2 Month in Steemit Myanmar (original story by @thatkozaw)
တဖြေးဖြေးနဲ့ steemiter တွေ ပိုပြီးများလာပါပြီ
တစ်ယောက်နဲ့တစ်ယောက် vote ရင်း esteem ကတင်တဲ့ post တွေကို good-karma esteem developer ကြီးက vote တွေရကြပါတယ် အနည်းနဲ့အများလောက်တော့ ရလာကြပြီပေါ့။
အစ်ကိုတစ်ယောက်မှလဲ
Original content ကောင်းများကို ရှာဖွေပြီး
တစ်ရက်ကို 20 လောက် promotion ပြုလုပ်ခဲ့ပါသည်။
ဘာပြဲဖစ်ဖြစ် ဘယ်လောက်ပဲရရ နှမ်းစေ့လေးတွေစုပြီး ဆီဖြစ်လာရတာပါ။
အားတဲ့အချိန်လေး တစ်ရက် post တစ်ခုတင်ရင်း
သန့်ရှင်းသပ်ရပ်သော myanmar steemit ဖြစ်လာအောင် ကြိုးစားရင် တည်ဆောက်ကြရအောင်။
ကျနော်လည်း မိတ်ဆွေတို့နည်းတူပဲ steemit မှာအောင်မြင်အောင် ကြိုးစားနေသူတစ်ယောက်ပါ။
နှစ်လခန့် ကြာပါပြီ ဘာမှသိပ်မရသေးပေမယ့် ကြိုးစားပြီး original content ဖြစ်အောင် ကြိုးစား နေဆဲပါ။ Newbie များကိုလဲ အားတဲ့အချိန် ကြိုးစားရှင်းပြ လက်တွဲခေါ်နေပါတယ်။
တခုကျနော်အကြံပြုချင်တာက ကျနော်အပါအဝင် ကျနော်မိတ်ဆွေများသည် steemit အကောင့်တစ်ခု ပိုင်ဆိုင်ပြီးသူတိုင်း steemit acc တွင် facebook profile link လေးထားစေချင်ပါတယ်။ ကျနော်
ကိုယ်တိုင်လည်း ယခုစာရေးနေသည်အထိ မလုပ်ရသေးပါ။ မိတ်ဆွေအချို့သည် facebook အကောင့်များစွာ အသုံးပြုသော်လည်း မိမိ မကြာခဏ ဝင်ကြည့်ဖြစ်သော အကောင့်ကိုထည့်စေချင်ပါသည်။
တခြားသော blogger များဖြစ်မည်ဆိုသော်ကာ မိမိ၏ blog link ကိုထည့်သွင်းစေချင်ပါသည်။
ထို့မှသာ steemit cheetah သို့မဟုတ် steemit board အဖွဲ့မှ မိမိသည် မည်သူမည်ဝါ
သိထားပါက အနည်းနှင့်အများ မိမိ၏ page link
မိမိ၏ facebook အကောင့်မှ စာများ ပြန်လည် အသုံးပြုရာတွင် မိမိကိုယ်ပိုင်ဆိုသော အချက်အလက် တစုံတစ်ရာ ဖြစ်နိုင်ပေမည်။ ထည့်သွင်းစဉ်းစားရမည်အချက်အနေနှင့်ဖော်ပြခြင်းဖြစ်ပေသည်။
ထိုသို့လုပ်တာနဲ့ facebook မှ copy ကူးပြီးတိုက်ရိုက်တင်ရန်မဆိုသာပေ။ cheetah ထိမထိ သေချာပေါက်မပြောရဲပါ။ ကျနော်နဲ့ cheetah နဲ့မခင်လို့ပါ။
Image from google
နောက်တစ်ခုအနေနဲ့က steemit ပေါ်တွင်ကြည့်၍ မိတ်ဆွေတို့၏ အရေးအသားကို လေးစားကာ မိတ်ဆွေ ဖွဲ့ချင်သည် ဆိုပါစို့၊ လူတိုင်း steemchat ကို မသုံးကြသေးပေ အချိန်အနည်းနဲ့အများ messenger
Facebook တွင် မှသာ စကားပြော၍ အဆင်ပြေနိုင်သော အခြေနေကြောင့် မိမိ ၏ facebook အကောင့် link၊ page link၊ blog link၊ စသည်တို့ကို ထည့်ထားမည်ဆိုပါက မိတ်ဆွေများ တိုးပွားလာမည့်အပြင် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင် အကူအညီ တောင်းနိုင်မည် မဟုတ်တုံလော။
Image from google
ထို့နောက် ကျနော် copy မကြိုက်တဲ့အကြောင်း ပြောချင်ပါသည်။ ကျနော့အယူအဆအရ ယခင်သုံးစွဲလာသော social media သည် copy နှင့် ရင်းနှီးကျွမ်းဝင်လွန်းပါသည်။
Steemit ပိုက်ဆံရတယ် ဆိုတော့ကာ ဘာမှဖတ်စရာမလိုပဲ post တင် ရင် sbd /steem coin ရတယ် ဆိုပြီး ဝင်လာသူတွေအနည်းနဲ့အများရှိပါသည်။ ထပ်၍လည်းဝင်လာပါလိမ့်မည်။
post ယခင်ကတည်းက မရေးခဲ့တာ ယခုမရေးတော့ဘူး လာခဲ့ Copy၊ cheetah က မြန်မာစာ သိပ်နားမလည်လို့သာ နည်းနည်း လွတ်ကြသည် သို့သာ် ထိတာပါပဲ။ vote နည်းပါတယ် eng တွေလိုရေးမှ vote ပိုရမယ် ဆိုပြီး တခြား site တွေကကူး တင် cheetah ကို Thank လို့ reply ပြန်ပေးတယ်။
ထပ်တင် ထပ်တင် နောက်ဆုံး black list ထဲရောက်သွားတယ်။ နောက်အကောင့်ဖွင့်တော့ပေါ့ ဆုံးရှုံးတာပေါ့။ သူတစ်ယောက်ထဲမဟုတ်ဘူး မြန်မာ tag ကြီးနဲ့ဆိုတော့ကာ။ steemit myanmar community သည် နှစ်လသား လောက်သာ ကျနော်ထင်ပါသည်။
cheetah ဒီလောက်ထိနေရင် မြန်မာစာမဖတ်တတ်ပဲ လာပြီး vote နေသူတွေ ပြန်သွားပါမည်။ steemit တွင် cheetah သည် ရှက်ဖွယ်လိလိ ဖြစ်ပေသည်။ နောက်တဆင့် သူက သူခိုးလို့ပြောပါသည်။ မယုံရင် ဝင်ရှာကြည့်ကြပါ။
ကျနော့ဆီလာတောင်းရင်ပြပါ့မယ်။
လူအများစုနဲ့ လုပ်သောလုပ်ငန်းသည် ထင်မြင်ချက်အမျိုးမျိုး ဖြစ်နိုင်ပါသည်။
သို့သော် ယခင် က ဘောလုံးပွဲအပြီး မြန်မာများ ရှုံးနိမ့်သော်လည်း အမှိုက်ကောက်ပြန်ကြသည့် အတွက် လေးစားစရာမြန်မာ ဆိုသော သတင်းသည် အတော်များများကြားဖူးကြပေမယ်။ ထိုအလေ့အကျင့်ကို ထိုနိုင်ငံရောက် မြန်မာများ ဆက်လက်ကျင့်သုံးသွားသည် မဟုတ်တုံလော။
2လသား steemit myanmar သည်လည်း အမှိုက်ကောက်သည့် အလေ့အထ ရှိခဲ့မယ်ဆိုရင်ကော......
ဟုတ်ကဲ့ cheetah ထိတဲ့မိတ်ဆွေများကို မသိလို့ဖြစ်စေ ကူညီပြောပြပေးကာ ထို post ကို vote မပေးပဲ reply တွင် cheetah မထိစေလိုကြောင်း ကြိုးစား၍ own post များရေးစေလိုကြောင်း
ပြောပြပေးကာ ကူညီမယ်ဆို တော်တော်များများသောမိတ်ဆွေတို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကဲ အမှိုက်လေး ကောက်ကျရအောင်
မြန်မာတွေ စည်းလုံးဖို့လိုပြီ ဆိုသော စကားနဲ့အညီ
စနစ်တကျ စည်းလုံးစွာ အမှိုက်ကောက်မယ်လေ။
နောက်တစ်ခုက
Copy
Cheetah မထိဘူး လွတ်တယ်
ကျော်ကတော့ ကျွမ်းလို့ ရှောင်နိုင်တယ်
ရတယ် မထိဘူး ရတယ် ကျွမ်းတယ်။
ဗဟုသုတရစေချင်လို့ရှယ် တာ
ဟုတ်ပါတယ် သို့သော်....
ရှယ်ဖို့အတွက် steemit မှာ resteem
ရှိပါတယ်။
Copy ပဲ သို့သော် သိစေချင်လို့ အရေးကြီးသတင်း၊
အင်မတန်ကောင်းမွန်လို့ ဖတ့်သင့်လို့
ဘာမှပြန်မလိုချင်ဘူးဆို
Decline payout
ရှိပါတယ်။
Steemit သည် facebook နဲ့မတူပါ
Post အတွက် ပိုက်ဆံရပါသည်။
သင်က copy ယူပြီးပိုက်ဆံရရင် ကျနော်ကကော....
Image from yethiha
ဖွတ်တောင်အမြီးတုတပ်ရောင်းလို့ တရုပ်က ပေတွက်နဲ့ မဝယ်ရဲပါ။ ထိုအကြောင်းအတွေ့အကြုံတော့ နောက်မှရေးပါ့မယ်။
ဘာလို့ ကြိုးစားရေးမလဲဗျာ ကူးတင်ရတာပဲ
ကျနော်မှမရေးတော့
သူကကော ကြိုးစားရေးမလဲဗျာ
အဲ့တော့ ရေရှည် အတွက်ဖြစ်နိုင်မလား
ကြိုးစားသာတွေးကြည့်ပါဗျာ
ဟိုလူတောင် အမှိုက်မကောက်ရင် ငါလဲမကောက်ဘူးဟေ့ ပေါ့။
အမှိုက်ပုံပဲဖြစ်ပြီးပြန်ထွက်သွားကြမှာပဲ။
ဘောလုံးပွဲတွေမှာမြန်မာ မြန်မာ မြန်မာ ဟေ့
ကျနော်လည်းအော်တယ်။
ဘောလုံးပွဲရှုံးရင် မျက်ရည်ကျတယ်။
သူ့ကျွန်မခံပြီ ပြီးအောင် မကြည့်ရဲ ရုပ်ကြမ်းကြီးနဲ့
လူကြားထဲ မျက်ရည်မထိန်းနိုင်လို့လေ။
သို့သော်...
မြန်မာ steemiter ဟုသော ဂုဏ်သည် အားကစားမဟုတ်သောကြောင့်လား
တည်ဆောက်စရာမလိုသောကြောင့်လား
ဘာမှဖြစ်လာမည်မထင်ဘူးဆိုသောကြောင့် ရသောက်လေး ယူပြန်မယ် မြန်မာနာမည် ဘာဖြစ်ဖြစ်ဆိုသောကြောင့်လား
မဟုတ်ပါဘူး
Copy နဲ့ Own post vote ကွာခြားရန် အားလုံးပါဝင်မှသာပါ
ကျနော့် အမြင်သက်သက်ပါ မှားချင်လဲမှားနိုင်ပါတယ်
စည်းကမ်းတွေပြောတော့ အားပျက်သွားမယ်ထင်တယ်
ဥပဒေများလေလေ ဥပဒေချိုးဖောက်သူများလေလေတဲ့
ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့စာသား
ဒါ ဥပဒေမဟုတ်ပါဘူး
Rule မဟုတ်ပါဘူး
မိမိကိုယ်တိုင် ထားတဲ့ မိမိ၏ image
မိမိကိုယ်တိုင် ထားတဲ့ law ပဲ အသက်ဝင်မှာပါ
ကျနော်က ကျနော့ ဆန္ဒနဲ့ အမြင်သက်သက်ပါ
ပညာတတ်မဟုတ်သူတစ်ယောက်ရဲ့ အမြင်ပါ
မှာကောင်းမှားနိုင်သလို နည်းနည်းလောက် မှန်ချင်လဲမှန်သွားပါလိမ့်မယ်
Copy မယူပါနဲ့မပြောလိုပါ ကိုယ်တိုင်ရေး စေချင်တာတော့ ကြီးမားတဲ့ ဆန္ဒ တစ်ခုပါ
အဲ့တော့ ဘာရေးရမလဲ
သင်ဘယ်လောက်ကြိုးစားပြီးပြီလဲပဲ မေးစရာရှိပါတယ်။ ဝန်ခံပါတယ် ကျနော်အပါအဝင်
Education နိမ့်ကျခဲ့လို့ ဆိုပြီးရှယ် ခဲ့ပြီး
ကိုယ်ကိုတိုင်ကကော
ဘယ်ပညာကို လိုချင်တာရှာနိုင်တဲ့ခေတ်ထဲ self study လုပ်နိုင်ပြီလား။
Online မှာကြိုးစားပြီးသင်ယူရင်း အောင်မြင်နိုင်တယ်ဆိုတာ
သိပြီးဖြစ်မှာပါ
အောင်မြင်နေတဲ့သူတွေ လဲမြင်မှာပါ။
တဖြေးဖြေးချင်းတည်ဆောက်ရတာမျိုးပါ။
အခုထိ လူတိုင်းရင်ဘတ်ထဲမှာ စကားလုံးပေါင်းများစွာရှိနေပြီးသားပဲ။
အဲ့တော့ သင်ဘယ်လောက်ကြိုးစားပြီးပြီလဲပဲမေးစရာရှိပါတယ်။
ချရေးစရာပဲလိုတာပါ။
ကိုယ်တိုင်ရေးတာ သေချာကြိုးစားရေးထားတာဆို vote ပေးဖို့ ကြိုးစားနေကြပါတယ်။
ဘယ်သူက ကိုယ်ရေးတဲ့စာက အကောင်းဆုံးမဟုတ်တောင် အနည်းနဲ့အများ ကောင်းမွန်တဲ့စာ မဖြစ်စေချင်မလဲ။
ချရေးကြပါ ဖြစ်ပါတယ်။
အားပေးဖို့ ကြိုးစားနေကြပါတယ်။
လူတိုင်း ကိုယ့်အမြင် ကိုယ့်အတွေးရှိပြီးသားပါ။
တချို့ ရှိပြီးသား story တွေကိုဖတ် ကိုယ့်ပုံစံတစ်မျိုးနဲ့ပြန်ရေး။
ကျနော်ကိုယ်တိုင်ကို အစ်ကိုတစ်ယောက်ရဲ့ စာသားတွေ ပုံစံတွေ ပါနေဆဲ ပါနေတာပဲလေ။
ဒီစာတွေဖတ်ပြီး ဒါတွေရေးတာကိုးဗျ။
အဲ့တော့ အဲ့ဒါတော့
အတူတူ အောင်မြင်အောင်ကြိုးစားကျမယ်ဗျာ
ကျနော်တို့သည် ကိုယ့်လမ်း ကိုဖောက်ပြီး ဆက်လျောက်ကျရမည့် myanmar steemiter များဖြစ်သည်။
ကျနော့်အမြင်သက်သက်သာဖြစ်ပါသည်။
အများအမြင်နှင့် တိုက်ဆိုင်ခြင်း ရှိဖို့မလွယ်ကူပါ။
ထို့ကြောင့် တိုက်ဆိုင်ရင် comment မှာ ရေးသွားပေးပါ။
မတိုက်ဆိုင်ရင်လဲ
Comment မှာ အမြင်လေး တွေဝေဖန်ပေးကြပါ။
Image from yethiha
Good bro.
Thank 👬👬👬👬👬👬👬👬
ကိုယ်ပိုင်အမြင်ကတော့ own post ဟာ ပထမခက်ခဲနိုင်ပေမယ့် ရေးနေကြသွားရင် လွယ်သွားမှာပါ မရေးတတ်ဘူး ထိုင်ညီးနေမယ့်အစား ရေးကြည့်လိုက်ပါ ဘာပဲဖြစ်ဖြစ် အမှားတွေပြင်ရင်း တဖြည်းဖြည်း တိုးတက်လာပါလိမ့်မယ်
Right
👬👬👬👬👬👬👬👬👬👬
We are myanmar
👍
Good
Thank
ကိုသင်္ကြန်ဦး
ဟာ ကွီးဆရာ အရန်းမြင်တတ်တာဘဲဗျာ steemit နဲ့ ခဏမတွေ့ဘဲနေခဲ့ရလို့သာပါဘဲ အမြဲသာတွေ့နေရရင်ဗျာ အကို့ဆီက နောက်ထပ်ထွက်ကျလာမဲ့ အသိတွေကို စောင့်မျော်လျှက်ပါဗျာ
ညေးစာတွေ တွေ့ရတိုင်း အစ်ကိုက ပိုပြီး ပျော်ပါတယ်
တော်ကီ ကောင်းတယ် bro
လက်တန်း ပြောသွားတဲ့ အတိုင်းပဲ
ရှက်တာ
အဲ့လိုဆိုတော့အဟဲ
thanks for motivation and sharing...
ကျေးဇူး ကိုစန်းလင်း
ကောင်းပါတယ်
အစ်ကို အဲ့လိုရေးတာ
ဒါပေမဲ့ postတင်တဲ့သူတွေက
အခြားသူကို
Voteပေးကြရင်တောင် အထဲကစာကို
အကုန်မဖက်ကြဘူးထင်တယ်ဗျာ
အဲဒီလိုမဖက်တော့ စည်းမျဉ်းစည်းကမ်းတွေနဲ့အလှမ်းဝေးလာကြတော့မှာ
လိုက်မနိုင်ပဲဆရာရေ
ကောင်းလိုက်တဲ့အတွေးအခေါ် အမှိုက်ကောက်ကြမယ်လေ ဆိုတော့ လမ်းဆက်လျှောက်မယ်ဗျ အတူတူဝိုင်းကူပြီးတော့ Right Bro
Right
Thank you