ခေါင်းတုံးကောက်ရိုး 1 (Original Story by @thatkozaw)
ကျနော့်မှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့နာမည်ကောက်ရိုးလို့ အလွယ်ခေါ်ကြတယ်။ ကောက်ရိုးဆိုတဲ့ သဘောသဘာဝကိုက ရှုပ်ထွေးတယ်လေ။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာဆိုသလိုသူ့ကို ရှာဖို့ မလွယ်သလို သူနဲ့ထည့်ပေးလိုက်ရင်လဲ ကောက်ရိုးပုံထဲအပ်ပျောက်သလိုဖြစ်လို့ အမေက ကောက်ရိုးလို့ခေါ်တာပေါ့။
သို့သော် ငယ်ကတည်းက အိမ်မှာစားအိမ်သောက်အိမ်လိုနေလာခဲ့တော့ အမေတို့က သားတယောက်လိုပါပဲသူ့ကို ချစ်ကြတယ်။ သူကလည်း လူကြီးတွေနဲ့အဆင်ပြေအောင်ပေါင်းသင်း ပြောဆိုတတ်တယ်။
ကောက်ရိုးရှေ့က ခေါင်းတုံး ဆိုတာနဲ့တော့ တခါတရံမှ တွဲခေါ်တတ်ကြတယ်။ ရေးတော့အမှန် ဖန်တော့အသံလို ဂတုံးလို့ အသံထွက်ခေါ်တာမဟုတ်ပဲ မကြာခဏ ခေါင်းကို ပြောင်နေအောင်တုံးလေ့ရှိလို့ ခေါင်းတုံးလို့ခေါ်ကြတာဖြစ်တယ်။
တခါတလေ ပညာရှိလိုလို တွေးတတ်ကြံတတ်ပေမယ် တခါတလေ တုံးလွန်းလွန်လွန်းလို့ ခေါင်းမရှိသူ ခေါင်းတုံး လို့လဲခေါ်ကြတယ်။
ဘာပဲပြောပြော သူနာမည်က ခေါင်းတုံးကောက်ရိုး ဖြစ်နေတာပဲ။
သူ့ပုံစံကတမျိုး မထင်တာတွေပြောတတ်လုပ်တတ်တာမို့ပါ။ သနားစရာလည်းကောင်းသလို တခါတလေလုပ်ပုံက စိတ်ဆိုးချင်စရာကောင်းတယ်။
သနားစရာကောင်းတာက သူက ဘယ်နေရာမှအတည်တကျမနေ့ခဲ့ရတာ ငယ်ငယ်လေးကတည်းကပဲလေ။
တခါက သူကောင်မလေးတစ်ယောက်နဲ့ ချစ်သူဖြစ်တယ်ပေါ့။ သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတယ်။ နောက် အလုပ်လုပ်မယ်ဆိုပီးထွက်သွားတာ အတော်ကြာကြာပျောက်သွားတယ်။
တရက်ကျနော့်ဆီဆိုင်းမဆင့် ဗုံမဆင့်ရောက်လာပီး ပြာယာပြာယာနဲ့ ငွေသုံးသောင်းချေးပါလေရော။
ဟ နေပါဦးကွ မင်းက ဘာလို့အရးတကြီးလိုနေတုန်း ဆိုမေးကြည့်တော့။
ငါရယ် ငါ့ဆော်ရယ် ငါ့ဆော်ဘဲရယ် လျောက်လည်ကြတာ နောက်ကြသွားလို့ သူတို့ခိုးပြေးဖို့ စီစဉ်ပေးမလို့တဲ့လေ။
``ဘာရယ် ဘာရယ် ငါရယ် ငါ့ဆော်ရယ် ငါ့ဆော်ဘဲရယ် ဆိုတာ ဘာကြီးလဲဟ´´
ဘယ်သူနားလည်မလဲသူ့စကား သူရယ်သူ့ဆော်ရယ်သူ့ဆော်ဘဲရယ်တဲ့လေ။ ခိုးပြေးဖို့လုပ်ပေးမလို့တဲ့။
``ငါရယ် ငါ့ဆော်ရယ် ငါ့ဆော်ဘဲရယ်´´ဆိုတဲ့စကား အခုထိ လက်ဆင့်ကမ်းပီး ပြောလိုက်ဟားလိုက်ကြနေတုန်းပဲ။
တကယ်က သူနယ်ထွက်ပီးပြန်လာတော့ သူ့ကောင်မလေးက အခြားတယောက်နဲ့ဖြစ်နေပီ။ ဖြစ်ချင်တော့ အဲ့နောက်တယောက်ကလဲ သူ့သူငယ်ချင်းပဲ။ သူသိသွားတော့ ရှောင်ပေမယ့် သူ့သူငယ်ချင်းကခေါ်ခေါ်သွားတော့ မငြင်းနိုင်ပဲလိုက်လိုက်စောင့်ပေးနေတာ။ ဘာမှလည်းမပြောဘူး။ စိတ်လျော့ထားပုံရတယ်။
ကျနော်တို့အသိမှာကျတော့ အဲ့ဒီကောင်မလေးက သူ့ကောင်မလေးဆိုတာပဲသိတာလေ။ ဒါကြောင့် ကျနော်တို့ နားလည်အောင် ငါရယ် ငါ့ဆော်ရယ် ငါ့ဆော်ဘဲရယ်´´ဆိုပီး ပြောတာပေါ့။ သူက နားလည်လွဲအောင်ပြောပေမယ့် ပိုရှုပ်သွားစေတာပဲ။ ဘာပဲပြောပြော ကျနော်တို့ သူငယ်ချင်းတွေကြားမှာတော့
ငါရယ်ငါ့ဆော်ရယ် ငါ့ဆော်ဘဲရယ်လျောက်လည်နေကြတာ´´ဆိုတာ စကားအသစ်အဆန်းလိုဖြစ်ခဲ့ရတာပဲ။
အဲ့ဒီတုန်းက သူကကိုယ်တွေကို စိတ်မကောင်းဖြစ်မှာစိုးလို့ ငါဘာမှမဖြစ်ပါဘူးကွာဆိုတဲ့ပုံစံဖြစ်အောင်ပြောတာလေးတော့ သူ့အပေါ် စိတ်မကောင်းပိုဖြစ်မိတယ်လေ။
နောက်တခါ စိတ်ဆိုးစရာလုပ်ပေမယ့် စိတ်ဆိုးရခက်ရယ်ရခက်ဖြစ်ရတာကတော့
ကျနော်တို့ ငယ်စဉ်က အတန်းထဲ မကြာခဏ ရှေ့ထွက်စကားပြောရလေ့ရှိတယ်။ အဲ့လိုထွက်ပြောရတိုင်းလည်း ကောက်ရိုးတစ်ယောက် စကားမပြောနိုင်ဘူး။ လူကိုကြည့်တော့ မထင်ရပေမယ့် လူရှေ့ထွက်ပြောရမယ်ဆိုရင် ကောက်ရိုး ကြောက်ဒူးတုန်တာ အံမခန်းပဲ။
လူရှေ့စကားမပြောနိုင်တဲ့ရောဂါပေါ့။
အသံတွေငိုသံပါပီးဒူတွေလက်တွေတုန်လာတတ်တယ်။ အဲ့ဒီလိုဖြစ်တိုင်း တတန်းလုံးဝိုင်းရယ်ကြ၊ ပြောင်ကြ၊ လှောင်ကြတာပေါ့။ သူ့အတွက်လူရှေ့မဖြစ်မနေထွက်စကားပြောရမယ်ဆိုတိုင်း ကျနော်စိတ်မကောင်းဖြစ်ရလေ့ရှိတယ်။
သူ့ကိုလှောင်ပြောင်တာ မခံမရပ်နိုင်ဖြစ်ခဲ့ရတယ်။ ကျနော်တို့က အချစ်ဆုံးသူငယ်ချင်းတွေကိုး။
ဆယ်တန်းအောင်ပီးနောက် တစ်ရက် ကောက်ရိုးအိမ်ကိုပေါက်ချလာပြန်တယ်။ အမေနဲ့ နေကောင်းလားဘာညာ အဖေနဲ့ ဦးအလုပ်အဆင်ပြေလား ဘာညာ ဖောရှောတွေရိုက်ပီးတာနဲ့ ဘုရားပွဲ သွားမလို့ ကျနော့ကိုခေါ် သွားပရစေခွင့်တောင်းတယ်။ လူကြီးမိဘကိုတော့ အတော်ဂရုစိုက်တဲ့ကောင်ဗျ။
အမေက သိပ်မထည့်ချင်ပေမယ့် အဖေက လူငယ်သဘာဝသွားချင်မှာပဲ မိဘဆီခွင်တောင်းပီးသွားတာ ခိုးသွားတာထက်ကောင်းတယ်ဆိုပီး ခွင့်ပြုတယ်။ သကောင့်သားကလည်း အဖေ့အကြောင်းသိလို့ တမင်ပြောတာဆိုတာပဲလေ။
ပါစပ်ဖျားကမချ ``စိတ်ချအန်တီ မှဲ့တပေါက်မစွန်းစေရဘူး မျိုးဇင်ကို ကျနော်အသက်နဲ့လဲပီး ကာကွယ်မှာ စိတ်ချ´´
ကတိတွေပေးလိုက်တာများ အမလေး စိတ်ချချင်စရာကြီး။
ထွက်လို့ရတာနဲ့ လူငယ်တွေထုံးစံအတိုင်းဘုရားပွဲမသွားခင် အရှိန်လေးရအောင် ဗျစ်ဆိုင်တန်းဒိုးတာပေါ့။
ပွဲရက်မို့ ဆိုင်လူစည်နေတာနဲ့ အပြင်ကဝိုင်း ပဲထိုင်လိုက်ကြတယ်။
ကောက်ရိုးက ပြောသေးတယ် အပြင်ကဆိုပိုလွတ်လပ်တယ်တဲ့လေ။
တဖြေးဖြေးလူများလာပီးဆယ်ယောက်လောက်စုမိလာတယ်။
လူတွေကလည်းခပ်ထွေထွေဖြစ်လာတော့ ကောက်ရိုးဇတ်လမ်းစတော့တာပဲ
အေး သူငယ်ချင်းတို့ ဒီအတိုင်းသောက်ရတာပျော်စရာမကောင်းဘူး ဒီတော့ တခုပျော်စရာလုပ်ရအောင် လုပ်ကြမလား။
ကိုယ်တွေကလည်းရဲဆေးအရှိန်တတ်လာတော့ ချလေပဲပေါ့။
အိုကေ အစီစဉ်က ဟောဟို ဆိုင်ရဲ့ အပေါ့သွားတဲ့လမ်းမှာ စင်လေးရှိတယ်။ အဲ့ထဲမှာ ငုံးဥတွေတင်ထားတယ် နှစ်ယောက်ချင်းစီသွားမယ် ငုံးဥယူလာပြရမယ်။ မယူရဲတဲ့သူ နှစ်ယောက် ဒီဝိုင်းရှင်းရမယ် ရလား။
ရဲဆေးအစွမ်းလေ အကုန်လုံးက
လာလေ ရတာပေါ့ ချမယ်ဟေ့တွေ။ ဖြစ်ကြပီ။
သွားကြ အပေါ့သွားသလိုလိုနဲ့ ခိုးကြတာပေါ့ တယောက်တလုံးစီ ပြန်လာဖောက်သောက်ကြနဲ့ အကုန်ပီးတော့ ကျနော်နဲ့ ကောက်ရိုးပဲကျန်တယ်။
လာမျိုးဇင် သွားမယ် မင်းက လူကြည့် ငါက လစ်မယ် ဆိုပီးခေါ်သွားတယ်။
ဖြစ်ချင်တော့ ကျနော်တို့အလှည့်မှ ပန်းကန်ဆေးတဲ့ ကုလားမကြီးက အဲ့နားပုဂံဆေးနေလေရဲ့။
ခိုးဖို့အဆင်မပြေတော့။
ကောက်ရိုးက ပီတယ် အေးဆေးပြောပီး ကျနော့ကိုအရမ်းမှုးပြခိုင်းတယ်။
နောက် ကုလားမကြီး ဆီသွားပီး ကျနော့သူ့ငယ်ချင်း အရမ်းမှုးနေလို့ သံပရာသီးလေးနားထဲထည့်ချင်လို့ ပေးပါသွားတောင်းတော့ ကုလားမကြီးလဲ အထဲဝင်ယူတယ်။
ဝင်သွားတာနဲ့ ကောက်ရိုး
ကျနော့်ကိုမျက်ရိပ်ပြပီးလစ်ခိုင်းတာ ဘုမသိဘမသိလစ်လာတယ်။
ခဏနေတော့ ကောက်ရိုး ခါးပုံစကြီးကြီးနဲ့ပြန်ထွက်လာတယ်။ အိုကေပေါ့ မျက်နာကြည့်ရတာတော့။
ဘယ်မှာလဲ ငုံးဥပြဆိုတော့
ကောက်ရိုး တခြင်းလုံးခါးပုံစထဲသွန်ထည့်လာတာဗျာ ငုံးဥတွေမနည်းမနောပဲ။
ဝိုင်းဆဲကြပါလေရော။
ကောက်ရိုးက ပြောမနေနဲ့ လစ်ရအောင်
ရှင်းတော့ရှင်းတော့ ဆိုပီး ပြောတာနဲ့ စားပွဲထိုးခေါ်ပီးရှင်းလိုက်ကြတယ်။
ဆိုင်ကထွက်ဖို့ထကာရှိသေး ကုလားမကြီးက ဟေ့ဟေ့ နေကြအုံးလို့အော်သံကြားတာနဲ့ တယောက်မှမညံဘူးဗျာ နောက်ကျခြေထောက် သစ္စာဖောက် ပြေးလိုက်ကြတာ။
ကျနော်လည်း ကောက်ရိုးပြေးတဲ့နောက်ပြေးလိုက်တာပေါ့။ ပွဲခင်းထဲတန်းနေတာပဲ။
ပွဲခင်းထဲရောက်တော့ ပျောက်သွားတဲ့ သူငယ်ချင်းတွေရှာရအောင်ပြောတော့ ကောက်ရိုးက လွယ်ပါတယ်ကွာဆိုပီး ရှေ့ကထွက်သွားတယ်။
ကျနော်လည်း ကပ်လိုက်သွားတာပေါ့။
ဆရာကောက်ရိုးက ခပ်တည်တည်နဲ့ ဇတ်စင် အဝတ်လဲခန်းထဲ ခပ်တည်တည်တတ်သွားတယ်။
ကျနော်လည်းကြောင်တောင်တောင်နဲ့လိုက်သွားတာပေါ့။
အထဲကလူတွေက ရုတ်တရက်လှမ်းကြည့်တယ်။
ဘယ်သူတွေလဲဟပေါ့။ ကျနော်မလုံတာနဲ့ ကောက်ရိုးကိုကြည့်တော့ခပ်တည်တည်ပဲ လက်နှစ်ဖက်ပိုက်ပီး စင်ပေါ်ကိုကြည့်နေလေရဲ့။
ဇတ်အဖွဲ့ကလည်း ဘာမှန်းမသိတော့ ဘာမှမပြောတော့ဘူး လုပ်စရာရှိတာဆက်လုပ်နေကြတယ်။ ရဲလားဘာလားပေါ့လေ။
ခဏနေတော့ မင်းသမီး သီချင်းဆိုပီး အထဲဝင်လာတယ်။ ကောက်ရိုးဘေးကိုရှောင်ပေးပီး ကျော်သွားတာနဲ့ စင်ရှေ့ထွက်သွားတယ်။
ကျနော် ကြောင်ကြည့်နေပီးကျန်နေခဲ့တယ်။
ကောက်ရိုးထွက်လာတာနဲ့ အောက်က သူငယ်ချင်းတွေက အကုန်မြင်ပီး အော်ကြပါလေရော။
ကောက်ရိုး ကောက်ရိုး ကောက်ရိုး
သံကြီး သံကြီး သံကြီး
ကောရိုးခပ်တည်တည်ပဲ မိုက်ကိုကိုင်ပီး
မင်ဂလားဘားးးး!
ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့
အော်ပီးခုန်နေလေရဲ့။
အောက်ကလဲ ဝိုင်းအော်ကြတယ်။
ကောက်ရိုး ကောက်ရိုး ကောက်ရိုး
ဟုတ်ကဲ့
ကြောင်တောင်တောင်ငေးကြည့်နေရင်း ဘေးကလူတွေ ဝိုင်းချုပ်လိုက်မှ လုံခြုံရေးတွေ ကျနော့ကိုဖမ်းထားပီဆိုတာသိတယ်။
ကောက်ရိုးလား စင်ပေါ်မရှိတော့ပါဘူး ခုန်ချထွက်ပြေးသွားပါပီ။
ဘာတဲ့ အန်တီ မျိုးဇင် မှဲ့တပေါက်မစွန်းစေရပါဘူး ကျနော်အသက်နဲ့လဲ ကာကွယ်မှာဆိုလားပဲ။
လူရှေ့ထွက် စကားပြောရင် ကြောက်ဒူးတုန်လို့ သနားရတဲ့ကောက်ရိုးလား။
သေတောင်မသနားဘူး ကောက်ရိုးရေ....
MSC 05
That Ko Zaw
နောက်... ခင်ဗျားကြီး စာမရေးဘူးဆိုရင် နားငြီးဖို့သာ ပြင်ထား... စဖတ်ကတည်းကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်တယ်....
Ledaer ပြောတော့ ပျော်တာပေါ့
ဆက်ရေးမယ်ဗျာ
ကောက်ရိုးက သန့်ကိုဇော်များလားမသိ
ပုံထဲက ဘယ်ဘက်ဆုံးကလူပါဗျာ
ဥဥ သက်. အ ဘိုလုပ်. I love steemit က🙄🙄🙄
ကွီးမိုးဇော်လုပ်ပေးတာလေ
ဖတ်လို့ ကောင်းလိုက်တာဗျာ။တကယ်ပါေ မြှာက်တာမဟုတ်ပါဘူး။ဖတ်ရင်းနဲ့ ရယ်နေရတယ်။ကိုသက်က စာရေးတာ အရေးအသားကောင်းရဲ့သားနဲ့ မရေးဘူး။
ဟုတ်ကျေးဇူးတင်ပါတယ်ဗျာ
ကိုမဟော်လိုတော့မရေးနိုင်သေးဘူးဗျ
ဒါထက်ဖာတလုံးခေါင်းကျား ဖတ်ပီးပလား link ပို့ပေးရမလား
ဖာတစ်လုံးခေါင်းကျားက ဇာတ်ကားကြည့်ဖူးတယ် ကိုသက်။ထိုcmက နောက်လိုက်တာ၊
ရေးမယ့်ရေးတော့လည်း ရေးနိုင်လိုက်တာ...
နာမည်တွေကလည်း သမုဒ်တတ်သေး...
ရဖူးတဲ့နာမည်တွေပါ
တခါလောက် ဘုရားပွဲ သွားကြည့်ပါ့လား ကျနော်နဲ့
ဖတ်ရင်းနဲ့ ပို့စ်ထဲမျောသွားလိုက်တာများ ဇတ်စင်ရှေ့တောင်ရောက်ပီး ကောက်ရိုးလို့တောင် အော်မိမတတ်....
အဲ့ဇတ်စင်ပေါ်တတ်ကတဲ့အကျင့် အခုထိမပျောက်သေးဘူး မှုးရင် လူလစ်ရင် ဘာလို့မှန်းမသိ တတ်သွားမိတာပဲ။
ကျနော်မင်းသားပါခင်ဗျား ကျွန်တော်မင်းသားပါခင်ဗျ
လုပ်သေးတယ်။
အဲ့ အပြင်မှာစကားပြောရင်တော့ လူဆယ်ယောက်လောက်ရှိနေရင်မပြောရဲတော့ဘူး ဒူးတွေတုန်နေတာ
ဟုတ်လားး အကျင့်က အဆန်းကြီးပါလား ... 😄😄
မ..င်္ဂလာ...ပါ....
Rကြီး အသံနဲ့ဖတ်အေ😁
မင်ဂလားဘားးးး
အသံစမ်းတာပါ အဲ့လယ်
ကသက်ရ ကောက်ရိုးပြောတာ မှန်တယ်လေ။မှဲ့တစ်ပေါက်မစွန်းစေရပါဘူးလို့ဘဲပြောတာလေ။ကျန်တာ နိအလို့ခံရတာပါဟီးဟီး
အခုထိသူငယ်ချင်းတွေဆုံတိုင်း အဲ့အကြောင်းပြန်ပြန်ပြောဖြစ်နေတုန်းပဲ
အယ် မိုက်တယ်တော့ i love steemit
ကိုမိုးဖော်ကြီးလုပ်ပေးထားတာလေ အမှတ်တရပေါ့
သူ့ကိုလွမ်းတိုင်း သြော်ကိုမိုးဇော်ကြီး လုပ်ပေးခဲ့တဲ့ပုံလေးဆိုပီးကြည့်လို့ရတာပေါ့
ကိုမိုးဇော်ကြီးလဲကောင်းရာမွန်ရာကနေ ဝမ်းသာနေမှာပါ 😝😝😝😝😝
အမအေးလေ ရေးသွားလိုက်တာများ ပြုံးရုံမက ရယ်မိတေ😁
ရယ်သောသူအသက်ရှည်၏တဲ့လေ မတ်မတ်ကြည်ရဲ့