တမ်းတမ်းတတ ကျောင်းသားဘဝ

in #myanmar7 years ago (edited)

တမ်းတမ်းတတ ကျောင်းသားဘဝ

“ ဟယ်လို”

“ ဟေ့ကောင် ငစိုး ငါမြတ်ဇော်ပါ”

“အေး သူငယ်ချင်း ပြော”

“အေး မင်းဒီနှစ်ဆရာကန်တော့ပွဲလာမှာလား တစ်ခြားကောင်တွေကလဲ မင်းလာမှာလားမေးနေကြတယ်“

“အေး သူငယ်ချင်း ငါလာခဲ့မှာပေါ့ မနှစ်ကရက်ဘဲလား”

“ဟုတ်မယ် ငါနီးမှပွဲလုပ်မယ့်ရက်သိရရင်ဖုန်းထပ်ဆက်မယ် ၊ မင်းလာမယ်ဆိုတာကို တစ်ခြားသူငယ်ချင်းတွေနဲ့ ဆရာတွေကို ငါပြောပြထားလိုက်မယ် “

“အေး အဲဒါဆို နီးရင်ဖုန်းထပ်ဆက်ဦး “

“အေး အေး သူငယ်ချင်း အဲဒါဆို ဒါပဲနော် နောက်မှထပ်ဆက်လိုက်မယ်”

“ Ok သူငယ်ချင်း “ဆိုပြီး ဖုန်းချလိုက်ပါတယ်။

ငယ်ငယ်က အတန်းတူတက်ခဲ့သော သူငယ်ချင်း မြတ်ဇော်က ကျွန်တော်အား ဆရာကန်တော့ပွဲလာရန် ဖုန်းဆက်အကြောင်းကြားလာတာကြောင့် ဒီနှစ်လဲ မနှစ်ကလိုဘဲ ဆရာ ဆရာမများနှင့် သူငယ်ချင်းဟောင်းများတွေ့ရန် လာမယ်ဆိုပြီး ပြောလိုက်ပါတယ်။ သူငယ်ချင်း မြတ်ဇော်နှင့် ဖုန်းပြောပြီးချိန်မှာတော့ ကျွန်တော်တို့ ၉တန်း ၁၀တန်းတုန်းက မြို့ပေါ်ကို ကျောင်းသွားတက်တော့ကြုံခဲ့ရတဲ့ အမှတ်တရအကြောင်းလေးတွေကို သတိရသွားပြီးအတွေးနယ်မှာ မျောနေခဲ့ပါတယ်။
image
ကျွန်တော်သည် ၈တန်းအောင်ပြီး ၉တန်းစတက်ရတော့ ကျွန်တော်တို့၇ွာနှင့် ၇မိုင်ဝန်းကျင်ဝေးသော မြို့ပေါ်က အထက်တန်းကျောင်းကို စက်ဘီးဖြင့် တစ်နာရီလောက်နင်းရသောခရီးကို ကျောင်းတက်သွားရပါတယ်။ အထက်တန်းကျောင်းသည်မြို့နယ်တစ်ခုလုံးတွင်မှ ၂ကျောင်းသာရှိပါသည်။ဒါကြောင့် ကျွန်တော်တို့ ရွာနီးနာဝန်းကျင်မှ ကျောင်းသားကျောင်းသူအကုန်လုံးဟာ အထက်တန်းတက်ရန် ကျွန်တော်တို့နှင့်အဆင်ပြေသော မြို့ပေါ်မှကျောင်းကိုသာသွားရပါသည်။ မနက်မိုးလင်းလို့ ကျောင်းသွားချိန်ဆိုရင် ရွာပေါင်းစုံမှ ကျောင်းတက်သော ကလေးများဟာ မိမိတို့ရဲ့ စက်ဘီးကိုနင်းပြီး တစ်လမ်းလုံး တန်းစီလာနေတဲ့မြင်ကွင်းဟာလဲ အမှတ်တရတွေထဲက တစ်ခုပါဘဲ။နောက်ပြီး ကျောင်းသားများဟာဆိုရင် ကားများမောင်းနေတဲ့လမ်းကို အန္တရာယ်ကင်းအောင်လဲ မိမိကိုယ်မိမိ ဂရုစိုက်ပြီးနင်းကြရပါတယ်။ ကျောင်းသားတစ်ယောက်လမ်းမှာ အခက်အခဲဖြစ်လို့ရှိရင်လဲ တစ်ယောက်နဲ့တစ်ယောက်မသိကြပေမဲ့ ၀ိုင်းဝန်းကူညီကြတဲ့ဓလေ့ဟာလဲ ကြည်နူးစရာကောင်းလှပါတယ်။
image
ကျွန်တော်တို့ဟာ ကျောင်းသွားရတဲ့ရက်တွေမှာ မနက်မိုးလင်းတာနဲ့ ရွာထိပ်က တနောင်းပင်မှာ ကျောင်းသွားဖို့အတွက် စုကြရပါတယ် ။အားလုံးလူစုံပြီဆိုမှ အတူတူ သွားကြပါတယ်။မြို့ပေါ်ကို သွားတဲ့လမ်းကလည်း နာရီဝက်လောက်နဲ့ ရောက်တဲ့ တောလှည်းလမ်းနဲ့ ၁နာရီလောက်သွားရတဲ့ ကျောက်ခင်းထားတဲ့ ကားလမ်းဆိုပြီး ၂လမ်းရှိပါတယ်။ကျောင်းသား ၈ယောက်လောက်ရှိတာမှာ ၅ယောက်လောက်က ကျောက်ခင်းထားတဲ့ ကားလမ်းကနင်းကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီလမ်းကသွားတဲ့အခါမှာ မြို့မရောက်ခင် လမ်းတစ်ဝက်လောက်မှာ လိုင်းကားများရပ်ရာ၊ဈေးဆိုင် ၊လက်ဖက်ရည်ဆိုင်၊ဘိလိယက်ခုံများ မြို့နီးပါးစည်ကားတဲ့ လမ်းဆုံလမ်းခွရွာကြီးတစ်ရွာကို ဖြတ် သွား ကြရပါတယ်။တစ်ခါတစ်လေများဆို တစ်ချို့ကျောင်းသားများဟာ ကျောင်းကိုမရောက်ဘဲ အဲဒီ၇ွာမှာဘဲ အချိန်ဖြုန်းပြီး ကျောင်းလစ်ကြပါတယ်။ကျွန်တော်ကတော့ မြန်မြန်ရောက်နိုင်တဲ့တောလမ်းကဘဲ သွားတာများပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက် ကျောက်ခင်းထားတဲ့လမ်းဟာဆိုရင် ၁နာရီလောက်နင်းရတဲ့အပြင် လေဆန်ရတဲ့နေ့ဆိုရင် ရွေ့ကိုမရွေ့ပါ နင်းလိုက်တိုင်း ရှေ့ကိုမရောက်ဖြစ်နေပါတယ်။မိုးရွာတဲ့ရက်ဆိုရင်တော့ အဲဒီလမ်းကဘဲသွားရတာပါ၊တောလမ်းကတော့ သိတဲ့အတိုင်းပါဘဲ ရွှံ့ဗွက်တွေနဲ့ပါဘဲ၊စက်ဘီးမစီးရဘဲ စက်ဘီးကလူကိုပြန်စီးသွားပါတယ်။
image
နယ်မှာက အဝေးကိုကျောင်းသွားတက်ရတဲ့ဒုက္ခကတော့ မိုးရာသီကျောင်းတက်ရတဲ့အချိန်ပါဘဲ။ ကျွန်တော်တို့ရွာဟာ မိုးရာသီဆိုရင်လမ်းဟာ စက်ဘီးစီးမရတဲ့ အခြေအနေပါ။ အဲလိုနေ့မျိုးဆိုရင် စီးလို့ရတဲ့နေရာအထိ လှည်းနဲ့လိုက်ပို့ရသလို၊ တစ်ခါတစ်လေ သွားနေတုန်း မိုးရွာချလို့ကတော့ ကျောင်းသားတိုင်းဟာ ကိုယ့်စက်ဘီးကို တုတ်လေးနဲ့ရွှံ့ကိုခွာလိုက် ထမ်းလိုက် တစ်ဦးနဲ့တစ်ဦး ကူညီဖေးမပြီး သွားခဲ့ရပါတယ်။ကျောင်းဆင်းချိန်များ မိုးရွာလို့ကတော့ ကျောင်းသားတိုင်းဟာ တစ်ဦးတစ်ဦး မိုးရေထဲမှာ စက်ဘီးကိုပြိုင်နင်းကြပါတော့တယ်၊အဲအချိန်မှာဆိုရင်အလွန်ပျော်ရွှင်ရပါတယ်။ဘာလို့လဲဆို မိုးရေနဲ့ လမ်းကချော စက်ဘီးကို တစ်ဦးတစ်ဦးပြိုင်နင်းကြတော့ လဲတဲ့သူကလဲ ကွဲပြဲတဲ့သူကကွဲပြဲနဲ့ ပျော်ရွှင်စရာအမှတ်တရတွေပါဘဲ။
image
နောက်ပြီး ကျွန်တော်ဟာ တောလှည်းလမ်းကသာ ကျောင်းကိုသွားတာများပါတယ်။ အခြားကျောင်းသား များကတော့ ကျောက်ခင်းထားတဲ့လမ်းမှာရှိတဲ့ ရွာကလက်ဖက်ရည်ဆိုင် အခြားဆိုင်များကို ၀င်ပြီးအချိန်ဖြုန်း ချင်တာကြောင့် သွားကြတာများပါတယ်။ကျွန်တော် ဘာဖြစ်လို့တောလမ်းကသွားသလဲဆိုရင် အချိန်မြန်ပြီး စက်ဘီးနင်းရတာသက်သာသလို လမ်းမှာ သရက်ပင် ၊သင်္ဘောပင်၊မာလကာပင်များ လဲပေါတာကြောင့် လဲဖြစ်ပါတယ်။ကျောင်းဆင်းပြီး ပြန်လာပြီဆိုရင် စက်ဘီးကလဲနင်းလာရတဲ့အတွက် မောလာတာကြောင့် လမ်းမှာရှိတဲ့ သရက်သီးချိန်ဆိုရင် သရက်သီး ၊ သဘောင်္သီးတွေ့ရင်သင်္ဘောသီး၊မာလကာသီးတွေ့ရင် မာလကာသီး တွေကို လူအလစ်ခူးစားရတဲ့အရသာဟာလဲ အမှတ်တရတွေထဲက တစ်ခုပါဘဲ။ ဘာဖြစ်လို့လဲဆိုရင် လူမိမှာစိုးတဲ့အတွက်ကြောင့် တစ်ယောက်ကလမ်းသွားလမ်း လာများကိုကြည့်ထားပြီး ဆူးခြူံများထဲကနေ တိုးထွက်ပြီး သွားခူးရတဲ့အတွက် ပြန်များထွက်လာပြီဆိုရင် အနည်းဆုံးဆူးကဆူးတော့ ၂ရက် ၃ရက်လောက်နာနေတတ်ပါတယ်။တစ်ခါတစ်လေ ပိုင်ရှင်နဲ့တိုးလို့ ထွက်ပြေးပြီဆိုရင်လဲ စက်ဘီးတောင်မစီးနိုင်ဘဲ တွန်းပြေးရတဲ့နေ့တွေလဲကြုံခဲ့ရဘူးပါတယ်။အဲလိုကြုံပြီဆိုရင်တော့ ပိုင်ရှင်ကနောက်နေ့တွေ့ရင် တစ်ခုခုလုပ်မှာကြောက်တာကြောင့် အဲဒီလမ်းကနေ မသွားဘဲ ကျောက်ခင်းထားတဲ့လမ်းကနေသာ ၁ပတ်လောက်ရှောင်ကွင်းသွားပါတယ်။ဒါကလဲ အမှတ်တရတွေထဲက အမှတ်တရတွေပါဘဲ။

ကျွန်တော်တို့ ကျောင်းတက်တဲ့အချိန်ကဆိုရင် မနက်ကျောင်းတက်ချိန်နဲ့ ညနေကျောင်းဆင်းချိန်ဆိုရင် ကျောင်းကိုသွားတဲ့ ရွာပေါင်းစုံကကျောင်းသားအများကြီးဆိုတော့ လမ်းမှာကြည့်လိုက်ရင် ၁မိုင်အရှည်လောက်ကတော့ ကျောင်းတက်တဲ့ ကျောင်းသားတွေရဲ့ စက်ဘီးတွေ တန်းစီပြီး နင်းနေကြတာဆိုရင်လဲ ကြည်နူးစရာပျော်ရွှင်စရာတွေပါဘဲ။ဒါပေမယ့် ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော်တို့တုန်းကလို အခြေအနေမျိုးမဟုတ်တော့ဘဲ အားလုံးဟာ ပြောင်းလဲသွားကုန်ပါပြီ။ ကျောင်းသားတွေဆို၇င်လဲ ကျွန်တော်တို့တုန်းကလို စက်ဘီးနဲ့မတက်ကြတော့ဘဲ ဆိုင်ကယ်တွေ တ၀ီဝီနဲ့သာ ကျောင်းကိုတက်ကြပါတယ်။ လမ်းတွေဟာ ဆိုရင်လဲ ကျောက်ခင်းထားတဲ့လမ်းက ကတ္တရာလမ်းဖြစ်သွားပြီး တောလှည်းလမ်းကလဲ လမ်းတွေချဲ့ပြီး ကျောက်ခင်းလမ်းတွေ ဖြစ်လို့သွားပါပြီ။ ကျွန်တော်တို့ လစ်ရင်လစ်သလို ခူးစားခဲ့ရတဲ့ သရက်ပင် ၊သင်္ဘောပင်၊မာလကာပင်တွေဟာလဲ တစ်ချို့မရှိတော့ဘဲ ခုတ်လှဲပြီး တစ်ခြားသီးနှံတွေကို စိုက်ကုန်ကြပါပြီ။

သြော် ကျွန်တော်တို့ရဲ့ အသက်တွေဟာလဲ ကြီးလာသလို ခေတ်တွေ ပတ်ဝန်းကျင် အခြေအနေတွေဟာလဲ ပြောင်းလဲကုန်ကြပါပြီ။ခုအချိန်မှာ ကျွန်တော်တို့တုန်းက အခြေအနေတွေဟာ ခုခေတ်ကလေးတွေ အတွက်တော့ ရယ်စရာတစ်ခုလိုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ ပျော်ရွှင်စရာ အမှတ်တရတွေပါဘဲ။ကျွန်တော်လဲတွေးနေတဲ့ အတွေးကိုရပ်လိုက်ပြီး ဆရာသမားတွေနှင့် သူငယ်ချင်းများ ဆုံရအောင် ဒီနှစ်ဆရာကန်တော့ပွဲသွားဖို့အတွက် ကြိုတင်ပြင်ဆင်ရပါတော့မယ်။ အားလုံးကိုကျေးဇူး တင်ပါတယ်၊ဆက်လက်ကြိုးစားပါဦးမည်။

image
Photo Credit:Google image
Writer -Thant Zin Soe(@tharpauk)
MSC 134

Sort:  

ဟိုးတုန်းက...ကျောင်းသားဘဝ... လွမ်းမိတယ်...

ကျေးဇူးပါအစ်ကို

Congratulations! This post has been upvoted from the communal account, @minnowsupport, by tharpauk from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဖတ်ေပြီးတော့မှ
ကျာင်းပြန်တက်ချင်မိတယ်ဗျာ

ကျေးဇူးပါ

ငယ်​မူ​တောင်​ပြန်​ချင်​လာတယ်​ဗျာ အစ်​ကို​ရေ Good တယ်​ဗျာ

ကျေးဇူးပါဗျ

အသက်ကတော့ ကြီးပီးရင်းကြီးနေတာပါပဲအကိုရယ် ရပ်လို့ကိုမရ

ဟုတ်တယ်အစ်ကိုရေ

Thanks for sharing your miss past.

အမှတ်တမဲ့မှ အမှတ်တရသို့ပေါ့

ဟုတ်တယ်အစ်ကိုရေ

မိခင် ကျောင်းတော်ကြီးရယ် ကိုယ်ထိုင်ခဲ့တဲ့နေရာနဲ့ ဆော့ကစားခဲ့တာလေးကို လွမ်းတယ်

ဟုတ်ပါတယ်အစ်ကို ကျေးဇူးပါဗျ

ပြန်မရနိုင်တော့တဲ့ငယ်ဘဝကိုလွမ်းမိတယ်broရေ။

ဟုတ်တယ်ဗျ

ကျေးဇူးပါ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57912.63
ETH 2348.79
USDT 1.00
SBD 2.37