ရထားပေါ်မှအလွဲများ

in #myanmar6 years ago

“ရထားပေါ်မှ အလွဲများ “

Steemit Myanmar မှ မိတ်ဆွေများအားလုံးမင်္ဂလာပါဗျ။မနေ့က မိတ်ဆွေတစ်ယောက်ရဲ့ကလေးကို ရှမ်းလမ်းက ကလေးဆေးရုံမှာသတင်းသွားမေးရင်း အပြန်မှာ ရထားနဲ့ပြန်မယ်ဆိုပြီးတွေးထားတာကြောင့် ရှမ်းလမ်းဘူတာဆီကို လျှောက်လာခဲ့ပါတယ်။ဘူတာရောက်တော့ လက်မှတ်ဝယ်ပြီး ၁၅မိနစ်ဝန်းကျင်လောက် စောင့်ရမှာဖြစ်တဲ့အကြောင်း ဘူတာလက်မှတ်ရောင်းမှပြောလိုက်တဲ့အတွက် ဘူတာမှာဟိုငေးဒီငေးရင်း ခေတ္တထိုင်စောင့်နေလိုက်ပါတယ်။ထိုင်စောင့်နေရင်း အတိတ်က ရထားစီးရင်းလွဲခဲ့တဲ့အတွေးလေးတွေကို ပြန်လည်မြင်ယောင်မိလာပါတယ်….။
06-4.jpg

လွန်ခဲ့တဲ့ ၈နှစ်ဝန်းကျင်လောက်ကဖြစ်မည်ထင်သည်။အဲဒီတုန်းက ကျွန်တော်တို့ဟာ ဘုရင့်နောင်လမ်းဆုံနားမှာနေပြီး အလုပ်ကိုတော့ မြို့ထဲက ကုန်ဈေးတန်းမှာ အလုပ်တက်ရပါတယ်။ သမီးလေးကလဲ မွေးထားတာ ၆လလောက်ဘဲရှိသေးတော့ ကားနဲ့မသွားဘဲ မြို့ပတ်ရထားနဲ့သာ သွားဖြစ်ပါတယ်။ရထားစီးတယ်ဆိုတာကလဲ ကားလောက် လူမကျပ်တာကတစ်ကြောင်း ၊ရထားစီးခကလဲ လူတစ်ယောက်မှ ပိုက်ဆံ ၁၀ ကျပ် လပေးကဒ်လုပ်ထားတာကြောင့် ၇၅၀ ကျပ်လောက်ဘဲဆိုတော့ ခရီးစရိတ်ကလဲ သက်သာတာကြောင့်စီးဖြစ်သွားတာပါ။နောက်ပြီး ကိုယ်စီးမယ့်ဘူတာနဲ့ ဆင်းမယ့်ဘူတာကလဲ မဝေးတာကြောင့်လဲ ပါပါတယ်။ကားနဲ့သာသွားမယ်ဆို တစ်နေ့ ၂ယောက်ဆို ၈၀၀လောက်ကျပါတယ်။
ဒီလိုနဲ့ နေ့တိုင်း ပိတ်ရက်ကလွဲပြီး အသွားအပြန်ကို မြို့ပတ်ရထားနဲ့ဘဲ စီးသွားကြတာပေါ့။နောက်ပြီး ရထားစီးရတာ တစ်ခုကောင်းတာက ရထားပေါ်မှာ ရောင်းတဲ့ အသီးအနှံတို့ ဟင်းသီးဟင်းရွက်တို့ဆိုရင်လဲ ဈေးသက်သာတယ်ဗျ။ဈေးသည်တွေက တညင်းကုန်း ကုန်စိမ်းဈေးကနေသယ်ပြီးရောင်းကြတာဆိုတော့ သက်သာတာလဲပါမှာပါ။တစ်ချို့ တိုလီမိုလီလေးတွေဆို ရထားပေါ်မှာဘဲ ရတတ်တာပါ။ ရထားကစီးပါများတော့လဲ ဈေးသည်တွေနဲ့တောင် မျက်မှန်းတန်းမိပြီး တစ်ခါတစ်လေ ခုံတောင်ဦးထားပေးတတ်ကြပါသေးတယ်။မြို့ပတ်ရထားပေါ်မှာ ရောင်းတဲ့ ဈေးသည် တော်တော်များများဟာ လှော်ကားဘက်ကနေလာပြီးရောင်းကြတာများတယ်ဆိုတာ သူတို့နဲ့စကားပြောရင်း သိခဲ့ရပါတယ်။
ဒီလိုနဲ့ နေ့တစ်ဒူဝ ရထားစီးသွားရင် တစ်မနက်မှာပေါ့ဗျာ။ထုံးစံအတိုင်း အလုပ်သွားဖို့အတွက် ကျွန်တော်ကတော့ သမီးလေးကို ရှေ့မှာ သိုင်းကြိုးနဲ့လွယ်ထားပြီး အမျိုးသမီးကတော့ ခြင်းတောင်းကိုသယ်ပြီး ဘူတာဘက်ကိုလမ်းလျှောက်လာခဲ့ပါတယ်။ ရထားကလဲမလာသေးတော့ ခဏစောင့်နေလိုက်ပါတယ်။ သိပ်မကြာပါဘူး ရထားတစ်စီးဆိုက်လာပါတယ်။ရုံးတက်အလုပ်သွားချိန်ဆိုတော့ လူတွေကများတာကြောင့် ရထားတွဲရဲ့ရှေ့ပေါက်ကနေ အမျိုးသမီးကိုတက်ခိုင်းပြီး နောက်ပါက်ကနေ ကျွန်တော်တက်မယ်ဆိုတဲ့ အကြောင်းပြောပြီး လူခွဲတက်ကြပါတယ်။လူတွေကလဲများနေတာဆိုတော့ ပါလာ မပါလားလဲမသိဘူး ပြောထားတဲ့အတိုင်းတက်ခဲ့ကြပါတယ်။
ရှေ့ဘူတာလဲရောက်ရော လူတစ်ချို့ဆင်းသွားတာကြောင့် ရထားပေါ်မှာပါတဲ့လူတွေကြည့်လိုက်တာ အမျိုးသမီးမပါလာတာကြောင့် မေ့ပြီးတော့ဆင်းလိုက်ပါတယ်။ ကိုယ်ကတော့ ဆင်းလိုက်ပေမယ့် အမျိုးသမီးက ပါသွားလားကျန်ခဲ့လားဆိုတာ သေသေချာချာမသိလိုက်ပါဘူး။ အဲဒီမှာ ပြဿနာကစတက်တော့တာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ဆီမှာ ပိုက်ဆံလဲမပါသလို လက်မှတ်လဲမပါဘူး။အိမ်ပြန်ဖို့ကျတော့လဲ အိမ်သော့က အမျိုးသမီးဆီပါသွားတာကြောင့်ပြန်ဖို့ကလဲမဖြစ်နိုင်ပါ။အခုခေတ်လို ဖုန်းတွေလဲမကိုင်နိုင်၊နောက်ပြီးရုံးဆက်ရအောင်ကလဲ ရုံးကမဖွင့်သေးဆိုတော့ ကျွန်တော့်မှာ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိဖြစ်နေပါတယ်။ရထားလက်မှတ်ခ ပိုက်ဆံ ၁၀ တောင် မပါတဲ့ဘ၀ဗျာ။ ၁၀ကျပ် တည်းနဲ့ သူများဆီမှာ လိုက်တောင်းရင်လဲ ရှက်စရာကြီးဗျာ။နောက်ဆုံး ဘူတာက လက်မှတ်ရောင်းတဲ့ဦးလေးဆီးကိုသွားပြီး မျက်နှာငယ်လေးနဲ့ “ ဦးလေးရယ် ကျွန်တော် ပိုက်ဆံမပါလာလို့ လက်မှတ်လေး တစ်စောင်လောက် အလကားပေးလို့ရမလား” ဆိုပြီး မျက်နှာပူပူနဲ့ အကူအညီသွားတောင်းရတာပေါ့။ အဲဒီမှာ လက်မှတ်ရောင်းတဲ့ဦးလေးကြီးက လူကိုမယုံသလိုဘာလိုလိုနဲ့ ခြေဆုံးခေါင်းဆုံး ကြည့်ပြီး အင်တင်တင်နဲ့ ပေးလိုက်ပါတယ်။
rain.jpg

လက်မှတ်ရောင်တဲ့ဦးလေးကြီးမယုံလဲမယုံချင်စရာဗျာ။ ရထားလက်မှတ်ခ ပိုက်ဆံ ၁၀ တောင်မပါဘူးလားပေါ့ လူကြည့်တော့လဲ ရုံးသွားမယ့်ပုံ သပ်သပ်ရပ်ရပ်နဲ့ဆိုတော့ သိပ်မယုံချင်ဘူးဗျ။ဒီကြားထဲပိုဆိုးတာက ကလေးငိုတော့ ကလေးဘဲ ခိုးလာတာလားပေါ့ ။အဖြစ်ကအဲလိုကိုဆိုးတာဗျာ။လက်မှတ်ရတော့ ရထားစီးပြီး ရုံးရောက်တော့မှ အမျိုးသမီးက ရုံးရောက်ပြီး ကျွန်တော်တို့ကျန်ခဲ့လို့ဆိုပြီး ဘူတာနဲ့ရုံးနဲ့ ၃ခေါက်လောက်တောင်ရှာပြီးသွားပြီ။ဖြစ်ချင်တော့ ကျွန်တော်တို့စီးခဲ့တဲ့ရထားတွဲပေါ်မှာဘဲ ပါတယ်တဲ့ဗျာ ဒေါင့်မှာနေရာရလို့ ထိုင်စီးတာကို မတွေ့ဘဲ မပါဘူးဆိုပြီး ဆင်းနေခဲ့တာ။အဲဒါကအလွဲတစ်ခုပေါ့ဗျာ။
နောက်အလွဲတစ်ခုက လကုန်ပြီးနောက်ရက်မှာဘဲဖြစ်တာ။အဲဒီနေ့ကလဲ ရထားစီးဖို့စောင့်နေတုန်း လရဲ့ ၁ရက်နေ့ဆိုတာကိုမေ့နေတာ။အဲဒါကိုမသိဘဲ လင်မယား၂ယောက်သူများကိုင်ထားတဲ့ လပေးကဒ်ကြည့်ပြီး သူတို့ကဒ်နဲ့ ကိုယ်တွေကဒ်က ဘာလို့အရောင်ကွဲနေတာလဲပေါ့ ဆိုပြီးပြောနေကြတာ၊အဲဒီအချိန်ထိ သတိမရသေးဘူး၊ခပ်တည်တည်နဲ့ဘဲ ရထားစီးလာကြတာပေါ့။စီးလာကြရင်း ၅ဘူတာမြောက်လောက်မှာ လက်မှတ်စစ်တွေတက်လာပြီး လက်မှတ်တွေလိုက်စစ်နေတာ အဲဒီအချိန်ထိခပ်တည်တည်ဘဲ သတိမရသေးဘူး။နောက်ဘူတာကလဲ ရောက်ခါနီး လက်မှတ်စစ်ကလဲ ရောက်ခါနီး ၅ယောက်လောက်ခြားနေတဲ့အချိန်ကြမှ “ဟာ ! ဒီနေ့ ၂ရက်နေ့မလား ၊အဲဒါကြောင့် လပေးကဒ်တွေအရောက်လွဲနေတာမလား”ဆိုပြီမှသတိရကြတာ။ဒါနဲ့ ဒဏ်ငွေဆောင်ရမှာကြောက်ပြီး ခပ်တည်တည်ဘဲ အသာလေးအပေါက်ဝထွက်လာလိုက်တယ်။ဘူတာရောက်လို့ရပ်တဲ့အချိန်မှာ အမြန်ဆင်းခဲ့လိုက်ရပါတယ်။တကယ်လို့သာ သတိမရရင် အရှက်ကွဲပြီး ဒါဏ်ငွေပါ ဆောင်ရမဲ့ကိန်းပါဘဲ။ အရင်ကအတွေးတွေတွေးရင်း စိတ်ထဲမှာ ကျိတ်ပြီးပြုံးလိုက်မိပါတယ်။ဒီအချိန်မှာတော့ အရင်ကအဖြစ်အပျက်လေးတွေဟာ အခုအချိန်မှာတော့ အမှတ်တရလေးတွေထဲက တစ်ခုပါဘဲ။ဒီလိုနဲ့ စီးမဲ့ရထားလဲလာတာနဲ့ အတွေးစလေးတွေပျောက်ကွယ်ပြီး တစ်ခန်းရပ်သွားပါတယ် ……..။
thant logo.jpg

Photo Credit : Google Image
Writer -Thant Zin Soe (@tharpauk)
MSC 134

Sort:  

ဟဟား ဖက်​ရတာ အရသာရှိလိုက်​တာ အဲ့လိုအဖြစ်​မျိုး ကျ​နော်​လည်းကြုံဖူးတယ်​ဗျ

ဟုတ်လားဗျ

နီကိုရဲ့ အလွဲတွေအားကျလို့ လိုက်လွဲနာလား။

ဟုတ်တယ် ကိုထွေးဟာဖတ်ရင်း ရထားစီးတဲ့အချိန်ဆိုတော့ သတိရသွားတာ hee hee

အတွေးစလေး ပျောက်လို့သာပေါ့
မဟုတ်ရင် ရထားနှင့် လွဲဦးမှာ

ဟုတ်ပဗျာ အတွေးမျောရင်လွဲဦးမှာ

ရထားစီးရတာတော့
ပျော်စရာကောင်းတယ်နော်
ကျွန်တော်အရင်က အလုပ်ပိတ်ရက်
အမြဲတမ်း
မြို့ပါတ် ရထားနဲ့ တစ်နေကုန်အောင် သူငယ်ချင်းများနဲ့
ပတ်စီးနေကြဗျ မတွေ့ပါဘူး အကို ကို ဟီးးး

အလုပ်ပိတ်ရက်ဆိုတော့ ဘယ်တွေ့မလဲ hee hee

ဒီအသက်​အရွယ်​အထိရထားစီးတာ၂ခါလားစီးဖူးတယ်​။အဲဒါ​တောင်​အ​ပျော်​လုပ်​ပြီးစီးဖြစ်​တာ။

ရထားမြို့ပတ်စီး၇င် တရေးတောင်အိပ်လို့ရတယ်ဗျ

ရထားကို ၂ခါပဲစီးဖူးတယ်​။ ရထားစီးရတကြို​က်​တယ်​ငြိမ်​ငြိမ့်​​လေး ကျ​နော်​တုန်းက လူ​ချောင်​တယ်​။

နေ့ခင်းဘက်ကချောင်းပါတယ် ရုံးချိန်သာကျပ်တာ

This post has received a 0.76 % upvote from @booster thanks to: @tharpauk.

လွဲပီးရင်းလွဲနေမယ် လွဲလွဲလေးပဲကောင်းပါတယ်

ရထားမစီးဖူးဘူး ဗျ စီးချင် တာ

ထူးအိမ်သင် သီချင်းတောင်ဆို၇မလိုဘဲ hee hee

ရန်ကုန်ရောက်တော့ busကြပ်လို့ရထားစီးတယ်ဗျာ ဘူတာတွေကျော်ကျော်သွားလို့ နောက်ပိုင်းမစီးရဲတော့ဘူး😁😁

အဲဒါတော့ဟုတ်တယ်

မြို့ပတ်ရထားမစီးဖူးဘူး..
ကျွန်တော်နဲ့အလွဲများ..ဖတ်ရတာ အရသာရှိတယ်ဗျာ

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66703.61
ETH 3518.80
USDT 1.00
SBD 2.68