700 mmk

in #myanmar6 years ago

U5dsc2dTte3btu4yf76hJYFDAbSbxJQ_1680x8400 (1).jpeg
ဒီ​နေ့ ကျ​နော်​အ​စောကြီးနိုး​နေသည်​။ နိုးရ​သောအ​ကြောင်းရင်းကလည်း ညလည်တ​ရေးနိုးကတည်းက အိပ်​မ​ပျော်​​သော်​​ကြောင့်​ ဆို​ကောင်းဆိုရမည်​ဖြစ်​သည်​။
အဘယ်​​ကြောင့်​ အိပ်​မ​ပျော်​ရ​ကောင်းဆို​သော်​ မ​နေ့က ကျ​နော့်​ အတွက်​ ​နေ့တွက်​မရခဲ့​ပေ။ အစ်မေ​နမ​ကောင်း​တော့ ဆိုင်​ကပြန်​သွားသည်​။
ယောက်​ဖက​နေ့တွက်​မ​ပေးလိုက်​​ပေ။
မနက်​ဖြန်​မှ အစ်​မဆီယူ​ပေါ့​လေ။
ကျ​နော့ အကျင့်​ကလည်း တကယ်​ပဲဗျ မာနကြီးတဲ့သ​ဘောလား ဘာ​ကြောင့်​ရယ်​မသိ မ​ပေးလျှင်​ မ​တောင်းတတ်​တာ ထုံးစံလိုဖြစ်​​နေ​တော့ မ​တောင်းဖြစ်​ခဲ့။
ထို​ကြောင့်​ပြသာနာမရှိ​ပေ။ သို​သော်​အိမ်​​ထောင့်​တည်​စ ကျ​နော့အတွက်​ ​နေ့တွက်​သည်​ အင်​မတန်​ အ​ရေးကြီး​သောအခန်းမှာပါဝင်​​နေ​ကြောင်းကို ညပိုင်း လက်​ကျန်​ပိုက်​ဆံ ​ရေ​သောအချိန်​တွင်​မှသိ​လေသည်​။

ညပိုင်း ဆင်​မီးဟု​ခေါ်​သော ဘထ္ထရီမီး​လေးဖြင့်​ ပိုက်​ဆံအိပ်​ထဲ့တွင်​ရှိ​သော သုံးစွဲရာ​ငွေ​ကြေးကိုရှာ​ဖွေရာတွင်​ ဝါ ​ရေတွက်​ရာတွင်​ ​ရေတွက်​ရန်​ မလို​သော အိပ်​ပါးပါး​လေး​မှ ထွက်​ရှိလာ​သော ​ငွေ​ကြေးသည်​ ၂၀၀ ရာတန်​ တစ်​ရွက်​ နှင့်​ ၅၀၀ ရာတန်​တရွက်​ အားလုံး​ပေါင်း ၇၀၀ ရာ ကျပ်​တိတိရှိ​နေသည်​။

မနက်​ဖြန်​မနက်​စာ ​နေ့လည်​စာကိုမည်​သို့ ​ကျော်​လွန်​မည်​နည်း။
ကြက်​ဥ တလုံးကို​ကျော်​​သော်​ ဆီဖိုးနှင့်​ မည်​မျှကျသင့်​မည်​နည်း။
ကောက်​ရိုး၏ ​ခေါင်းထဲတွင်​ ညကတည်းက တွက်​ချက်​​နေမှုများသည်​ ချစ်​​သောမိုး မသိ​စေလို​သော​ကြောင့်​ ဆို​သော အရာများဖြစ်​​လေသည်​။

ထို့​ကြောင့်​ ကျ​နော်​ အ​စောကြီးနိုး​နေကာ ​ငွေ၇၀၀ရာ ကျပ်​ တိတိကိုင်​ထားကာ စဉ်းစား​​နေ​ပေသည်​။
ထိုင်​​လှေကားရင်း ဆို​သောစကားအတိုင်း ထိုင်​​နေရင်း ကျ​နော်​ ဆုံးဖြတ်​ချက်​တခုကိုဒုံးဒုံးချ​တော့သည်​။

မှတ်​မှတ်​ရရ အပျိုကြီး ​ဒေါ်နှင်းဆီဆိုင်​မှ
ငါး​လေး​ခြောက်​ 300 တန်​ တထုတ်
ဂေါ်ရခါးသီး တလုံး 200
ကြက်​ဥတလုံး 100
ပဲရာဇာ တထုတ်​ 100

မ​နေ့က ဆီထည့်​ထား​တော့ ယ​နေ့ထည့်​စရာ မလို

သို့​သော်​ ထို​နေ့က မမိုးမထခင်​ ထမင်းချိုင့်​​ကော သူစားဖို့​ကော အရန်​သင့်​ပြင်​ဆင်​ထား​သော ကျ​နော့ကိုကြည့်​ပီး သူ​ပျော်​သွားသည်​။

နောက်​ ကိုသက်​ ဘယ်​က​နေရှာချက်​ထားတာလည်းဟာ ငါ နင့်​အိပ်​ထဲပိုက်​ဆံမရှိဘူးဆိုတာသိလို့ မ​နေ့က လက်​စွပ်​​လေး​ပေါင်​လာပါတယ်​ဟတဲ့။

လိုမှမလိုပဲ​လေ ​နော့​လေ။

အဲ့လိုမရှိတုန်းက တမျိုး​ပျော်​စရာ​ကောင်းခဲ့ပါတယ်​။

MSC 005
That Ko Zaw

logo.png

Sort:  

အိမ်ထောင့်တည်စဆိုတော့ အိမ်ထောင်ကျစတုန်းကအဖြစ်လား ကိုသက်

Posted using Partiko Android

အိမ်​​ထောင်​ကျစဆိုတဲ့စကားအစား
အိမ်​​ထောင်​တည်​စ သုံးချင်​တာကို
အိမ်​​ထောင့်​ တည်​စ ​လေးနက်​​စေချင်​လို့သုံးပလိုက်​တာကို​စော

ဟုတ် ကိုသက် အတော်ရုန်းခဲ့ရတာပဲ

ပဲရာဇာသည်​ အဟာရဓာတ်​ အ​တော်​ပါ​သောပစ္စည်းဗျ အသားသိပ်​မကြိုက်​​တဲ့​နော့အတွက်​ အရမ်းသင့်​​တော်​တယ်​ တခါတခါ သူချည်း ပျစ်​ပျစ်​​လေးပြုပ်​ပီး​သောက်​တယ်

မိတ်​​ဆွေတစ်​​ယောက်​ဆို ဆယ်​နှစ်​​ကျော်​ပီ မိသားစုလိုက်​ပဲရာဇာကို​​နေစဉ်​​သောက်​ကြတာ​တွေ့ဖူးတယ်
နောက်​သီးနံထဲမှာ ​ဂေါ်ရခါးသီးက ​ဆေးသုံးစကာ သိပ်​မလို​သောအသီးဗျ သွသူသီးတာ
ကြက်​ဥ​လေးနဲ့​ရော​တော့ နည်းနည်းပို​ကောင်းတာပ

ငါးက​တော့ ​ရှေးလူကြီး​တွေကိုက​ပြောတယ်​​လေ ​ခေါင်းတစ်​ရာသားကိုစားပါတဲ့

ဗဟုသုတပြည့်စုံပါပေ့ ကိုသက်😍😍

Posted using Partiko Android

အယ် ကိုသက်က ၇၀၀ရှိသေး ကျွန်တော့်မှာ ၁၀၀တည်း
ငိုပီလေ

Fa ​တေ ဝင်​​ပြောနာ အဲ့လယ်​ ☺☺☺☺

နင်လားဟဲ့ လောကဓံ

Posted using Partiko Android

ဖြစ်​ခဲ့ဖူးတာမျိုး​ပေါ့

တကယ့် ဘဝကလေး

ဖြစ်​ဖူးလားအဲ့လို အစ်​မစုလှိုင်​ မိန်းမမသိ​အောင်​ တိတ်​တိတ်​​လေး ရှိတာ​လေးနဲ့ဟင်းချက်​​ပေးတာ

700နှင့်ကြည်နူးခဲ့ရတဲ့နေ့လေးတစ်နေ့ပေါ့။
အပြန်အလှန်နားလည်နိုင်မှုတွေက ပျော်စရာတော့ကောင်းမယ်ထင်တယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63117.29
ETH 2601.03
USDT 1.00
SBD 2.76