မင်္ဂလာပါ

in #myanmar8 years ago

မနက်ကအိပ်ယာထတော့ မင်္ဂလာရှိတဲ့မြင်ကွင်းလေးကို မြင်လိုက်ရတာဟာ ကျနော့်ရင်ထဲကျေနပ်ပီတိဖြစ်နေခဲ့ရတယ် ။ အိပ်ယာကနိုးနိုးချင်းမှာ မျက်နှာအရင်မသစ်ဘဲ Steem နဲ့ Sbd ဈေးကို ဦးဆုံးကြည့်ဖြစ်နေတာ လအတော် ကြာခဲ့ပါပြီ ။

ကိုယ့်ထက် အများကြီးလေ့လာထားကြတဲ့ လူအများရဲ့ စတီးမစ်လုပ်ကိုင်ရခြင်းကို ခန့် မှန်းထားကြတာတွေရယ် ကျနော်လေ့လာထားသလောက်ရယ် စုပေါင်းပြီး အချိန်အတန်ကြာရင် steem နဲ့ sbd ဈေးတက်မယ် ရည်ရွယ်ချက်နဲ့ steem နဲ့ sbd ကို တတ်နိုင်သလောက်စုဆောင်းထားမိတာပေါ့ ။

FB_IMG_1514458258981.jpg

photo credit # facebook

ပထမအကြိမ်လည်း တကယ်တက်သွားတာကြုံဘူးခဲ့ပါတယ် ။ sbd ဈေး 10$ ခန်ါနဲ့ steem ဈေး 7.5$ ထိဆိုတော့ အဲ့ဒီတုန်းကလည်း စိတ်ထဲပျော်ခဲ့ရတယ် ။ အဲ့ဒီလိုနဲ့ တဖြည်းဖြည်းပြန်ကျသွားလိုက်တာ steem နဲ့ sbd ဈေး 1.5 လောက်ထိပေါ့ ။

အခုတခါ တအိအိနဲ့ တက်လာပြန်တာ steem နဲ့ sbd 3.4 $ ထိ မနက်က မြင်လိုက်ရတာ ကျနော့်စိတ်ထဲကြည်နူးပြီး မင်္ဂလာရှိလိုက်တာ အတိုင်းထက်အလွန်ပါဘဲ ။ အခုက တတ်နိုင်သလောက်စုရင်းကနေ အရင်တခေါက်လိုများ 10$ ထိ ပြန်တက်လာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ကိုယ်စုထားတဲ့ sbd နဲ့ steem ကို ကိုယ့်အကောင့် wallet ထဲဝင်ကြည့်လိုက် တွက်ကြည့်လိုက်နဲ့ ငါဘယ်လောက်ရပီဆိုတဲ့ အတွေးလေးနဲ့ စိတ်ကူးကြည့်ရတာ အမောပါ ။

1752415_S.jpg

photo credit # pixabay

ပိုတယ်ပြောလဲ မတတ်နိုင်ဘူးဗျာ ။ စိတ်ကူးယဉ်ရတာ ပက်ဆံပေးယဉ်ရတာမှ မဟုတ်တာ ။ အရှုံးနဲ့တော့ ကိုယ့်ကိုယ်ကို စိတ်ညစ်ခံပြီး စိတ်ကူးယဉ်မနေတော့ဘူး ။ ရှုံးခါမှရှုံးရောလေ ။ တခါတလေစိတ်ကူးယဉ်ပစ်မိတာများ 1 steem ကို ဒေါ်လာ 100 များပေါက်ခဲ့ရင်ဆိုတဲ့အတွေးပါ ။

ကျနော် အဲ့ဒီလိုတွေးပြီး အညိမ်မနေသေးဘူးဗျ ။ ထုံးစံအတိုင်း ငါ့မှာရှိတဲ့ steem က ဘယ်လောက် ဆိုပြီး ထပ်ဆင့်တွေးပြီး ဒေါ်လာ 100 ဈေးနဲ့ဆို ငါဘယ်လောက်ရပြီကွဆိုပြီး တွေးပစ်လိုက်တာ ။ အဲ့လိုတွက်ပြီး ရတဲ့ငွေကို မှန်းပြီး အိမ်တလုံးဝယ်မယ် ။ အိမ်တလုံးဝယ်ပြီးပိုတဲ့ပိုက်ဆံကို ကျနော့်သားလေးလှူမယ် ။ ဒါကို ထပ်ပိုနေရင် ကားဝယ်စီးပစ်မယ် အိုဗျာ စုံသွားတာဘဲ စိတ်ကူးယဉ်တာများ တခါထဲ ကျနော့်မိသားစုနဲ့ကျနော် အကုန်ကိုပြည့်စုံသွားတော့တာ ။

လက်တွေ့သာတကယ်ဖြစ်ခဲ့ရင် သိပ်ကောင်းမှာဘဲ ။ BTC နဲ့ ETH တောင် ဈေးတန်းတခုပွင့်ပြီး ဈေးတက်ခဲ့သေးတာဘဲ ။ steem နဲ့ sbd လဲ တချိန်က်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စုဆောင်းရတာပေါ့ ။ ကျနော်ထင်ပါတယ် ကျနော့်လိုစိတ်ကူးယဉ်တဲ့လူတွေ အများကြီးရှိမယ်ဆိုတာ ။

IMG_20180117_192324.jpg

အခုတော့ 3.4 $ နဲ့ မနက်အိပ်ယာအထမှာ မြင်လိုက်မိတာ မင်္ဂလာရှိလို့  ကျေနပ်မိပါတယ်ဗျာ ။ MSC မိသားစုများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ ။ မင်္ဂလာရှိကြပါစေလို့  ဆုတောင်းရင်း ……

@thatkozaw

MSC 005

Sort:  

အမြဲ wallet ကို ကြည့်ဖြစ်တာကတော့ စတီးမစ်လောကသားတွေရဲ့အကျင့်တစ်ခုဖြစ်နေမှာပါ ... စိတ်ကူးထဲမှာတော့ သူဌေးလောင်းတွေပေါ့

မနက်​မိုးလင်းရင်​ coinmarketကိုအရင်​ကြည့်​မိတာ 😄

တူတူပါဘဲညီရာ

ပြီး reward လည်းပေး ယေ့ယေ့😍😍😍

1steem = 100 usd $
နည်းသေးတယ် ပိုလိုက်ဦး😁😁😁

ဟားးး

ဖြစ်ပါစေဗျာ ဒီထက်ပိုတက်ရင် ပျော်စရာကြီးပေါ့

ဒါအမှန်ပေါ့

စိတ်​ကူး​လေးနှင့်​​ပျော်​​နေမိ😂😂

ဟေးဟေး ချီးယား

ဥဥသက်စမီးကိုမုန့်ဖိုးပေး ယေ့ယေ့

ဘာလို့ ပေးရမှာလဲ မပေးနိုက်ပေါင်ဗျာ

အမြဲစိတ်‌ချမ်းသာပါ‌စေ ကိုသက်‌။ အကြီး‌တွေ ‌ပျော်‌ရင်‌ အငယ်‌‌တွေလည်း ဝမ်းသာတာ‌ပေါ့။

ဟောဗျာ
အတူတူပျော်ပါလေ

ဒီထက်ပိုပြီး ရရှိပါစေ ကိုသက်

ညီလည်းရပါစေ

မနက်စောစော ဈေးတက်တာလေးမြင်ရင် စိတ်ချမ်းသာပါဘိ

စိတ်ချမ်းသာရမှာပါ ကျနော့်ဒီမျော်လင့်ချက့်လုပ်နေတာပဲလေ

Coin Marketplace

STEEM 0.05
TRX 0.32
JST 0.082
BTC 64730.42
ETH 1767.17
USDT 1.00
SBD 0.42