"မင်းရဲ့ပရိတ်​သတ်​"

in #myanmar7 years ago

image

လေပြည်​​ညှင်း​လေး​တွေနဲ့အပြိုင်​လွှင့်​​မျော​နေတဲ့"မ"ရဲ့ဆံနွယ်​။စင်​​မြှင့်​​ပေါ်ကSound Box အိုကြီး​တွေထဲကထွက်​လာတဲ့ချိုမြသာယာ​သော"မ"ရဲ့အသံ။လူအုပ်​ကြီးရဲ့အသံ၊အပြုအမှု၊ဆူညံသံ​တွေကိုပင်​မကြား​တော့။"မ"တစ်​​ယောက်​ထဲကိုပဲ"မ"ရဲ့အမှုအရာ၊"မ"ရဲ့သီဆိုဟန်​/သီဆိုသံတို့သာမြင်​​တော့သည်​။တစ်​ခဏ​လေးအတွင်းမှာတကယ်​ကိုတစ်​ခဏ​လေးအတွင်း​မှာကျွန်​​တော့်​ရဲ့စိတ်​အာရုံတစ်​ခုလုံးကိုဆွဲငင်​​ယူ​ဆောင်​သွား​လေပြီ။ဩော်​ ...မရယ်​ ဘယ်​လို​ကြောင့်​ဒီ​လောက်​​တောင်​လှ​နေရတာလည်း​ဗျာ။

image

သီချင်းသံ​တွေနဲ့ကလုန်​​နေတဲ့ကျွန်​​တော်​"မ"ကိုမြင်​မြင်​ချင်းပဲ ခန္ဓာကိုယ်​တစ်​ခုလုံးကိုကြိုးနဲ့ချီတုပ်​ထားသလိုရပ်​တန့်​သွားပြီး"မ"ကိုပဲ​ငေးကြည့်​​နေမိ​တော့တယ်​။"မ"သီဆို​နေတဲ့သီချင်း​လေးဆုံးပြီးတစ်​ခြားလူတစ်​​ယောက်​စင်​​ပေါ်တက်​လာပြီး"မ"​နေရာကိုယူသွားမှာကို​တောင်​​ကြောက်​​နေခဲ့တယ်​။

image

သူ့အလှည့်​​လေးပြီးလို့ဆင်းသွားတဲ့အချိန်​မှာကျွန်​​တော်​ရဲ့အသည်းနှလုံးတစ်​ခုလုံးသံရည်​ပူထဲ​ထည့်​​ကြော်​သလိုခံစားရတယ်​​ဗျာ။

image

Show ပွဲပြီး​တော့တစ်​လမ်းလုံး"မ"အ​ကြောင်းပဲစဉ်းစား​နေခဲ့တယ်​။လူကသာအိမ်​ကိုပြန်​​နေတာစိတ်​က​တော့​"မ"စီမှာပါသွားခဲ့ပြီ​လေ။အိမ်​​ရောက်​​တော့လည်း​သောက​တွေများရပြန်​ပြီ။ဖုန်းကိုဖွင့်​facebook ထဲကိုဝင်​ "မ"ရဲ့ official facebook acc ​လေးကိုရှာပြီး add ကြည့်​ပါတယ်​။friend limit ပြည့်​​နေလို့add လို့မရခဲ့ပါဘူး။ see first လုပ်​ပြီ"မ"တင်​သမျှပုံ​လေး​တွေ/စာ​လေး​တွေတင်​သမျှကိုပဲlove react​လေး​တွေ​ပေးcomment ​လေး​တွေ​ရေးခဲ့တယ်​။ဒါ​ပေမဲ့"မ"က​တော့သတိထားမိမှာမဟုတ်​ပါဘူး​လေ။ပရိတ်​သတ်​​တွေ​သောင်းချီသိန်းချီရှိ​နေတဲ့"မ"အတွက်​​တော့ကျွန်​​တော့်​ရဲ့ react ​တွေ comment ​တွေဆိုတာက"မ"အတွက်​ဘာမှမဟုတ်​​တော့ဘူး​လေ။

image

နင်​ငို​နေတာ...မကြည့်​ရက်​လို့ပါအို..မိန်းက​လေး....🎤🎤
နင့်​ရဲ့အသည်းကိုခွဲခဲ့တဲ့လူကိုသတ်​ချင်​တယ်​...🎤🎤
အိမ်​နံရံမှာမင်းရဲ့ဓာတ်​ပုံ​တွေဟာပြည့်​နှပ်​...🎤🎤
ငါ့ရဲ့​ကောင်းကင်​ထက်​ကမင်းဟာလမင်းပါပဲ...🎤🎤
ရေဒီယိုမှာမင်းရဲ့အစီစဉ်​​တွေ...🎤🎤
Tv​ပေါ်မှာ မင်းရဲ့မျက်​နှာ​လေး​တွေ...🎤🎤
ပုံမှန်​မဟုတ်​​တော့ပါ...ငါ့စိတ်​...🎤🎤
လူမမြင်​သူမမြင်​ကြိတ်​ရူးတဲ့အရူးတစ်​​ယောက်​...🎤🎤
ငါမင်းအတွက်​လက်​ခုတ်​တီးမဲ့ပရိသတ်​​လေး...🎤🎤
ငါအမြဲတမ်းမက်​ခဲ့ရတဲ့အိပ်​မက်​​လေး...🎤🎤
စိတ်​ကူးနဲ့ရူးခဲ့ရတဲ့ငါ့ရဲ့မင်းသမီးရယ်​...🎤🎤
မင်းကို...ချစ်​တဲ့...အ​ကြောင်းများ​ပြောချင်​တယ်​...🎤🎤

image

နားကြပ်​က​လေးတပ်​ပြီး သီချင်း​လေးငြီးရင်း"မ"နဲ့ကျွန်​​တော်​ဟာဘယ်​လိုဆိုရင်​💭 ဆိုပြီးစိတ်​ကူး​တွေရင်​​နေခဲ့တယ်။သူငယ်​ချင်း​တွေကလည်း​ပြောကျတယ်​"မင်းရူး​နေတာလား"တဲ့။ဟုတ်​ပါတယ်​ကျွန်​​တော်​အရူးပါ။ကျွန်​​တော်​မကိုချစ်​ခဲ့မိကတည်းကအရူးတစ်​ပိုင်းဖြစ်​​နေခဲ့ပါပြီ။"မ"နဲ့အတူတူ​နေထိုင်​ဖို့ဆိုပြီး"မ"လက်​ခံနိုင်​​လောက်​တဲ့လူတစ်​​ယောက်​ဖြစ်​နိုင်​​အောင်​ကြိုးစာဖို့လည်းဆုံးဖြတ်​ချက်​ပြတ်​သားခဲ့ပြီ။ဘယ်​သူ​တွေဘာ​တွေ​ပြော​ပြော"မ"ရဲ့အနား​ရောက်​နိုင်​ဖို့ကျွန်​​တော်​ကြိုးစားမယ်​။

image

တစ်​ခါတစ်​​လေကျ​တော့လည်းအားငယ်​စိတ်​​တွေဝင်​လာတာ​ပေါ့။ဟိုကနာမည်​ကြီးအဆို​တော်​မ​လေးတစ်​​ယောက်​။"မ"အနားမှာဥစ္စာ​ပေါရုပ်​​ချော​တွေမှအများကြီးများကြီးကြိုက်​တဲ့တစ်​​ယောက်​ကိုလက်​ညိုးထိုးပြီးယူလို့ရတယ်​။ကျွန်​​တော်​က​တော့နာမည်​ကြီးတာဆိုလို့​ပေါရူးဆိုပြီးသူငယ်​ချင်း​တွေကြားမှာကြီး​နေတဲ့ဂုဏ်​​လေးတစ်​ခုပဲရှိတယ်​။ဥစ္စပစ္စည်းဆိုတာကလည်း​ဘေလ်​​တောင်​အနိုင်​နိုင်​ထည့်​​နေရတဲ့ဘဝ။

image

"ဘာပဲဖြစ်​ဖြစ်​ပါ​လေကြိုးစားလျင်​ဘုရားပင်​ဖြစ်​နိုင်​သည်​ဆိုတဲ့စကားပုံ​တောင်​ရှိ​သေးတာပဲငါကြိုးစားရင်​ရမှာပါ။ဘာပဲဖြစ်​ဖြစ်​​လက်​​တော့မ​လျော့​သေးဘူးငါရ​အောင်​ကြိုးစားမယ်​။
"မ"​စောင့်​​နေပါကျွန်​​တော်​တစ်​​နေ့"မ"ရဲ့အနား​ရောက်​​အောင်​လာပြီး"မ"အချစ်​ကိုခိုးယူပြမယ်​"

image

Steemit ကညီအစ်​ကိုများ​ပျော်​ရွှင်​နိုင်​ပါ​စေ​ဗျာ။အသစ်​အဆန်း​လေးဖြစ်​ပြီးရယ်​​မောနိုင်​​အောင်​rage maker ​လေးနဲ့ ဇာတ်​လမ်း​လေးတစ်​ခုစမ်းသပ်​တင်​ကြည့်​တာပါခင်​​ဗျ။မ​သေသပ်​တဲ့စာ​လေး​တွေအတွက်​လည်း​တောင်းပန်​ပါတယ်​​ဗျ။အလုပ်​ကလည်း​နေ့မအားညမအားနဲ့မလို့pro​လေးကလည်းရချင်​​သေး​တော့အလျင်​အမြန်​လုပ်​လိုက်​ရတဲ့အတွက်​အ​ရေးအသားပိုင်းမ​သေသပ်​တဲ့အတွက်​သည်းခံပြီးဖတ်​​ပေးပါလို့အနူးအလွှတ်​​တောင်းပန်​ပါတယ်​ခင်​​ဗျ။

အားလုံးရွှင်​လန်းချမ်း​​မြေ့ပါ​စေ​ဗျ...


MSC.119
@thantzinwin
Thant Zin Win

Sort:  

တကယ်မှတ်နေတာ hee hee

တကယ်​ပါပဲ😝

အချစ်​ကံ​ကောင်းပါ​စေဗျာ

ဟုတ်​ကဲ့ပါ​ဗျာ ​ကျေးဇူးတင်​ပါတယ်​​ဗျ

အကြံကောင်းလေးနဲ့ တီထွင်ထားတာ ကောင်းတယ်အကိုရေ တော်လိုက်တာဗျာ။

ကျေနပ်​ပြီ​ကျေးဇူးပါ​ဗျာ

အခုတစ်​ပတ်​ proမှာ ဒီ​ဆောင်းပါး အကြိုက်​ဆုံးဘဲ

ဟီး​ကျေနပ်​ပြီ​ကျေးဇူးပါ​ဗျ

Epic memeလေးတွေ နဲ့ ဟာသလုပ်ပီး ထိုးဖောက်ပါလား
Bro ဟာသဉာဏ်ရွှင်တယ်နော်

စဉ်း​တော့စဉ်းစားထားတယ်​ဟီးဟီး

အမ်
ဟုတ်သားဟ
နောက်ဆုံးကျမှသိတော့တယ် စိတ်ကူးယဉ်တာတဲ့😁😁

တကယ်​ဆိုရ်​င​ကော😝

တကယ်ကောင်းပါတယ်ဗျာ

အကို့စာလေးဖတ်ပြီးအသက်ရှည်စေတဲ့အပြုံးတွေရလိုက်တယ်ဗျာ

ကျေနပ်​ပါပြီ​ဗျာ

ပုံလေးတွေ လုပ်ထားတာတော့ သဘောကျတယ်ဗျာ Save ထားပြီ

ဟုတ်​​ကျေးဇူးပါ​ဗျ ကွကိုယ်​လုပ်​ချင်​တယ်​ဆိုရင်​လည်း rage maker apkနဲ့လုပ်​တာပါအစ်​ကို

မ မချစ်လို့တော့ သေနိုင်တယ် ချေချေပဲ

မမချစ်လို့​တော့​သေနိုင်​တယ်​အပို​တေ်​မဆိုဘူးယုံလိုက်​ကွယ်​မမှမချစ်​ရင်​ဘဝပျက်​သွားနိုင်​တယ်​ ဟီးဟီး

bro meme ကလန်းတယ်ဗျာ့
ဆော့ဝဲလေးရှယ်ပါဦးဗျာ

Rage Makerနဲ့လုပ်​တာပါအစ်​ကို​ရေ​ကျေးဇူးပါ​ဗျ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60364.09
ETH 2378.39
USDT 1.00
SBD 2.57