ကျွန်တော်၏ အတွေးအမြင်လေးများ

in #myanmar8 years ago

မင်္ဂလာပါ Steemit မှ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု ဦးစွာနှုတ်ဆက်ဂါရ၀ပြုပါရစေ။
images.png

Image Credit-Original Source

တစ်နေ့သော ညနေခင်းတွင် လူငယ်လေး(၂)ယောက် လမ်းဘေးနားတွင်ဆိုင်ကယ်ကိုရပ်ကာ မြန်မာဘီယာပုလင်းကလေးကိုယ်စီမော့လျက်။အချိန်အားဖြင့် ညနေ(၆း၃၀)မိနစ်ခန့်ရှိလေပြီ။သူတို့နှစ်ယောက်က ဘီယာမော့သောက်လိုက် စကားလေးပြောလိုက်နဲ့။တစ်ခေါက်တစ်ခေါက် လမ်းသွားလမ်းလာ မိန်းကလေးများကို ရိသဲ့သဲ့စနောက်လိုက်ဖြင့် အတော်ကလေးအဆင်ပြေနေဟန်ရှိနေပါသည်။သူတို့နှစ်ယောက်ကိုကြည့်ရတာ သိပ်တော့သဘောမတွေ့လှပါ။သို့ပေမယ့်လည်း ကျွန်တော်ဘာမှ မတတ်နိုင်ခဲ့ပါ။
ယခုခေတ်လူငယ်တွေက သူတို့အချိန်အခါနဲ့သူတို့ ခေတ်မှီလာတယ်ပြောရမလား။တိုးတက်လာတယ်လို့ဘဲပြောရမလား။ကျွန်တော်လည်း သေသေချာချာတော့ မတွေးတတ်ခဲ့ပါ။သို့ပေမယ့်လည်း ကျွန်တော့စိတ်ထဲမှာ အတွေးများစွာကတော့ ပြည့်နှက်နေခဲ့ပါသည်။ခေတ်မှီလာတယ် တိုးတက်လာတာတွေကလည်းကောင်းသောဘက်မှ တိုးတက်လာခြင်းများမဟုတ်ကြပေ။ခေတ်မှီလာတယ်ဆိုရအောင်လည်း တစ်ခြားသောသူတွေကိုဘဲ သူတို့နည်းတူ လမ်းဘေးမှာအဲလိုမျိုးသောက်တာတွေ မြင်ဖူးလို့လား။ထိုသို့မြင်ဖူးရုံနဲ့ကော သူတို့ဘာလို့လိုက်သောက်ကြသလဲ။သူတို့၏ ပတ်ဝန်းကျင်အနေအထားကြောင့်ဘဲ ဤလိုမျိုးပြုမူနေထိုင်ကြခြင်းလား။အစရှိသဖြင့်တွေးစရာများစွာဖြင့် ရှုပ်ထွေးနေပါတော့သည်။
IMG_20180423_175214.JPG
Image Credit-Original Source

ထိုလူငယ်များသည် ယခုလိုမူးယစ်သောက်စားမည်ဆိုပါကလည်း ဆိုင်တွေမှာအေးဆေးစွာကော သောက်လို့မရပေဘူးလား။ယခုလိုအများပြည်သူတွေ သွားလာနေကြတဲ့လမ်းဘေးတွင် ဘာလို့သောက်ကြသလဲ။သူတို့သောက်စားကာ လမ်းသွားလမ်းလာ မိန်းကလေးတွေကို လိုက်ကာစနောက်နေခြင်းကတော့ မြင်ရသူများအဖို့ လုံးဝလက်သင့်ခံနိုင်စရာအကြောင်းမရှိခဲ့ပါ။မမြင်ချင်လို့ သွားပြောပြန်ရင်လည်း အလကားနေရင်း ပြသနာကို ဖိတ်ခေါ်သလိုဖြစ်သွားနိုင်သည်။ကျွန်တော်လည်း မတတ်သာတဲ့အဆုံးမှာ အပြစ်တင်မိသည်က သူတို့၏ဆုံးမအုပ်ထိန်းသူများကိုသာ။
သူတို့မိဘတွေကကော သူတို့ယခုလိုမျိုးပြုကျင့်နေသည်ကို မသိတာလား ၊ ပြောဆိုဆုံးမ၍မရတာလား။ဒီလိုမျိုးအကြောင်းတရားတွေကြောင့်ဘဲ သားသမီးမကောင်းမိဘခေါင်း ဆိုတာတွေပေါ်ပေါက်လာခဲ့ရတာပေါ့။သူတို့ကတော့ လမ်းဘေးအရက်သောက်အဆင်ပြေနေသလောက် သူတို့နောက်ကွယ်ကမိသားစုတွေကကော သူတို့လိုအဆင်ပြေပါ့မလား။သူတို့ကတော့ ဖြစ်ချင်တိုင်းဖြစ်လို့ သူတို့ကိုသူတို့ ကုဋေများစွာချမ်းသာသော သူဌေးသားများသဖွယ်။ယခုလိုအဖြစ်အပျက်မျိုးတွေ မြန်မာနိုင်ငံအနှံ့ရှိနေလိမ့်မယ်လို့တော့ ကျွန်တော်ယုံကြည်မိခဲ့ပါသည်။မြန်မာလူငယ်တွေဘာကြောင့် ဒီလောက်တောင်ပျက်စီးနေကြပါလိမ့်။ထိုသို့ဖြစ်ပျက်နေခြင်းအား ကာကွယ်ရန်ကျွန်တော်တို့တွေမတတ်နိုင်တော့ဘူးလား။ကျွန်တော်တို့ ဒီအတိုင်းလက်ပိုက်ကြည့်နေရတော့မည်လား။မဟုတ်ပါ ကျွန်တော်တော့ လုံးဝလက်သင့်မခံချင်ပါ။
images.jpg
Image Credit-Original Source

ဤကဲ့သို့ကျွန်တော်တို့ မြန်မာလူငယ်တွေ ပျက်စီးနေခြင်းအား ပြန်လည်ကယ်ဆယ်ဖို့ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တကွ ပတ်ဝန်းကျင်ရှိပြည်သူများအားလုံး ပါဝင်ကူညီပါက ဖြစ်နိုင်လိမ့်မည်။ကျွန်တော်တို့ပြည်သူများက မြင်လာသမျှမြင်ကွင်းများအား အပွင့်လင်းဆုံးရိုးသားစွာ ပြောပြနိုင်ဖို့ သက်ဆိုင်ရာများမှ တာဝန်ယူဖြေရှင်းရပေလိမ့်မည်။အကယ်၍ပြည်သူများက သတင်းပေးပို့သော်လည်း သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းမှုမပေးနိုင်ပါက ပြည်သူများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ခက်ခဲသွားပါလိမ့်မည်။ကျွန်တော့အမြင်ကတော့ မြန်မာလူငယ်များ ပျက်စီးနေခြင်းမှာ သက်ဆိုင်ရာမှ ပြစ်ဒဏ်စီရင်ချက်များမှာ ပေါ့ပါးလွန်းသောကြောင့်ဟု ထင်မြင်မိပါသည်။
ကျွန်တော်တို့ မြန်မာပြည်အနှံ့တွင် လူငယ်များကျင်လည် ကျက်စားကြသည့်နေရာအများဆုံးမှာ ကွမ်းယာဆိုင်နှင့် အရက်ဆိုင်များပင်ဖြစ်လိမ့်မည်။မြန်မာလူငယ်များ ထိုမှတဆင့် မူးယစ်ဆေးဝါးများသုံးစွဲကာ ထင်တိုင်းပင်ရိုင်းစိုင်းလာသည်များကိုလည်း မကြားချင်မှအဆုံး ဖြစ်ပေလိမ့်မည်။ဤမျှပျက်စီးနေခြင်းအား တားမြစ်ဖို့အတွက် ရောင်းချသူများထက် သုံးစွဲသူများကို ပိုမိုထိရောက်စွာ အရေးယူသင့်သည်ဟု ထင်မြင်မိပါသည်။ယခုကျွန်တော်တို့မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူများကို အလွယ်တကူပင်တွေ့မြင်နိုင်ပါလိမ့်မည်။ဆယ်ကျော်သက် လူငယ်လေးများက ပိုမိုတွင်ကျယ်စွာ အသုံးပြုနေသည်ဟုလည်း ယူဆမိပါသည်။
မြို့နယ်တိုင်းတွင် ဖြစ်ပွားလျှက်ရှိသော ပြသနာအနည်းများသည် များသောအားဖြင့် မူးယစ်သောက်စားတတ်သောလူငယ်များ၏ အုပ်စုဖွဲ့မှုများကြောင့် ပိုမိုဖြစ်ပေါ်လျှက်ရှိသည်ဟုလည်း ထင်မြင်ယူဆမိပါသည်။ပြသနာများသည်လည်း မြန်မာပြည်အနှံ့တစ်နေ့တစ်မျိုးမရိုးရလေအောင်ပါဘဲ။ပြသနာများပပျောက်ကာ အေးချမ်းသော နိုင်ငံတော်ကြီးဖြစ်ဖို့အတွက် မူးယစ်ဆေးဝါးများ ပပျောက်မှဖြစ်ပေတော့မည်။သုံးစွဲသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ပါက သုံးစွဲသူများ နည်းသွားကာ ရောင်းချမှုများလည်းလျော့နည်းသွားပါလိမ့်မည်။ရောင်းချသူများမှာလည်း သုံးစွဲသူများမရှိပါက အလိုလိုရပ်တန့်သွားလိမ့်ဟု ယူဆမိပါသည်။ယခုအခါမှတော့ ရောင်းချသူများကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းမရှိသလို သုံးစွဲသူများကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းများ မတွေ့ရှိရပေ။ထို့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးသုံးစွဲကြရာတွင် အလွန်ပင်လွတ်လပ်သော နိုင်ငံတစ်ခုဖြစ်နေပြီဟု ထင်ယောင်မြင်မှားလာလေတော့သည်။
IMG_20180423_175149.JPG
Image Credit-Original Source

ကွမ်းယာဆိုင်နှင့် အရက်ဆိုင်များတွင် ဘယ်အချိန်ပင်ကြည့်ကြည့် လူငယ်လေးများဖြင့် ပြည့်နှက်နေလေ့ရှိပါသည်။အကယ်၍များ အရေးယူဆောင်ရွက်မည်ဆိုလျှင် အခြားနေရာများသို့ သွားရောက်စုံစမ်းရန်ပင်မလိုဘဲ ထိုနေရာများမှာပင် အဆင်ပြေနိုင်လိမ့်မည်ဟုထင်မြင်ယူဆမိသည်။လူငယ်လေးများသည် ညနေဘက်များတွင် သောက်စားမူးယစ်ပြီးအပြန် ကွမ်းယာဆိုင်များ ၊ ဘီယာဆိုင်များတွင် တစ်ယောက်နှင့်တစ်ယောက် ၀င်တိုက်မိသည်ကိုပင် သည်းခံနိုင်စွမ်းမရှိဘဲ အုပ်စုကောင်းရင်ကောင်းသလို ပြသနာလုပ်လိုကြသည်။ထို့ကြောင့် ညဘက်အချိန်များတွင် အရင်တုန်းကလိုမျိုး အများပြည်သူများ သွားလာလှုပ်ရှားမှုအရမ်းနည်းပါးသွားခဲ့ရပါတော့သည်။
မြန်မာလူငယ်များ၏ အကြောင်းမရှိအကြောင်းရှာ မိုက်ကြေးခွဲချင်သောစိတ်များကို သိရှိကြသဖြင့် ပြသနာကိုရှောင်ရှားကြသည်များလည်း ဖြစ်နိုင်ပေသည်။အများပြည်သူများ အရေးကြီး ကိစ္စများရှိသည်မှလွဲ၍ ကျန်သောအချိန်များတွင် ညဘက်သိပ်ထွက်လေ့မရှိတော့ပေ။ထို့ကြောင့်လည်းဘဲ နယ်မြို့လေးများမှာ နည်းနည်းလေး မှောင်ပြီဆိုလျှင်ဖြင့် လမ်းသွားလမ်းလာများပိုမိုနည်းပါးကာ တိတ်ဆိတ်လျှက်ရှိနေပါတော့သည်။မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့်တော့ ပိုမိုအကြိုက်တွေ့သော အနေအထားများပင်ဖြစ်နေပါတော့သည်။
IMG_20180423_175119.JPG
Image Credit-Original Source

ညဘက်အချိန်အခါများသည် သူတို့ပိုင်ဆိုင်သောအချိန်ကာလတစ်ခုပင် ဖြစ်လာခဲ့ရပါတော့သည်။မြန်မာလူငယ်များ၏ အတုယူမှားနေကြသော အယူအဆများကို ဖယ်ရှားနိုင်အောင် ပြည်သူများအနေဖြင့် ၀ိုင်းဝန်းဖြေရှင်းရပေလိမ့်မည်။ကိုယ့်သားသမီးမဟုတ် ကိုယ့်မိသားစုနဲ့ မဆိုင်ဟုထင်ကာ မသိသလိုရှောင်ဖယ်နေရန်မသင့်တော့သည့် အချိန်ဟုထင်မြင်မိပါသည်။မိမိ၏သားသမီးများကိုလည်ုး ကောင်းစွာနားလည်အောင်ပြောဆိုဆုံးမသင့်ပါသည်။အကယ်၍များမိမိ၏ သားသမီးများကို မဆုံးမဖြစ်သော်လည်း လမ်းမှားသို့ရောက်အောင်တိုက်တွန်းမှုများကိုဝေးဝေးကပင်ရှောင်ရှားသင့်ပေသည်။တစ်ချို့သောဆုံးမအုပ်ထိန်းသူများသည် သွန်သင်ဆုံးမမှုများမရှိသည့်အပြင် သူတို့၏ချစ်စိတ်များက သားသမီးများအလိုကိုလိုက်ကာ စိတ်တိုင်းကျလိုက်လျောနေကြခြင်းများမှာ သားသမီးများအား လမ်းမှားသို့ရောက်အောင် တိုက်တွန်းပို့ပေးသလိုဖြစ်နေသည်များကို သတိမထားမိသည်များလည်း ရှိကြပေလိမ့်မည်။
ထို့ကြောင့် ကျွန်တော်တို့၏ မြန်မာလူငယ်များပျက်စီးနေမှုများကိုဖြေရှင်း ကယ်တင်နိုင်ရန် အုပ်ထိန်းသူများနှင့် ဘေးပတ်ဝန်းကျင်ရှိပြည်သူများအားလုံး ပေါင်းစုကာ စုပေါင်းဖြေရှင်းပေးဖို့လိုအပ်ပေလိမ့်မည်။မြန်မာပြည်သူများ စုပေါင်းဖြေရှင်းမှ ပြန်လည်ကောင်းမွန်လာမည့် အနာဂါတ်သားကောင်းရတနာလေးများကို ယခုလိုမျိုးအခြေအနေများမှ အမြန်ဆုံးကယ်တင်ဖို့ရန် နည်းလမ်းကောင်းများပိုင်ဆိုင်နိုင်ကြပါစေဟု ဆုတောင်းရင်းကျွန်တော့်ရဲ့ အတွေးအမြင်လေးများကို ဤတွင်နိဂုံးချုပ်လိုက်ပါရစေ။
စာဖတ်သူ မိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟု တောင်းဆုပြုလျှက်-

Writter @ theinzawlin
MSC - 128

Sort:  

အဓိက က​တော့ ပတ်​ဝန်းကျင်​နဲ့ အတုယူမှားခြင်းပါ။ ကျွန်​​တော်​လည်း ဆယ်​​ကျော်​သက်​လူငယ်​တစ်​ဦးပါဘဲ ။သို့​သော်​ မူးယစ်​ယမ်းကား နှမချင်းမစာနာ ​ထောက်​ထားငဲ့ညှာမူမရှိ စသည့်​ ရုပ်​ပိုင်းဆိုင်​ရာ၊ စိတ်​ပိုင်းဆိုင်​ရာ ယုတ်​မာမူမျိုးမရှိပါ။ အထက်​ပါ​ပြောခဲ့သည့်​တိုင်း လူငယ်​များသည်​ အနာဂတ်​ခေါင်​​ဆောင်​များ ဖြစ့်​ရာ အုပ်​ထိန်းသူများအ​နေဖြင့်​ စခဲ့သည့်​နှင့်​ ဆုံးသည်​​တိုင်​​အောင်​ တာဝန်​ရှိပါသည်​။ ဖြစ်​လာ​တော့လည်း ​ရှောင်​ကျဉ်​​နေဘဲ သက်​ဆိုင်​ရာနှင့်​ ပြည်​သူများ အုပ်​ထိန်းသူများက ပူ​ပေါင်းပြီး ​ဖြေရှင်းလျှင်​ ​ကောင်းပါလိမ့်​မည်​။

အပေါင်းသင်းမှားရင်လည်း ကလေးတွေအတွက် ရင်လေးရတယ်

အကုန်ဝိုင်းဝန်း ပါဝင်ဆောင်ရွက်မှ အောင်မြင်မယ်လို့ယုံကြည်ပါတယ်ဗျ

လူငယ်တွေဟာ အနာဂတ်ခေါင်းဆောင်တွေပါ ခု ၁၀တန်း စာမေးပွဲကို တွေးခေါ်တတ်တဲ့ ပုံစံဖြစ်အောင် မေးခွန်းပြောင်းမယ်တဲ့ တကယ်က အငယ်ထဲက တွေးခေါ်တတ်အောင် သင်ပေကြရမာမလားဟင် လူငယ်တွေ မပျက်စီးရအောင် ဆရာ မိဘ ဟန်ချက်ညီညီ ထိန်းကျောင်းကြရမယ်😊

အားလုံး ဝိုင်းဝန်းပါဝင်လုပ်ဆောင်သင့်တာပေါ့နော် မမ

လူငယ်တွေအသိတရားရှိဖို့စာများများဖတ်ဖို့လိုပါပြီ

လူငယ်တွေ စာဖတ်သင့်တာတော့အမှန်ပါ ဆရာ

ညီကတော့ ပညာမဲ့တွေများလာတာကိုဘဲ အပြစ်ပြေးမြင်မိတယ်ဗျာ
ပညာမဲ့သူအချင်းချင်းလက်ထပ်ပီးရလာတဲ့ကလေးအများစုကတော့ မိုက်ေ ကြးခွဲပြီး တစ်ခုခုဆို အင်အားသုံးဖြေရှင်းတဲ့တောတွင်းဥပဒေကို လက်စွဲနေ
ကြသရွေ့
လူပျက်တွေပေါများနေအုံးမှာဘဲဗျာ
ပညာမဲ့တော့ဆန္ဒကို သိက္ခာနဲ့ထိန်းရမှန်းမသိ
ဆန္ဒကိုဦးစားပေးနေကျလို့
မိန်းမပျိုတွေဘဝကို စိုးရွံ့မိတယ်
ပညာမဲ့တစ်ယောက်ရွဲဖျက်စီးခြင်းခံရတဲ့ပညာတတ်
နိုင်ငံတော်အတွက်အရှံကြီးပေါ့ဗျာ
ပညာမဲ့တွေပေါများနေတာကို ထိန်းချုပ်စေချငိတယ်ဗျာ

ထိန်းချုပ်နိုင်ဖို့ တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင် ကြရမှာပေါ့ဗျာ ဟုတ်ဘူးလား

ကျမရဲ့အမြင်ကိုပွင့်လင်းစွာချပြရရင်...ခေတ်နဲ့စနစ်..စနစ်ကိုကိုင်တွယ်ဖေါ်ဆောင်သောလူများ၏အားနည်းချက်။
ယနေ့လူငယ်..နောင်ဝယ်လူကြီး၊လူငယ်သည်တိုင်းပြည်၏
အနာဂါတ်..။ဆိုတော့..လူကြီးဖြစ်လာမဲ့လူငယ်တွေသည်ဒီလောက်စာရိတ္တချို့ယွင်းနေလေသော်..တိုင်းပြည်၏အနာဂါတ်ဆိုတာ...ကောင်း၏မကောင်း၏ကိုမှန်းဆလို့ရပါတယ်။ဘာဖြစ်လို့လဲ...စာမဖတ်ကြလို့ပါလို့..ပထမဆုံးဖြေမယ်
ဆိုရင်..ရီကြမယ်ထင်ပါတယ်။အဲဒီပထမဆုံးအဖြေက..အရေးကြီးဆုံးပါ။စာမဖတ်တော့..အသိဥာဏ်..ဗဟုသုတနည်းပါး..။ဒီတော့..ပြောသမျှယုံ..လုပ်သမျှခံ။လူတွေတုံးလေ..
အာဏာဆိုးသက်တမ်းရှည်လေပါဘဲ။တရားသဖြင့်..မတရားသဖြင့်ဆိုတာ..လုပ်ကိုင်ဆောင်ရွက်သူရဲ့အသိဥာဏ်အပေါ်မှာ..အများကြီးမူတည်ပါတယ်လို့..ပဏာမစကားအနည်းငယ်ပြောပါရစေ။

စာဖတ်ခြင်းကို အလိုမရှိဘဲ လမ်းသလားခြင်းကိုသာ အတုယူခုံမင်သူတွေများလာကြလို့ပေါ့နော် အန်တီ

အမှန်အကန်ပါ။ဒါကြောင့်မို့စတီးမစ်မှာအန်တီဝင်လာတာပေါ့။စာဖတ်ရမယ်..ရေးရမယ်ဆိုတဲ့စည်းကမ်းချက်ကို
ကြိုက်လို့။အဲဒီအတွက်လည်း..တန်ရာတန်ကြေးလေးနဲ့လည်းပြန်အကျိုးပြုထားတာကိုက..လူငယ်တွေအတွက်မျှော်လင့်ချက်ကိုဖြည့်ပေးထားတယ်။ဒီထက်အရေးကြီးတဲ့..အကျိုးတရားကြီးက..စာဖတ်ခြင်း..စာရေးခြင်းဖြင့်..အသိဥာဏ်ဗဟုသုတတွေ.တိုးပွားလာခြင်းဖြင့်..ကာယကံရှင်ရဲ့ဘဝ..မိသားစု..ပတ်ဝန်းကျင်..နောက်ဆုံး..တိုင်းပြည်..တိုး
တက်လာမယ်..လာမဲ့..တချိန်ချိန်ကာလများမှာပေါ့။

ခုလူငယ်လေးတွေကိုက ဆိုးပါတယ်ဗျာ😂😂

ဆိုးတယ်ဆို လက်လန်စရာတွေပါ အစ်ကိုရယ်

ကလေးတွေအထူးဂရုစိုက်ရအုန်းမယ်ဗျာ

တကယ်ကို ဂရုစိုက်ရပါမယ် ကိုသာအေးရယ်

You got a 50% upvote from @aungzawhtwe courtesy of @theinzawlin ! its cool fee free.

thanks @Ko Htwe so much

ခုခေတ်လူငယ်တွေအများစုကတော့ အရွယ်လေးတောင်မရောက်သေးဘူး အသောက်အစားတွေ လိုက်စားနေကြတယ်ညီရေ

အစ်ကိုရယ် ဒါတွေကိုဘဲ သူတို့က ပြိုင်ဆိုင်နေကြတာဗျ

တားဆီး​ပေးနိုင်​ရင်​​တော့ အ​ကောင်းဆုံး​ပေါ့
ကား​ပေါ်တွင်​ အရက်​သမား​တွေ လာစီးရင်​ ခရီးသည်​​တွေ အလွန်​ စိတ်​ပျက်​ရတယ်
လူလူချင်းဆို​တော့ ကားဆရာမှာ မတင်​ရင်​လဲမ​ကောင်းဘူး​ပေါ့ ဘယ်​​နေရာဖြင့်​ဖြင့်​ မူးယစ်​သမား​တွေ​လျော့နည်း ပ​ပျောက်​​အောင်​ လုပ်​​ပေးနိုင်​ရန်​​တော့အ​ကောင်းဆုံး​ပေါ့

သူတို့ကြောင့်ဘေးပတ်ဝန်းကျင်ပါ ထိခိုက်ရတာပေါ့ဗျာ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 62690.84
ETH 1772.84
USDT 1.00
SBD 0.39