အိမ်

in #myanmar8 years ago

အိမ်
🌙🌙🌙🌙

ဒီ နာမဝိသေသနလေး အရိပ်ပေါ့
ညရောက်ရင် မိထ္ထီလာကန်တေးနဲ့
အမေ့စိတ်နဲ့အိပ်ယာဝင်တယ်--

ဘီဘီစီ အဖေလိုင်းရှာတဲ့အခါ
မနက်ခင်းလေးက အိပ်ရေးမဝလည်း
မင်္ဂလာပါလို့ မိသားစု ဘဝကိုကြိုတယ် ...

ညီမလေးက ကုက္ကိုလ်ရွက်လေးတွေလှဲတယ်
အစ်ကိုက
သစ်ပင်လေးတွေ ရေလောင်းတယ်--

မနက်ခင်း စပါးတလင်းပေါ်က
စာကလေးတွေ အစာဝပါစေ
ငါ့ညီမလေး အသင်းချိန်မှီပါစေ...

ဒါလေးတင်ပါ လူမမယ်အစ်ကိုတစ်ယောက်ရဲ့
မေတ္တာက မြှောက်ဖော်ကိန်းတွေ
မပါခဲ့ပါဘူး .--

မိသားစတွေထ္မင်းလက်ဆုံစားကြမယ်
ရှေးစကားနားထောင်မယ်
လက်နှစ်ဖက်နဲ့အရိပ်ဖေါ်တဲ့
ခွေးရုပ်လေးတွေ လုပ်ပြခိုင်းမယ်--

ဇာလီ ကဏှာစိန် ပြောပြတဲ့အခါ
မိသားစုလုံးမျက်ရည်ကျ
ဘာဓါတ်ခံရယ်ကြောင့်
အလက်ဂျစ်ထရတာလဲ ....

ဒါပေမဲ့ ညချမ်းလေးကတော့
မေတ္တာဓါတ်နဲ့ နွေးထွေးတိတ်စိတ်

အဲဒီလို ..
အဲဒီလို --
နေ့တွေပြန်ရဖို့

အမေ့ရိပ်ကို
ပြန်လာပါရစေ အမေ။
image

Sort:  

ကောင်းတယ် ကြိုက်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61123.34
ETH 1583.02
USDT 1.00
SBD 0.47