ကျောင်းဖွင့်ချိန်

in #myanmar6 years ago


မင်္ဂလာပါ MSC မိသားစုဝင်များ ခင်ဗျား

ယနေ့မနက်ခင်းတွင် ကျောင်းအသီးသီးတွင် ကျောင်းသူကျောင်းသားများအား စတင် ကျောင်းအပ်လက်ခံသောနေ့ ဖြစ်သောကြောင့် မိဘများ ကိုယ်စီကိုယ်စီ မိမိ၏ သားသမီးများကို လက်ဆွဲကာ ကျောင်းသို့ သွားရောက်အပ်နှံကြပေသည်။ နှစ်လခွဲခန့် မိုးလင်းမိုးချုပ်ဆော့ကစားသော ကလေးလေးများ စာသင်ခန်းသို့ ၀င်ဖို့ အချိန်ပြန်ရောက်လာပြီဖြစ်လေသည်။ အချို့သော ကလေးများသည်က ကျောင်းမှ ကစားဖော်ကစားဖက် သူငယ်ချင်းများကို ပြန်တွေ့ရန်ပျော်ရွင်နေပုံရသည်။ အချို့သောကလေးများက နှစ်သစ်အတွက် မေမေဖေဖေအရန်သင့်ဝယ်ပေးထားသော အ၀တ်အစားအသစ်လေးများဖြင့် ပျော်ရွင်နေသည်ကို မြင်တွေ့ရသည်။ မောင်သက်အိမ်ဘေးနားအမြဲတွေ့ရသော 6နှစ်ကျော်ပီး အမေကဆင်းရဲသဖြင့် ကျောင်းမထားရသေးသော ကလေးမလေးသည်လည်း ဒီနှစ်တော့ ကျောင်းတတ်ရလေပြီ။ ထိုကလေးမလေး၏ကျောင်းသို့လျှင်မြန်စွာရောက်ချင်ဇောဖြင့် ခြေလှမ်းသွက်နေပုံ၊ လမ်းတွင် ဦးသက်ကိုတွေ့သဖြင့် လှမ်းရယ်ပြပုံကိုကြည့်ရင်း ကလေးမလေး၏ပျော်ရွင်မှုသည် မောင်သက်ရင်ထဲသို့ စူးနစ်စွာဝင်ရောက်လာလေသည်။ သူမအမေဖြစ်သူ၏ ဒီနှစ်တော့ ကျောင်းထားနိုင်ပြီဖြစ်သောကြောင့် ပီတိဖြစ်သောပုံသည် မျက်နှာပေါ်တွင် အထင်းသားမြင်နေရလေသည်။ ထိုသောမြင်ကွင်းလေး ခဏတာသည် အခြားသူများအတွက် မည်သို့ဖြစ်မည်မသိသော်လည်း မောင်သက်တော့ဖြင့်ကိုယ်ချင်းစာကာ ၀မ်းသာမှုကိုခံစားရသလို ပီတိဖြစ်ခဲ့သော မနက်ခင်းတခုဖြစ်ခဲ့သည်။

''သက်ဇော် ကျောင်းမအပ်သေးဘူးလား။ စာတွေတောင်အတော်ပြီးနေပီ။ စာနောက်ကျနေဦးမယ် မင်းအမေကိုမပြောသေးဘူးလား။
ငါခုံဦးထားတယ်နော်။ မြန်မြန်လာခဲ့။''
ငယ်စဉ်က ကျောင်းအပ်ဖို့နောက်ကျတိုင်း အမြဲလိုလိုကြားရသော သူငယ်ချင်းများရဲ့ စကားကို မောင်သက် ပြန်ကြားယောင်နေဆဲ။ ထိုစဉ်က သူငယ်ချင်းများ ကျောင်းသို့ရောက်နေချိန်တွင် မောင်သက်ကျောင်းမအပ်ရသေးသဖြင့် ခံစားရသော ခံစားမှုကို ပြန်ပြီး ခံစားမိသွားမိသည်။ ထိုစဉ်က ကျောင်းအပ်လျှင် ငွေမပါလျှင်အပ်မရပေ။ ဟိုကြေးဒီကြေးများ လူကြည့်တောင်းသဖြင့် အမေတို့သည် အ၀တ်အစား အစုတ်အပျက်ဆုံးများ ရွေးဝတ်သွားရလေ့ရှီသည်။ သို့သြော် အမေသည် မည်သို့ပင်ဖြစ်စေကာမှု မောင်သက်အား နှစ်တိုင်း တော့ကျောင်းအပ်နိုင်ခဲ့သော အမေဖြစ်သည်။ ယခုခေတ်တွင်လည်း မြို့ကျောင်းများ ဟိုကြေးဒီကြေး အလှုငွေ ဟုဆိုကာ ရှိနေဆဲ ပြောသံတော့ကြားရသည်။ မောင်သက်တော့ သေချာမသိချေ။
ဘာကြောင့်ပဲဖြစ်ပါစေ ကလေးငယ်များ ကျောင်း လွယ်ကူစွာ အပ်နိုင်ပါစေ ဆုတောင်းမိသည်။
Image Link From Google

ထိုသော ဒုကသည် မောင်သက် ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်းသို့ ရောက်သော အခါမှသာလျှင် လွတ်မြောက်ပေတော့သည်။ မောင်သက် ဖောင်တော်ဦးသို့စတင်ရောက်ရှိပုံ ယခင် post ကို နိပ်ကြည့်နိုင်သည်။
ဖောင်တော်ဦးတွင်ကျောင်းအပ်ရာတွင်မှု လွယ်ကူပုံများ ဆရာမ သားကျောင်းအပ်ချင်လို့ဟုဆိုလိုက်သည်နှင့် မနှစ်က အချက်အလက်များအား မျဉ်းသားကာ သွားရပီ။ ဟူဖြစ်သည်။
Image From Google

မောင်သက်တို့ငယ်စဉ်ကတော့ ဆယ်တန်းအောင်သည်အထိ ပြဋ္ဌာန်းစာအုပ် လူပေးသူပေးအဟောင်းလေးကိုင်ခဲ့ရပေမယ့်
ယခုခေတ်တွင်တော့ ကျောင်းအပ်လိုက်သည်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ် တပါးတည်းရသည် တွေ့ရသောကြောင့် အင်မတန် ၀မ်းမြောက်မိသည်။ ခေတ်စနစ်ပြောင်းလည်းလာမှုနှင့်အတူ ကလေးသဘာဝဆော့ကစားချိန်မရှိအောင် ကျောင်းမှကျူရှင် ကျူရှင်မှကျောင်း၊ တရုပ်ကလေးများဆိုလျှင် တရုပ်ကျောင်းအပိုဆောင်း တတ်ရသည်ကို စိတ်မကောင်းတော့ဖြစ်မိသည်။

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရန် ဆုတောင်းမိသလို ကလေးငယ်များ အပှုအပင်ကင်းကာ စာသင်နိုင်ကြပါစေ။

That Ko Zaw
MSC 005

Sort:  

အခုက​လေး​တွေကသနားဖို့​ကောင်းပါ့။သင်​တန်း​ပေါင်းစုံကျူရှင်​နဲ့မအားရရှာဘူး

သနားစရာပါ ဆော့တောင်မဆော့တတ်ကြတော့ဘူး

ဟိုအရင်ကဆို ပြဌာန်းစာအုပ်ရှားလို့ ကိုယ့်ထက်တစ်နှစ်ကြီးသူဆီကကြိုတောင်းရတာ မှတ်မိသေးတယ်

ဟုတ်တယ်ကြိုပြောထားရတာ ဒါတောင်

ကျမ MSC မန်ဘာလျှောက်ထားတာလေး အကျိုးအကြောင်း မသိရသေးပါ။ Email ကနေ ပို့ထားပါတယ်ရှင်...

ကျနော့ FB ကို ဆက်သွယ်ပေးပါ

ဟုတ်ကဲ့

You got a 1.78% upvote from @postpromoter courtesy of @thatkozaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

https://steemit.com/myanmar/@chitsone/ekhyae-thstundefinedthine-wktha-saiyapn-hngel-hi-undefined-kpaauan-plpplp

ဥဥသက် ချား စမီး ဟင်းလာပို့နာ အဟိ😋😋😋

အခု​တော့ ​ကျောင်းအပ်​ရတာ လွယ်​ကူ​နေပါပြီ ကိုသက်

အဆင်ပြေနေကြားတယ် ဟုကဲ့

ဘာကြေးဖြစ်ဖြစ် ကောက်ခံခဲ့ရင် တိုင်ကြားလို့ ရပါတယ် ကသက်ရေ

ပေးနေရတာပဲတဲ့လေ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 62928.79
ETH 2465.26
USDT 1.00
SBD 2.55