ကျန်တော်နှင့် Online ငွေရှာနည်း အတွေ့ အကြုံ ၁

in #myanmar7 years ago

Hi there
We are Myanmar

IMG20170710124104.jpg

Hi ပထမ ဆုံးဒီစာကိုရေးတဲ့ ရည်ရွယ်ချက်ကို အရင်ပြောပါရစေ။

ကျန်တော်က ခောတ်လူငယ်တစ်ယောက်ပါ။Online ပေါ်မှာ ၃ လ လောက်လုပ်တဲ့အတွေ့ အကြုံကို ပြောပြပါ့မယ်။အတွေ့ အကြုံရှိတဲ့
လူကြီးတွေ့ အတွက်တော့ ရယ်စရာဖြစ်နေမှာပေါ့ဗျာ။ဒါပေမယ့် နောက်လာမယ့် လူငယ်တွေအတွက်တော့ စဉ်းစားစရာတွေ/
အတွေးအခေါ်တွေ/ပညာတွေ/ရနိုင်ပါတယ်။
နောက်ပြီးတစ်ခုတောင်းပန်ချင်တာက ဘယ်သူ့ ကိုမှ ထိခိုက်လိုပြီး ပြောချင်းမဟုတ်ပါ။ကျန်တော့ လို အတွေ့ အကြုံနည်းပြီး Onlien
ပေါ်မှာ ငွေရှာနေနဲ့ ညီအကိုတွေ ဘယ်လောက်ထိလိမ်ခံထိနေပြီလဲ/ဘယ်လောက်ထိ Online ပေါ်ငွေရှာချင်စိတ်တွေပျောက်ပြီး
Online ပေါ် ငွေရှာနေတဲ့ လူတွေ ဘယ်လောက်ထိ စွန့် ခွာသွားပြီလဲ။

ဒီစာကို ဆောင်းပါ အဖြစ်မရေးလို ပါ။ကျန်တော့ ဘဝရဲ့အတွေ့ အကြုံကို ပဲပေါင်းစပ်ပြီး ရေးပါ့မယ်။နောက်ပြီး ကျန်တော်က စာရေးဆရာမဟုတ်ပါ။စာအရေးအသားညံရင်လည်း ကြိုတောင်းပန်ချင်ပါတယ်။

ကျန်တော်ရန်ကုန်ကပြန်ရောက်တော့ အွန်လိုင်းပေါ်မှာ ငွေရှာနည်းတွေ နည်းနည်း ခောတ်စားနေပြီဗျ။မြဝတီမသွားခင်သွားကတည်းက
ကျန်တော်လေ့လာနေပြီးဗျ။bitcoin-etf-sec-record.jpg
ကျန်တော့ကို စိတ်ဝင်စားစေတာက Bitcoin free ရှာတာပဲဗျ။
အဲ့ဒီကနေစပြီးတော့ bitcoin ဘယ်လို ရှာရတယ်ဆို စပြီးလေ့လာတာပဲ။ဒါပေမယ့် အဲ့အချိန်တုန်းက ၁၅၀၀ တန် ဆင်းကတ် စာပေါ်ကာစ
ဆိုးတာက အင်တာနက် ကို သုံးချင်ရင် မြို့ထဲကိုသွားရတာ။ကျန်တော်နေတဲ့နေရာ မိတ်ဆက် မှာပြောပြီးဗျ။နေတာက ကွမ်သတ်ရွာမှာ
အင်တာသုံးရတာက သံဖြူဇရပ်မြို့မှာ ဘယ်လို့ မှာအဆင်မပြောဘူးလေ။ဒါပေမယ့် တစ်ပါတ်မှာ ၂ရက် ၃ရက်တော့သွားတယ်။
ကျန်တော်အင်တာနက် သုံးရင် အထိက ရှာတာ နည်းပညာ/ငွေရှာနည်း အဲ့ဒါတွေပဲ အထိက ရှာတာ။နောက်တော့ blog တွေမှာလိုက်ရှာ
bitcoin ရှာနည်း စာအုပ်တွေရတာပေါ့။အဲ့မှာ ပြသနာက စပြီ သူ့ မှာရေးထားတာက ၅ မိနစ် တစ်ကြိမ် ယူရတာတို့ /၁၅ မိနစ်တစ်ကြိမ်/၁နာရီ
တစ်ကြိမ်ဆိုတော့။ကိုယ်က အင်တာနက် ဆိုင်မှာ တစ်ပါတ်မှ ၃ ရက်လောက်လာရတာဆိုတော့ အဆင်မပြေဘူးလေ။
ဒါပေမယ့် အရမ်းစိတ်ဝင်စားတော့ တေးထားလိုက်တယ်။နောင်တစ်ချိန် လုပ်မယ်ပေါ့။
ကျန်တော်အဲ့အချိန်တုန်းက gmail တောင်ဖွင့်မတတ်သေးဘူးဗျ။အိမ်မှာနေတာသိပ်မကြာပါဘူး။မြဝတီ သွားရပြန်ရော မြဝတီရောက်တော့
မျှော်လင့်ချက်နည်းနည်းရှိတယ်လေ။ဟိုမှာက အင်တာနက် ကောင်းတယ်ဆိုတော့။ဒါပေမယ့် ကျန်တော့ဦးနေတဲ့နေရာက မြို့နဲ့ နည်းနည်းဝေးတယ်ဗျ။ လိုင်းက သိပ်ကောင်းကြီးမရဘူး။ပထမ ပိုင်းမှာ ကျွန်​​တော်​နှင့်​​ဘဝ အ​ခြေအ​နေ အပိုင်း ၁ မှာ ကျန်တော် Computer note book ရထားတယ်ဆိုတာရေးပြီးပြီဗျ။အဲ့အချိန်တုန်းက Android ဖုန်းတွေ စပေါ်ကာစ ကျန်တော်တို့တော့ မဝယ်နိုင်ပါဘူး
java nokia ခုလုတ် ဖုန်းနဲ့ အင်တာနက်သုံးရတာဗျ။bluetooth နဲ့ သုံးရတာ သုံးဖူးတဲ့လူတွေ သိမှာပါ။ဆိုးလိုက်တဲ့လိုင်း Web တစ်ခုတောင်ရွေ့ ဖို အနိုင်နိုင် ဒါပေမယ့်ကိုယ်က အင်တာနက်ကို အရမ်းသုံးချင်တာကိုး ရအောင်သုံးတယ်။
နေ့ ဖက်ဆို ရေခဲရောင်းရင်းသုံးတာ အဲ့လောက်ထိ စွဲလန်းခဲ့တာဗျ။စသုံးကာစ gmail အရင်စဖွင့်တာပေါ့ အခက်အခဲတွေတော့အများကြီးပေါ့။
Online ပေါ်မှာရှာလိုက်ဖွင့်လိုက်ပေါ့။သင်ပြပေးမယ့်ဆရာလည်းမရှိခဲ့ ဘူး။နောက်တဆင့် တော့ Facebook ဖွင့်တာပေါ့။gmail ဖွင့်တတ်သွားပြီဆိုတော့ facebook က သိပ်မခက်ဘူးဗျ။လွယ်လွယ်လေးပေါ့ဗျ။
အဲ့အချိန်တုန်းက facebook လည်းသိပ်မသုံးတတ်သေးဘူးဗျ။နောက်တော့ ငွေရှာနည်းကိုလုပ်မယ်ပေါ့။တော်တော်နဲ့ မလုပ်ဖြစ်ခဲ့ဘူးဗျ။
လိုင်းကသိပ်မကောင်းခဲ့ဘူး။ဒါပေမယ့် Online ပေါ်မှာ ကောင့်တော်များများတော့ဖွင့်တတ်သွားတယ်ဗျ။မြဝတီမှာတော့ အဲ့လောက်ပဲတတ်ခဲ့တာဗျ။နောက် ၅လ လောက်နေပြီးတော့ အိမ်ပြန်လာရော။ကျန်တော်ပန်းရန်ဝင်လုပ်တယ်ဗျ။ တစ်နှစ်လောက်ကြာတော့ Sim card တွေ ဈေးပေါလာပြီဗျ။ ကျန်တော်လည်းပန်ရန်လုပ်တယ်ဆိုတော့ ဝင်ငွေနည်းနည်းကောင်းတယ်ဗျ။
အဲ့ဒါနဲ့ ၇ သောင်းတန်ဖုန်တလုံးဝယ်လိုက်ရော။
အဲ့မှာ Online ငွေရှာနည်းကို ပြန်လေ့လာတာ။ကျန်တော်ပြန်လေ့လာတဲ့အချိန်မှာ ငွေရှာနည်းတွေ အရမ်းတိုးတက်နေပြီဗျ။ဟိုတုန်းက bitcoin တစ်မျိုးပဲရှိတာ။အခုတော့ အစုံပဲဗျ။ အဲ့မှာ ပိုစိတ်ဝင်စားသွားတာက PTC ပေါ့ဗျာ။
Ptc_Click.jpg
PTC ကိုဘယ်လောက်ထိစိတ်ဝင်စားသွားသလဲဆိုရင် PTC နဲ့ ချမ်းသာအောင်လုပ်မယ်ပေါ့ အဲ့လောက်ထိစဉ်းစားခဲ့တယ်။
ဒါပေမယ့် အဲ့အချိန်တုန်းက ptc အကြောင်းဘာမှမသိသေးဘူးဗျ။Online ပေါ်မှာ blog တွေမှာ ptc ကြောင်းတွေကို တော်တော်လေးတင်ထားကြတာဗျ။ ကိုယ်ကလည်းစိတ်ဝင်းစားသွားတာပေါ့ဗျ။ဒါပေမယ့်မလုပ်ဖြစ်သေးဘူးဗျ။
အဲ့တုန်းက အရင်းအနှီးကလည်းမရှိ အတွေ့ အကြုံကလည်းမရှိ /မလုပ်ရဲဘူးဗျ။ဒီလိုနဲ့ ပဲ နောက်တစ်၂နှစ်မှာ စလုပ်ပါတယ်။မရင်းသေးဘူး
အဲ့အချိန်တုန်းက ရင်းလို့ လဲမရသေးဘူးလေ။ free ကလစ်တာပေါ့လေ။တစ်ရက်မှာ $0.002 လောက်ပဲရတယ်ဗျ။ဒါပေမယ့် တစ်လလောက်
လုပ်လိုက်သေးတယ်။နောက်တော့ မလုပ်ဖြစ်တော့ဘူး။တစ်လလောက်လုပ်တာတောင် 1$ မရဘူးဆိုတော့ ဘယ်လိုမှ မကိုက်ဘူးလေ။

ဆက်ရေးပါအုံးမယ် ခင်ဗျ

ပထမ တုန်းက တစ်ခါတည်းရေးမလို့ ပါပဲ
ပြန်စဉ်းစားလိုက်တာ့ ထင်သလောက်တာ့မလွယ်ဘူးဗျ။
အပျော်ရေးခြင်းမဟုတ်ပါဘူး။
အမှားပါရင်တောင်းပန်ပါတယ်။

Sort:  

အတွေ့အကြုံ တွေက သူများအတွက်တော့ ဗဟုသုတနဲ့ သင်ခန်းစာရစေတာမို့ ဆက်ပြီးရေးသားပါလေ။ အားပေးနေပါ့မယ်။

ရေးပါ....ရေးပါ။စိတ်ဝင်စားပါတယ်။

အရမ်းကောင်းပါတယ်
အတွေ့အကြုံတွေများများဝေမျှပေးပါ ပညာရပါတယ်

Online ငွေရှာနည်း အတွေ့အကြုံတွေကို စိတ်ဝင်စားပါတယ်။ နောက်တစ်ပိုင်း မျှော်နေပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 56991.40
ETH 2350.63
USDT 1.00
SBD 2.40