Mayday နှင့် အလွဲများကျွန်တော်

in #myanmar8 years ago

"Mayday နှင့် အလွဲများကျွန်တော်"

Steemit Myanmar မှ မိတ်ဆွေများအားလုံး မင်္ဂလာပါဗျ။ဒီတစ်ပတ်တော့ အရင်အပတ်က “မေတ္တာနှင့်ပေးသော ..ပန်း…”အဆက်ကိုတစ်ပိုင်းတစ်စဆက်ရေးထားသော်လည်း မေဒေးနေ့ အလုပ်ပိတ်သော်လည်း မနားရတဲ့အတွက်ကြောင့် လက်စမသတ်နိုင်ဖြစ်သွားပါတယ်ဗျာ။အဲဒါကြောင့် ဒီနေ့ မေဒေးနေ့ အလုပ်ပိတ်ရက်မှာ မနားရဘဲ အခက်အခဲအလွဲလေးတွေဖြစ်ခဲ့ အမှတ်တရအကြောင်းလေးတွေကိုဘဲ ရေးသားလိုက်ရပါတယ်။

b744663f1e42b7eb9b332ad11579f2b4_original.jpg
Image Credit-Orginal Source

မနေ့က လကုန်ရက် ညနေပိုင်း လစာထုတ်ပြီး မေဒေးနေ့ပိတ်ရက်မှာ မိသားစုနဲ့အပြင်သွားမယ်လို့စိတ်ကူးလိုက်ချိန်မှာ
“အစ်ကို ဆရာကခဏလောက်လာခဲ့ပါဦးတဲ့”
“အော် အေး အေး” ဆိုပြီး ဘာကိစ္စခိုင်းမလဲဆိုပြီး မန်နေဂျာအခန်းထဲကို သွားလိုက်ပါတယ်။အခန်းထဲရောက်ချိန်မှာ စိတ်ကူးထားတဲ့အတွေးများ ပျက်ပြယ်သွားခဲ့ပါတယ်။
“အော် ညီလေးလာ မနက်ဖြန် မေဒေးအလုပ်ပိတ်ပေမယ့် မင်းနဲ့ နောက်တစ်ယောက်ရယ် ပစ္စည်းတွေဝင်မှာကြောင့် ရုံးတက်ရလိမ့်မယ် အဲဒါခေါ်ပြောတာ ပိတ်ရက်မနားရတာတော့ စိတ်မကောင်းပါဘူးကွာ” မန်နေဂျာရုံးခန်းကထွက်လာပြီး လူလဲ စိတ်ညစ်သွားခဲ့ရပါတယ်။တစ်ခြားသူများကတော့ ပိတ်ရက်မှာနားရပေမယ့် ငါ့ကျမှ ကံဆိုးချင်တော့ အလုပ်ကပေါ်လာရတယ်။ဝန်ထမ်းဘ၀ဆိုတော့လဲ မလုပ်ချင်ဘူးပြောလဲ မရတာကြောင့် စိတ်ကိုလျှော့ချလိုက်ရပါတယ်။ဒီလိုနဲ့ သူငယ်ချင်းတစ်ယောက်ကလဲ သူရဲ့သမီး မွေးနေ့ကို လာဖြစ်အောင်လာခဲ့ဖို့ဖုန်းဆက်တော့ ကိုယ့်မှာဘယ်လိုတောင်ပြောရမှန်းမသိတော့ပါဘူး။ဒါပေမယ့် သူငယ်ချင်းကလဲ ကောင်းပါတယ်။မင်းအလုပ်ပြီးမှသာ အေးဆေးလာခဲ့ပါတဲ့။သူငယ်ချင်းကိုတောင် အားနာမိသွားပါတယ်။
ဒိလိုနဲ့ မနက်ကျတော့ ၇နာရီအရောက်သွားရမှာကြောင့် ၅နာရီခွဲလောက်ကတည်းက ရေချိုးပြီး သွားဖို့ပြင်ဆင်ရပါတယ်။ဒီလိုနဲ့ လာရာလိုင်းကားကို စီးပြီး အလုပ်ကို အပြေးကလေးလာခဲ့ရပါတယ်။မနက်စာတောင် မစားနိုင်အားပါ။ဒီလိုနဲ့ ရုံးရောက်ပြီး မြန်မြန်ပြီးရင် ပြန်လို့ရအောင် ရုံးကကားနဲ့ဂိုဒေါင်ဆီသို့ အမြန်ဆုံးလာခဲ့ကြပါတယ်။သိပ်မကြာပါဘူး ပစ္စည်းပို့တဲ့ကားရောက်လာပြီး ပစ္စည်းတွေကို စာရင်းနဲ့သေချာ စစ်ဆေးပြီး နေရာတွေချကြရပါတယ်။ကံဆိုးချင်တော့ ကား၃စီးလာရာမှာ ၂စီးဘဲလာပြီး ၁စီးကတော့ လမ်းမှဘီးပေါက်လို့ နည်းနည်းနောက်ကျမယ်ဆိုတဲ့အကြောင်း ဖုန်းဆက်လာပါတယ်။အမြန်လိုချင်ရင်အနှေးရဆိုတဲ့အတိုင်း မြန်မြန်ပြီးချင်ပါမှ အခက်အခဲတွေကပေါ်လာပါတယ်။အဲဒါနဲ့ဘဲ မလာသေးတဲ့ကားကိုထိုင်စောင့်ရင်း ၁၀နာရီဝန်းကျင်လောက်မှ မနက်စာကိုထွက်စားလိုက်ရပါတယ်။

Busy-Worker.jpg
Image Credit-Orginal Source

ပြန်ချင်ပါပြီဆိုမှ ၁၁နာရီလောက်အထိ ကားကပေါ်မလာသေးပါ။အိမ်မှ ကလေးများမှလဲ မွေးနေ့နှင့်အပြင်သွားချင်သောကြောင့် ဖုန်းများလဲ တစ်ဂွမ်ဂွမ်ဆက်နေကြပါပြီ။ဒီလိုနဲ့ ၁၁နာရီခွဲလောက်မှာတော့ မျှော်တော်မူနေတဲ့ ပေါ်တော်မူကားကြီး ရောက်လာပါတယ်။ ရောက်လာတာနဲ့ မြန်မြန်ပြီးအောင် ပစ္စည်းများကို အမြန်စစ်လိုက်ကြပါတယ်။ အဲဒီမှာ ပြဿနာကစပါတော့တယ်။ပို့လိုက်တဲ့စာရင်းက 1080 ပါလာတဲ့ပစ္စည်းက 1000 ဆိုတော့ 80လာက်ကွာသွားပါတယ်။ အဲဒီမှာဘဲ ခေါင်းကြီးသွားပါတယ်။ ကွာနေတဲ့ပစ္စည်းတန်ဖိုးက ၃၇၀၀၀၀လောက်ရှိပါတယ်။ ကွာနေတဲ့တန်ဖိုးကို တွေ့အောင် အစကနေပြန်စစ်ရပါတော့တယ်။ ပြန်စစ်ရပါတယ်ဆိုမှ လူကလဲ ၅ယောက်လောက်နဲ့ မနည်းစစ်နေရပါတယ်။ ကားသမားတွေလဲ စာရင်းကကွာနေတော့ ပြန်လို့လဲမရသေးပါ။စစ်နေပေမယ့် ကွာနေတဲ့စာရင်းကိုမတွေ့တော့ လူတွေလဲ ချွေးတွေတောင်ပြန်လာပါပြီ။နာရီကလဲ ၁နာရီကျော်နေပါပြီ။ဒီနေ့တော့ ချိန်းထားတာလဲ သွားနိုင်တော့မယ် မထင်တော့ပါဘူးဆိုပြီး စိတ်ထဲမှာတွေးနေမိပါတယ်။
နောက်ဆုံး ဘယ်လိုစစ်စစ်မတွေ့တာနဲ့ ရုံးက စာရင်းကိုင်အစ်မကိုဖုန်းလှမ်းခေါ်ပြီး ဟိုဖက်က စာရင်းဘယ်လောက်ပို့လိုက်တယ်ဆိုတာဘဲ မေးခိုင်းလိုက်ရပါတော့တယ်။ဒီဘက်မှာလဲ ကားသမားတွေကလဲ ပြန်ချင်နေကြပါပြီ။ကားသမားတင်မဟုတ်ပါဘူး ကျွန်တော်တို့ပါ ပြန်ချင်ကြနေကြပါတယ်။ဒါပေမယ့် အလုပ်ကလဲ မပြီးသေးတော့ ဘယ်လိုမှမပြန်နိုင်သေးပါ။နောက်ဆုံး စာရင်းကိုင်အစ်မဆီက ဖုန်းလာမှဘဲ အစိုးရမီးလာသလို “ဟေး” ဆိုပြီး ထအော်မိပါတယ်။အော်ရတဲ့အကြောင်းကတော့ ပို့လိုက်တဲ့စာရင်းက 1000 ကို 1080 ဆိုပြီး 0 နဲ့ 8 ကိုမှားရိုက်လိုက်တာကြောင့် စာရင်းကကွာနေခြင်းဖြစ်ပါတယ်။သူတို့က ကွာတာကအရေးမကြီးပေမယ့် စစ်ရတဲ့ကိုယ်တွေမှာတော့ ခေါင်းနပန်းပါကြီးကုန်ပါတယ်။အဲဒါနဲ့ ကျွန်တော်တို့လဲ ပစ္စည်းများကို သေချာပြန်စစ်ပြီး အလုပ်ကို လက်စသတ်လိုက်ကြပါတယ်။အလုပ်ပြီးတာနဲ့ ဘယ်အချိန်ကတည်းကပြန်ချင်နေကြတယ်မသိပါ၊ ပြီးတာနဲ့နှုတ်တောင်မဆက်နိုင်ကြဘဲ ပြန်ကုန်ကြပါတယ်။အော် သူတို့လဲ ပိတ်ရက်မှာ သူတို့အကြောင်းနဲ့သူတို့လဲရှိကြမှာပေါ့။ကိုယ်လဲအတူတူဘဲမို့ ကိုယ်ချင်းစာမိပါတယ်။

iStock_000021187718Small.jpg
Image Credit-Orginal Source
ဒါနဲ့ အလုပ်ပြီးပြီ ပြန်လာနေပြီဆိုတဲ့အကြောင်း အိမ်ကိုဖုန်းလှမ်းဆက်ပြီး အပြင်သွားဖို့ ပြင်ခိုင်းထားရပါတယ်။အိမ်ရောက်ပြီး မနားနိုင်ဘဲ မိသားစုတာဝန်အရ သူငယ်ချင်းသမီးလေးမွေးနေ့သွားဖို့ ထွက်လာခဲ့ရပါတယ်။အချိန်က ၄နာရီကျော်နေပြီဆိုတော့ သူငယ်ချင်းကိုတောင် တောင်းပန်လိုက်ရပါတယ်။မွေးနေ့ပြီးတော့ မိုးလဲချုပ်တော့မှာကြောင့် ကလေးတွေကို ဘယ်မှလိုက်မပို့ဖြစ်ဘဲ အိမ်ကိုဘဲ ပြန်လာခဲ့ရပါတယ်။နောက်ပိတ်ရက်ကျမှသာ လိုက်ပို့မယ်ပြောပြီး ကလေးတွေကို ချော့မော့လိုက်ရပါတယ်။ အော် ဒီနှစ် မေးဒေး အလုပ်သမားနေ့ဆိုပေမယ့် ကိုယ်တွေကတော့ အလုပ်သမားနေ့ပိတ်ရက်မှာ အလုပ်သမားကြီးများကို ဂုဏ်ပြုတဲ့အနေနဲ့ အလုပ်ဆင်းလိုက်ရတယ်ဘဲ တွေးလိုက်ပါတယ်။ ဒီနှစ် မေဒေးအလုပ်သမားနေ့ကတော့ အခက်အခဲ အလွဲလွဲတွေနဲ့ ဖြတ်သန်းလိုက်ရတဲ့ အမှတ်တရနေ့လေးဖြစ်သွားပါတယ်ဗျာ။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်လျက်……..။
logo.jpg

Writer- Thant Zin Soe(@tharpauk)
MSC 134

Sort:  

ဟိုဘက်က စာရင်းမှားပို့တာကို ဘာမှတာဝန်မယူဘူးလားဗျ ... တာဝန်ခံမှု တာဝန်ယူမှု တစ်ခုခုတော့ ရှိရမယ် ... ကျွန်တော်ဆို မပျော်ဘူး ... ကလော်ဆဲပြီ ... မှားတဲ့ကိစ္စကို မြေလှန်ပြီ ... သူတို့မှားတာနဲ့ တန်ဖိုးရှိတဲ့ ကိုယ့်အချိန်ကုန်သွားတယ်

ကလော်တာပေါ့ ကိုစော ဟိုဘက်ကိုတော့တာဝန်ရှိသူအချင်းချင်းပြောခိုင်းလိုက်တယ် ထည့်မရေးထားတာပါ

စာရင်းမကိုက်ရင် တကယ်ခေါင်းခဲတယ်ဘဒိုရေ
ဘာမှကိုဆက်မလုပ်နိုင်ဖူး မကိုက်ရင်

ချွေးပါပြန်ပြီး ခေါင်းပါမူးတယ်

ကျန်တော်အခုလည်း စာရင်းမကိုက်လို့ ၃ရက်ရှိပြီ ခေါင်းခဲနေတာ

စီစဉ်ထားတာတွေ ပျက်ကုန်တာပေါ့။ပိတ်ရက်နားချင်တာ ကိုချင်းစာပါတယ်ဗျာ

ဟုတ်တယ်ကိုမြင့်ရေ

ဟုတ်တယ်ဗျာ နားရက်လေးတွေဆိုအရမ်းနှမြောတာ

ဟုတ်တယ်

May Dayနေ့တိုင်ပတ်ခဲ့ရတဲ့ ကိုသန့်ဇင်ကြီးပေါ့😁😁
8 နဲ့ zeroက သိပ်မကွာပါဘူး
Zeroနှစ်လုံးဆင့်ထားတာပဲလေ😂
မွေးနေ့အမှီပြန်လာရလို့သူငယ်ချင်းလည်း ကျေနပ်သွားရတာပေါ့ဟုတ်,

ဟုတ်ပ ကိုမိုးဇော်ရေ

ခဲလေသမျှ သဲရေကျ အလွဲတွေက အစီအရီ လူရောစိတ်ရော ညည်းစီစီ

ဟုတ်ပ ကိုဟိန်းရေ

တကယ့်ကို စိတ်ညစ်စရာအလွဲကြီးဗျာ...
ကိုချင်းစာမိပါတယ် ကိုသန့်ရေ

ဟုတ်ပဗျာ ခဲလေသမျှသဲရေကျသွားတာပေါ့😭😭

ရုံးန်ထမ်းဆိုတော့ ဒီလိုပါဘဲဗျား ဆရာမတွေဆို ကျောင်းပိတ်ရက်တောင် ကျောင်အုပ်ကြီးခေါ်ခိုင်းလို့ ကျောင်းကို ခဏခဏ သွားနေရတယ်

တင်ပါ့ဘုရား ဝန်ထမ်းဘဝတွေပေါ့

အမှတ်တရ အလွဲတွေထဲက တစ်ရက်ဖြစ်သွားပေမဲ့လည်း steemit မှာ စာရေးဖို့ တစ်ပုဒ်ရသွားတာအမြတ်လို့ သဘောထားလိုက်တော့ပါဗျာ။

အဲလိုဘဲတွေးတော့ ပြောသလိုတစ်ပုဒ်ဖြစ်သွားတာပေါ့

လွဲတတ်​ပါ​ပေ့ဗျာ

ဖြစ်တတ်တာလေးတွေပေါ့

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.100
BTC 64938.98
ETH 1924.48
USDT 1.00
SBD 0.39