ကံကြမ္မာစေရာ

in #myanmar6 years ago

“ ကံကြမ္မာစေရာ”
ကိုပြုံးချိုတစ်ယောက် နယ်မှာလုပ်ကိုင်းစားသောက်ရတာအဆင်မပြေတာကြောင့် မြို့တက်အလုပ်လုပ်ရန် ရောက်လာသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း အလုပ်ရရန်ကြိုးစားနေရဆဲဘဲဖြစ်ပါသည်။ ဘုန်းကြီးကျောင်း၌ နေရသောကြောင့်သာ စရိတ်သက်သာနေပေသည်။အဆင်မပြေ၍သာ လာလုပ်ရသော်လည်း မိသားစုကိုနယ်တွင်ထား၍လာရသည်မှာ စိတ်တွင်မချမ်းမြေ့လှပါ။
photo.jpg

ဒီလိုနှင့် ၁၀ရက်ဝန်းကျင်လောက်တွင် လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးအလုပ်သမားလိုအပ်သောကြောင့် လောလောဆယ်ဝမ်းရေးအတွက်အဆင်ပြေစေရန် ရရာအလုပ်ကိုသာဝင်ရောက်လုပ်ကိုင်ရပေတော့မည်။ ဘုန်းကြီးကျောင်း၌ နေရသော်လည်း မိမိစားဝတ်နေရေးကို မိမိဘာသာကြိုးစားရှာဖွေစားသောက်ချင်သည်။ ဘုန်းကြီးကျောင်း၌ နေစရာပေးထားသည်ပင် ကျေးဇူးကြီးမားလှပါပြီ။သည်လိုနှင့် လက်ဖက်ရည်ဆိုင်တွင် ညနက်အထိလုပ်ရသောကြောင့် သွားလာရေးအဆင်မပြေသည့်အတွက် ဘုန်းဘုန်းအား ခွင့်တောင်းကာ လက်ဖက်ရည်ဆိုင်တွင်ပင် ပြောင်း၍နေလိုက်ပါတော့သည်။
လက်ဖက်ရည်ဆိုင်တွင်နေသည့်အချိန်မှစ၍ အောက်ခြေသိမ်းအလုပ်မှစ၍ အလုပ်များအားလုံးကို မခိုမကပ်ဘဲ သူများတွေနှင့်မတူဘဲ ၀ီရိယထား ကြိုးစားလုပ်ကိုင်ခဲ့ပါသည်။တစ်ဖက်မှလဲအလုပ်ကိုကြိုးစားလုပ်သလို မိမိဘ၀အောင်မြင်ရေးအတွက် ရနိုင်သမျှသောပညာများကိုလည်း ကြိုးစား၍သင်ယူခဲ့ပါသည်။ပန်းကန်ဆေး ၊စားပွဲထိုးအလုပ်မှစ၍ အလုပ်များအားလုံးကို စေတနာထားလုပ်ကိုင်လာသောကြောင့်ဆိုင်ရှင်မှလဲ သူ့အား ယုံကြည်မှုတိုး၍လာခဲ့ပါသည်။ဒီလိုနှင့်အဖျော်ဆရာမှ တဖြည်းဖြည်းချင်းသင်ပေးမှုဖြင့် လက်ဖက်ရည်ဖျော်ခြင်းများကိုလည်း ကောင်းစွာဖျော်တတ်လာခဲ့ပါသည်။တိုး၍ရလာသော လစာများကိုလည်း အတတ်နိုင်ဆုံးစုကာ ဘ၀ရဲ့ရည်မှန်းချက်ပြည့်မြောက်အောင် အမြဲတမ်းစဉ်းစားခဲ့ပါသည်။၅လလောက် ကြာသောအခါတွင်တော့ ကိုပြုံးချိုတစ်ယောက် ကြိုးစားမှုကြောင့် လက်ဖက်ရည်ဆိုင်တစ်ခုလုံးရှိ လက်ဖက်ရည်ဖျော်ခြင်း ၊မုန့်လုပ်နည်းများမှအစ အားလုံးကိုကျွမ်းကျင်စွာပိုင်နိုင်စွာလုပ်ကိုင်နိုင်ခဲ့ပါသည်။
ဒီလိုနှင့်တစ်ရက်တွင်တော့ ဆိုင်တွင်အမြဲလာသောက်လေ့ရှိသော ဦးလှမောင်မှ
“ဟေ့ မောင်ပြုံးချို မင်းနှယ်အလုပ်တွေကိုကြိုးစားလှချည်လားကွ”
“အဲလိုလဲမဟုတ်ရပါဘူး ဦးလေးရာ ကိုယ့်အလုပ်ကိုတာဝန်ကျေအောင်လုပ်နေတဲ့သဘောပါဗျာ”
“အေးကွာ မင်းကိုတော့ ချီးကျူးပါတယ်ကွာ မင်းကတစ်ခြားလူတွေနဲ့မတူဘဲ အလုပ်ကို ၀ီရိယထားကြိုးစားတော့ တစ်နေ့မင်းအောင်မြင်မှာပါကွာ”
“ဦးလေးပြောသလိုဖြစ်ပါစေဗျာ”
ကိုပြုံးချိုဟာ နယ်တွင်မိဘနှစ်ပါးရှိသော်လည်း နယ်တွင်အလုပ်အကိုင်များကမကောင်းသောကြောင့် မိမိဘ၀ကြီးပွားအောင်မြင်ရန် မြို့ကိုတက်လာပြီး အလုပ်လုပ်လာခဲ့သည်မှာ တစ်နှစ်ခန့်ပင်ရှိပါပြီ။သူ့၏လက်ထဲတွင်လည်း ရသမျှစုဆောင်းလာခဲ့သည်မှာ အရင်းအနှီးအတွက် အတော်အတန်ပင်စုမိခဲ့ပါပြီ။နောက်ဆုံးတွင် သူ၏မိသားစုသဖွယ်ဖြစ်နေသော ဆိုင်ရှင်အား မိမိရည်ရွယ်ချက်များကို ပြောပြသောအခါ ဆိုင်ရှင်မှလည်း သူရဲ့ပြင်းပြတဲ့စိတ်ဆန္ဒကို မတားလို၍ သူ၏ကျွမ်းကျင်သော လက်ဖက်ရည်ဆိုင်ဖွင့်ရန် ကူညီပေးခဲ့ပါသည်။ဒီလိုနှင့် ကိုပြုံးချို ဖြစ်ချင်သောစိတ်ဖြင့် ကြိုးစားမှုကြောင့် သူ၏ဆိုင်လေးမှာ ၃လအတွင်း သိသာစွားတိုးတက်လာခဲ့ပါသည်။ကိုပြုံးချို၏ ဆက်ဆံရေးကောင်းမွန်မှုတို့ကြောင့်လည်း ပန်းသတင်းလေညှင်းဆောင်သလို လူသတင်းလူချင်းဆောင် ဆိုသည့်အတိုင်းသူ၏ဆိုင်လေးမှာ တစ်နေ့တစ်ခြားပို၍တိုးတက်လာခဲ့ပါတယ်။ နယ်တွင်ရှိသောမိဘများကိုလည်း ပြည့်ပြည့်စုံစုံထားနိုင်လာခဲ့ပါတယ်။
ဒီလိုနှင့် အလုပ်ကိုသာ ကြိုးစားလုပ်ကိုင်နေသော ကိုပြုံးချိုဘ၀တွင် ပြောင်းလဲမှုဖြစ်မည့်ကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။တစ်နေ့ ဆိုင်တွင်လာရောက်ကြသောသူများထဲမှ ကိုပြုံးချိုထက်ငယ်သော မိန်းကလေးတစ်ယောက်ကို သတိထားကြည့်မိသွားပါတယ်။မိန်းကလေးကိုမြင်မြင်ချင်း ကိုပြုံးချိုစိတ်ထဲတွင် တစ်ကြိမ်တစ်ခမှမဖြစ်ဘူးသော ခံစားမှုတွေကိုဖြစ်ပေါ်စေပြီး ထိုခံစားမှုတွေကဘာကြောင့်ဆိုတာလဲ ဝေခွဲမရခဲ့ပါ။ဘ၀အောင်မြင်ရေးအတွက်သာ အာရုံစိုက်ကြိုးပမ်းခဲ့သော လူပျိုကြိး ကိုပြုံးချို၏ မာကျော၍ခံစားမှုကင်းမဲ့သည်ဟုထင်ခဲ့ရသော နှလုံးသားသည်လည်း ထိုမိန်းကလေးကိုမြင်မှသာ အရည်ပျော်သလိုဖြစ်လာတော့သည်။ကိုပြုံးချိုစိတ်တွင်လည်း လက်ဖက်ရည်ဆိုင်ကို အာရုံမရောက်နိုင်ဘဲ အတွေးများဖြင့်သာ မျောနေပါသည် ………….။
ဒုတိယပိုင်းဆက်ပါမည်……….
thant logo.jpg

Photo Credit: Google Image
Writer- Thant Zin Soe (@tharpauk)
MSC 134

Sort:  

နောက်အဆက်မှာ ကောင်မလေးကြောင့် ကိုပြုံးချိုဘာတွေဆက်ဖြစ်မလဲ မျော်နေမယ်ဗျာ

လာပါမယ်ဗျာ

ဖတ်လို့ကောင်းတယ်ဗျ

ကျေးဇူးပါဗျာ

ကိုပြုံးချို​တော့​တွေ့ပြီ ဘာ​တွေဆက်​ဖြစ်​မလည်းသိချင်

လာမယ် မျော် hee hee

တစ်ကယ်ကောင်းတယ် ဆက်ပြီးအားပေးနေမယ်bro

ကျေးဇူးပါဗျာ

ကို ပြုံးချိုတစ်ယောက် အလုပ်တွေ အဆင်ပြေပြီးလူ ပျိကြီး ဘဝက အမြန် လွတ်ပါစေ 😁

ဘာဆက်ဖြစ်မလဲ မျှော်နေမယ် အစ်ကိုရေ ။

နာမည်နဲ့လိုက်မလားဆိုတာကတော့ နောက်တစ်ပိုင်းပေါ့အစ်ကိုရာ ကျေးဇူးပါ

ဆိုင်မှာ မုန့်ဆရာတို့ တီးဆရာတို့ လိုရင်ကျွန်တော့်ပြောပါဗျာ ကျွန်တော် အစုံရပါတယ် လခတော့ကောင်းကောင်းပေးရမယ်နော်။

အဲလိုလဲရတာဘဲလားကိုထွေးရ

လူပျိုကြီးရဲ့နှလုံး အရည်ပျော်ကျလာပြီလား😁😁
ကြိုးစားသူတို့ စိတ်ထားကောင်းသူတို့ အောင်မြင်မှာပါ။

လူပျိုကြီးတွေ အရည်ပျော်ပြီး ဖျော်ပါသောက်တော့မှာ

အဲ့မှာစတွေ့တာပဲ 😁😁

တွေ့ပြီးရင် ငိုရမလား ရယ်ရမလားဘဲ

သေချာတာတော့ စိတ်တွေညစ်ရမှာ ရစ်လို့ 😂😂

တစ်ချိန်က ကိုယ့်ဘဝကိုတောင်ပြန်အောက်မေ့မိပါလား

တိုက်ဆိုင်သွားသလားဗျာ တွေ့ဖူးတဲ့ လူရဲ့အကြောင်းကို ကြော၇ိုးယူထားတာပါ

ဖတ်လို့ကောင်းတယ်ဗျ ဇာတ်ဝင်ခန်းထဲ ကိုယ်တောင်ပါသွားလားသိဘူး

လက်ရှိဘ၀ဘဲကောင်းပါတယ်ဘု၇ား hee hee

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 61065.80
ETH 2610.29
USDT 1.00
SBD 2.53