Myanmar Steemit Community Gathering

in #myanmar6 years ago (edited)

U5dsc2dTte3btu4yf76hJYFDAbSbxJQ_1680x8400 (1).jpeg
အားလုံးသော MSC အဖွဲ့ဝင် အဖွဲ့သားများ အားလုံး မင်္ဂလာပါဗျာ။

Steemit Myanmar Community သည် နောက်လာမည့် 47ရက်အကြာ Aug 3ရက်နေ့တွင် pro စတင်ပေးလာခဲ့တာ တစ်နှစ်တင်းတင်းပြည့်တော့မည်ဖြစ်သည်။
ထို 3.8.2018 ရက်နေ့ကို လွန်ခဲ့သော ခြောက်လခန့်မှတိုင်ပင်ကာ Steemit Myanmar Community ၏ မွေးနေ့အဖြစ်သက်မှတ်ကာ တနှစ်ပြည့်တိုင်း Gathering ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ကျွန်တော်တို့ တော်တော်များများသည် online earning သမားများဖြစ်ကြသည့်နည်းတူ တစ်ယောက်နဲ့တစ်ယောက် online ပေါ်တွင် ခင်မင်ခဲ့ကြသည်မှာ အချိန်အတိုင်းတာတခုအထိရှိခဲ့ကြသည်။ အနယ်နယ်အရပ်ရပ်မှ ဝါသနာတူရာစုပီး စကားပြောဆိုစနောက်ကာနေခဲ့ကြသည်။ တယောက်ရေးသောစာ တယောက်အားပေးရင်း ဝမ်းနည်းဝမ်းသာခံစားချက် အခက်အခဲများကိုတစ်ယောက်နဲ့တစ်ယောက် မျှဝေခဲ့ကြသည်။ အကယ်၍သာလျှင် အပြင်တွင် အတူတကွ ဆုံဆည်းကြမည်ဆိုလျှင်ကော မည်မျှကောင်းလိုက်မည်နည်း။ အဘယ့်ကြောင့်ဆိုလျှင် မြန်မာပြည်တွင် fackbook သုံးသောသူမည်မျှရှိလိမ့်မယ်နည်း တွေးကြည့်ပါ။ ထိုသောသူများအထဲမှ ရာခိုင်နှုန်းဘယ်လောက်သည် online earning, btc အစရှိသော လုပ်ငန်းများကို သိမည်နည်း။ သင်ကိုယ်တိုင် သင်၏မိတ်ဆွေကို အပိုဝင်ငွေရှာရန်ပြောပြဖူးကောင်း ပြောပြဖူးပေလိမ့်မည်။ ထိုသောသူကကော စိတ်ဝင်စားခဲ့ပါသလား။ ပြန်မေးကြည့်ပါ။
တနည်းအားဖြင့်ပြောရင် ရှားပါးလှစွာသော အနယ်နယ်အရပ်ရပ်မှ ဝါသနာတူသူ ညီအစ်ကိုမောင်နုမများ ဆုံဆည်းကြရတာ အင်မတန်ကောင်းမွန်သော အစီအစဉ်ဟု ကျနော်ထင်မြင်မိပါသည်။
received_1891809637815417.png
Gathering လုပ်မယ်ဆိုသော် အများအားဖြင့် ရွေးစရာ နှစ်နေရာရှိနေသည်။ Yangon or Mandalay? မည်သည့်နေရာတွင်လုပ်မည်နည်းပေါ့။ လက်ရှိ MSC ရဲ့ Admin လေးယောက်သည် မန်းလေးနှင့်အနီးတဝိုက်ဖြစ်နေသည့်အပြင် ကျန်သူများမှာလည်း အထက်ပိုင်းက ဖြစ်နေသည်။ နောက်တချက်အနေနှင့်ကာ ခန်းမ စားစရိတ်နှင့် သွားရေးလာရေးသည်ကား ရန်ကုန်နှင့်စာလျှင် မန်းလေးသည် အနည်းငယ်ဈေးပေါနေပေသည်။ ထို့ကြောင့် Mandaly ကိုရွေးချယ်ခဲ့ကြသည်။ သွားရေးလာရေး စားရေးသောက်ရေးနှင့် မန်းလေး၏ အထင်ကရနေရာများဖြစ်သော မဟာမြတ်မုနိရုပ်ရှင်တော်၊ မန်းလေးချောင်းသာဟုခေါ်သော 6မိုင်၊ 7 မိုင်၊ ဦးပိန်တံတာနှင့် တောင်တမံအင်း၊ မန်းလေးတောင် နှင့် တောင်ခြေရှိ ကျောက်တော်ကြီး၊ ကမ္ဘာ့အကြီးဆုံးစာအုပ်ဟုညွန်းဆိုထားသော ကုသိုလ်တော်၊ စန္ဒာမုနိ စသော နေရာများကို တဝကြီးလိုက်ပို့မည်ဟု အားခဲထားခဲ့ပေသည်။

သို့သော် မောင်သက် ထပ်၍တွေးမိပြန်သည်။ ယခင် MSC ဆိုတာမဖြစ်ခင်က online ပေါ်တွင် steemit ဆိုတာ သိချင်ရင်လာခဲ့ဟု ခေါ်သော
ကိုဟင်နရီအောင်ကိုတွေ့ရန် မန္တလေးမှရန်ကုန်သို့ ပထမဦးဆုံးအချိန်တွင်သွားစဉ် ညကားစီး မနက်ရောက်၊ နေ့လည်ပီးတာနဲ့ ကားကြီးကွင်းပြန် ငှုတ်တုပ်ထိုင် ညကားပြန်စီးပီးပြန်နေကျဖြစ်သည်။ အများအားဖြင့် ငွေရေးကြေးရေးအခြေနေကြောင့် ရန်ကုန် တည်းခိုခန်း ဟိုတယ် မတည်းခဲ့ပေ။

ယခု MSC ညီအစ်ကိုများ မန်းလေးလာမည်ဆိုသော် အဆင်ပြေမပြေ ကိုယ်ချင်းစာမိသည်ယ တနှစ်မှတကြိမ်ဆိုပေသိ အကုန်အကျများကာ မလာနိုင်မည်ကိုစိုးရိမ်မိသည်။ မောင်သက်အနေဖြင့် ရန်ကုန်မှစတင်တွက်ချက်ကြည့်သော် ရန်ကုန်မန်းလေး ကားခသည် အသွားအပြန် 35000ks ဆိုလောက်ပေသည်။
နှစ်ရက်သုံးရက်ကြာသော် စားစရိတ် နေစရိတ်သည်ကား မလွယ်လှပေ။

ထို့ကြောင့် မောင်သက် ပုဂံကို တချက်ပြန်တွေးကြည့်မိသည်။ နယ်ဝေးမှလာသူတွေအနေဖြင့် ပုဂံကားခနှင့် အခြားအစားအသောက်ကုန်ကျစရိတ်သာပိုကုန်တော့မည်ဖြစ်သည်။
မောင်သက် ခန့်မှန်းထားသော အဖွဲ့ ငွေကြေးနှင့် ကိုက်ညီအောင် သုံးစွဲခွင့်ဖြင့် အဆင်ပြေအောင် စီစဉ်ရမည်တော့ရှိပေသည်။
ကုန်ခြင်းကုန် ပုဂံတွင် အတူတကွ ချက်ပြုတ်စားသောက်တွေ့ဆုံမည်။ တည်းခိုခန်းတည်းနိုင်သူတွေ တည်းနိုင်သလို ဘုန်းကြီးကျောင်းတွင်လည်း အတူတည်းနိုင်သည်။ နောက် အတူတကွ ပုဂံ ဘုရားများဖူးပြီး ဆည်းဆာအလှ ကိုကြည့်ကြမည်။ နောက် အတူတကွ ရေစက်ပါသွားအောင် အတူတကွ ဆွမ်းလောင်းလှုကြမည်။ တူညီဝတ်စုံများဝတ်၍ ဘုရားပေါ် ရှုခင်းကောင်းများတွင် အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြမည်ဆိုသော အစီအစဉ်ကိုဆွဲကာတင်ပြမိသည်။ အတော်များများကလည်း အဆင်ပြေတယ်ဟုပြောသောကြောင့် ဒီနှစ် Gathering ကို ပုဂံတွင်လုပ်မည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ကဲ ပုဂံတွင်လုပ်မည်ဆိုပေသိ မည်သူတွေ လာမည်နည်း?
စီစဉ်စရာကြိုတင်စီစဉ်ရအောင် မည်မျှလောက်လာမည်နည်း?
လူဘယ်နှစ်ယောက်ဆိုလုပ်ကြမည်နည်း?
လာမယ်ဆိုပီး အနီးကပ်မှ မလာနိုင်ပါဆိုသူများမယ်ဆိုရင်ကော?

မေးခွန်းတွေ မောင်သက်မဖြေနိုင်ပါ။ မောင်သက်အနေဖြင့် ပိုကုန်ကျစရိတ်သက်သာအောင် စဉ်းစားမိသလောက် တွေးကာ ပိုပျော်စရာကောင်းအောင်သာ ဘယ်လိုလုပ်ရမလည်းတွေးမိသည်။
လူဦးရေ ပျဉ်းမျှ တစ်ရာကျော်ရှိသော MSC သည် Admin မပါ လူနှစ်ဆယ် ပြည့်အောင်တောင် မလာဖြစ်ကျခဲ့လျှင်တော့........
ဖြေရှင်းမှုအနေဖြင့် နှစ်လစာ power up ကို ကင်းလွတ်ခွင့်ပြုထားသည်။ ဝန်ထမ်းများအနေဖြင့်လည်း အဆင်ပြေအောင် သောကြာ စနေ တနင်္ဂနွေ ရုံးပိတ်ချိန်ဖြစ်နေသည်။

ထို့ကြောင့် MSC Gathering ကို အဆင်ပြေအောင် အတတ်နိုင်ဆုံး စီစဉ်ထားသောကြောင့် MSC Member များအနေဖြင့် အတတ်နိုင်ဆုံးကြိုးစား၍ လာရောက်စေရန်တိုက်တွန်းလိုက်ပါသည်။

ဖြစ်နိုင်ရင် လာမည်သေချာပါက comment တွင် ရေးထားနိုင်ပါသည်။
FB_IMG_1519627075798.jpg
That Ko Zaw
MSC 005

Sort:  

ဘယ်​လို​ပြောရမလဲ၊ အရမ်းလာချင်​တယ်​၊ ဒါ​ပေမယ့်​...
တိုင်းတစ်​ပါးမှာ လုပ်​ကိုင်​ရှာ​ဖွေရတဲ့ အလုပ်​သမားဘဝက စိတ်​သွားတိုင်း ကိုယ်​မပါဆို​တော့... လာချင်​​ပေမယ့်​လည်း မလာနိုင်​တာ ခွင့်​လွတ်​ပါ ကိုသက်​​ရေ...😔

ကိုလင်းအနေနဲ့က မလွယ်ပါဘူးဗျာ

လာမာပါဆို

နိမလာရင် ထုတ်မှာပေါ့

ကသက်ရေ မတင်မကျလေးဖြစ်နေတယ်😂😂

မတင်မကျဆို စာရင်းမပေးပါနဲ့ဦးအစ်မ
အတတ်နိုင်ဆုံးတော့ လာပေးပါ
နို့မို့ အ့လိုက်ပုံထဲ အစ်မ မပါပဲနေမယ်😁😁😁

လာခဲ့မယ် ကသက်ရေ ဝါပန်ဆိုလည်း ပန်ရမပေါ့ ဟီးးးးး

အဆင်ပြေအောင်စီစဉ်ပေးပါ့မယ် ဘုရား

လာချင်တာ တစ်ပိုင်းကိုသေလို့ဗျာ ဒါပေမဲ့ လာရမှာညီက အဝေးဆုံးပဲ့ မြန်မာပြည်အောက်ဆုံးက MSCညီကိုတွေကို လာတွေ့နိုင်ပါ့မလား အားငယ်မိတယ်ဗျာ ကြိုးစားနေပါတယ်ကိုသက်ရေ လာဖြစ်အောင်

လာနိုင်ရင်သာလာခဲ့ပါ ကျနော်လည်း ကိုယ်ချင်းစာပါတယ် အရင်က ရန်ကုန်တောင် မနည်းသွားခဲ့ရတာ

မှန်တယ်ကိုသက်ရေ စီစဉ်ရမယ့်သူက လူဦးရေအလိုက်တွက်ချက်ပြီးလုပ်ရတာဆိုတော့ တိကျတဲ့စာရင်းရမှသာကြိုတင်စီစဉ်ထားနိုင်မှာ၊ ကပ်ပြီးလုပ်ရတာက ငွေပေါနေရင်ကိစ္စမရှိဘူး၊ တိုင်းဆလုပ်နေရရင်တော့ စာရင်းတိတိကျကျရထားမှ အဆင်ပြေမှာ။

တကယ်တော့ ဆရာရေ တိကာတိုင်းကာနဲ့ လုပ်ရမှာတကယ်ပဲ

ကျွန်တော့် စရိတ်တော့ ကိုသက်က တာဝန်ယူထားပြီပြီဆိုတော့ လာဖို့120% သေချာသွားပါပြီ။

အယ် ပြောခဲ့မိလား
ပြောခဲ့မိရင် အဲ့ကောင်ပြန်ခေါ်ပီး ရိုက်ပလိုက်မယ်

 ​ပျော်​​ပျော်​ပါးပါး စုံကြရ​တာ​ပေါ့
ကိုသက်​😊

အင်း မန်းလေးမှာ မတွေ့ဖြစ်တာနဲ့ မသွားခင်တခါတော့ဆုံရအောင်

ဘယ်နေ့လဲလို့ တွေ့ချင်လာချင်လှပြီ
နှစ်ဦး မှတ်ထားလိုက်တော့...

စုံတွဲခုတ်မယ်ပေါ့လေ

သေခြာပေါက်..အရောက်လာပါ့မယ်။

မျော်နေမယ်အန်တီ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63607.88
ETH 2506.13
USDT 1.00
SBD 2.59