ကျွန်​​တော်​နှင့်​​ဘဝ အ​ခြေအ​နေ အပိုင်း ၁

in #myanmar7 years ago (edited)

Hi there
We are Myanmar

IMG20170710124104.jpg

ကျွန်​​တော်​တို့ အ​ကြောင်းကိုမိတ်​ဆက်​မှာ​ရေးထားပြီးပါပြီ။
အခုအဆက်​ကိုပြန်​​ရေးလိုက်​ပါတယ်​။ကျွန်​​တော်​တို့ ​ကော့​သောင်းမြို့
က​နေ မွန်​ပြည်​နယ်​ ကိုစ​ပြောင်းလာကာစ က ကျွန်​​တော်​ အ​တော်​ငယ်​ပါ​သေးတယ်​။အသက်​ ၁၃ နှစ်​​လောက်​ပဲရှိအုန်းမယ်​ဗျ။
ကျွန်​​တော်​တို့ ​ကော့​သောင်းမြို့ မှာ​နေတုန်းက သိပ်​မဆင်းရဲ ပါဘူး။လူလတ်​တန်းစား​လောက်​​ပေါ့။ကိုယ်​ပိုင်​အိမ်​ရှိတယ်​။ကိုယ်​ပိုင်​ခြံရှိတယ်​။ဒါ​ပေမယ့်​ ​ဆွေမျိုးသားချင်း ​တွေ​တော့မရှိဘူး​ပေါ့ဗျ။အဲ့ဒါ​ကြောင့်
အ​မေ အမျိုး​တွေရှိတဲ့ မွန်​ပြည်​နယ်​ မှာပဲအ​ခြေချမယ်​တဲ့။
အရင်​ဦးဆုံး အ​ဖေ အရင်​သွားတယ်​​ပေါ့ဗျ။ဟိုမှာအလုပ်​အကိုင်​အ​ခြေ
အ​နေ ကြည့်​တာ​ပေါ့။ကျွန်​​တော့လည်း​ကျောင်း​နေတုန်​ဆို​တော့​ကျောင်းပြီးမှပဲ။အ​မေနဲ့အတူ လိုက်​တက်​လာတာ။
ဒါ​ပေမယ့်​ မထင်​မှတ်​ထားတာတစ်​ခုဖြစ်​သွားတယ်​။ကော့​သောင်း က​နေတစ်​ခါတည်း​ပြောင်းမှာဆို​တော့ အိမ်​​တွေခြံ​တွေ တစ်​ခါတည်းအ
ပြီး​ရောင်းတာ​ပေါ့။နောက်​ပြီးမွန်​ပြည်​နယ်​မှာ ပြန်​ဝယ်​မယ်​​ပေါ့။
တစ်​ခုသတိမထားမိလိုက်​တာက မွန်​ပြည်​နယ်​ နဲ့​ကော့​သောင်းမြို့ရဲ့
အိမ်​ခြံ​ဈေးနှုန်းကွာခြားချက်​ပဲ။
ဒီ​ရောက်​​တော့ ဘာမှပြန်​မဝယ်​နိုင်​ဘူး။အဲ့​တော့ ပထမတုန်းက​တော့
ဘုန်းကြီး​ကျောင်းမှာတည်းတာ​ပေါ့ဗျာ။ကျွန်​​တော်​တို့​ရောက်​လာ​တော့
အ​ဖေက ဆိုင်​ကယ်​ပြင်​ဆိုင်​​လေးဖွင့်​ထားတယ်​။
အဲ့ဒီ​တော့ဗျာ ကိုယ်​ကငယ်​​သေးတာကိုးဘာမှ မသိ​သေးဘူး။
နောက်​ဆုံး​တော့ ဆရာ​တော်​ကို ​လျှောက်​တာ​ပေါ့။ဟိုက​နေ အကုန်​လုံး​ရောင်းလာပြီး ဒီမှာလည်းပြည်​မဝင်​နိုင်​ဘူး​ပေါ့​လေ။
ဆရာ​တော်​ ကလည်း​ပြောတယ်​ လည်း​ဘေးမှာ တဲ​လေးထိုးပြီး​နေတဲ့။
အဲ့အချိန်​တုန်းက လမ်း​ဘေး အဆင်​​ပြေသလိုတဲ​လေးထိုးပြီး​နေကြတာပဲ​လေ။ကျွန်​​တော်​က​တော့ငယ်​​သေးတယ်​ဆို​တော့ ဘာမှမသိဘူး။ဆော့ဘို့ ဘုန်းကြီး​ကျောင်းက ကိုရင်​​တွေနဲ့ကစားဘို့ပဲသိတယ်​​လေ။
ကျောင်း​တွေဖွင့်​​တော့ ကျုံကဒတ်​ ​ကျောင်းမှာ​ကျောင်း​နေ အဲ့​လောက်​ကလွဲပြီးဘာမှမသိဘူး။ဘာ​ကြောင့်​ လမ်း​ဘေးမှာ​နေတာလဲဆိုတာလည်းမသိဘူး။တကယ်​​တော့ ​ကော့​သောင်း မှာလူလတ်​တန်းစား​လောက်​​နေ​နိုင်​​ပေမယ့်​ မွန်​ပြည်​နယ်​ မှာ​တော့ ဆင်းရဲ ​နေတယ်​​လေ။
ကျွန်​​တော်​တို့​ရောက်​ပြီး မကြာခင်​ ၄နှစ်​​လောက်​ရှိမယ်​ထင်​တယ်​။
မမှတ်​မိ​တော့ဘူး လမ်း​ဘေး​မြေ မကျူး​ကျော်​ရဆိုတာလာ​ရောဗျ။
နေစ​ရာက မရှိပါဘူးဆိုမှဘယ်​လိုလုပ်​ရမလဲ​ပေါ့။အဲ့ဒါကို ​ကျောင်းတိုင်​ဘုန်းကြီးဖြစ်​တဲ့ ကျွန်​​တော်​တို့ ဦး​လေးလည်းသိ​ရော ဘုန်းကြီး​ကျောင်း ခြံထဲမှာ ခဏ​ ​နေ​ပေါ့ မိန့်​တယ်​။
အဲ့ဒါနဲ့ ​ကျောင်းခြံထဲမှာ ​နေရပြန်​​ရော အ​ဖေက​တော့ လမ်း​ဘေးမှာဆိုင်​ကယ်​ပြင်​ဆိုင်​​လေး ဖွင့်​​ပေါ့​လေ။အဲ့အချိန်​မှာ ကျွန်​​တော်​လည်းအ​တော်​သိ​နေပါပြီ။ကျွန်​​တော်​ ပညာ​ရေး ပရမီမပါဘူး​လေ။၈ တန်းရှုံး​တော့ ​ကျောင်းထွက်​လိုက်​တယ်​။ဒါ​ပေမယ့်​ အ​ဖေလုပ်​တဲ့ ဆိုင်​ကယ်​ပြင်​ဆိုင်​ကို ဝါသနာ မပါဘူး​လေ မလုပ်​ချင်​တာလည်းပါတာ​ပေါ့။
အဲ့ဒါနဲ့ပဲ ​လေ​နေတာ​ပေါ့။နောက်​​တော့ ကျွန်​​တော့ဦးဖြစ်​တဲ့ ဆရာ​တော်​ (​ကျောင်းတိုင်​ဘုန်းကြီး) ကဘဲ မင်းအီလက်​ထ​ရွန်းနစ်​ ဝါသနာပါ
လားတဲ့ ဝါသနာပါ ရင်​ငါ​ပြော​ပေးမယ်​ဆို​တော့ ကိုယ်​က လည်းလျှပ်​စစ်​ပစ္စည်း​တွေ ကလိတာဝါသနာပါ​တော့ သင်​မယ်​​ပေါ့။ဒါ​ပေမယ့်
သင်​ရမယ့်​​နေရာက ကျိုက္ခမီမြို့မှာ ​နေတာက ကွမ်​သတ်​​ကျေးရွာမှာ
ကွမ်​သတ်​နဲ့ ကျိုက္ခမီမြို့နဲ့ ၇ မိုင်​​ကျော်​​ကျော်​​လောက်​​ဝေးတယ်​ဗျ။
အဲ့ဒါ စက်​ဘီး နဲ့သွားသင်​တယ်​။ တစ်​လပဲရတယ်​ မသွားနိုင်​​တော့ဘူး
အိမ်​ပြန်​လာတိုင်းမိုးချုပ်​တယ်​​လေ။
နောက်​​တော့မသင်​​တော့ဘူး​ပေါ့ဗျာ။နောက်​နှစ်​​လောက်​ကြာမယ်​ထင်
တယ်​ ခုနှစ်​​တွေက မမှတ်​မိ​တော့ဘူး ကျွန်​​တော့ဦး​တွေ ထိုင်းနိုင်​ငံပြန်​လာတယ်​။ပုဇဉ်း လာတက်​တယ်​​လေ။အဲ့မှာထိုင်းထဲက​နေComputer notbook ​လေးလက်​​ဆောင်​​ပေးတယ်​ဗျာ။
ပျော်​လိုက်​တာ​ပေါ့ဗျာ။ဟိုကလိလိုက်​ဒီကလိလိုက်​​ပေါ့​လေ။
သိပ်​မကြာခင်​နှစ်​မှာပဲ ရန်​ကုန်​က လျှပ်​စစ်​ အင်​ဂျင်​​နေရာတစ်​​ယောက်
ဘုန်းကြီး ​ကျောင်းမှာ မီးလာဆင်​​ပေးတယ်​​ပေါ့ဗျာ။အဲ့မှာကိုယ်​လည်း
စိတ်​ဝင်​စားသွားပြန်​​ရော​ပေါ့ဗျာ။သင်​လည်းအ​တော်​ခင်​ပါတယ်​။ပြီ​တော့ရန်​ကုန်​ပြန်​သွားပြီတလကြာ​တော့ သူ့ဆီကဖုန်းလာတယ်​။အဲ့အချိန်​တုန်းက ၁၅၀၀ sim card စ​ပေါ်ကာစ ။(စကားချပ်​)
ရန်​ကုန်​မှာ အလုပ်​ရှိတယ်​​ပေါ့​လေ တက်​လာ​ပေါ့ တလဘယ်​​လောက်​ယူမလဲ​ပေါ့​လေ။ကျွန်​​တော်​ကလည်း ပညာပဲလိုချင်​တာ​ပေါ့​လေ။အဲ့ဆိုတက်​လာ​ပေါ့ ​နောက်​​တော့လူကြုံရပြီဆို​တော့ တက်​လိုက်​သွားတယ်​။တစ်​ခု​ပြောရအုံးမယ်​​တောကလူ​တွေရဲ့အ​တွေး​ပေါ့။
ဟားရန်​ကုန်​ဆို​တော့ မြို့ကြီးပဲ​ပေါ့ ကိုယ်​မှာလို့ ဗွက်​​တွေမရှိဘူး​ပေါ့။
ကတ္တလာ ​တွေသက်​သက်​ဘဲ​ပေါ့ ထင်​တာ​ပြောတာပါ။
ဟိုမှာဘယ်​လို​နေရမလဲ​ပေါ့​လေကိုယ်​ကလည်းအခုမှ မြို့ကိုသွားရမှာဆို​တော့ အထင်​ကြီးမိပါတယ်​။
ဒီက​နေ ​ရောင်​နီထွန်း(ကားအမည်​)နဲ့​သွား ရန်​ကုန်​ ကျိုက္ကဆံ မှာဖြစ်​မယ်​ ဆံပြ​ဈေးနားမှာပဲ ​မေ့​နေပြီး။
အဲ့ဒါက​နေ ​တောင်​တဂုံ ကွက်​သစ်​ကိုသွား ဟို​ရောက်​​တော့ စိတ်​ကူးနဲ့
လက်​​တွေ့ တခြားစီပဲ
ဆက်​​ရေးပါမယ်

အ​ရေးအသားညံ့ရင်​​တောင်းပန်​ပါတယ်​။
ကျွန်​​တော့ ဘဝ အမှန်​​တွေပါ လိမ်​ညာထားတာ မရှိပါ။
ဆက်​ကြိုးစားလျှက်

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 64258.81
ETH 2772.25
USDT 1.00
SBD 2.65