အားလပ်ရက် (၅)

in #myanmar6 years ago

ဒီလိုနဲ့ကျွန်တော် ခရီးဆက်လာခဲ့ရာ လမ်းခရီးတစ်ဝက်၌ခေတ္တနားကြပါတော့တယ်။ကျွန်တော်တို့ခေတ္တနားခိုရာနေရာလေးသည် တောင်ခြေလျောလေးမှာ တဲကလေးတစ်လုံးဆောက်လုပ်ထားပြီး အလုပ်လုပ်သူများ နေထိုင်ကြသောနေရာလေးဖြစ်ပါတယ်။ထိုနေရာလေးက တောသဘာဝအလှကို တကယ်ထပ်ဟပ်စေသောနေရာလေးတစ်ခုပါ။ထိုတဲကလေးသို့မရောက်မီ ဆိုင်ကယ်များကို ရပ်ပြီး ငှားလာသော ဆိုင်ကယ်များကိုပြန်လွှတ်၍ လယ်ကွင်းများကိုဖြတ်ကာလမ်းနည်းနည်းလေး လမ်းထပ်လျှောက်ရပြန်တယ်။လယ်ကွင်းကလေးများမှာ စပါးရိတ်သိမ်းပြီးဖြစ်သဖြင့် ကောက်ရိုးပြတ်ကလေးတွေအကြား လူသွားလမ်းများထင်းနေပြီဖြစ်သော မြေသားလမ်းကလေးအတိုင်းလျှောက်လာရခြင်းပါ။
IMG_20180224_152540.jpg
လူသွားလမ်းရဲ့ မလှမ်းမကမ်းတွင် စိမ်းစိုနေသော ငရုတ်ခင်းလေးတစ်ခုအား မြင်တွေ့ခဲ့ရပြန်တယ်။စိမ်းစိုလန်းဆန်းနေသော ငရုတ်ခင်းလေးကိုမြင်ရချိန်မှာတော့ တောသဘာဝရဲ့ အေးချမ်းတဲ့အရိပ်အယောင်တွေကို ရင်ထဲမှာကိန်းအောင်လာခဲ့ကြပြန်ပြီပေါ့။အေးချမ်းလိုက်တာဗျာ လူတွေတိတ်ဆိတ်နေတဲ့ ဒီလိုနေရာမျိုးတွေက ဘာနဲ့မှမလှဲနိုင်တဲ့ အဖိုးတန်သဘာဝရှုခင်းတွေပေါ့။ထိုစိုက်ခင်းရဲ့အပေါ်မှာရှိနေတဲ့ တဲကလေးနဲ့ မန်ကျဉ်းပင်ကတော့ ကျွန်တော့ကိုပူလောင်မှုတွေကင်းစေတဲ့ အေးချမ်းမှုများနဲ့ ကြိုနေပါတော့တယ်။မန်ကျဉ်းပင်အောက်မှာတော့ နေ့လယ်နေ့ခင်းဘက်တွေမှာ အနားယူနိုင်ဖို့ပြုလုပ်ထားတဲ့ ကွက်ပျစ်ကလေး တစ်ခုလည်းရှိနေပါသေးတယ်။သိပ်အကောင်းကြီးမဟုတ်ပေမယ့်လည်း နေပူလယ်ခေါင်ကခရီးနှင်လာတဲ့ ကျွန်တော်တို့အတွက်တော့ အတော်ကိုအေးမြတဲ့ နေရာတစ်ခုတော့ဖြစ်နေခဲ့ပါတော့တယ်။
IMG_20180224_152053.jpg
တဲရဲ့အရှေ့ဘက်မြေကွက်လပ်ကလေးနဲ့ နောက်ထပ်မန်းကျဉ်းပင်လေးတစ်ခုကို လှမ်းမြင်မိချိန်မှာတော့ ပိုမိုအရိပ်ရတဲ့ ထိုနေရာလေးသို့ တစ်ယောက်တည်းပြောင်းရွှေ့လာကာ သစ်မြစ်ပေါ်မှာထိုင်ပြီး အနားယူလိုက်တယ်။ကျွန်တော်ထိုင်နေစဉ်မှာဘဲ ဘေးပတ်ဝန်းကျင်မှ သစ်ပင်လေးများဖြေးဖြေးလေးယိမ်းနွဲ့ဟန်နဲ့အတူ ပြေးဝင်လာသော လေပြေအေးလေးများက ရင်ကိုကြည်နူးအေးချမ်းစေခဲ့ပြန်ပါတယ်။အခုလိုနွေဦးကာလ နေအပူရှိန်ကို ခုခံကာကွယ်ပေးထားသော မန်ကျဉ်းပင်ရိပ်နဲ့ သဘာဝလေအေးလေးများရဲ့ထိတွေ့ခံစားမှုလေးတွေက ဘယ်လိုစည်းစိမ်မျိုးဆိုတာကိုတောင် ပြောမပြတတ်ဖြစ်နေခဲ့ပါတော့တယ်။ကျွန်တော်ကတော့ အဖော်လိုက်လာသူပီပီ အေးဆေးနားကာ ဓါတ်ပုံလေးများလျှောက်ရိုက်ဖြစ်နေချိန် သူများတွေကတော့ အလုပ်ကိစ္စဆွေးနွေးနေကြတာပေါ့။သူတို့လည်းအလုပ်ကိစ္စများဆွေးနွေးတိုင်ပင်ပြီးနောက် လမ်းလုပ်ထားသောအခြေအနေများအား စစ်ဆေးရန်ထွက်ခွာသွားကြပါတော့တယ်။ကျွန်တော်တို့ကိုတော့ ပင်ပန်းလိမ့်မည်ဟုဆိုကာ အေးဆေးနားပြီးမှ တစ်ခြားရွာတစ်ရွာသို့လေ့လာရအောင် သွားချင်လျှင်သွားကြဖို့မှာကြားခဲ့ကြပါတယ်။ကျွန်တော်တို့သွားလျှင် အဆင်ပြေစေဖို့ သူတို့တွင်ရှိသော ဆိုင်ကယ်တစ်စီးအားပေးထားခဲ့ကြကာ ထွက်သွားကြပါတော့တယ်။ကျွန်တော်လည်း သူတို့ထွက်သွားသည်နဲ့ လမ်းတစ်လျှောက်ရိုက်ကူးခဲ့သော ဓါတ်ပုံများအားပြန်လည်ကြည့်ကာ ကြည်နူးနေခဲ့တာပေါ့။ကြည်နူးမှာပေါ့ဗျာ Steemit မှ မိတ်ဆွေများကို ချပြခွင့်ရတော့မယ်လေ။ဓါတ်ပုံတွေကြည့်နေတယ်ဆိုပြီး တကယ်လည်းအဲဒီတစ်ခုတည်းသာကြည့်နေခဲ့ခြင်းမဟုတ်ပါ။ဖုန်းလိုင်းကလေးကလည်းမိတော့ လိုင်းဖွင့်ကာ ဖုန်းကလေးပွတ်မယ်ကြံတော့ တတိန်…တတိန်နဲ့ G 3 မှ မိတ်ဆွေများ Messanger တွင်ပြောဆိုနောက်ပြောင်နေသော Message များက ဖုန်းတစ်ခုလုံးတုန်ဟီးနေအောင်ကို ၀င်လာပါတော့တယ်။အမယ်လေးဟ အပြင်လေကအေးသလောက် ကျွန်တော်ရင်မှာ ပူပန်ရပါပြီ ဒီလောက်များတဲ့ message တွေဝင်လာတာ ဟောင်းနေပြီဖြစ်သောဖုန်းကလေးတော့ ဟန်းပါတော့မည်လေ။ကျွန်တော်လည်း တုန်ခါနေသောဖုန်းကို ဟန်းသွားမည်စိုးသဖြင့် ကိုင်တာတောင်မှ အကြမ်းပတမ်းမကိုင်ရဲတော့ဘဲ ဖွဖွကလေးသာကိုင်ပြီး မထိတထိအသာလေးပွတ်နေခဲ့ပါတော့တယ်။ကျွန်တော်တို့ နာရီဝက်ခန့်ထိုအပင်အောက်တွင် အနားယူပြီး ကျွန်တော့ရုံးမှ လုပ်ဖော်ကိုင်ဖက်အစ်ကိုက နောက်တစ်ရွာကိုသွားကြည့်ကြမယ်ဟုဆိုကာလာခေါ်သဖြင့် ကျွန်တော်လည်းချက်ချင်းသွားဖို့ပြင်ဆင်ခဲ့မိတယ်။ကျွန်တော်တို့က ခုနကထားခဲ့ကြသော ဆိုင်ကယ်လေးဆီသို့ထွက်လာခဲ့ကြတော့တယ်။ဆိုင်ကယ်လေးကိုစီးကာ နောက်တစ်ရွာသို့ ကျွန်တော်တို့နှစ်ယောက်မြေသားလမ်းလေးအတိုင်း ဆက်လက်သွားရောက်ခဲ့ကြပါတယ်။
IMG_20180224_152710.jpg
နေပူလယ်မှာ တောလမ်းကို မြေသားလမ်းအဖြစ်ပြောင်းလဲထားထာ သိပ်မကြာသေးတော့ မြေအ၀ါရောင်လေးတွေ ကျွန်တော်မြို့တွေမှာ မပြုပြင်ဘဲထားသော လမ်းအပေါက်တွေနဲ့စာရင် တော်တော်ကောင်းတယ်ပြောရမှာဘဲ။မြို့တွေမှာ မြင်နေကြလမ်းအရောင်တွေလိုမဟုတ်ဘဲ အ၀ါရောင်သန်းနေသော လမ်းသစ်လေးတွေပေါ့။မြို့တွေမှာဆို လမ်းဘေးဝဲယာတွေမှာ အဆောက်အဦးတွေနဲ့။ထိုအိမ်တွေမှာ ကပ်ထားသောဗီနိုင်းကြော်ငြာတွေနဲ့ မျက်စိရှုပ်လှပါတယ်။အခုတော့ လမ်းအရောင်ကလည်း အသစ် ၊ ချောမွေ့နေတဲ့ မြေသားလမ်း ၊ ဘေးဝဲယာတွေမှာလည်း သစ်ပင်တွေကလွဲပြီး ဘာမှ မရှိတော့ မျက်စိကိုအေးလို့။အေးချမ်းတဲ့တောသဘာဝမြင်ကွင်းလေးတွေ တစ်ခုပြီးတစ်ခုဆိုပါရစေတော့ဗျာ။ကျွန်တော်တို့ထွက်ခွာလာခဲ့ရာ သိပ်မကြာခင်မှာဘဲ လမ်းလုပ်နေသော စက်ယန္တရားကြီးတစ်ခု လမ်းလုပ်နေသဖြင့် လမ်းပိတ်သလိုဖြစ်နေကာ ခဏလေးရပ်စောင့်ပေးခဲ့ရပါတယ်။
IMG_20180224_152828.jpg
ထိုစက်မောင်းနေသော ဒရိုင်ဘာကလည်း ခဏနေတော့ လမ်းဖွင့်ပေးကာ ကျွန်တော်တို့ကို သွားလို့ရပြီဟု အချက်ပြနေပါသဖြင့် ဆက်လက်ချီတက်ကြပြန်တာပေါ့။ကျွန်တော်တို့ တောလမ်းကလေးတွေကို ဖြတ်ပြီး (၁၀)မိနစ်ခန့်စီးနင်းပြီးချိန်မှာတော့ အုန်းပင်လေးတွေကို စတင်မြင်ရပြန်ပါတော့တယ်။ဟော နောက်တစ်ရွာကို ရောက်ပြီနဲ့တူတယ်။ရွာကိုဝင်ဝင်ချင်းမှာ စိမ်းစိုနေသော ငှက်ပျောပင်တွေနဲ့ ရွာထိပ်ကခြံဝန်းတစ်ခုက တော်တော်ကိုသဘောကျနှစ်ခြိုက်စရာကောင်းနေခဲ့ပြန်ပါတယ်။နွေရာသီဆိုလျှင် ထိုငှက်ပျောပင်တွေအောက်မှာ ဖျာလေးခင်းပြီးထိုင်ကာ စာအုပ်လေးတစ်အုပ်သာဖတ်နေခွင့်ရခဲ့လျှင်တော့ တော်တော်ငြိမ်းချမ်းနေမှာဘဲ။မြို့ပေါ်တွေမှာဆိုရင် သစ်ရိပ်ဝါးရိပ်တွေကလည်း ရှားပါးနေပြီဖြစ်သောကြောင့် နေ့လယ်ဘက်တွေမှာဆို အရှင်လတ်လတ် ငရဲပြည်ကိုများရောက်နေသလားလို့တောင်တွေးမိတယ်။တစ်ခါတစ်လေ တစ်ရးတစ်မောအိပ်ချင်လို့ နေရာရွှေ့ရတာနဲ့တင် အချိန်ကကုန်နေပြီ။အိမ်ပေါ်မှာပူလို့ အောက်ကိုဆင်းအိပ်ရအောင်လည်း သစ်ပင်တွေကရှား လမ်းမပေါ်က သွားလာနေကြတဲ့ ယာဉ်ကြီး ၊ ယာဉ်ငယ်တွေရဲ့အသံက နှိပ်စက်နဲ့ မလွယ်ကူလှတဲ့ မြို့ပေါ်ကနေထိုင်မှုက ဒီလိုနေရာတွေနဲ့စာရင် အရှုံးပေးရပြီပေါ့။
IMG_20180224_153858.jpg
ကျွန်တော်တို့ရွာထဲကိုဝင်လာသည်နဲ့ ရွာရဲ့ဂုဏ်သရေဆောင် အခြေခံပညာအထက်တန်းကျောင်းကြီးကိုလည်း တွေ့မြင်ရပြန်ပါတယ်။ကျောင်းတော်ကြီးကတော့ ကျောင်းပိတ်ရက်ကြီးဖြစ်သဖြင့် အထီးကျန်စွာဖြင့်ရှိနေခဲ့တယ်။ကျောင်းပိတ်ရက်ဆိုတော့ သူ့ရဲ့အရိပ်အာဝါသအောက်မှာ ခိုလှုံပညာသင်ကြားနေကြသော ကျောင်းသား/သူလေးများပြန်လာမည့်နေ့ရက်တွေ စောင့်မျှော်နေလျှက်ပေါ့။ကျွန်တော်တို့ရှေ့ဆက်ဝင်လာခဲ့ရာ ကျွန်တော်တို့အဖွဲ့မှ အစ်ကိုများလမ်းတိုင်းတာနေခြင်းများပြုလုပ်နေသည်ကို မြင်ရပြန်ပါတယ်။သူလည်းလမ်းတိုင်းနေရာမှ ညီလေးတို့အေးဆေးလည်ပတ်ကြည့်ရှုကြ ၊ ပြီးရင်တော့ ဆိပ်ကမ်းကိုဆင်းထားနှင့် အစ်ကိုတို့ နောက်ကျနိုင်တယ်ဟု လာပြောပြန်တယ်။ကျွန်တော်တို့လည်း သူတို့အဖွဲ့အနီးက ပြန်ထွက်လာကာ ရွာထဲလျှောက်ကြည့်ဖြစ်တာပေါ့။
IMG_20180317_065521.JPG
ရွာထဲတွင်မြင်တွေ့ရသည်များကတော့ ညနေအတွက် ရေခပ်ဆင်းနေသော အမျိုးသားတစ်ဦးထပ်တွေ့ရပြန်တယ်။ထိုအမျိုးသားကတော့ ရေအိုးကိုရှေ့တစ်လုံး နောက်တစ်လုံးနဲ့ ထမ်းပိုးဖြင့်သယ်ဆောင်မယ့်အသွင်ပါ။မြို့ပေါ်ကလူတွေလို လျှပ်စစ်မီးဖြင့်မော်တာကလေးဖွင့်ကာ အေးဆေးဇိမ်နဲ့အသုံးပြုရခြင်းမျိုးမဟုတ်ကြပြန်။ထို့ကြောင့်လည်းမြို့ပေါ်ကလူတွေထက် ကျန်းမာသန်စွမ်းကြတာနေမှာပေါ့ နေ့တိုင်းလိုလို လှုပ်ရှားနေကြတော့။သူတို့ရဲ့ ချစ်စရာမြင်ကွင်းလေးတွေက မြင်သူတိုင်းကို နှစ်ခြိုက်သဘောကျစေမှာတော့အမှန်ပါဘဲ။ထိုအမျိုးသားထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ရွာလမ်းမအတိုင်း လှုပ်လှုပ်နဲ့ဝင်ရောက်လာနေသော ဦးလေးကြီးတစ်ယောက်အားထပ်မံမြင်တွေ့ရပြန်ပါတယ်။အကျီ င်္လက်ရှည်ဝတ်ဆင်ထားကာ တောထဲမှ ထင်းများထမ်းလာသော ဦးလေးကြီးရဲ့သွင်ပြင်က အနည်းငယ်မောပန်းနေဟန်တော့ရှိနေခဲ့ပါတယ်။
IMG_20180224_154107.jpg
ဦးလေးကြီးကလည်း ရှေ့ကထွက်သွားသော အမျိုးသားလို ထမ်းပိုးဖြင့်ထင်းများကို သယ်ဆောင်လာခဲ့တာပါ။ရှေ့မှာလည်းထင်းတစ်စည်း ၊ နောက်မှာလည်းထင်းတစ်စည်းကို တောထဲမှ သယ်လာပုံပါဘဲ။သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေသော မြင်ကွင်းတွေက ကျွန်တော့ကိုဆွဲဆောင်နေသည်မှာတော့ အမှန်ပါ။ကျွန်တော်တို့ထိုနေရာမှ ထွက်ပြီး နောက်တစ်နေရာသို့ ဆက်လက်ကြည့်ရှုဖို့ ထွက်ခွါကြရင်း ကျွန်တော့ရဲ့အားလပ်ရက်ကို ခေတ္တနိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။
ဆက်ရန်------
ကျွန်တော့ရဲ့အားလပ်ရက်များကို သည်းခံကာ ဖတ်ရှုပေးကြပေးပါသော ညီအစ်ကို ၊ မောင်နှမများကို အထူးပင်ကျေးဇူးတင်လျှက်-
Photos:Images by me
Writter @theinzawlin
MSC - 128

Sort:  

ဝါသနာထဲမှာတော့ နံပါတ် ၁ က ခရီးသွားခြင်းဘဲ KT ရေ

ကျွန်တော်လည်း ဝါသနာအရမ်းပါတယ် ဆရာ

ဆက်ရန်ဆိုတော့လည်း စောင့်ရမှာပေါ့

ခရီးထွက်​ရင်း စိတ်​​ပျော်​တယ်​​ဗျာ

တောရွာလေးတွေက စိတ်အေးချမ်းမှုတွေကိုဖြည့်ဆည်းပေးပါတယ်ဗျ

ခရီးထွက်ရတာ အရမ်းပျော်တယ်

ကျွန်တော်ကတော့ သွားနေရရုံကိုပျော်တာပါဘဲ

I like travel

thanks sister

စောင့်​​မျှော်​​နေပါတယ်

ကျေးဇူးတင်လျက်ပါ အစ်ကို

တောရွာ ဓလေ့ စိတ်ဝင်စားဖွယ်ပါ ..

ကျေးဇူးပါ အန်တီ

ခရီ​တော့ သွားချင်​ပါတယ်​ ပိုက်​ပိုက်​ချီပု..ဟီး.။

ကျွန်တော်လည်း ပိုက်ဆံမကုန်တဲ့နေရာတွေကိုဘဲ သွားပါတယ်ဗျ

ရွာ ဓလေ့ တွေ ကို မြင်ရတာ စိတ်ကြည်နူးမိပါတယ်

ကျေးဇူးပါ အစ်ကို

လက်တွေ့မြင်နေရသလို မျက်စိထဲပေါ်အောင်ရေးသားနိုင်ပါပေတယ်ဗျာ

တကယ်လားဗျ အစ်ကို

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64009.76
ETH 3148.04
USDT 1.00
SBD 3.91