ကြိုးစားရှာ ချွေတာသုံးပါ

in #myanmar6 years ago

တနေ့နဲ့တနေ့ မိသားစုစားဝတ်နေရေအတွက် နေ့စဉ်လုပ်နေကျအလုပ်ကိုလုပ်ပြီး ရှာရဖွေရသလို ဘယ်က ဘယ်လိုငွေဝင်နေတာ ဆိုတဲ့အသံကြားရာနောက်ကို နားစွင့်ပြီး အပိုဝင်ငွေရအောင် ရှာရဖွေရတာကလည်း မလွယ်ပါ့လားဗျာ ။

665088_S.jpg

crd image source

ကိုယ့်အလုပ်လေးလုပ်ရင်း အချိန်သိပ်မပေးရတဲ့ steemit လေးလုပ်ရင်း ရှာရဖွေရတဲ့အပြင် တခြားဘာလေးများ ထပ်လုပ်ရပြီး ငွေပိုလေးများရမလဲက အမြဲလိုလို စဉ်းစားနေမိတာကလည်း တဒုက္ခ ။

ဘယ်သူကမှတော့ ကိုယ့်ကို ရိုက်နှက်ပြီးအတင်း မရှာခိုင်းသော်ငြား ကိုယ့်မှာက ကိုယ့်အပြင်မိသားစုလေးရှိလာတော့ ရှာဖွေကျွေးမွေးရမယ့်တာဝန်က ကိုယ့်မှာရှိပါ့လား ဟူသော ကိုယ့်အသိစိတ်ကြောင့် ကိုယ့်ဘာသာရှာဖွေနေတာပါ ။

3258944_S.jpg

crd image source

ငွေဆိုတာကလည်း လူတိုင်းကမက်မောသောအရာဆိုတော့ ရှာရဖွေရ ဘယ်လွယ်ပါ့မလဲဗျာ ။ ကိုယ်လက်ရှိ ရောက်နေတဲ့ခေတ်က ငွေကိုလိုချင်ရင် ငွေနဲ့ရင်းမှ ရတဲ့ခေတ်ဖြစ်နေတော့ ကိုယ့်လိုသာမာန်လူတန်းစားအဖို့ က ငွေရှာရတာဟာ ပိုခက်လာတာ မဆန်းပါဘူး ။

ကိုယ့်မှာက အသင့်တင့်ရှိတဲ့ငွေကိုရင်းပြီး လုပ်ကိုင်ရှာဖွေရတော့ သူနဲ့ထိုက်တန်တဲ့ အသင့်တင့်အကျိုးကိုသာ ခံရမှာပါ ။

1752415_S.jpg

crd image source

ကိုယ့်ထက်များစွာရင်းနှီးပြီး ရှာဖွေတဲ့အတွက် ကိုယ့်ထက်များစွာရနေတာကို အားကျမိရုံမှအပ ကိုယ့်စိတ်ထဲမှာ တွေးမိတာက " သူတို့ လိုရင်းနှီးလုပ်ကိုင်နိုင်ရင် သူတို့ လို ကိုယ်လဲရမယ် " ဆိုတဲ့ အတွေးတခုပါဘဲ ။

ကိုယ်ရှာဖွေရရှိတဲ့ငွေကို လောက်ငှအောင်ချွေးတာသုံးပြီး ကိုယ့်အပိုငွေကို စုဆောင်းရင်းနှီးရင်း တဆထက်တဆ တိုးပွားအောင် လုပ်ကိုင်ရင်း ကြိုးစားလိုက်ရင် ကိုယ်လဲ တနေ့ များလာမှာပါ ။

665090_S.jpg

crd image source

ဒါကြောင့်မိမိကြိုးစားရှာဖွေထားတဲ့ငွေကို အလကားဖြုန်းတီးခြင်းများကို ရှောင်ကြပါလေ ။

@thatkozaw

MSC 005

Sort:  

အသုံးနဲ့အဖြုန်းကိုခွဲခြားတတ်ပီး...ကိုယ်တတ်နိုင်တဲ့အားအင်နဲ့တဆင့်ပီးတဆင့်..တက်လှမ်းရတာပါဘဲ။

ဟုတ်ကဲ့ပါအန်တီ

@#$%&*

ငွေ xx ငွေ xx ငွေ xx ငွေ တဲ့လေ x x x ရှိမှ အဆင်ပြေ၊ ငွေ xx ငွေ xx ငွေ xx လောကမှာ ပြောသမျှဖြစ်စေ xxx ငွေ xx ငွေ xx ငွေ xx သူမရှိရင်၊ ပူမချိဗျာဝေ x x x ဖြစ်ချင်တာတွေ ဖြစ်တဲ့ငွေ၊ မချစ်ခြင်တာတွေ ချစ်တဲ့ငွေ x x x မကောင်းရင်လည်း ကောင်းတဲ့ငွေ၊ မပေါင်းချင်လည်း ပေါင်းတဲ့ငွေ x x x ပီယသိဒ္ဓိငွေ x x x ဓနသိဒ္ဓိငွေ x x x လိုချင်တိုင်း သည်ငွေ x x x သုံးချင်တိုင်း ဒီငွေ x x x ကြိုက်တာပဲ စားစား၊ ကြိုက်တာပဲ သွားသွား x x x စိတ်အားတက်တဲ့၊ ငွေ xx ငွေ xx ငွေ xx ဟား..ဟား... ဟား......
နဲနဲရတာ များများသွားလို့... ထွက်သွားတာငွေ x x x များများရ ရင်.. များများ ထွက်တော့ လက်ဖျားမှာမနေ x x x လူမိုက်နဲ့ငွေ အတူမနေ
ကြိုးစားရှာ x x x ချွေတာသုံး x x x အလကားမဖြုန်းနဲ့ငွေ x x x

received_1014034238744715.gif

Resteem bot Service! Promote Your New Post.Find New Freinds - Followers - Upvotes. Send 0.400 SBD and your post url in memo and we will resteem your post to 9000+ followers from two different account.@stoneboy and @vimal-gautam.

ရှာဖွေစုဆောင်း သူဌေးလောင်းတဲ့
တစ်နေ့တော့အဆင်ပြေသာယာတဲ့
ဘဝကိုပိုင်ဆိုင်ရမှာပါ

တခါတ​လေကျ သိသိနဲ့ဖြုန်း​နေမိတုန်း ကိုသက်​​ရေ ကျွန်​​တော်​​တော့

Loading...

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85