အ​တော့်​လုပ်​ပါ ကိုမြသာရယ်​ (Original Story by @thatkozaw)

in #myanmar6 years ago

U5dsc2dTte3btu4yf76hJYFDAbSbxJQ_1680x8400 (1).jpeg

အ​တော်​လုပ်​ပါ ကိုမြသာရယ်

ယ​နေ့​ခေတ်​ ​ပေါ်ပင်​စကား ဘာတဲ့ လူဒိုင်းလူဒိုင်းမှာ
``လူဒိုင်းလူဒိုင်းမှာ ဒဇိုင်းကာလာဘာညာအ​နေအထားဆိုတာရှိတယ်​ အဲ့လယ်​´´
ဆိုတဲ့စကားသည်​ လူတိုင်းလူတိုင်းပါးစပ်​ဖျားက​နေ စကြ​နောက်​ကြ​ပြောင်​ကြရင်း​ပြောဆို​နေကြသည်​။

အရင်​တခါမှတ်​မိသ​လောက်​တုံးကလည်း
``ကမ္ဘာကြီးနှစ်​ခြမ်းကွဲသွားခဲ့ရင်​ မင်းရှိတဲ့အခြမ်းမှာပဲ​နေချင်​တယ်​´´ ဆိုတဲ့​ ဆရာ​မောင်​လှမျိုး(ချင်း​ချောင်းခြံ) ရဲ့ကဗျာစာသား ​ဟော့ဖြစ်​ခဲ့တာ​ပေါ့။

Social Media ​ကြောင့်​ မထင်​မှတ်​ပဲ ​ဟော့ဖြစ်​ ကျယ်​ပြန့်​သွားတဲ့ ဒိုင်​ယာ​လော့​တွေ​ပေါ့​လေ။

ကသက်​တို့ အပြင်​မှာလည်း ​ခေတ်​အဆက်​ဆက်​ ​​ဟော့ဖြစ်​ခဲ့တဲ့စကားလုံး​တွေရှိကြတယ်​။ သိပ်​မကျယ်​ပြန့်​​တော့လည်း နီးစပ်​ရာသုံးနှုန်းကြတာ​ပေါ့။ ဒိုင်​ယာ​လော့မဟုတ်​​ပေမယ့်​ တ​ယောက်​နဲ့တ​ယောက်​ စကြ​နောက်​ကြရင်း​ပြောတဲ့စကား​တွေ​ပေါ့။

ဥပမာဗျာ ဒိုမီရယ်​ ကိုဒွန်​ရယ်​ ကသက်​ရယ်​ထိုင်​​နေတယ်​ထားပါ​တော့။
တင်​ဇာဝင့်​ကျော်​လို ​ဘော်​ဒီနဲ့​ကောင်​မ​လေးတ​ယောက်​ဖြတ်​​လျောက်​လာတယ်​။

ဒိုမီက ရုတ်​တရက်​လှမ်းကြည့်​ပီး
``အိုး ချစ်​လိုက်​တာကွာ။ မင်းဟာငါ့အိပ်​မက်​အရှင်​သခင်​ပဲ´´ လို့​ တ​ယောက်​ထဲ​ပြောသလိုလို​နဲ့ ဖီးလိုက်​မယ်​။

ဘေးက ကိုဒွန်​က ဘုကြည့်​ကြည့်​ရင်း ဖီးလင်​ပျက်​​အောင်
``ကိုသက်​ကြီး​(ကို)​ပြောတာလားဟ´´ဆိုပီး လုပ်​လိမ့်​မယ်​။

အဲ့အချိန်​ကိုက်​ပဲ ဒိုမီကို
ကိုသက်​ကြီးကလည်း ကွမ်းဂျိုး​တွေနဲ့လှည့်​ပီး ရယ်​ပြလိမ့်​မယ်​။ သတိထားရမှာက သားစိတ်​မယားစိတ်​ကုန်​​စေတဲ့ အပြုံးမျိုးဖြစ်​ရမယ်​​နော်​။
ကသက်​က​တော့ ဒါ အ​ထူးအ​ထွေလုပ်​ယူစရာမလိုဘူးရယ်​။ ပင်​ကိုယ်​ စွမ်းတာ​ပေါ့​လေ။

အဲ့မှ ဒိုမီက
``ဘယ်​​သေ​သေ​ဟေ့ ဘယ်​​သေ​သေ။ ဘယ်​မှာ ချီးကားတိုက်​​သေ​သေ။ ​မေတ္တာကိုမရှိဘူး ရုပ်​ကိုက´´ ဆိုပီး
ပြောလိုက်​မယ်​​လေ။

1.လှလိုက်​တာ
2.----​ပြောတာလား
3.ဘယ်​​သေ​သေ

ဒါ​တွေက တိုင်​ပင်​မထားပဲ တ​ယောက်​နဲ့တ​ယောက်​ အလိုက်​သင့်​ ​ပြောတဲ့ ပုံစံ​ပေါ့။

ဒါကစတာ​နောက်​တာ သက်​သက်​ဗျ။ အဲ့ ပါးစပ်​ထဲစွဲပီး ​ပြောမိတာမျိုး​တွေက​တော့
``အ​တော့််​လုပ်​ပါ ကိုမြသာရယ်​။
လုပ်ကြ​​ပေါ့ ရှင်​တို့ကရဲ​တွေကိုး´´
ဆိုတာ​တော့ ကသက်​ ​ယောင်​ရင်​​တောင်​ထ​ယောင်​​အောင်​ ​ပြောမိဖူးတယ်​။
ပြောမိလို့လဲ ​ပြေးခဲ့ရဖူးတယ်​။

ကသက်​ ဆယ်​တန်း​အောင်​ပီး​ပထမဆုံး လခစားအ​နေနဲ့ မန်း​လေး​တောင်​​ပေါ်မှာ ကင်​မရာခွန်​၊ ဗီဒိုယိုခွန်​ ​ကောက်​တဲ့လုပ်​ငန်းကိုလုပ်​ခဲ့တုန်းက​ပေါ့။
ထိုစဉ်​တုန်းက လက်​နဲ့​​တော့လို့ရတဲ့ ဖုန်း​တွေမ​ပေါ်​သေးသလို ​တော်​ရုံ ဖုန်းကိုင်​နိုင်​ဖို့လည်း ခဲယဉ်းတယ်​​လေ။
အဲ့​တော့ ဖလင်​နဲ့ ကင်​မရာ​လေး​တွေဝယ်​ပီး ရိုက်​ကြတာ​ပေါ့။

ကသက်​အလုပ်​က ​တောင်​​ပေါ်တတ်​လာတဲ့သူ​တွေကို ​ခေါ်​တောရှိုးရှိုးပီး ဘယ်​အိပ်​ထဲ ကင်​မရာထည့်​လာလဲ ကြည့်ေ​နရတယ်​။ ကင်​မရာအိပ်​ပါလာတယ်​ဆိုရင်​ ဘယ်​အချိန်​ထုတ်​ရိုက်​မလဲ ကျား​ချောင်း​ချောင်း​နေရတယ်​။ အဲ့ ထုတ်​ပီးရိုက်​ပီဆိုရင်​​တော့
လာထား နှစ်​ရာကျပ်​ပဲ။

အစက​တော့ ဘယ်​​တောင်းရဲမလဲဗျာ။ သူများမ​ပေးချင်​မှန်းသိတာ​ပေါ့။ ဒါ​ပေမယ့်​ သူ့ဆန်​စားရင်​ ရဲရ​တော့မှာ​ပဲ​လေ။ တချို့ကမ​ပေးချင်​​ပေမယ့်​ အ​တော်​များများ​တော့ အဆင်​​ပြေပါတယ်​။
မ​ပေးချင်​လည်း ကိုယ့်​အလုပ်​ဆို​တော့ရ​အောင်​​တောင်းရတာ​ပေါ့။ မ​ပေးချင်​မရိုက်​နဲ့ပဲ။
ဒီလိုနဲ့ အဆင်​​ပြေသလိုလုပ်​ရ​တော့ဗျာ။

ကံများ ဆိုးချင်​လာရင်​ အသံမ​ပေးဘာမ​ပေး ဆိုင်းမဆင့်​ဗုံမဆင့်​လာတတ်​တာပဲဗျ။
တ​ခေါက်​က ခပ်​သန့်​သန့်​လူနှစ်​​ယောက်​ ကင်​မရာတစ်​လုံးနဲ့​လျောက်​ရိုက်​​နေတယ်​​လေ။
ဤနယ်​​မြေတွင်​ ကင်​မရာထုတ်​ရိုက်​ပါက နှစ်​ရာကျပ်​တိတိ​ကောက်​ခံခွင့်​ ရှိ​သော ​မောင်​သက်​လည်း အ​ပြေးက​လေး သွားပီး​ကောက်​ခံ​တော့တာ​ပေါ့။

``အစ်​ကိုတို့ ကင်​မရာခွန်​ နှစ်​ရာကျပ်​ပါ။´´
ပြောလဲ​ပြော​ဆောင်​ပီးသွား​ကြောင်းအမှတ်​တံဆိတ်​ဖြစ်​သည့်​ သ​ရေကွင်းတပ်​ထား​သော စာရွက်​အစိမ်းအမာ​လေး​လှမ်း​ပေးလိုက်​သည်​။

နှစ်​​ယောက်​ထဲက တ​ယောက်​က ဘာမှမ​ပြော ကင်​မရာပဲဆက်​ရိုက်​​နေပီး သူ့​ဘေးက လူကပဲ​လှည့်​​ပြောတယ်​။

``ဟိတ်​ ညီ​လေး အစ်​ကိုတို့က ​ကောက်​ရမယ့်​သူ​တွေမဟုတ်​ဘူး။ မင်းလစ်​လိုက်​​တော့။ ´´

ကသက်​ကလည်း အကျင့်​ပါ​နေတဲ့စကား​တွေ​ပြောမိတယ်​။

``အ​တော့်​လုပ်​ပါ ကိုမြသာရယ်​။ ဘယ်​သူမဆို​ဆောင်​ရာမှာပါပဲ အစ်​ကို။´´

``​ဟေ့​ကောင်​ တို့ကိုဘာ​ကောင်​မှတ်​​နေလဲ။ ​ပြောင်​သလို​နောက်​သလိုလုပ်​မ​နေနဲ့ G2ကွ G2။´´

``အ​တော့်​လုပ်​ပါ ကိုမြသာ။ ကျွန်​​တော်​ G2 ​တွေဘာ​တွေမသိဘူး။ လုပ်​ကြ​ပေါ့ ရှင်​တို့ကရဲ​တွေလား။´´

``ဟိတ်​​ကောင်​ ဒီ​ကောင်​ဘာ​ကောင်​တုန်းကွ ပမာမခန့်​နဲ့ လူကြီး လူကြီးမှန်းမသိ။´´

လူကြီးတဲ့​လေ။ ကသက်​မြင်​တာ​တော့ သိပ်​အသက်​မကြီး​သေးပါဘူး။ မသိဘူး ​တောင်းစရာရှိ​တောင်းရမှာပဲ။

``
နှစ်​ရာထဲပါအစ်​ကိုရယ်​။ နိုင်​ငံ​တော်​ဘဏ္ဍာအတွက်​ အခွန်​​ဆောင်​ရတာပါ။ ကျ​နော်​တို့အတွက်​မဟုတ်​ပါဘူး။ တိုင်းပြည်​အတွက်​ နိုင်​ငံသား​ကောင်းတိုင်း အခွန်​​ဆောင်​ပါကြပါတယ်​။´´
ခပ်​တည်​တည်​နဲ့ ရွှီးကြည့်​တာ​ပေါ့​လေ။

``​ဟေ့​ကောင်​ ​ပြောမရပါလား။ ဘယ်​မှာလဲတာဝန်​ခံရုံးခန်း ​ခေါ်စမ်း အဲ့ဒီ​ကောင်​​တွေ။ မင်း​​နော်
ငါလုပ်​မိရင်​​သေ​တော့မယ်​။ လူကြီး လူကြီးမှန်းမသိ။´´
(ထိုစဉ်​က ​မန်း​လေး​တောင်​​ပေါ်ကို 95 စစ်​တပ်​က အုပ်​ချုပ်​သည်​။)

ကသက်​နည်းနည်း​တော့လန့်​လာသည်​။ တာဝန်​ခံဗိုလ်​​လေး ဆဲ​နေမှဖြင့်​ သူတို့ကဘာမှန်းမသိ G2 ဆိုတာပဲတဲ့​လေ။ ဒါ​ပေမယ့်​ ပါးစပ်​က လွတ်​ခနဲ ထွက်​သွားတာ​ပေါ့။

``ဟုတ်​ကဲ့သွား​ခေါ်ပါ့မယ်​။ လုပ်​ကြ​ပေါ့ရှင်​တို့က ရဲ​တွေကိုး။´´

ဟိုကအ​တော်​စိတ်​ဆိုးလာပီး ထနရင်းရိုက်​​ပါ​လေ​ရော။
ဒါ​ပေမယ့်​ ကသက်ကလည်း အလန့်တကြား ​ရှောင်​လိုက်​​တော့​ ​ချော်​သွားပီး မထိလိုက်​ဘူး။

``ဟာ ​ဆော်​ပဟ ​ဆော်​ပဟ အသာ့လုပ်​ပါ ကိုမြသာရယ်​´´
ဆိုပီး ကသက်​လည်း​ပြေး​တော့တာပါပဲ။ ကင်​မရာခွန်​ရုံးခန်းထဲက ခုံ​အောက်​ထဲဝင်​ပုန်း​နေ​တော့တာ​ပေါ့။

ခဏကြာ​တော့ ခဏကလူနဲ့ လူဆယ့်​ငါး​ယောက်​​လောက်​ ကင်​မရာခွန်​အခန်း​ရှေ့လာ​မေးကြတယ်​ ဟို​အ​တော့်​လုပ်​ပါ​ကောင်​ ဘယ်​မှာလဲတဲ့။
တွေ့ရင်​ဝိုင်း​ဆော်​မလို့တဲ့​လေ။

ကသက်​ ခုံထဲက​နေရင်း ​တိုးတိုး​လေး​​ပြောမိတယ်​​။
အ​တော့်​လုပ်​ပါ G2ရယ်​။ ရှင်​တို့က ရဲ​တွေလား။
လူကြီးလားဟင်​။

MSC 05
That Ko Zawreceived_817512645096897.gif

Sort:  

ကောင်းကောင်းမရွက်တော့ ဗန်း(ဗန်းစကား)မှောက်သွားတယ်ပေါ့ ကိုသက်

ဘာအခုမှ​ကြောက်​ပါပီလဲ

G2 က အဲဒီလောက်ဆိုးတာလား အတော့လုပ်ပါ ကသက်ရယ် G2 ကလူတွေထိုင်ငိုနေလိမ့်မယ်

G2 ဆို ​ခေတ်​အဆက်​ဆက်​မ​ကောင်​တာရယ်
အဟဲ​ပြေးပီ

လူဒိုင်း လူဒိုင်းမာ ဒီဇိုင်းကာလာ ဘာညာအနေထား အယ့်လယ့် အယ့်လယ် ဒဗလယ်လန်းတယ်ဖီ

အာ့ကို အရင်​နိတို့​ပြော​နေလို့လိုက်​​ပြောတာ ​နောက်​မှသိတာပဲ သားစစ်​ဆိုတာ အဲ့ဂလိုပါဆို

တို့လည်း G2 က‌နော်‌။ရယ်‌လိုက်‌ရတာ အူ‌တောင်‌နာတယ်‌။ ကိုသက်‌ဆိုတာ ဒါကွ၊မ‌ရေးချင်‌လို့ရူးချင်‌‌ယောင်‌‌ဆောင်‌‌နေတာ။

G1 G2 S1 ​တေ ဘာ​တေလဲမသိဘူးအဲ​ခေတ်​က ​စစစသုံးလုံးကပါ​သေး

ဟုတ်တယ်နော် အဲ့စကားတော်တော်ခေတ်စားခဲ့တာ

ယောက်​ရင်​​တောင်​ ထွက်​ခဲ့ဖူးတယ်​:😃😃😃😃

အတော့် အလုပ်ကောင်းလို့ အထောင်းခံရတော့မပေါ့လေ။ ဟိဟိ။

အမ​လေး ကသက်​အ​ပြေးသန်​ပါတယ်

ငှင့်​...လက်​ချတပ်​ ဒို့ ဂျီတူးအတင်းတုပ်​တာဟ မဖြစ်​ဘူး မဖြစ်​ဘူး
ဒီ ကိစ္စ အကြည်​နဲ့တိုင်​​ပြောမယ်
နောက်​ တခါ ပဲပြုတ်​နဲ့နံပြား ဝယ်​မ​ကြွေးနဲ့လို့ ..အဟပ်​ အဟပ်​..

အကြည်​ မ​ကြောက်​တာ လာစမ်းပါ အ​ပြေးသန်​တယ်

ရှင်​တို့က ရဲ​တွေကိုးဗျ ဟီးဟီး

ဖမ်းမှာပဲ အဲ့လယ်

အတော့်လုပ်ပါ ကသက်ရယ် ရီရလွန်းလို့😁😁😁

ရှင်​တို့က ရဲ​တွေကိုးဗျ

အတော်လုပ်ပါနဲ့ အတော်ပုန်းခဲ့ရသပ 😁😁😁😁

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 64136.70
ETH 3128.20
USDT 1.00
SBD 3.94