စုံစီနဖာ မှတ်​တမ်း 4 (original story by thatkozaw)

in #myanmar7 years ago (edited)

IMG_20171204_131749.jpg
မန္တ​လေး​ရောက်​ပီး သံဝရ ဘဝဖြစ်​စဉ်​​တွေထဲမှာ ရာထူးအ​နေနဲ့ အိမ်​သာ​ဆေးဘဝရာထူးက​နေ ​ဂျောင်​က​လောင်​​ဒေါင်​ရာထူး ရရှိပုံ​လေး​ပြောပါရ​စေ။

သံဝရ တို့​ကျောင်းက ​ကျောင်းဆက်​မတန်​နိုင်​တဲ့က​လေး​တွေကိုသင်​​ပေးရင်း ပိုပိုပီးကြီးမားလာတာ​ပေါ့။
ယခင်​သတင်းစာ​တွေထဲ တင်​ပြခဲ့ကျတာက အမှိုက်​ဖြစ်​မယ့်​​ရွှေများကို ​ကောက်​သင်း​ကောက်​​သော​ကျောင်းတဲ့။ ဟုတ်​ပါတယ်​ သံဝရ တို့သည်​လည်း ထို​ကျောင်း​ကြောင့်​ဘွဲ့ရခဲ့ခြင်းဖြစ်​သည်​။

ထို​ကျောင်းတွင်​ရှိ​သော ဆရာဆရာမများသည်​ အများအားဖြင့်​ ​ငွေမရှာရ​သော အ​ထောက်​အပံ့ရှိ​သော ဆရာ ဆရာမများဖြစ်​မှသာ လုပ်​နိုင်​ကြသည်​။ အဘယ့်​​ကြောင့်​ဆို​သော်​ ​စေတနာဝန်​ထမ်း ဆိုသည်​မှာ ဘယ်​​လောက်​မှမရလို့ပါ​ပေ။ သံဝရဆယ်​တန်း​အောင်​တဲ့ထိ ဆရာ/ဆရာမ​တွေရတာ 12000mmk မှုလတန်းအဆင့်​။ ​ကျူရှင်​မသင်​ရ သင်​လည်း ကျူရှင်​သင်​ဖို့​နေ​နေသာသာ ​ကျောင်း​တောင်​မတတ်​နိုင်​​သောက​လေး​တွေ​လေ သင်​လည်း အလကားသင်​ရမည်​​ကော။
ဖောင်​တော်​ဦးစနစ်​သည်​က မှုလတန်းကပိုရ​ပေသည်​။ သံဝရစာကြည့်​တိုက်​တွင်​ office ဆရာလုပ်​​တော့ တလ 3000သာရသည်​။ ဤကား ထို​ကျောင်းတွင်​ ​စေတနာ့ဝန်​ထမ်း ဆရာဆရာမများသည်​ အများထက်​ နှစ်​ရှည်​လများ က​လေး​တွေအတွက်​ အနစ်​နာခံကာ သင်​​ပေးရသည်​။ မည်​သို့မှစားစရိတ်​မ​လောက်​​သော လစာဖြင့်​ သူတို့၏ ဘဝ အချိန်​​ပေါင်းများစွာကို အကျိုးရှိရှိသုံးသွားသူများဖြစ်​သည်​။

ဘုန်းဘုန်းကြီးသည်​လည်း သင်္ကန်းအစုတ်​နှင့်​ ​နောက်​တလ ​ကျောင်းကြီးက လစာ​တွေ မီး​ကြေး ​ရေ​ကြေး နည်းမျိုးစုံ​ခေါင်း​ချောက်​ခဲ့ရသည်​။ သို့​သော်​ လုံးဝအ​လျော့မ​ပေးသဖြင့်​ ယခုထိတည်​တံ့​သော ​ဖောင်​​တော်​ဦး​ကျောင်းတိုးတတ်​မှုဖြစ်​​ပေသည်​။

မှတ်​မှတ်​ရရ ​ကျောင်းသား​ပေါင်းများစွာ အမှိုက်​ဖြစ်​မည့်​​ရွှေများကို ကူညီ​နေ​သော ဘုန်းဘုန်းကြီး လစဉ်​​ကျောင်းခလခ ​ပေး​နေရ​သောဘုန်းဘုန်းကြီးသည်​ ထိုစဉ်​က ကျန်းမာ​ရေးမ​ကောင်​သဖြင့်​ ဝိကာလ ​ဘောဇဉ်​ အဖြစ်​ ယမ်​ယမ်​ တထုပ်​ခန့်​ ဝယ်​စားဖို့မရှိ​သော ဆရာတပါးဖြစ်​​လေသည်​။
ထိုစဉ်​က ​ကျောင်းတွင်​ တယ်​လီဖုန်းကို အနီးအနားမှ လူများဆက်​​လေ့ရှိရာ ဆက်​ခအ​နေဖြင့်​ အနီးရှိ ဘက်​စုံပြုပြင်​ရန်​ဆို​သော အလှုခံပုံးအတွင်းထည့်​​လေ့ရှိကြသည်​။ ထိုပုံး၏ ​သော့သည်​က ဘယ်​မှာရှိသည်​မသိ​သော်​လည်း ထိုညက ​ကျောင်းသား​ပေါင်းများစွာရဲ့ ပညာ​ရေးကို ငယ်​ထိပ်​တင်​ထား​သော ဆရာ​တော်​၏ အစာအိမ်​​ကြောင့်​ အနည်းငယ်​ ဝိကာလ​ဘောဇဉ်​ အဖိုးအခအတွက်​ တပြားမှမရှိ​ပေ။ ထို့​ကြောင့်​ ထူးထူးခြားခြား ကျန်​ခဲ​သော ဖုန်းအနီးခံပုံးမှ အနှီး ငါးဆယ်​တန်​​လေးသည်​ ပြူ တစ်​ပြူ တစ်​ဖြစ်​​နေသည်​ကို ဇာဂဏာဖြင့်​ သံဝရနှင့်​အခြားကိုရင်​နှစ်​ပါး ​အောင်​မြင်​စွာ ဆွဲထုတ်​နိုင်​ခဲ့​ပေသည်​။ အစာအိမ်​အူအတက်​​ရောင်​ ​ရောဂါသည်​ သံဝရတို့ ဘဝအတွက်​ မြင်​​နေကျ ​ဆေးရုံတင်​​နေကျဖြစ်​​သော​ရောဂါ​ပေပဲ။ ဆရာ​တော်​၏ ဆင်းရဲပုံသက်​သက်​​ဖော်​ပြ​ပေဦးမည်​။ ကြားဖူးသ​လောက်

"တပြည့်​​တော်​ဘဝ တရားစွဲခံရတာချည်းပဲ။ ပထမဦးဆုံး​ကျောင်းစတည်​​တော့ ​ကျောင်းသား အိမ်​သာ​တွေနံလို့ဆို ရပ်​​ကွက်​က တရားစစွဲတယ်​။ တပည့်​​တော့ အိမ်​သာ​ကောင်း​ကောင်းမ​ဆောက်​နိုင်​​သေးဘုရား။ ဘယ်​လိုပြင်​နိုင်​မှာလဲဘုရား။"

အခြားဆရာ​တော်​ဘုရားတစ်​ပါးကို​လျောက်​တင်​​သောစကား မှတ်​မှတ်​ရရကြားဖူးသည်​။

အများအတွက်​လုပ်​ရင်း ဖြစ်​တတ်​​သော သ​ဘောပြ​ချေသည်​။ ဆရာ​တော်​သည်​ထိုအချိန်​မှစ ဝိကာလ ​ဘောဇဉ်​ မမှီဝဲ​တော့​ချေ။ သို့​သော်​ သင်္ကန်းသည်​ ယခုထိအစုတ်​​လေးပါ။ သို့​သော်​​ကျောင်းမှာ တက္ကသိုလ်​အထိအဆင့်​မြင့်​ရန်​နှင့်​ ​ကျောင်းသား​ပေါင်း​သောင်းချီ​ပေပီ။ သံဝရမိတ်​​ဆွေ @myozin သည်​ ထို​ကျောင်းမှ ​ကျောင်းဝင်​ နံပတ်​ 2 ဖြစ်​ကာ ယခုထိတာဝန်​ထမ်း​ဆောင်​ဆဲဖြစ်​သည်​။

သံဝရ တနှစ်​ပြည့်​ပီ။ မန်း​လေး လူရည်​မလည်​​ပေသိ ကိုရင်​​ရေလည်​လာ​ချေပီ။ အရမ်း​ကောင်း​သောဆွမ်းဟင်း​ဆို နှစ်​ခါဝင်​ရမည်​။ ကြိုက်​တတ်​​သော အ​ကြော်​ဆို ဆွမ်းခွက်​ထဲ ဖွက်​ ​နောက်​တခါတန်း 😁😁😁😁😁😁😁။ (ထိုဘဝမှတ်​မိ​နေ​သေး၍ ယခု ဆွမ်း​လောင်းရင်​ အ​ကြော်​ချည်း​လောင်းသည်​။)

တရက်​ ​သုံးထပ်​​ကျောင်း​ဆောင်​တွင်​ ဘဲပျက်​သည်​။ မကြာခဏလဲရသည်​။ ထိုအသံနှင့်​ ​ကျောင်းဆင်းချိန်​တတ်​ချိနိသက်​မှတ်​ရာ ဘဲပျက်​​သော​ကြောင့်​ ကရိကထဖြစ်​ရသည်​။

ထို့​ကြောင့်​ မကြာခဏပျက်​​သော ဘဲ system အစား ​ခေါင်း​လောင်းတလုံး ဝယ်​ကာ တဖက်​​ကျောက်းတွင်​ချိတ်​ သံဝရ​နေ​သော ​ကျောင်းမှာ ကြိုးဆွဲရန်​ပြင်​ကြသည်​။

ထို​ခေါင်း​လောင်းဝယ်​​သော​နေ့ ချိတ်​ အပီး ဘယ်​သူတီးမှာလဲပြဿ နာ ကိုရင်​​သုံးပါး​ခေါ်ကာ တ​ယောက်​ခြင်း ဆွဲခိုင်း​လေသည်​။ အခြားကိုရင်​များမှာ သံဝရထက်​ကြီးကာ ထိုစဉ်​က သံဝရမှာ 8တန်း သူတို့က တက္ကသိုလ်​ဝင်​တန်းဖြစ်​​ချေသည်​။ အခြားကိုရင်​များမှာ စည်းချက်​မညီကာ သံဝရအလှည့်​တွင်​ကား ​ဂေါင်​က​လောင်​​ဒေါင်​ကို စည်းချက်​ညီညီဆွဲနိုင်​ခဲ့သည်​။ ဆရာမများ အခြား office အကူများမဆွဲနိုင်​ကြ​ပေ။

ထိုစဉ်​က သံဝရ ​ဂျောင်​က​လောင်​​ဒေါင်​ အဆွဲ​ကောင်းသဖြင့်​ ​​ဂျောင်​က​လောင်​​ဒေါင်​ သံဝရဟု​ခေါ်တွင်​ခံရကာ ထို​သောရာထူးအပ်​နှင်းခံရ​ပေသည်​။

ထိုရာထူးသည်​က ​ကျောင်းသား​ပေါင်း 500​ကျော်​ သံဝရ ​ကျောင်းတတ်​ခိုင်းမှ တတ်​ရသည်​။ သံဝရဆင်းခိုင်းမှဆင်းရသည်​။ နည်းတဲ့အာဏာလား ​ဟော့ဒီ ​ဂျောင်​က​လောင်​​ဒေါင်​ သံဝရ ​ပေသည်​။

အိမ်​သာ​ဆေးရာထူးသည်​ကား ဆရာမ သည်​ သူကုသိုလ်​ယူပရ​စေ ဟုဆိုကာလုယူသွား​ပေသည်​။
လွယ်​လွယ်​နဲ့​တော့မ​ပေးနိုင်​။ ဆရာမမှ ​ဂျောင်​က​လောင်​​ဒေါင်​ရာထူးတွင်​ သုံးဖို့ လက်​ပတ်​နာရီတလုံး လက်​ထိုး​ပေသည်​။ သံဝရသည်​ ဆွမ်းခံထွက်​ရင်​ လက်​ပတ်​နာရီ ပတ်​လျှင်​ ဆွမ်း​လျော့​လောင်းမှာ​ကြောက်​​သော​ကြောင့်​ ခါးပန်းဆီးကြိုးတွင်​ ချည်​ထားရ​လေသည်​။

ထိုလက်​ပတ်​နာရီ​ကျေးဇူးဖြင့်​ ​ကျောင်းဆင်း​ကျောင်းတတ်​ သံဝရ ​ဂျောင်​က​လောင်​​ဒေါင်​ရင်း တရက်​တွင်
အတန်းပိုင်​ဆရာမမှ ​ကျောင်းသားများကိုဆူရင်း အ​တော်​အတန်​စိတ်​တိုသွားသဖြင့်​ အခန်းတခါးပိတ်​လိုက်​ကာ

"​ဟေ့ ဒီထဲက​ကျောင်းသား​တွေ ​ကျောင်းဆင်း​ခေါင်း​​လောင်းထိုးမှ ထွက်​ရမယ်​။ မထွက်​ခင်​အသံ​တွေမကြားခြင်​ဘူး။ တိတ်​တိတ်​​နေကြ။ ထွက်​ရဲတဲ့သူထွက်​စမ်း။"

ဒုက္ခ သံဝရ​သေပီ​လေ။ ပီး​ကျောင်းဆင်း​ခေါင်း​လောင်းက သံဝရထိုးရမှာ​လေ။ ခါးပန်းစည်းကြိုးနဲ့ချည်​ထား​သော နာရီ​လေးကြည့်​ ဘာလုပ်​လို့လုပ်​ရမည်​မသိ။

သံဝရ ​သေးညှက်​ပုံ ​ကျောင်းတတ်​လာသမျှ အတန်းတိုင်း ​ရှေ့ဆုံးခုံ က မခွါရ။ တခါတ​လေ စာ​မေးခံရလွန်းလို့ တနှစ်​အတန်းပြောင်းတိုင်း အ​နောက်​ဖက်​သွားထိုင်​တိုင်း ဆရာ​တွေ ဆရာမ​တွေက ဂုတ်​​ဆွဲ​ခေါ်ကာ ​ရှေ့ဆုံးတန်းပြန်​ပို့ခံရသည်​။ အားမတန်​မာန်​​လျော့ ယက်​ကန်​ယက်​ကန်​နဲ့ပါရစမြဲ သူငယ်​တန်းမှ 10တန်းထိပါပဲ။ ဟုတယ်​​လေ မမြင်​ရတဲ့​နေရာ သွားသွားထိုင်​တာ ဘယ်​ဆရာ ဆရာမက ထားမှာတုန်း။
Screenshot_2018-01-27-18-12-14.png
သံဝရ ဆရာမလည်း​ကြောက်​တယ်​ သို့​သော်​ အခြား​ကျောင်းသား​တွေ သံဝရ ​ဂျောင်​က​လောင်​သံကြားမှ ​ကျောင်းဆင်းရမည်​။

သတ္တိရှိရှိ ရင်​ဆိုင်​မယ်​ ဆရာမ​တော့​ကြောက်​တယ်​ ငါထွက်​မယ်​ကွာဆိုပီး တံခါးနားထွက်​​လေသည်​။
တံခါးနား​ရောက်​မှ သံဝရမှားမှန်းသိသည်​ တံခါး ဂလန့်​ ထိုးထားသည်​ကို သံဝရ မမှီ

သံဝရ သင်္ကန်းပြင်​ဝတ်​သည်​။ ခုန်​သည်​။

ဟားဟားဟား။

ရယ်​ကြသည်​။ တံခါးက ကြပ်​​သော​ကြောင့်​မရ။

နောက်​ တကြိမ်​ ခုန်​ပြန်​သည်​။

ဟော​နောက်​တကြိမ်​။ တစ်​တန်းလုံးအူတတ်​​ချေ​ပီ။ သံဝရ​တော့မျက်​ရည်​လည်ကာ ငိုချမိသည်​။ ပုတာအပြစ်​လားဗျာ။ ဆရာမလည်း အူတတ်​​ချေပီ။
Screenshot_2018-01-27-18-15-04.png
ထို့​နောက်​ဂုတ်​ဆွဲ​ခေါ်ပီး စိတ်​တိုဟန်​ပြကာ သံဝရ မခန့်​တာလား မင်းက ငါမလုပ်​နဲ့​ပြော​နေတာ မင်းက မခန့်​​ပေါင်​နဲ့ တံခါးသွားဖွင့်​တာ ဘာတုန်း။
စိတ်​တိုဟန်​ပြ​ပေမယ့်​​ပြောရင်း ရယ်​ပြန်​သည်​။
သံဝရ ဘာမှ ပြန်​မ​ပြောနိုင်​ ရှက်​စိတ်​ဖြင့်​ ငိုပဲငို​နေသည်​။ ဆရာမ မှာရိုက်​ရခက်​ ​ပြောရခက်​။

အတန်းထဲမှ မည်​သူလည်းမသိ လှမ်း​ပြောသည်

"ဆရာမ အဲ့ဒါ ​ဂျောင်​က​လောင်​​ဒေါင်​ သံဝရ ဆရာမ
သူက ​ခေါင်း​လောင်းတီးရမှာ သူက ​ကျောင်းဆင်း​ခေါင်း​လောင်းတီး​ပေးဖို့သွားတာဆရာမ။
ရယ်​ရင်း​ပြောကြ​လေသည်​။ ပီးထပ်​ရယ်​ကြသည်​။ "

ထို​နေ့က ဆရာမသည်​လည်း စိတ်​​ပြေကာ ရယ်​​မောခဲ့​လေသည်​။

သို့​သော်​ ​ဂျောင်​ဂ​လောင်​​ဒေါင်​ ဂျပုသံဝရသည်​ကား
ငါသာအိမ်​​ထောင်​ကျ သား​မွေးခဲ့ရင်​ အရပ်​ရှည်​ပါ​စေ။ ပီး​တော့ ​လေးနှစ်​နဲ့​ကျောင်း​​မထား ပါရ​စေနဲ့ ဟုဆု​တောင်းမိ​ချေသည်​။

ဆက်​ရန်

IMG_20180201_151756.jpg

That Ko Zaw
MSC 005

Sort:  

နောက်တသ်ခါ မန်းတလေးရောက်ဖြစ်ရင် အဲ့ဒီ ကျောင်းကို လိုက်ပို့ဖို့ ပြောရမယ် ကိုသက်စာဖတ်ပြီး ရောက်ဖူးချင်ပြီ

စာ​တော့နည်းနည်းသင်​ဖူးတယ်​ ဟိ

ဖောင်​​တော်​ဦး​ကျောင်းနဲ့ပတ်​သတ်​ပြီးကျ​နော်​မှာလည်း ဇာတ်​လမ်း​လေး​တွေရှိတယ်​ အကို​ရေးမှသတိရတယ်​ ကျ​နော်​လည်​​ရေးအုနးမှ😀

ရေး​ရေး

အလဲ့ အလဲ့

အလိုအလို

စပီဗျာ ကိုရင် ကနေစတာဘဲ :D

ကိုရင်​က​နေပဲစရမှာပဲ

ဆုံလည်း ဆုံပါပေ့ ကိုသက်ရယ် ...
ကြုံရ ဆုံရ ဘုံဘဝပေါ့ ဗျာ

ဒါ​တောင်​ ရှုး​ပေါက်​ခြင်​တာမ​မေးရဲလို့ တရက်​ ​အောင့်​ရတာ မပါ​သေးဘူး

အော်..ဂျောင်ကလောင်ဒေါင်😊😊နောက်ထက် ဖတ်အုံးမေ

ဂေါင်​က​လောင်​​ဒေါင်​ ကွ

အလန်းပါနေိာ

ဟယ်​ သများကို

ဖတ်ရင်းကိုခေါင်းမူးသွားတယ်

အ​ရေးအသားညံတာခွင့်​လွတ်​ပါ

ကွီးသက် ခင်ဗျားတော့ မသိဘူး၊ကျွန်တော်မူးနေပြီ

ငိ နာမှုး​သေးဘူးဟ

ဂျောင်​က​လောင်​​ဒေါင်​ သံဝရအကြောင်းလေးကခံစားမှုအနှစ်တွေနဲ့ပါကိုသက်ရေ…
ကျောင်းဆရာ ဆရာမအကြောင်းတွေပါလာတော့ ကျွန်နော်တို့ငယ်စဉ်က စေတနာအရင်းခံဖြင့်အာပေါက်အောင် စာသင်ပေးခဲ့သော ဆရာဆရာမများကိုတော့သတိရမိတယ်ဗျာ………
ဆရာတော်တွေအများဆုံးရင်ဆိုင်တွေကြုံခဲ့ရသောရောဂါကတော့ အစာအိမ်ရောဂါပဲဗျို့…
အများစုက မပြည့်စုံဘူးဆိုတဲ့ ဆင်းရဲခြင်တွေနဲ့ကြုံနေကြရတာကိုးဗျ …
ခံစားခဲ့ရပါသော်လည်း……စာဖတ်သူကျွန်နော်ကို ရီစရာ လွဲချော်မှုလေးတွေနဲ့ စာကိုအဆုံးသတ်ခဲ့ပေးတယ်နော်………သူရ

ဟုတ်​တယ်​ဗျ အဲ့တုန်းကဆို ​ဟောတစ်​​ယောက်​ ​ဟော့တစ်​​ယောက်​​ဆေးရုံတင်​ရတာ

အဲ့ဒီနေရာမှာကျွန်နော်ခံစားရဆုံးပဲကိုသက်ရေ
ကျွန်နော်ငယ်ငယ်က… တစ်ချိန်ပေါ့ …
မပြည့်စုံသောဆရာတော်တွေအကြောင်းနည်းနည်းသိထားခဲ့ရတယ်လေ
ပြန်မြင်ယောင်မိတော့ စာဖတ်ရင်ခံစားမိသွားတယ်ဗျာ…သူရ

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59467.52
ETH 2609.98
USDT 1.00
SBD 2.38