ရွှေ့ဖို့ကို ရွာသားများသဘောတူဆုံးဖြတ်လိုက်ရပါတော့တယ်။အဲဒီနေ့တွေက မိုးတွေကလည်းရွာလိုက်တာဗျာ မိုးရာသီလိုပါဘဲ။အဲလိုမိုးတွေ တစ်ရက်နှစ်ရက်ဆက်ရွာပြီးနောက် ဇန်န၀ါရီ ၃ ရက်နေ့မှာတော့ မိုးရွာခြင်းများ ရပ်တန့်သွားပြီး အရိပ်မည်းကြီးများလည်း စင်သွားတယ်ဗျ။ဒီလိုနဲ့ရွာသားများကလည်း ဘုရားပွဲ ပြန်လည်ကျင်းပဖို့ ပြင်ဆင်ကြပါတော့တယ်။ဇန်န၀ါရီ ၄ ရက်နေ့မှာတော့ သူတို့ပြန်လည်ကျင်းပကြပါတော့တယ်။အခုမိတ်ဆွေများနဲ့ ကျွန်တော် ဘုရားပွဲတော်သို့ သွားရောက်ကြရအောင်ဗျာ။လွတ်လပ်ရေးနေ့မှာ ရုံးကလည်းပိတ်တော့ ကျွန်တော် ၊ ကျွန်တော့ညီဝမ်းကွဲတစ်ယောက်နှင့်အတူ ဘုရားပွဲသွားဖို့ ချိန်းဆိုလိုက်ကြပါတယ်။
“ အစ်ကို မနက်ဖြန် လှေပြိုင်ပွဲ သွားကြည့်ရအောင်”ဟုဆိုပြီး သူက ကျွန်တော့ကိုပြောတယ်။အဲအချိန်မှာ ကျွန်တော်အတွေးတစ်ခုရသွားတာက ကျွန်တော်သွားလာသည့်နေရာများကို Steemit မိတ်ဆွေများကို ပြန်လည်မျှဝေပေးဖို့ကိုပါ။
“အေး ဟုတ်သားဘဲကွ မနက်ဖြန်သွားရအောင် ၊ ငါလည်း ဓါတ်ပုံတွေရိုက်ချင်တယ် Steemit က မိတ်ဆွေတွေကို ပြရအောင်” ဆိုပြီး သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ ကျွန်တော်နှင့် ထင်လင်းတို့ မနက်စာစားပြီး လှေပြိုင်ပွဲ ကြည့်ရအောင် ထွက်လာခဲ့ကြပါတော့တယ်။ဘုရားပွဲကျင်းပသည့် ရွာအနားကို မရောက်ခင်လမ်းမှာပင် ရောင်စုံလူအများအပြား စည်ကားနေသည်ကိုတွေ့ရှိရပါတယ်ဗျ။ရွာအ၀င်တံတားထိပ်တွင်ဆိုလျှင် ပိုမိုစည်ကားနေပါတော့တယ်။ imageကျွန်တော်တို့လည်း လူရှင်းသည့် တစ်နေရာတွင် ၀င်ရောက်နေရာယူပြီး မြင်သမျှ ဓါတ်ပုံများလိုက်ရိုက်ပါတော့တယ်။ imageဓါတ်ပုံရိုက်ရင်း လှေလှော်အသင်းများအား အားပေးနေပါတော့တယ်။ imageလာရောက်အားပေးသူများကလည်း ဟိုဘက်ဒီဘက် အပြိုင်အဆိုင်အားပေးကြတာပေါ့။နိုင်တဲ့ အသင်းဘက်မှ ရွာသူရွာသားများဆိုလျှင် DJ သီချင်းသံများဖြင့် ကခုန်ပျော်မြူးအောင်ပွဲခံကြ။ imageရှုံးတဲ့အသင်းသားတွေကလည်း ဒီနှစ်မရတဲ့အတွက် နောက်နှစ်ရရှိရန်ကြိုးစားဖို့ အားတင်းရင်းပေါ့။မဏ္ဏပ်ထဲမှ ဒိုင်လူကြီး၏ စကားသံတွေကလည်း လော်စပီကာနဲ့အတူ ကျယ်လောင်စွာထွက်ပေါ်နေတာဗျ။ဒိုင်လူကြီးကတော့ ပြိုင်ပွဲဝင်အသင်းသားများကို စည်းကမ်းချက်များကို ပြောပြ ၊ အသင်းသားများ အားကစားစိတ်ဓါတ်ထားရှိဖို့နဲ့ တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်လေးစားမှုရှိရမယ်ဆိုသည်များကို မှာကြားနေပါတော့တယ်။ imageထိုအချိန်မှာဘဲ ဒိုင်လူကြီး၏ အသံက လော်စပီကာနဲ့အတူထွက်ပေါ်လာသည်မှာ
“ရှေ့မှ မတ်တပ်ရပ်ကြည့်နေသူများ ကျေးဇူးပြုပြီးထိုင်ကြည့်ကြပါခင်ဗျား ၊ နောက်မှကြည့်နေသူများ မမြင်ရပါသဖြင့် ထိုင်ကြည့်ကြပါ”ဆိုပြီးထွက်ပေါ်လာတော့ ကျွန်တော်အတွေးတစ်ခုတွေးမိတာက “အော် လူတွေ လူတွေ တော်တော်လည်း ပြောရတဲ့လူတွေဘဲ ကိုယ့်အသိစိတ်နဲ့ကို ဘာလို့ မဆင်ကြတာလဲ”ဆိုပြီး တစ်ခေါက်တော့ တွေးဖြစ်ပါသေးတယ်။ဒီလိုနဲ့ကျွန်တော်လည်း အတော်လေးအားပေးပြီးနောက် နေ့လည်ဘက်မှာ အိမ်သို့ ပြန်လာခဲ့ကြပါတော့တယ်။ကျွန်တော်တို့လားရာလမ်းတွင် ရွှေဥာဏ်တော်စူးရှတဲ့ လူတစ်စုရဲ့ ဆိုင်ပြောင်းရွှေ့နေပုံတစ်ခုကိုလည်း မြင်တွေ့ခဲ့ရပါတယ်ဗျ။သူတို့က ထော်လာဂျီပေါ်မှာ ဆိုင်ကို အလုံးလိုက် မတင်လာကြတာဗျ။ imageကျွန်တော်လည်း တော်တော်ကို သဘောကျပြီး ဓါတ်ပုံရိုက်ထားလိုက်ပါတော့တယ်။
နောက်နေ့ရုံးပြန်တက်ရတဲ့အခါမှာ ဘုရားပွဲကျင်းပသော ရွာမှ လုပ်ဖော်ကိုင်ဖက်ညီငယ်လေးက ကျွန်တော်တို့အား ဘုရားပွဲလာဖို့ဖိတ်ခေါ်ပါတယ်ဗျ။ဒီလိုနဲ့ ညနေရုံးဆင်းတော့ သူနဲ့အတူ ပွဲဈေးပတ်ရန် ကျွန်တော်နဲ့ ကျွန်တော့ဆရာလိုက်သွားကြပါတော့တယ်။ရုံးကလည်းအလုပ်ပြီးတာနောက်ကျတော့ ၇ နာရီလောက်အချိန်မှဘဲ ကျွန်တော်တို့ သွားဖြစ်ကြတယ်ဗျ။ပွဲကပျော်ပွဲရွှင်ပွဲများအဖြစ် ဇာတ်ပွဲများစည်ကားစွာ ပြုလုပ်ကျင်းပနေသည်များကို တွေ့ရပါတယ်။ imageပွဲကို ရောက်ရောက်ချင်းမှာဘဲ သူတို့ရွာမှ လူပျိုအပျိုများရန်ပုံငွေရှာဖွေနေသော ကံစမ်းမဲလက်မှတ်များရောင်းရာ မဏ္ဏပ်ကို စတင်တွေ့ရှိရပါတယ်ဗျ။ imageကျွန်တော်တို့လည်း ကံစမ်းမဲလက်မှတ်များ ၀ယ်ယူအားပေးပြီးကံစမ်းကြတာပေါ့။ကံကောင်းချက်ကတော့ ကျွန်တော်တို့ ၀ယ်ယူအားပေးသောလက်မှတ်များထဲမှ တစ်စောင်မှမပေါက်ပါဘူးဗျာ။ဒီလိုနဲ့ကျွန်တော်လည်း နောက်နေရာများသို့ သွားရောက်ကြည့်ကြမယ်ဆိုပြီး ထိုမှထွက်လာကြတာပေါ့။အဲမှာဘဲ လောင်းကစားဝိုင်းမျိုးစုံကိုလည်းထပ်မံတွေ့ရှိရပါတော့တယ်။ image

image
နောက်တစ်နေရာမှာတော့ အချိုရည်ဘူးများ ၊ ဘီယာဘူးများကို တန်းပေါ်တင်ထားပြီး ဘောလုံးတွေပစ်ပေါက်ရတဲ့ ကစားနည်းကိုကျွန်တော်တို့ ၀င်ရောက်ကစားကြည့်ကြပါတယ်ဗျ။ imageဒီတစ်ခါတော့ ကံကောင်းတယ်ဗျ ကျွန်တော်တို့ အချိုရည်နှစ်ဘူးနဲ့ ဘီယာတစ်ဘူးရလာတယ်ဗျ။ထိုမှတစ်ဆင့် ပြန်ထွက်လာကြပြီး image

imageမုန့်ဆိုင်တန်းများဘက်သို့ထွက်လာပြီး ကျွန်တော်တို့ အဆင်ပြေ အသုတ်များစားကြပါတယ်ဗျ။ imageစားသောက်ပြီးတဲ့နောက် ကျွန်တော်တို့လည်း နောက်ထပ်တစ်ပတ်လောက်ပတ်ပြီး ပြန်လာခဲ့ကြပါတော့တယ်။ရွာရဲ့ဘုရားကတော့ ရာသီဥတုက သာယာသွားပြီဆိုတော့ တော်တော်ကလေးစည်ကားနေပါတော့ဗျ။ imageကျွန်တော်တို့လည်း အိမ်ပြန်ချိန်နောက်ကျမှာစိုးလို့ ပြန်လာခဲ့ကြပါတော့တယ်ဗျ။
စာဖတ်သူပရိသတ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာလို့ လိုအင်ဆန္ဒများပြည့်စုံနိုင်ကြပါစေဗျာ။တင်ပြခဲ့သည်များ လိုအပ်ချက်ရှိသွားခဲ့ရင်လည်း နားလည်ပေးကြပါလို့ တောင်းဆိုပါရစေဗျ။
အားလုံးကို ကျေးဇူးတင်လျှက်-
Writter@theinzawlin
MSC No.128

Sort:  

V 100% $0.070 > V n C Done, @poe/thi

thanks poe family

thanks @ko nannhtike

ကျေးဇူးပါဗျ အစ်ကို

ပျော်​စရာပါ

တကယ်လားဗျ ကျေးဇူးတင်ပါတယ်ဗျ @kotint

ဘုရားပွဲထဲ​ရောက်​သွားသလိုပါဘဲဗျာ

အတူတူသွားဖြစ်ခဲ့တဲ့အတွက် ကျေးဇူးပါဗျ

ဖတ်​လို့​ကောင်းပါတယ်

အခုလိုမျိုး အားပေးတဲ့အတွက် ကျေးဇူးပါဗျ

ရွာဘုရားပွဲတွေသတိရတယ်ဗျာ

ဟုတ်ကဲ့ အစ်ကို ကျေးဇူးပါဗျ

ပျော်စရာ ကောင်းတာကွယ် အလည်ခေါ်ပါအုံး😁😁

အားရင်လာလည်ပါဦးလို့ ဖိတ်ခေါ်ပါရစေ အစ်မ

Coin Marketplace

STEEM 0.27
TRX 0.11
JST 0.030
BTC 67700.29
ETH 3795.87
USDT 1.00
SBD 3.50