ကျွန်တော်နှင့်အားလပ်ရက်

in #myanmar6 years ago

မင်္ဂလာပါ Steemit မှ မိတ်ဆွေများ ၊ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့ ဦးစွာ နှုတ်ဆက်ဂါရ၀ပြုပါရစေ။
ဒီတစ်ပတ်ကတော့ ကျွန်တော့ရဲ့အားလပ်ရက်က သွားရောက်ခဲ့သော ခရီးစဉ်များအကြောင်းနှင့် သဘာဝမြင်ကွင်းများကို Steemit မှ ညီအစ်ကိုမောင်နှမများအားဝေမျှချင်ပါတယ်။ကျွန်တော်ဒီခရီးသွားရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားခြင်းတော့မရှိခဲ့ပါ။ကျွန်တော်လည်း မထင်မှတ်ဘဲ ဤခရီးကိုသွားဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

MYR_RGN-Modern-Tea-Shop-7.jpg

Image Credit Source

ကျွန်တော်တို့ရုံးမှလုပ်ဖော်ကိုင်ဖက်များနှင့် မနက်စောစောရုံးချိန်မတိုင်မီ လဘက်ရည်ဆိုင်တွင် နေ့တိုင်းဆိုင်ထိုင်သွားလေ့ရှိကြပါသည်။ထိုနေ့ကတော့ ကျွန်တော်တို့ဝန်ထမ်းတွေအတွက် ရက်သတ္တပတ်နောက်ဆုံးရုံးတက်ရက်ဖြစ်သော သောကြာနေ့တွင် ကျွန်တော်နှင့်ရုံးမှဒရိုင်ဘာညီလေးတို့နှစ်ယောက်က လဘက်ရည်ဆိုင်သို့ အခြားသူတွေထက်ဦးစွာရောက်နှင့်နေခဲ့ကြပါတော့သည်။ကျွန်တော်တို့လည်း စားစရာများမှာယူစားသောက်ရင်း အခြားသူများရောက်လာမည့်အချိန်ကို စောင့်ဆိုင်းကာ စားသောက်နေကြပါတော့သည်။ကျွန်တော်နှင့်ကားဆရာညီလေးတို့ ဟိုပြောဒီပြောဖြင့် ထိုင်ပြောနေကြရင်း ကားဆရာညီလေးက “မနက်ဖြန်ကျွန်တော်တို့ခရီးသွားမယ် ၊ အစ်ကိုလည်းလိုက်ခဲ့ပါလား” ဆိုလာတော့ ခရီးသွားရခြင်းကိုအလွန်နှစ်သက်ခုံမင်တတ်သော ကျွန်တော်ကငြင်းဆိုဖို့ဆန္ဒကို ဘယ်မှာများသွားထားလိုက်မိသလဲတော့ မသိဖြစ်ခဲ့ရပါတော့သည်။

inline_image_preview.jpg

Image Credit Source

ကျွန်တော်ကတကယ်တော့ ရုံးပိတ်ရက်တွင် အိမ်တွင်လုပ်စရာများလည်းရှိနေခဲ့ပါသည်။သွားကြမည့် ခရီးကိုလည်း လိုက်ချင်နေခဲ့တော့ ကျွန်တော်ဆုံးဖြတ်ရခက်နေပါတော့သည်။ကားဆရာညီလေးကလည်း “အစ်ကိုရယ် လိုက်ခဲ့ပါဗျာ ၊ အစ်ကိုပါလာတော့ ကျွန်တော်လည်းမပျင်းတော့ဘူး” ဟုဆိုကာ အကြိမ်ကြိမ်ထပ်ကာပြောနေပါတော့သည်။ကျွန်တော့ကို လိုက်ခဲ့ပါဟုသာ ခေါ်နေတာ ဘယ်ကိုသွားမလဲဆိုတာကိုတော့ သူမပြောသေးတော့ ၊ ကျွန်တော်လည်းလုပ်စရာများလည်းရှိနေတော့ မလိုက်တော့ပါဘူးဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတော့သည်။ကျွန်တော်ပြတ်ပြတ်သားသားငြင်းလိုက်တော့မှ ကားသမားလေးက “အစ်ကိုရယ်ကျွန်တော်တို့က ဘယ်ကိုသွားကြမှာ” ဟုဆိုလာပြန်တော့ ကျွန်တော့ရဲ့ခရီးသွားချင်စိတ်တွေ ရွပိုးထိုးလာပါတော့တယ်။
သူတို့သွားကြမည့်နေရာကို ကျွန်တော်လည်းပြန်လည်စိတ်ဝင်စားလာကာ ဘယ်သူတွေနဲ့သွားကြမှာလဲမေးကြည့်တော့မှ ရုံးကလူကြီးတွေနဲ့ဆိုတော့ ကျွန်တော်စဉ်းစားရပြန်ပါသည်။ကျွန်တော်တို့အထက်က လူကြီးတွေက ကျွန်တော်နှင့်ဆိုလျှင်ညီအစ်ကိုလိုပေါင်းသင်းကြတာဖြစ်ပြီး ဘာလို့ကျွန်တော့ကိုသူတို့မပြောကြတာလဲဆိုကာ ကျွန်တော်လည်းနည်းနည်းတော့ စိတ်ထဲမကျေနပ်ကာ “မလိုက်တော့ဘူးကွာ” ဆိုပြီးပြောချလိုက်ပါတော့သည်။ကားဆရာကလည်း ဘာလို့မလိုက်တာလဲ ၊ ဘာညာသလကာမေးနေပြန်တော့ အခက်တွေ့ရပြန်သည်။သူ့မေးခွန်းတွေကို နောက်မှဖြေဖို့ ကျွန်တော်စဉ်းစားလိုက်ကာ ကျွန်တော့ရုံးမှလူကြီးလည်း ရောက်လာတော့ ကျွန်တော်လည်းမဖြေဘဲနေလိုက်ပါတော့သည်။
ကျွန်တော်လည်း ထိုကိစ္စကိုမသိချင်ယောင်ဆောင်ကာ လဘက်ရည်ကိုဘဲအေးအေးဆေးဆေးသောက်ကာ စကားထိုင်ပြောနေကြပါတော့သည်။ကျွန်တော့ရဲ့ဆရာသမားကလည်း ခရီးသွားမည့်အကြောင်းတစ်ခွန်းလေးပင် မဟတော့ ကျွန်တော်လည်း စိတ်ထဲတော့အတော်ကလေးစဉ်းစားနေခဲ့ပါတော့သည်။ဆရာသမားကလည်း သစ္စာရှိပါသည်။လုံးဝကိုတစ်ခွန်းပင် မဟလာခဲ့ပါ။ဒီလိုနဲ့ကျွန်တော်တို့လည်း ရုံးချိန်နီးလာတော့ ကျသင့်ငွေများကို ရှင်းကာပြန်လာကြပါတော့သည်။

613660918.jpg

Image Credit Source

အလုပ်စတင်လုပ်ကတည်းက ကျွန်တော်လည်းဆရာသမားကိုသိပ်တော့မကြည်တော့ပါ။ကျွန်တော့ကို ကားသမားလေးက ခရီးသွားမည့်အကြောင်းတွေပြောထားရက်သားနဲ့ ၊ ဆရာသမားကဘာလို့မပြောတာလဲ။နောက်ဆုံးတော့ ကျွန်တော်အတွေးတစ်ခုခေါင်းထဲ ၀င်လာခဲ့ပါသည်။ဝင်လာခဲ့သောအတွေးက ကောင်းသောအတွေးမဟုတ်ပါ။မကောင်းသောဘက်မှ တွေးလိုက်ခြင်းသာဖြစ်ပါသည်။သူတို့ဘာအတွက် သွားကြတာလဲတော့ ကျွန်တော်မသိ ၊ ကျွန်တော့ကို ခေါ်လို့မရလို့ဘဲဖြစ်မှာပါဟု တွေးလိုက်ပါတော့သည်။သို့ပေမယ့်လည်း ကျွန်တော့ရဲ့ ခရီးသွားချင်တဲ့ရွပိုးက ပိုမိုလှုပ်ရှားနေခဲ့ပါတော့သည်။ကျွန်တော်ဆရာသမားကို မေးလိုက်ရမလား ၊ မမေးဘဲနေလိုက်ရမလားဖြင့် နေလာခဲ့သည်မှာ နေ့တစ်ဝက်ပင်ကျိုးသွားခဲ့ရပါတော့သည်။
စိတ်ကခရီးသွားချင်စိတ်တွေဖြစ်နေတော့ ဆရာသမားကိုလည်း စိတ်ကမကြည်တော့ပေ။သူအချိန်မှီခေါ်လျှင်ခေါ် မခေါ်လျှင်တော့ ကျွန်တော်နှင့်တွေ့ဖို့ကြုံးဝါးနေပါတော့သည်။လူ့စိတ်ဆိုတာလည်း ဒီလိုပါဘဲ ၊ ဘယ်လောက်ဘဲကိုယ့်အပေါ်မှာ ကောင်းခဲ့ကောင်းခဲ့ တစ်ခါလောက်မကောင်းသလိုနေလိုက်မိတာနဲ့ စိတ်ဆိုးကာကြုံးဝါးနေတော့သည်။ကျွန်တော့စိတ်ထဲကတော့ ကျွန်တော့ကိုသာ ဒီခရီးကိုမခေါ်ခဲ့ရင် ဆရာသမားကိုလည်း ကျွန်တော်ဘယ်ကိုသွားသွား မခေါ်တော့ဟု တစ်ယောက်တည်းစိတ်ဆိုးကာပြောနေပါတော့သည်။
ဆရာသမားက ရုံးပိတ်ရက်တွေဆိုလျှင် တစ်နေရာမဟုတ် တစ်နေရာသို့ အမြဲသွားနေကျ။ဆရာသမားက ရန်ကုန်ကနယ်ပြောင်းရောက်လာတာဆိုတော့ နယ်မြို့လေးမှာ သူပျင်းနေမှာစိုးလို့ ကျွန်တော်တို့က ဒီအတိုင်းလျှောက်သွားနေလေ့ရှိကြသည်။ဆရာသမားကလည်း သွားလာနေရမှ နေလို့ထိုင်လို့ကောင်းပုံရပါသည်။မသွားဖြစ်တဲ့ အပတ်တွေမှာဆိုရင် သူတစ်ယောက်တည်းအဆောင်မှာ ဘယ်လောက်ပျင်းကြောင်း ၊ မင်းတို့ငါ့ကိုပစ်ထားကြကြောင်းဖြင့် အမျိုးမျိုးပြောနေပါတော့သည်။ကျွန်တော်တို့လည်း သူပျင်းနေမှာစိုးလို့ဆိုပြီး ကျောက်ဖြူကမ်းခြေသွားကြသည်မှာလည်း ခြေရာချင်းတောင် ထပ်နေပေတော့မည်။ကမ်းခြေသွားလိုက် ၊ မြို့ပေါ်မှာရှိတဲ့ ဘုရားတွေသွားလိုက်နဲ့ မကြာကြာသွားဖြစ်နေကြပါတော့သည်။

depositphotos_61049005-stock-illustration-two-cartoon-boys-talking.jpg

Image Credit Source

ကျွန်တော်လည်း တစ်ခါတစ်ခါတော့ စဉ်းစားမိခဲ့ပါသည်။ကျွန်တော့ဆရာသမားကို ကျွန်တော်တို့မြို့က ရုပ်ရည်အသင့်အတင့်ရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့များ ပေးစားလိုက်ရမလား ၊ ဒါမှလည်း ကျွန်တော်တို့အေးချမ်းတော့မည်။ဒီလိုသာမလုပ်နိုင်ရင်တော့ သူပျင်းတယ် ၊ ရန်ကုန်ကိုပြန်ချင်တယ်ဆိုတာကြီးက မကြားချင်မှအဆုံး နေ့တိုင်းရွတ်နေပါတော့သည်။ထို့ကြောင့်လည်း ဒီလောက်အတွဲညီနေတဲ့ ကျွန်တော့ကိုတောင် မခေါ်ရကောင်းလားဆိုကာ ကျွန်တော်လည်း ပြန်လည်ကြုံးဝါးနေခဲ့ပြီ။ဆရာသမားကတော့ ကျွန်တော်မကျေမနပ်ဖြစ်နေသည်ကို သတိထားမိပုံတော့မရခဲ့ပါ။နေ့တစ်ဝက်ကျိုးလို့ ညနေလောက်ကိုရောက်တော့မှ ကောင်လေးမနက်ဖြန် အစ်ကိုတို့ ခရီးသွားကြမယ်ဟုဆိုလာခဲ့ပါတော့သည်။ပျော်လိုက်တယ်ဖြစ်ခြင်း။ကျွန်တော်လည်းဘယ်ရမလဲ မသိချင်ဟန်ဆောင်ကာ မလိုက်တော့ပါဘူးဆိုကာ ချက်ချင်းငြင်းပါတော့သည်။တကယ်တမ်းတော့ သွားချင်နေတာက ဟိုဘက်ကမ်းကိုပင်လွန်နေခဲ့ပါတော့သည်။

accuracy.jpg

Image Credit Source

ဆရာသမားခမျာလည်း လိုက်ခဲ့ဖို့ကိုအကြိမ်ကြိမ်ထပ်မံပြောနေတော့ ကျွန်တော်ကအားနာပါနာဖြင့်ဘဲ လိုက်ရတော့မလိုပြောကာ သွားကြဖို့ဆုံးဖြတ်ခဲ့ကြပါတော့သည်။
ကျွန်တော်တို့ ဘယ်ကိုခရီးသွားကြမည်ဆိုသည်ကိုတော့ နောက်လာမည့် Post တွင် ဖတ်ရှုကြပါဦးလို့ပြောကြားရင်းခေတ္တနိဂုံးချုပ်ပါရစေ။
စာဖတ်သူ မိတ်ဆွေ ၊ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဆုတောင်းလိုက်ပါရစေ။

Writter @theinzawlin
MSC - 128

Sort:  

ရခိုင်ဘက်ဆိုတော့ ငပလီလား KTရေ

ပညာရှိဆိုတာ ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနဲ့ သိတယ်နော် ဆရာ

ခရီးတော့ အထမြောက်သွားပြီပေါ့

ဆုံးဖြတ်ချက်တော့ချလိုက်ပါပြီဗျ

ခရီးသွားမှတ်‌တမ်း‌လေး ‌စောင့်‌‌မျှော်‌‌နေပါမယ်‌ညီ။

ဟုတ်ကဲ့ပါအစ်ကို ဆက်လက်ရေးသားဖော်ပြပါမည်ဗျ

bro ဆရာသမားကို မိန်းမပေးစားလိုက်ပါတော့

ဟီး

တကယ်ပေးစားလိုက်ရတော့မယ်ဗျ

လူ့စိတ်ဆိုတာ အခက်သားနော်
တောင်းပန်တဲ့လူအပေါ် ထပ်စိတ်ဆိုးပြလိုက်ရမှ နေသာထိုင်သာရှိတဲ့အမျိုး😂

အမှန်ပါဘဲ ညီရယ် တကယ်ဆိုဘာမှမဟုတ်တာလေးပါ

အကြံအစည်တစ်ခုခု တော့ရှိရမယ် 😆😆

မရှိရပါဘူးဗျာ

"အစ်ကိုပါတော့ ကျွန်တော်တို့လည်းမပြင်းတော့ဘူးပေါ့"
ဆိုတော့ ငါ့ညီကလူရွှင်တော်မို့လို့လား

ကျွန်တော်ပါတော့ သူလည်းစကားပြောဖော်ရသွားလို့ပါ ကျန်တဲ့လူတွေက အကြီးဆိုတော့ သူ့မှာထိန်းနေရလို့ပါ အစ်ကို

စိတ်​၀င်​စားစရာဘဲ...ဘယ်​ကိုခရီးသွားကြမယ်​ဆိုတာ...ဖတ်​ဖို့​စောင့်​​နေပါ့မယ်

ဟုတ်ကဲ့ပါ အစ်မ ဆက်လက်ရေးသားဖော်ပြပါမည်

ဆက်​လက်​ဖတ်​ရှူ့ရန်​​စောင့်​​မျှော်​​နေပါတယ်​ရှင်​။

ကျေးဇူးတင်ပါတယ် အစ်မ ဆက်လက်ဖတ်ရှုပေးပါဦးဗျ

ဘုရားဖူးလား အစ်ကို

ဟုတ်အစ်မ ဘုရာလည်းဖူးခဲ့ပါတယ်ဗျ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87