အဖေ့ဌာနေ ပုဂံမြေ
မောင်သက်ငယ်ငယ်ကကြီးပြင်းခဲ့ရာ ဇာတိမြေဖြစ်သော အဖေနေသော ပုဂံမြေတနေရာမှ ညနေဆည်းဆာ အမှတ်တရပုံလေးတွေပါ ။
ဘယ်မြို့ ဘယ်နေရာ ဘယ်နိုင်ငံ ဘယ်အရပ်ရပ်မှာနေနေ ကိုယ့်ဇာတိရပ်ရွာကိုတော့ဖြင့် တိုက်ဆိုင်လာရင် သတိရလွမ်းဆွတ်နေတတ်ကြမှာပါ ။
ခုခေတ်မှာတိုးတက်လာသည်နှင့်အမျှ စက်မှုထွန်းကားသည်နှင့် မြို့ကြီးပြကြီးတွေမှာနေရတာက မွန်းကြပ်လာသလို ကျန်းမာရေးအတွက်လည်း လေကောင်းလေသန့် ဆိုတာကို တောမှာလိုမရှုရှိုက်ရတော့ဘူး ။
လူဦးရေကများ နေရာတွေကကျဉ်းပြီး အိမ်ဈေးမြေဈေးကလည်းခေါင်ခိုက်နေတော့ တောကကိုယ့်အဖေအိမ်မှာအလည်သွားမိရင် အေးချမ်းလွပ်လပ်စွာနေရတဲ့ခံစားမှုကို မြို့ကအိမ်ထက်စာရင် သိသိသာသာရလာတယ် ။
ကိုယ့်မိသားစုကမြို့မှာဆိုတော့လည်း ပျော်ရာမှာမနေ တော်ရာမှာနေရတာပါဘဲ ။ ကိုယ့်စီးပွားကလဲ မြို့မှာအထိုင်ကျနေပြီ ။ အလုပ်တခုလုပ်ရတာကလဲ ကိုယ့်အလုပ်ကို အားပေးသူရှိမှ ကိုယ်လဲအလုပ်ဖြစ်တာပါ ။
အားမယ့်အချိန်ကိုမှန်းပြီး အဖေ့အိမ်ကို အလည်တခေါက်တော့ ပြန်ဘို့ စီစဉ်အုံးမယ်ဗျာ ။ အလုပ်တွေချည်း ဖိလုပ်နေလို့ လဲ မဖြစ်သေးဘူး ။သာယာအေးချမ်းပြီး လွပ်လပ်စွာ အနားယူဘို့ လဲ လိုအပ်တယ်လေ ။
MSC 005
တစ်ခေါက်လောက်တော့ အလည်သွားပေါ့ ကိုသက်ရာ
You got a 1.72% upvote from @postpromoter courtesy of @thatkozaw!
Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!