အမြီးကျက် အမြီး​စား ​ခေါင်းကျက်​​ခေါင်းစား (Original Story By @thatkozaw)

in #myanmar7 years ago (edited)

IMG_20171204_131749.jpg

Myanmar Steemiter များ မင်္ဂလာပါ။

Steemiter ​တွေ ယခုလက်​ရှိတွင်​ အနည်းအများ တ​ဖြေး​ဖြေးချင်း steem power ​တွေ တိုးတတ်​လာသလို sbd များလည်း အနည်းနဲ့အများစုမိ​နေပီထင်​ပါသည်​။ ယခုမှ စလုပ်​သူများသာ နည်း​နေ​သေးမည်​ဖြစ်​​သော်​လည်း ​"ရောမမြို့ကို တရက်​ထဲ တည်​​ဆောက်​၍မရနိုင်"​​ဆိုသလို ​ဖြေး​ဖြေးချင်း စိတ်​ရှည်​စွာ စုသွားပါလို့အကြံ​ပေးချင်​ပါတယ်​။ ယခင်​လူ​ဟောင်းများမှုကား အနည်းနဲ့အများ $1200 ပတ်​ဝင်းကျင်​ခန့်တော့ ခန့်​မှန်းတန်​​ကြေး​ရှိ​နေကြပီးဖြစ်​သည်​။
SP steem power အ​နေဖြင့်​ 500 sp ခန့်​ရရှိ​နေကြပီဖြစ်​သည်​။ (မှတ်​ချက်​ ကျ​နော်​မရှိ​သေး)
ထိုသူတို့သည်​ 6လ 7လခန့်​ ဇွဲ​ကောင်း​ကောင်းဖြင့်​ စု​ဆောင်းလာ​သော အကျိုးဆက်​​ဖြစ်​​ပေသည်​။ လဖက်​​ကောင်းစားချင်​ရင်​ ပ​လောင်​​တောင်​တတ်​​နှေးရမည်​ ဆိုသကဲ့သို့ ​ဖြေး​ဖြေးမှန်​မှန်​​လေး တတ်​လာခဲ့ကြခြင်းဖြစ်​​လေသည်​။ ကျွန်​​တော်​သည်​ကား ပုံမှန်​အားဖြင့်​ စာ​ရေးအားနည်းခဲ့ ခြင်း​ကြောင့်​သာလျှင်​ sp နည်းခြင်းနှင့်​ မိသားစုစီးပွား​ရေး​ကြောင့်​ 2လခန့်​အနားယူခဲ့ခြင်း​ကြောင့်​ sp နည်းပါးခဲ့ရ​လေသည်​။
အချို့​သော sbd များလည်း ထုတ်​ယူ​ရောင်းချခြဲု့ခင်း​ကြောင့်​ ​"လူမိုက်​​နောက်​မှအကြံရ"​ နောင်​တ ​နောင်​မှတရသည်​။

ကျွန်​​တော်​၏ အ​တွေ့အကြုံ ​နောင်​တမျိုးကို newbie များ မရ​စေချင်​​သော​ကြောင့်​ မိမိတို့ sp sbd များကို​ရောင်းချစားခြင်းများ ​ရှောင်​ရှားသင့်​​သေးပါသည်​။

Photo from google
silo-brown-egg.jpg

မိမိ၏ sp sbd များကို ကြက်​ဥ​လေးတစ်​လုံးကဲ့သို့ ကြက်​ဥဘဝမှာတင်​ ​ကြော်​ချက်​စားခဲ့မည်​ဆိုပါက ကြက်​ဥတလုံးစာသာ စားရမည်​ဖြစ်​သည်​။

Photo from google
images_3.jpg

ကြက်​​ပေါက်​​လေးဖြစ်​​အောင်​ ​မွေးမြူ ပီး သတ်​စားမည်​ဆိုပါကလည်း ကြက်​​ပေါက်​တ​ကောင်​စာ ဟင်းလျာရ​ပေမည်​။

Photo from google
Egg_and_Hen.jpg

အကယ်​၍သာ အရွယ်​​ရောက်​​သော ကြက်​မတစ်​​ကောင်​ဖြစ်​ခဲ့မည်​ဆိုပါက ​ဥများဥနိုင်​ကာ နောက်​ထပ်​ ဥများစွာ ဥနိုင်​ကာ ကြက်​အုပ်​တစ်​အုပ်​ဖြစ်​လာနိုင်​မည်​ဖြစ်​သည်​။ ကြက်​အုပ်​တအုပ်​ဖြစ်​လာပါက ပိုမိုမြင့်​မားလာ​သော ​ပေါက်​ပွားနှုန်းများစွာ ချိန်​ဆက စားမကုန်​​သော ဟင်းလျာများ ရရှိလာမည်​ဖြစ်​သည်​။

Photo from google
img_9280.jpg
hens1.jpg

ယခု ကြက်​ဥ ကိုဟင်းတခွက်​လုပ်​စားမည်​​လော ဒါမှမဟုတ်​ ကြက်​​ပေါင်းများစွာရရှိ​အောင်​​မွေးမြူမည်​​ကော။
ထို့​ကြောင့်​ ယခုမှ ဝင်​လာ​သောလူသစ်​များအ​နေဖြင့်​ မိမိတို့ sp ​လေးကို ​မွေးမြူ ကြပါ။ ပိုမိုများပြားလာ​သော curation reward နှင့်​ အခြား autor reward များပိုမိုရရှိလာ​ပေလိမ့်​မည်​။

Photo from google
images_1.png

Steemit တွင်​​တော့ ထိုဥပမာကို ငါးများဖြင့်​ နှိုင်းယှဉ်​​ခေါ်ဆို​လေ့ရှိသည်​။

မိမိတို့အ​ကောင့်​တွင်​ sp နည်း​နေ​သေး rp နည်း​နေ​သေးပါက minnow ငါးအ​သေး​လေး၊ ​သေးငယ်​​သော သ​ဘောထားကြသည်​။ အချို့သည်​လည်း ထိုငါး​သေး​သေးဘဝတွင်​ပင်​ ဟင်းလျာလုပ်​ပစ်​သူအများအပြားရှိ​ပေသည်​။
Photo from google
d_EKFJGM.jpg

Sp များသူများကို​တော့ whale လို​ခေါ်တွင်​ကြကာ ​ဝေလငါး ငါးအကြီးကြီးဟုသက်​မှတ်​​ပေသည်​။
ဝေလငါးအကြီးကြီးမှ ​မွေးလာ​သောငါးများသည်​ အကြီးမြန်​​ပေမည်​။ မိမိ sp မြင့်​မားလာ​လေ​လေ ပိုမို၍ ရရှိမည်​ဆိုတာ​တော့ ကျ​နော်​မိတ်​​ဆွေများ စဉ်းစားတတ်​မည်​ဖြစ်​သည်​။
Photo from google
images.png
ကျွန်​​တော်​လည်း စဉ်းစားတတ်​ခဲ့ပါတယ်​။ သို့​သော်​ ​သေချာမ ​တွေး​တောတာပါ။ ယခင်​က sp 100 ဝယ်​ထည့်​ဖို့အတွက်​ 100$ ​ခန့်​သာကုန်​ကျမည်​ဖြစ်​သည်​။ မြန်​မာ​ငွေ 135000 mmk ခန့်​ကုန်​ကျသည်​။

ယခုအချိန်​တွင်​ဝယ်​ထည့်​မည်​ဆိုပါက sp 100အတွက်​ ယ​နေ့​ပေါက်​​ကြေး 650000mmk ကုန်​ကမည်​ဖြစ်​သည်​။ ဒါ​တောင်​ ​ဈေးအနည်းငယ်​ကျသွားခြင်း​ကြောင့်​ဖြစ်​သည်​။ ​လေးဆခန်​ ​ဈေးကွာသွားပီဖြစ်​သည်​။
အကယ်​၍သာ ​နောက်​သုံးလ ကြာခဲ့လျှင်​ မည်​မျှ​ပြောင်းလဲမည်​ကို မသိရှိနိုင်​​သေးပါ။ ပို၍ ခက်​ခဲလာမည်​​တော့ အမှန်​ဖြစ်​​လေသည်​။
ယခုအချိန်​တွင်​ စစုမှသာလျှင်​ ​နောင်​တချိန်​တွင်​ မိမိတို့ သည်​ sp များ​နေမည်​ဖြစ်​သည်​။ ထိုအချိန်​မှာ စစုပါက အင်​မတန်​ခက်​သွားမည်​ဖြစ်​​လေသည်​။

"လသာတုန်း ဗိုင်းငင်​"ကာ
"အစ​ကောင်းမှ အ​နှောင်း​သေချာ"၊ "အနာခံမှ အသာစံရမည်"​​ဖြစ်​​သော​ကြောင့်​ ယခု ကြက်​​ပေါက်​ ငါး​ပေါက်​​လေးများအား ​ကြော်​ချက်​မစားကြပါနဲ့ဟု တိုက်​တွန်းလိုက်​ရပါသည်​။

received_1887590228237358.png
IMG_20180201_151756.jpg

That Ko Zaw
MSC 005

Sort:  

ငါးသေးသေးလေး ပဲ ရှိသေးတယ် ဝေလငါးဖြစ်အောင် ဘယ်လောက်ကြာကြာစုမယ် ဗျာ one day တော့ဖြစ်လာမှာပါ

ဒေါ်ဖင်​ ​လောက်​​တောင်​ အ​တော်​စုရမယ်​ ​ဒေါ်ဖင်​ရင်​လဲ ​အေး​ဆေးစား​လောက်​ပီ

ကြက်မွေးမှ အဆင်ပြေမယ်လား ကိုသက်ရော က်ြမွေးထားပီလား

ကြက်​​မွေး​နေတာ

ကြက်တေ အများကြီးရ😁😁

ရရမယ်

ကြက်ခြံဆောက်ကြရအောင်ဗျို့

ဟုတ်​တယ်​ဗျို့ လုပ်​ထား

ဥပမာ‌ပေးတာ ထိ‌ရောက်‌ပါ‌ပေတယ်‌။‌ကျေးဇူးတင်‌ပါတယ်‌ ကိုသက်‌‌ရေ။

တလှမ်းခြင်းသွား​နေပီပဲ

ကြက်ဥ တလုံး လောက်ပေးပါ ကိုသက်။

125ks ​ပေးပါ အ​ကြွေးမရ

အခုကတည်းကကြက်​ဥ​လေးကို.ြုစုထားတယ်

စုထားစုထား အ​ကောင်​​တွေ​ပေါက်​လာမယ်

30sbd ကို 18 spဖြင့်ထိုအချိန်က convert. မလုပ်ခဲ့မိလျင် sp500 တန်းရောက်နေရမည်ဖြစ်သော်လည်း

မှတ်​မိတယ်

ယခုဆိုရင်တော့ plankton အဆင့်ကို ကျော်ဖြတ်လို့ minnow ဘဝ ရောက်လာပါပြီ dolphin အဆင့်ကို ရောက်ဖို့ ကြိုးစားရပါဦးမယ် ဒေါ်ဖင် ဖြစ်ပြီးမှ ဝှေး လ် ဖြစ်အောင် ဆက်လုပ်ပါမယ် ။

ဒေါ်ဖင်​ဖို့ကို အ​တော်​လို​သေး

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 61728.21
ETH 2680.80
USDT 1.00
SBD 2.56