welcome to MSC gathering

in #myanmar6 years ago

386673_S.jpg

crd image source

MSC မိသားစုကြီးအားလုံးနဲ့ msc ရဲ့တနှစ်မှာဆုံချင်မိပါတယ် ။ မောင်သက်တို့ မန်းလေးမှာပွဲလုပ်မှာဆိုတော့ကား ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားရတော့မယ်လေ ။

အစီအစဉ်ကလည်း ပျော်စရာတွေပါမယ်ဆိုတော့ တွေးမိပြီးရောက်ချင်လှပြီဗျ ။ ဟောပြောပွဲလုပ်ပြီး နေ့လယ်စာစားကြမယ် ။ ပြီးရင် ညနေပိုင်းမှာ ဗလာမပါတဲ့ကံစမ်းမဲတွေဖောက်ပြီး ပျော်ရအုံးမှာ ဆိုတော့ ကြိုတင်ပြင်ဆင်ထားမှဖြစ်မှာ ။

IMG_20180117_192324.jpg

MSC တံဆိပ်ရိုက်ထားတဲ့ ဆင်တူအကျီ င်္တွေ အတူဝတ်ပြီးလာကြမှာဆိုတော့ အမှတ်တရဓာတ်ပုံတွေရိုက်ပြီး steemit post တွေ အပြိုင်အဆိုင်ရေးတင်ကြအုံးမှာ မြင်ယောင်မိသေးတယ် ။

မောင်သက်တို့ ဘယ်လိုမှ အလွတ်ပေးလို့ မရတဲ့ပွဲတပွဲပေါ့ဗျာ ။ ပွဲမရောက်ခင် msc gathering ကိုလာမယ့် အမျိုးတွေကို ဧည့်ခံဘို့  စုထားဆောင်းထားမှ ဖြစ်တော့မယ် ။
ကြုံတုန်ဆုံတုန်း သောက်ပွဲမြည်းပွဲလေး ကျင်းပလိုက်အုံးမယ်လေ ။

772389_S.jpg

crd image source

ကိုယ်ကသာ စုဘို့ ဆောင်းဘို့ စိတ်ကူးရုံရှိသေးတာ ကိုယ့်ထက်ဆိုးတဲ့သူကလည်း ရှိသေးတယ် ။ msc က အတွင်းရေးမှူး အဖွားကြီးတယောက်ဆို အဝတ်အစားတွေကြိုတင်ချုပ်နေတယ်လို့  ခိုင်လုံတဲ့သတင်းရပ်ကွက်က ကြားခဲ့ရပြီ ။

အမျိုးတို့ လဲ လာဖြစ်အောင်လာဘို့ ဖိတ်ခေါ်ပါတယ် ။ msc ရဲ့ တနှစ်ပြည့်မှာ အတူဆုံဘို့ မျှော်လင့်ပါတယ် ။ steem နဲ့ sbd ဈေးတွေတက်လာဘို့ ဆုတောင်းရင်း မန်းလေးကမျှော်နေပါတယ် ။ ကြိုဆိုပါတယ်ဗျာ ။

2450090_S.jpg

crd image source

@thatkozaw

MSC 005

Sort:  

လာမယ် လာမယ် ဘဒို
မအားရင်တောင် ခွင့်ယူလာခဲ့မယ် 😁

ရောက်အောင်လာဗျ ကျနော်က လူ80 ခ့မှန်းထားတာ

လာရမှာပေါ့ ကိုသက်ရေ

Mdy ဖြစ်အောင်လာနော် လူများကြိုက်တာ

လာဖြစ်​​အောင်​ကိုလာမှာပါရှင့်​။

လာခဲ့ အကုန်ကြမယ် မောင်နုမတွေ

You got a 1.71% upvote from @postpromoter courtesy of @thatkozaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ရန်‌ကုန်‌မှာ လုပ်‌မှာဆို။ကိုဟင်‌လာရင်‌ ပဲခူးမှာတစ်‌ရက်‌‌လောက်‌ အချိန်‌‌ပေး ‌ပေးပါလို့ ‌ပြော‌ပေးပါဦးကိုသက်‌။

ရန်ကုန်မှာများတယ်ပြောတာပါ
ဒါမယ့် အားလုံးက မန်းလေးတောင်းဆိုနြေ ကလို့ကာ ကိုမဟော်
ပဲခူးကိုပြောပေးပါ့မယ်ဗျာ
သေကြာနေ့ဆိုတော့ sat sun လာနိုင်ဘူးလားဗျ

ငါကတော့နှစ်နာရီလောက်မှမပြောရရင် မဖြစ်ဘူးနော်။

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60007.44
ETH 2590.20
USDT 1.00
SBD 2.61