ဆင်ခြင်နိုင်ပါစေ

in #myanmar6 years ago

အလုပ်နေတုန်း တောင်ပြောမြောက်ပြော ဝေဖန်ရေးတွေများလာရင် ဆက်လုပ်ချင်တဲ့စိတ်က မရှိတော့ဘူး ။ နေပူတာကတမျိုး အလုပ်ကမပြီးတာနဲ့ နားပူတာကပါထပ်တိုးနေတော့ စဉ်းစားသာကြည့်ဗျာ ။

မန်းလေးရဲ့ လက်ရှိအပူချိန်ကို မနဲတောင့်ခံနေရတာ နားပါလာပူတော့ ဦးနှောက်ကျောပြတ်မခံနိုင်ဘူး မလုပ်ဘဲထားလိုက်တာ နားအေးတယ် ။

ဘယ်အလုပ်မဆို ကိုယ်လုပ်တတ်ရင် ကိုယ်တိုင်လုပ်ပါ ။ ကိုယ်မလုပ်တတ်လို့  သူများကိုလုပ်ခိုင်းရင်လည်း အသာထိုင်ကြည့်ပြီး သူများဘယ်လိုလုပ်တယ်ဆိုတာကို ကိုယ်နားမလည်တဲ့နေရာကစပြီး ပညာယူပါ ။

ဒီလိုမဟုတ်ဘဲ ကိုယ်လဲမလုပ်တတ် သူများလုပ်နေတော့လည်း ဟိုစပ်စပ်ဒီစပ်စပ် ထင်ရာရမ်းပြောနေရင်တော့ လုပ်နေတဲ့သူကို အာရုံနောက်သလိုဖြစ်တတ်ပါတယ် ။

ကိုယ်လဲလေ့လာ သူများလဲအလုပ်မပျက်ဆို ၂ဦး၂ဖက် အဆင်ပြေမှာပါ ။ ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာကြောင့် သူများအနှောက်အယှက်ဖြစ်မလားဆိုတာ မပြောခင် သတိထားစေချင်ပါတယ် ။

2022535_S.png

crd org source

@thatkozaw

MSC 005

Sort:  

ဆင်ခြင်ပါမယ်ဗျာ

သားမပါဘူးနော် ဥဥ။

ဥဥလဲ သားပါတယ်မပြောဘူးလေ

အမှန်ဆုံးပဲကိုသက်ရေ

မန်းလေး နေ ကတော့ ပူမှပူ

ပုံရွေးတာတော်ပါ့ တူအောင်ရွေးနိုင်တယ်

စိတ်လျော့ပါ ကွီးသက်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63098.94
ETH 2621.87
USDT 1.00
SBD 2.74