မျှော်​လင့်​ချက်​(Hope)

in #myanmar7 years ago (edited)

8823.pl164927.jpg

လူ​တွေရဲ့ကဲ့ရဲ့မှု၊ဥပက္ခာပြုမှု၊လူမဆန်မှု​တွေရဲ့​အောက်မှာ​မောင်​​ကျော်စွာ​လေးတစ်​​ယောက်သူဖြစ်ချင်ခဲ့တဲ့အင်ဂျင်နီယာဘဝကို ​မျှော်လင့်​ချက်​​ပျောက်မှန်းမသိတဖြည်းဖြည်းနဲ့ပျောက်ခဲ့ရ​လေပြီ။သူ့ရဲ့အ​နေဆင်းရဲလှတဲ့မိဘမဲ့ဘဝ​လေးဟာလူတကာရဲ့တွံ​တေးခွက်​ထဲသို့နစ်မှန်းမသိနစ်သွားခဲ့ရပြီ။လူ​တွေရဲ့ပြစ်တင်ကဲ့ရဲ့စကား​တွေကိုနာခံ​နေမိပြီးသူ့ဘဝရဲ့တန်ဖိုးရှိလှတဲ့​မျှော်​လင့်​ချက်​က​လေးကွယ်​​ပျောက်​သွားရခဲ့ပါပြီ။

intelligent-boy-23291037.jpg
မောင်​​ကျော်စွာဟာသူများနှင့်​မတူတမူထူးခြားပြီးဥာဏ်အရမ်း​ကောင်းတဲ့ဒသမတန်း​ကျောင်းသား​လေးတစ်ဦးပါ။ငယ်ငယ်ကတည်းကအခန်းထဲမှာဆိုလည်းဘာသာစုံအမှတ်​​ကောင်းပြီးအမြဲအဆင့်​(၁)ရတဲ့ grade တိုင်းမှာ စံပြ​ကျောင်းသားအဖြစ်​အများသတ်​မှတ်ချင်းခံရတယ်။ဒီလို​ကျောင်းသားဖြစ်​​သော်လည်းသူ့ရဲ့မိသားစုဘဝ​လေးကဆင်းရဲပါတယ်။မိဘနှစ်ပါးမှာသူ့ရဲ့အ​ဖေက​တောထဲသို့ဆင်းပြီးထင်းသွားရှာ၊ရလာတဲ့ထင်း​တွေကိုသူ့အ​မေက​ဈေးထဲမှာ​ရောင်း၊ဒီလိုနဲ့သူတို့ရဲ့သား​လေးကိုတက္ကသိုလ်​​ရောက်​​အောင်​ထားပြီးဘွဲ့ရပညာတတ်​ဖြစ်​​စေချင်တဲ့ဆန္ဒနဲ့ဘဝကိုအရှုံးမ​ပေးပဲမိဘ​မေတ္တာကိုအရင်းခံ၍​လောကဓံကိုကြံကြံခံပြီးသူတို့ရဲ့သားလေးကို​ကျောင်းထားပေးရပါတယ်​။

SMoCA_2016_Bad-Luck_Web-752-x-500-752x500.jpg
သို့​ပေမဲ့ ကံကြမ္မာကြီးက အရမ်းရက်​စက်​တယ်​​ဗျ။မောင်​​ကျော်စွာ​လေးရဲ့ယခုအ​ခြေအ​နေ​လေးထားရတာနဲ့တင်မလုံ​လောက်​​သေးလို့ထင်ပါရဲ့​မောင်​​ကျော်စွာ​လေးကိုအကြီးမားဆုံးနားလန်မထူနိုင်​​လောက်တဲ့ဒုက္ခကြီး​ပေးပြီးဒဏ်ခတ်​ပြန်ပါတယ်။တစ်​​နေ့မှာ​မောင်​​ကျော်စွာ​လေးရဲ့မိဘ​တွေ​တောထဲသို့ထင်းရှာသွားရင်းနဲ့ ​တောထဲဍ်သူ့ရဲ့အ​ဖေဟာကံမ​ကောင်းစွာပဲပိုးထိပြီးဆုံးသွားရှာပါတယ်။သူ့အ​မေမှာလဲနဂိုကတည်းကမပြည့်​စုံတဲ့ဘဝမို့သူ့​ယောကျာ်ဆုံးသွား​တော့သူတို့သားအမိနှစ်​​ယောက်​ဘယ်​လိုအသက်​ဆက်​ရှင်​ရမလည်းဆိုတဲ့အ​တွေး​တွေနဲ့သူ့အ​မေရဲ့စိတ်ကပုံမှန်​မဟုတ်​​တော့ပဲရှိ​လေသည်​။မောင်​​ကျော်​စွာ​လေးစိတ်​ဓာတ်အကြီးအကျယ်ကျ​လေပြီ။တစ်​​ယောက်ထဲဘာလုပ်လို့ဘာကိုင်ရမှန်းမသိ​​ဆောက်တည်ရာမရဖြစ်ခဲ့သည်။ဤတွင်မပြီးပါရူး​ကြောင်​​ကြောင်​ဖြစ်​​နေတဲ့သူ့အ​မေမှာလည်းမြို့ရွာထဲသို့​လျှောက်၍သွား​နေရင်းက ကားတိုက်ခံ၍ဆုံးပါးသွားရပြန်ပါပြီ။မိဘနှစ်ပါစလုံးအားမျက်စိတစ်မှိတ်လျက်တပြတ်အတွင်းမှာဆုံးရှုံးလိုက်ရတဲ့​မောင်​​ကျော်စွာ​လေးအကြီးအကျယ်ကိုစိတ်​ထိခိုက်​​လေပြီ။

6984744-lonely-boy-wallpaper.jpg
ဆောက်တည်ရာမဲ့၊အားကိုးရာမဲ့ဖြစ်​​နေတဲ့သူဘဝကိုအရှုံး​ပေးချင်စိတ်​​တွေ​ပေါက်လာခဲ့ပါပြီ။ကျောင်းလဲဆက်တက်ရန်အင်အားမရှိ​တော့။ကျောင်းကထွက်ပြီးကိုယ့်​ဝမ်းစာအတွက်တစ်ကိုယ်ထဲရှာရ​ဖွေရပါ​တော့မယ်။အသက်ကလည်းငယ်အ​တွေ့အကြုံလည်းမရှိ​တော့အလုပ်ရှာရတာအရမ်းကိုခက်ခဲ့လှပါသည်။ဒီလိုနဲ့သူ့ဝမ်းစာအတွက်စား​သောက်ဆိုင်မှာစာပွဲထိုးဝင်လုပ်ရ​လေပြီ။သူ့ရဲ့အင်ဂျင်နီယာဖြစ်ကမယ်ဆိုတဲ့​မေမျှာ်လင့်​ချက်က​လေး​ရေး​ရေး​လေးသာကျန်​​တော့သည်။သူ့စိတ်ထဲမှာ​တော့ဤ​မျှော်​​မျှော်လင့်​ချက်​​​လေးဖြစ်ချင်​​နေ​သေးတဲ့ဆန္ဒ​လေး​တော့ရှိ​နေပါ​သေးသည်။သို့​သော်သူအခု​ရောက်ရှိ​နေတဲ့အ​ခြေအ​နေကဤ​မျှော်လင့်​ချက်က​လေးအားတစ်ဆတစ်ဆနဲ့ခဲ့ဖျက်လို့ပယ်​ဖျက်​​နေပြီ​လေ။

falling-dollars-lotto-winner.jpg
ဒါ​ပေမဲ့သူ့ဘဝအတွက်ကံကြမ္မာအလှည့်​အ​ပြောင်း​ရောက်ရှိလာခဲ့​ပေပြီ။မုန်တိုင်းပြီးရင်​​လေ​ပြေလာသလိုသူ့ဘဝအတွက်​​လေ​ပြေး​လေးတိုက်ခတ်ခဲ့ပါပြီ။တစ်​​နေ့သူစား​သောက်​ဆိုင်​က​နေအပြန်​မထင်​မှတ်​ထားတဲ့​အရာကြီးတစ်ခုဖြစ်ခဲ့ပါပြီ။သူပြန်​​နေတုန်းလမ်းမှာ​ကောက်​​တွေ့ခဲ့တဲ့ထီလက်မှတ်က​လေးဟာသိန်း​ထောင်ထွက်တဲ့ထီက​လေးဖြစ်​​နေခဲ့​လေသည်။သူ့ဘဝ​လေးအရာရာ​ပြောင်းလဲခဲ့​လေပြီ။သူ့​မျှော်လင့်​ချက်က​လေးအသက်​ပြန်ဝင်လာခဲ့ပါပြီ။ကံကြမ္မာရဲ့ဒုက္ခ​တွေကြားမှာမိမိရဲ့​မျှော်လင့်​ချက်က​လေးကိုပျိုး​ထောင်ဖို့အခွင့်​အ​ရေးဆိုတာရရှိလာရစမြဲပါ။မျှော်လင့်​ချက်​​လေးထားပြီးကြိုးစား​နေသ​ရွေ့​တော့အရာရာဖြစ်​နိုင်ပါတယ်​....

စာ​ရေးဆရာတစ်​​ယောက်​မဟုတ်​​သော​ကြောင့်​မ​ပြေပြစ်​​သောကျွန်​​တော့်​စာ​လေးသည်းခံဖတ်​​ပေး​စေလိုပါတယ်​​ဗျ....

Photos Credit; Google Image

MSC.119
@thantzinwin
Thant Zin Win

Sort:  

မျှော်လင့်ချက်လေး ပြန်လည် အသက်ဝင်လာတာပေါ့နော်
သို့ ပေမယ့် ဆုံးရှုံးမှုက အရမ်းကြီးတယ်ဗျာ
ဇာတ်လမ်း ထပ်ဖွဲ့ လို့ ရသေးတယ်
မောင်ကျော်စွာ ဘာတွေထပ်ဖြစ်မလဲ ဆိုတာ
မျှော်နေပါမည်ဗျ👏👏👏

ဟုတ်​ဟုတ်​ ဆက်​လက်​​ရေးဖို့ကြိုးစားပါအုန်းမယ်​​ဗျ

ကျော်​စွာ​လေးရဲ့ကံကြမ္မာကို ကိုယ်​ချင်​စားမိပါတယ်

သနားစရာ​ဘဝ​လေးက​နေကံ​ကောင်းချင်း​လေး​ရောက်​ရှိလာခဲ့တာ​ပေါ့

ကံဆိုတာကလည်း ဆိုးတလှည့် ကောင်းတလှည့်ဆိုတော့ အဆိုးကြီးဘဲ မဟုတ်သလို အကောင်းကြီးလဲ မဟုတ်ပါဘူးဗျ

ဟုတ်​တာ​ပေါ့​ဗျာ

သူ့လိုသိန်းတစ်ထောင်ထီစာရွက်လေး ကောက်ရချင်လိုက်တာဗျာ

တူတူပါပဲ​ဗျာ😁

အရေးသား အရမ်းကောင်းတယ် အားပေးနေပါ့မယ်ဗျာ

ဟုတ်​​ကျေးဇူးပါအကို​ရေ

ဘလိုအခြေအနေအချိန်ခါကိုပဲရောက်နေနေကိုယ့်ရဲ့မျှော်လင့်ချက်ကိုတော့အမြဲရှင်သန်နေဖို့လိုအပ်ပါတယ်ဗျာ

ဟုတ်​တာ​ပေါ့​ဗျ

မျက်စိတမှိတ် တခဏအတွင်းမှာ အများကြီးပြောင်လဲသွားနိုင်ပါလား
မောင်ကျော်စွာတယောက် ဘာတွေဆက်ဖြစ်အုံးမလဲ ညီ

မောင်​​ကျော်​စွား​လေးရဲ့ဘဝက​လေ​ပြေ​တွေလာခဲ့ပါပြီ

နောက်ဆက်တွဲတွေ ထပ်ရေးလို့ ရသေးတာပေါ့ ထီပဲ ပေါက်သေးတာ ဆိုတော့

ဟုတ်​​ရေးလို့​တော့ရအုန်းမယ်

ကံကြ မ္မာဆိုတာ နိမ့်တစ်ခါမြင့်တစ်လှည့်ပေါ့။
ဒါပေမယ့် အရမ်းငယ်ရွယ်နုနယ်ပြီး အ ညွှ န့် တလူလူ ဖြစ်နေတဲ့အချိန် နိမ့်ရင်တော့ ရင်နာ့ကောင်းတယ် ။

ကံဆိုတာကြီးကဆန်းကျယ်မူ​ပေါ့​ဗျာ

ဘဝမှာပြောင်းလဲခြင်းတွေများစွာရှိပါတယ် ကောင်းသောပြောင်းလဲခြင်းတွေရှိသလို မကောင်းသောပြောင်းလဲခြင်းများလဲရှိပါတယ်

ဟုတ်​ပါတယ်​အစ်​ကို​ရေကံဆိုတာခန့်​မှန်းလို့ကိုမရနိုင်​ပါဘူး

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 55030.03
ETH 2337.21
USDT 1.00
SBD 2.32