ကျွန်တော်နှင့် မြို့ပြ (၃)

in #myanmar6 years ago

ကျွန်တော်နှင့် မြို့ပြ (၃)

အားလုံးဘဲ မင်္ဂလာပါဗျ။ကျွန်တော် အရင်အပတ်က “ကျွန်တော်နှင့်မြို့ပြ(၂)” ဆိုပြီး ရေးခဲ့တဲ့ဆောင်းပါးမှာ အလုပ်လုပ်ရင်း ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတွေထဲက ရီစရာအဖြစ်အပျက်လေးကို ရေးသားခဲ့ပါတယ်။ဒီအပတ်မှာလဲ အလုပ်လုပ်ရင်းကြုံခဲ့ရတဲ့ ပြဿနာလေးတွေကို ရေးသားသွားမှာပါ။

ကျွန်တော်တို့ marketing ထွက်ရတဲ့အဖွဲ့မှာ ယောင်္ကျားလေး ၅ယောက်ရှိပါတယ်။အဲဒီ ၅ယောက်က သွားရတဲ့အခါမှာ မတူသောနေရာတွေကိုခွဲပြီးတော့ သွားရတာများပါတယ်။အဲဒီမှာကျွန်တော်နဲ့တွဲရတာက ကချင်လူမျိုး နော်ဆိုင်းဆိုတဲ့တစ်ယောက်ဖြစ်ပါတယ်။ သူက သဘောကကောင်းပေမယ့် သူဒေါသထွက်တဲ့အချိန်ဆိုရင် ဘယ်သူပြောပြော မှားမှားမှန်မှန်တဇွတ်ထိုးလုပ်ကိုင်တတ်ပါတယ်။ အဲဒီလိုလုပ်လို့လဲ ပြဿနာတက်ပေါင်းလဲမနည်းပါဘူး။ဒါပေမယ့် ကျွန်တော်နဲ့ကျတော့ အဆင်ပြေတယ်ဗျ။ဘာဖြစ်လို့ဆို ကျွန်တော်နဲ့သူနဲ့က ၀ါသနာတူတာများတော့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိကြတယ်ပေါ့ဗျာ။ သူကတော့ အလုပ်မှာ ကျွန်တော့်ထက်အရင်ရောက်တာပေါ့ဗျာ။ ၆လလောက်စောမယ်ထင်ပါတယ်။သူကတော့ရုံးထဲက ကောင်မလေးတစ်ယောက်နဲ့ ချစ်သူတွေဖြစ်နေကြတာပေါ့ဗျာ။ဒါပေမယ့် သူ့ကောင်မလေးက ဖြန့်ချီရေးအပိုင်းကဆိုတော့ တစ်ခါတစ်လေမှသာအပြင်အတူတူသွားရတာဘဲရှိတာပေါ့။ ကျန်တဲ့အချိန်တွေကတော့ ရုံးမှာဘဲတွေ့ရတာပေါ့ဗျာ။

တစ်ခါတစ်လေကျရင်လဲ ကျွန်တော်တို့အဖွဲ့ဟာ Supervisor မလာတဲ့ရက်များဆိုရင် Marketing သွားမယ်ဆိုပြီး မြို့ထဲသို့ ရုပ်ရှင်ခိုးခိုးကြည့်ကြပါသေးတယ်။တစ်ရက်ကဆိုရင် ကျွန်တော်တို့ဟာ Supervisor မလာတာကြောင့် တစ်ဖွဲ့လုံးမညှိလိုက်ရဘဲ ရုပ်ရှင်ကြည့်မယ်ဆိုပြီး မြို့ထဲသို့လာခဲ့ကြပါတယ်။ ခိုးကြည့်တယ်ဆိုတာကလဲ အရသာတစ်မျိုးဗျ။ရုံးကထွက်တာနဲ့ ကျွန်တော်တို့ဟာ ရထားဘူတာရုံဘက်လာပြီး ရထားနဲ့ဘဲသွားကြတာများပါတယ်။အဲဒီတုန်းက ရထားစီးရင် တစ်ယောက်မှ ၁၀ကျပ် ရုံးကိုခရီးစရိတ်တင်တာကျတော့ ကားခတင်ပြီး လိုတာကိုစိုက်ကြတာပေါ့ဗျာ။
patricia-theatre-feature.jpg
Image Credit
ကျွန်တော်တို့က ရုပ်ရှင်ချိန်ကို ကပ်ခါနီးမှသွားကြည့်တာများပါတယ်။ ဘာဖြစ်လို့ဆို စောင့်နေတဲ့အချိန်မှာ သူများတွေတွေ့မှာစိုးတာကြောင့်ပါ။အဲဒီလိုနဲ့ ဟိုကြည့်ဒီကြည့်ကြည့်ပြီး လက်မှတ်ဝယ်ရုံထဲ အမြန်ဝင်ရတော့ပေါ့ဗျာ။အပြင်မှာတော့ ဘာမှမဖြစ်ပေမယ့် ရုံထဲရောက်မှ ကျွန်တော်တို့ရဲ့တစ်ခုံကျော်မှာ ရုံးကပစ္စည်းဖြန့်တဲ့အဖွဲ့ကလဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ဒါနဲ့ကျွန်တော်တို့လဲ ရုပ်ရှင်ကို ငြိမ်ပြီး ကုပ်ကုပ်လေးကြည့်နေရတာပေါ့ဗျာ။ ဇာတ်ကားပြီးလို့ ပြန်ထွက်တော့လဲ သူတို့ထွက်လို့ပြီးပြီဆိုမှလိုက်ထွက်ရတာပေါ့။ရုံးလဲပြန်ေ၇ာက်ရော သူတို့က မသိရင်ဘဲ ပစ္စည်းလိုက်ဖြန့်လို့ ပင်ပန်းတဲ့ပုံစံတွေ ပြောနေတော့ ကိုယ်တွေမှာရီချင်တာတောင် အောင့်အီးပြီးနေနေရပါတယ်။ဘာဖြစ်လို့ဆို ကိုယ်တွေရုပ်ရှင်ကြည့်တာပါ ပေါ်သွားမှာစိုးတာကြောင့်ဖြစ်ပါတယ်။
Untitled-1_12.jpg
Image Credit
နောက်အဖြစ်အပျက်ကတော့ စိတ်မကောင်းစရာအဖြစ်ပေါ့ဗျာ။မှတ်မှတ်ရရ အဲဒီလက ၄လပိုင်းဆိုတော့ သင်္ကြန်နားနီးပြီဆိုတော့ အလုပ်ကလေးတွေကလဲ နည်းနည်းပါးတဲ့အချိန်ဆိုတော့ တစ်ရက် Supervisor မလာတာကြောင့် ရုပ်ရှင်လဲမကြည့်ချင်တာနဲ့ မြကျွန်းသာပန်းခြံကိုသွားမယ်ဆိုပြီး ကျွန်တော်နဲ့ နော်ဆိုင်းဆိုတဲ့ သူငယ်ချင်း ၂ယောက်ဘဲ ထွက်လာခဲ့ကြပါတယ်။ပန်းခြံလဲရောက်ရော အတွဲချောင်းမယ်ဆိုပြီး လိုက်ကြည့်ကြတယ်ပေါ့ဗျာ။
178522277.jpg
Image Credit

အဲဒီအချိန်မှာ သစ်ပင်ခြုံကွယ်တစ်ခုမှာ အတွဲတစ်တွဲတွေ့တာနဲ့ ချောင်းမယ်ဆိုပြီး ကျွန်တော်တို့ကလဲ အတွဲလိုလို ဘာလိုလိုနဲ့ ထီးဆောင်းပြီးကပ်သွားတာပေါ့ဗျာ။ အနားလဲရောက်ရော ပထမတော့ နားစွင့်ပြီး ဘာတွေပြောတာလဲ ခိုးနားထောင်တာပေါ့။နောက်တော့ မြင်ရအောင်ဆိုပြီး မြင်တဲ့ဘက်ကို ပြောင်းကာမှ ပြဿနာတက်ပါလေရော။ဘာဖြစ်လို့ဆို နော်ဆိုင်းရဲ့ကောင်မလေးက ခွင့်ယူထားပြီး ဒီမှာနောက်တစ်ယောက်နဲ့ လာချိန်းတွေ့နေတာကိုမိသွားသလိုဖြစ်သွားတယ်ပေါ့ဗျာ။ အခြေအနေက တိုက်ဆိုင်တယ်လို့ပြောမလား ကံကြောင့်လားမပြောတတ်ပါဘူး။အဲဒီအချိန်မှာ နော်ဆိုင်းရဲ့စိတ်ကမရတော့ပါဘူး၊ပေါက်ကွဲတော့မယ့် ဗုံးလိုဖြစ်သွားပါပြီ။ကျွန်တော် သူ့ကိုကြည့်နေရင်းကဘဲ နော်ဆိုင်းတစ်ယောက်ကတော့ ချိန်းတွေ့နေတဲ့အတွဲဆီကို ရောက်လို့သွားပါပြီ။နော်ဆိုင်းလဲရောက်သွားရော သူ့ကောင်မလေးမှာ အံ့သြတာရော ကြောက်တာတွေရော သူ့မျက်နှာမှာဖြစ်နေပါတယ်။နော်ဆိုင်းကလဲ ကျွန်တော်ပြောခဲ့သလိုဘဲ စိတ်ကကြီးတာကြောင့်
“အော် မင်းကဒီမှာလာချိန်းတွေ့နေတာကိုး…..”ဆိုပြီး ကောင်မလေးကိုတော့ ပါးရိုက်ပြီး ကောင်လေးကိုတော့ လက်သီးနဲ့ ၃ချက်ထိုးလိုက်ပါတယ်။ဆွဲချိန်တောင်မရလိုက်ပါ။အဲဒီအချိန်မှာဘဲ ရုန်းရင်ဆန်ခတ်ဖြစ်ကုန်ပြီး လူကြီးတစ်ချို့လဲပြေးလာကြပါတယ်။နောက်တော့ ရဲကိုဘယ်သူခေါ်လိုက်တယ်မသိပါဘူး ရောက်လာပါတယ်။အဲဒါနဲ့ စခန်းကိုအကုန်လိုက်ခဲ့ကြဆိုပြီး ကျွန်တော်ပါပါသွားခဲ့ပါတယ်။

ကျွန်တော်လဲ တစ်ခါမှရဲစခန်းကို ဒီလိုအခြေအနေမျိုးနဲ့မရောက်ဘူးတော့ ကြောက်တာပေါ့ဗျာ။စခန်းလဲရောက်ရော လူကြီးမိဘတွေကို အကြောင်းကြားတော့ေ၇ာက်လာကြပါတယ်။ကျွန်တော်တို့ကိုတော့ ရုံးကမန်နေဂျာကလိုက်လာပါတယ်။ဒါနဲ့ စခန်းမှာ စစ်ဆေးတော့ ကျွန်တော်ကတော့ ဘာမှမဖြစ်ပေမယ့် နော်ဆိုင်းကိုတော့ ဟိုဘက်ကလဲကျေအေးတာကြောင့် ၀န်ခံကတိထိုးပြီးပြန်လွှတ်ပေးလိုက်ပါတယ်။ ရုံးလဲရောက်ရော နော်ဆိုင်းကတော့ အလုပ်ထွက်လိုက်ရပြီး ကျွန်တော်ကတော့ ဒဏ်ကြေးဆောင်လိုက်ရပါတယ်။ နောက်ဆိုရုံးကနေလစ်ပြီး ခိုးလုပ်ရတာကိုလန့်သွားပါတယ်။နော်ဆိုင်းလဲ မိုးညှင်းကိုပြန်ပြီး ရွှေတောဘဲသွားတော့မယ်ဆိုပြီး လာနှုတ်ဆက်သွားပါတယ်။ဒါကတော့ကျွန်တော် အလုပ်လုပ်ရင်းကြုံခဲ့ရတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်လေးပါဘဲ။နောက်ထပ်အတွေ့အကြုံများကိုလဲ ဆက်လက်ရေးသားပါဦးမယ်။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါသည်……….။
logo.jpg

Thant Zin Soe(@tharpauk)
MSC 134

Sort:  

ခိုးပြီးကြည့်​တာ ခိုးပြီး​ချောင်းတာ အရသာ ဘာနဲ့မှ မလဲနိုင်​ဘူး​😃

အဲဒီအရသာကတော့ သိတယ်မလား live ကြည့်ရသလိုဘဲ hee hee

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

ငယ်​ငယ်​တုန်းကဝါသနာပါပါ့အတွဲ​ချောင်းတာ😜😜

အဖော်ရပြီ hee hee

မိန်းကလေးတွေကလည်း မလွယ်ပါလား

ဟုတ်တယ် မထင်ရဘူးဗျာ ကိုယ်တွေ့မို့လို့သာယုံရတာ

ရုပ်ရှင်ခိုးကြည့်တဲ့သူအချင်းချင်း သွားတွေ့နေကြတယ်ပေါ့။

အဲလို ၂ခါကြုံဘူးတယ် hee hee တစ်ခါတစ်လေ အိတ်တွေထဲမှာ လက်မှတ်တွေမေ့ပြီးပါလာတာ

နောက်အလုပ်တစ်ခု ဘာဆက်လုပ်ဖြစ်လည်းဗျ

နောက်အပိုင်းတွေလာမယ်လေ hee hee

အင်း... တိုက်ဆိုင်တော့လည်း တဲ့တဲ့ကြီးကို ဖြစ်တက်ပါတယ်။
အဲ့လိုမျိုးတွေကြုံဖူးတယ်😂😂😂

ကျွန်တော်လဲ ကိုယ်တွေ့မို့ယုံတာ ကြားဘဲကြားဖူးတာ

အတွဲသွားချောင်းတာကြားသုံးကြား တစ်ကြားနဲ့မိသွားတော့ ဒါဏ်ငွေမိပြီမို့လား😂😂😂

ဟုတ်ပဗျာ ဒဏ်ငွေမို့တော်သေး

အတွဲချောင်းတာလည်း ဝါသနာပါပေကိုး

ကြုံလို့ပါဗျာ😁😁😁

ဝါသနာတူတယ်ဆိုတာက အဲဒါကိုး

တစ်ခြားဟာတွေလဲရှိပါတယ်ဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 64050.44
ETH 2502.78
USDT 1.00
SBD 2.65