မေ​မေရိုက်​​သော​နေ့

in #myanmar7 years ago (edited)

Best-Friend-Forever-Tees-G_large.jpg

ကျွန်​​တော်။။"စိုးကို၊အိမ်​​မြှောင်၊အကြီးမငါတို့အိမ်မှာပဲကူးကူပုန်းတိုင်းကစား​နေရတာပျင်း​နေပီ ​မေ​မေတို့လည်း ​ဈေးသွား​နေကျတယ်​ဆို​တော့ ဆည်​မှာ​ရေသွားကူးမယ်​​လေ"

စိုးကို။။"​အေ...သွားမယ်​​လေငါလည်း​ရေကူးချင်​​နေတာကွ ဟို နှစ်​​ကောင်​ မင်းတို့လည်းသွားမယ်​မလား"

အကြီးမ။ ။"ငါမလိုက်​​တော့ဘူးဟ နင်​တို့ပဲသွား​တော့ ငါ့ညီမလည်းရှိ​နေ​တော့ အိမ်​မှာပဲအိမ်​​စောင့်​ရင်း​နေခဲ့လိုက်​​တော့မယ်​ ​နော်​"

ကျွန်​​တော်​။ ။"အာ့ဆိုလည်းပီး​ရော ငါတို့မြန်​မြန်​သွားမှရမယ်​ ​မေ​မေတို့ပြန်လာရင်အရိုက်ခံ​နေရအုန်းမယ်၊ ​ဟျောင့်​အိမ်​​မြှောင်မင်းက​တော့လိုက်မှာမလား"

အိမ်​​မြှောင်။။"လိုက်မှာ​ပေါ့ကွမင်းကလည်း​မေး​နေ​သေး"

"ထင်​သားပဲ ဟား..ဟား...ဟား....."ထိုသို့ဖြင့်​ရယ်​ရယ်​​မော​မောဖြင့်​သူငယ်ချင်းသုံး​ယောက်သားလမ်းထိပ်က​ညောင်ပင်မှာ​နောက်ငါးမိနစ်​​နေရင်ဆုံမည်ဟုတိုင်ပင်ကာကိုယ်စီအိမ်သို့ပြန်ကာအဝတ်လှဲဖို့​ဘောင်းဘီ​၊အကျီ င်္ ၊ဆပ်​ပြာစသဖြင့်​ပြန်​ယူကျ​လေသည်​။

ကျွန်​​တော်။။" ​ဟျောင့်​အိမ်​​မြှောင်ဟို​ကောင်စိုးကိုမလာ​သေးဘူးလားဟ ​မေ​မေ တို့ကပြန်​လာ​တော့မှာ၊ မိပြီအလကား​နေအရိုက်​ခံ​နေရအုန်းမယ်​ဟ "

အိမ်​​မြှောင်​။ ။ "ဟုတ်​ပ ဒီ​ကောင်​ကလည်းဘာလို့ ဒီ​လောက်​ကြာ​နေလည်းမသိဘူး ပြီးရင်​ ​မေ​မေ တို့ရိုက်​ရင်​ အငိုဆုံးအပြဲဆုံး "

စိုးကို။။"မင်းတို့ကလည်းကွာငါ​ရောက်ပါပြီနည်းနည်းဆိုအပြစ်​​ပြောဖို့ပဲ လာသွားမယ်​"
ဤသို့ဖြင့်​ဆည်သို့သူငယ်ချင်းသုံး​ယောက်သားပခုံး​လေးကိုယ်စီဖက်ပြီးဆည်ရှိရာသို့စကား​လေးတစ်​​ပြော​ပြောဖြင့်​ ​ရှေဦးလှည့်​ခဲ့ကျသည်။စကား​ပြောဆိုထိုအချိန်​က ငယ်​​သေး၍ဂိမ်းအ​ကြောင်းသာတစ်​ဦးနဲ့တစ်​ဦးမည်သူကဘယ်လိုနိုင်တာမည်သူကဘယ်လိုနိုင်​တာဆို၍သာအပြိုင်အဆိုင်သူ့ထက်ငါကြွားဝါရင်းဆည်​ သို့မသိလိုက်​ခင်​ပဲ​ရောက်​ရှိသွားခဲ့သည်​။

ကျွန်​​တော်​။ ။ "​ဟျောင့်​​တွေ ဆည်​​တော့​ရောက်​ပြီးဘယ်​ဘက်​မှာကူးကျမှာလည်း ငါ​တော့​ရေတိမ်​တဲ့ဘက်​မှာပဲကူးမှာ ​ရေသိပ်​မကူးတတ်​​သေးဘူး မ​တော်​တဆ​ရေနစ်​​နေမှ လစ်​​နေအုန်းမယ်​"

အိမ်​​မြှောင်​။။"​အေးပါကွာငါတို့လည်း​ရေတိမ်တဲ့ဘက်​ပဲကူးမှာပါကွာအဲ့​လောက်လည်း​ကြောက်မ​နေနဲ့လာဟိုဘက်​မှာ ​ရေတိမ်​တယ်​အဲ့ဘက်​သွားကူးမယ်​"
swimming-holiday-xlarge.jpg

ဤသို့ဖြင့်​ ကျွန်​​တော်​တို့သုံး​ယောက်​ ​ရေတိမ်​​တဲ့ကမ်းဆပ်​​လေးဖက်မှာစိတ်လွတ်လက်လွတ်​ဖြင့်​အ​ပျော်ကြူးပြီးငါဒီ​လောက်ကြာ​အောင်​​ရေငုတ်​နိုင်​တယ်​သူဒီ​လောက်ကြာ​အောင်​​ရေငုတ်​နိုင်တယ်ဆိုပြီးလူငယ်​စိတ်​ဖြင့်​သူ့ထက်​ငါပြိုင်​​နေရင်းက ကျွန်​​တော်​ တို့ရဲ့ မလှမ်းမကမ်းမှာလူပျို​ပေါက်အရွယ်​​ကောင်​​လေးတစ်​​ယောက်​ ​ရေနစ်​​နေသည်​ကို​တွေ့ခဲ့ကျသည်​။

ကျွန်​​တော်​။။"ဟျောင့်​​တွေဟိုဘက်မှာ​ရေနစ်​​နေတယ်​ဟ သွားကြည့်​ရ​အောင်​ဘယ်​လိုဖြစ်​သွားလည်းလို့ "

ကျွန်​​တော်​တို့သုံး​ယောက်​ ကုန်း​ပေါ်သို့အမြန်​တက်ကာအဝတ်​​လေးကိုကမန်းကတန်းဝတ်ပြီး ​ရေနစ်တဲ့ဘက်ကိုအ​ပြေးအလွှားဖြင့်​သွား​ရောက်ကြည့်​​လေသည်။ရေနစ်​​နေတဲ့​ကောင်​​လေးက၁၀တန်း​ကျောင်းသားလို့​တော့သိသူများက​ပြောကျသည်။ထို​ကျောင်းသား​ရေနစ်​​နေတာကိုအသားညိုညိုဗလ​တောင့်​​တောင့်​အကိုကြီးကရုတ်တရက်​​ရေထဲကိုဒိုင်ဗင်ထိုးချပြီး ​​ရေနစ်​​နေ​သော​ကျောင်းသားအနားသို့အမြန်ကူးခက်၍သွား​ရောက်ကယ်ဆယ်ခဲ့သည်။ကျောင်းသား​လေးမှာ ​ရေမွန်းပြီးသတိ​မေ့​နေသည်။ဘေးနားကသိတတ်သူများကလည်း​ရှေးဦးသူနာပြုနည်းလမ်းများအားအသုံးပြု၍ ​ကျောင်းသားရဲ့အသက်အားတတ်​နိုင်သမျှကယ်ဆယ်​​နေကျသည်။ဘေးကကြည့်​​နေ​​သောကျွန်​​တော်တို့မှာလည်း ​ကြောက်စိတ်များလွှမ်းမိုးလျက်သူငယ်ချင်းများ​တျောက်တစ်လှည့်​အူ​ကြောင်​​ကြောင်​ဖြင့်​​ကြည့်​​နေခဲ့ကျသည်​။

ကျွန်​​တော်​။ ။"​ဟျောင့်​တွေပြန်​ကျရ​အောင်​​ငါဆက်​မကြည့်​ရဲ​တော့ဘူး ​မေ​မေတို့လည်းပြန်​​ရောက်​​နေ​လောက်​ပြီ​တော်​ကြာရိုက်​ခံထိ​နေအုန်းမယ်​"

စိုးကို။ ။"မင်းကလည်းခဏ​လေးပါကွ ​သေလားရှင်​လား​လေး​တော့သိရ​အောင်​လို့​နေပါအုန်းဟ"

အိမ်​​မြှောင်​။ ။ ​"​အေး​လေဟုတ်​သားပဲကြည့်​လက်​စဆက်ကြည့်​ရ​အောင်​​လေမင်းကလည်း​ကြောက်​​နေ​သေးတယ်​ "
1414858448_6.jpg

ကျွန်​​တော်​။ ။ "ဟ ​ကြောက်​တာထက်​​မေ​မေတို့ သိပြီး အရိုက်​ခံရမှာဆိုးလို့ကွ မင်းတို့လည်း အရိုက်​မခံချင်​ဘူးမလား အရိုက်​မခံချင်​ရင်​ပြန်​မယ်​ ငါ​တော့ပြန်​ပြီ"

အိမ်​​မြှောင်။။"ခဏ​လေး​စောင့်​ပါအုန်းဟငါတို့တူတူလာတာ တူတူပြန်​မယ်​ "
ဒီလိုနဲ့သုံး​ယောက်သားဆည်ကအဖြစ်အပျက်​​တွေကိုအံအားသင့်​စွာနဲ့တစ်​​ယောက်တစ်လှည့်​​ပြောရင်းအိမ်​ပြန်ခဲ့သည်။အိမ်လမ်းထဲ​ရောက်​​တော့ကျွန်​​တော်တို့အိမ်တံခါး​ပေါက်ပွင့်​​နေသည်ကို​တွေ့၍"​မေ​မေပြန်​​ရောက်​​နေပြီထင်တယ်ငါတို့ဆည်သွားတာဘယ်သူမှမသိ​စေနဲ့​နော်"ဒီလိုနဲ့အိမ်ထဲကိုဝင်သွား​တော့ ​မေ​မေကကျွန်​​တော့်​ကို​တွေ့​တော့​မေးတယ်"သားဘယ်​တွေသွား​နေတာလည်း"အ​မေ​မေးတဲ့အမူအရာမှာခါတိုင်းနဲ့မတူတမှုထူးခြား​နေသည်။ကျွန်​​တော်​ဆည်​သွားတာကိုသိတဲ့ပုံ​ပေါ်သည်။"​ဖြေ​လေဘယ်​​တွေသွား​နေတာလည်းဆည်သွား​နေတာမလား"ကျွန်​​တော့်​ကို​မေးတဲ့​မေးခွန်း​တွေမှာ ​ဒေါသသံများစိုးရိမ်မှုများအလုံးအရင်းပါ​နေသည်ကိုကျွန်​​တော်ခံစားမိသည်။"ငါအခု​ဈေးကပြန်လာ​တော့လမ်းမှာသူများ​တွေ​ပြောတာကြားတယ်ဆည်မှာ ​ကျောင်းသား​လေးတစ်​​ယောက်​ ​ရေနစ်​ပြီး ​သေတယ်​တဲ့ နင်​အဲ့လို​သေချင်​လို့လား"ဆိုပြီးကျွန်​​တော့်​ကိုစပြီးရိုက်ပါ​တော့တယ်။မေ​မေ့ရဲ့ရိုက်​ချက်​​တွေကပြင်းတယ်​ဆို​ပေမဲ့ ​မေ​မေ့ရင်​ထဲကကျွန်​​တော့်​ကိုစိုးရိမ်မူ​တွေ​ကြောင့်​ခံစားရတဲ့​ဝေသနာကပိုပြီးပျင်းတယ်​ဆိုတာကိုကျွန်​​တော်နားလည်​ခဲ့တယ်​။

aa7219bda20ad85c1ba11d3e9f1dcc92--angel-baby-tattoos-child-tattoos.jpg
မေ​မေရယ်​သားကိုရိုက်​တဲ့ ရိုက်​ချက်​​တွေမှာ ဘာလို့မျက်ရည်​​တွေပါ​နေရတာလည်းဗျာ။ကျွန်​​တော်​​မေ​မေ့ရဲ့ရိုက်​ချက်​​တွေ​ကြောင့်​​အော်​ငိုရင်း ​မေ​မေ့ကို တင်းကြပ်စွာဖက်ထားရင်းပါးစပ်က​နေ"​မေ​မေသားကိုမရိုက်ပါနဲ့​တော့သားနားလည်ပါပြီ ​မေ​မေသားကိုဘာလို့တားမြစ်လည်းဆိုတာကိုနားလည်ပါပြီသားကိုရိုက်တာရပ်ပါ​တော့"လို့ပါးစပ်ကရွတ်ရင်း ​မေ​မေ့ရဲ့မျက်လုံး​တွေက​နေဆီးကျ​နေတဲ့မျက်ရည်​​တွေကိုကျွန်​​တော့်​ရဲ့လက်​​သေး​သေး​လေး​တွေနဲ့သုတ်​​ပေးရင်းသားအမိနှစ်​​ယောက်အပြန်အလှန်ဖက်ငိုခဲ့ကျပါ​တော့တယ်​......

Photo Credit;Google Images


MSC.119
@thantzinwin
Thant Zin Win

Sort:  

မိခင်တွေရဲ့ သားသမီးအပေါ်စိုးရိမ်ပူပန်မှုက
အတိုင်းအဆမရှိကြီးမားပါတယ်ဗျာ။
သားသမီးတွေ ဘယ်လောက်ပဲ အရွယ်ရောက်
ပါစေ မိခင်တွေဟာ ကိုယ့်ရင်ခွင်ထဲမှာပဲ
သိမ်းထားချင်ကြတာပါ။

ဟုတ်​တယ်​​ဗျမိခင်​​တွေရဲ့ချစ်​ခြင်း​​မေတ္တာကိုဘယ်​လိုချစ်​ခြင်းနဲ့မှနှိုင်းယှဉ်​လို့မရနိုင်​ဘူး​ဗျ

မိခင်မေတ္တာပေါ့ဗျာ

ဟုတ်​တာ​ပေါ့​ဗျာ

ငယ်ဘဝလေးတွေပေါ့ .....😄 အားပေးနေမယ် Bro.

ငယ်​ဘဝ​ကမ​မေ့နိုင်​စရာ​လေး​တွေ😅

ရေကူးချင်တာကိုးဗျ

ခု​တော့​ရေမကူးတတ်​​တော့ဘူး😅

ပြန်သတိရစေမိတဲ့ postလေးပါ

ဟုတ်​တယ်​​ဗ😄

ငယ်ဘ၀ကိုပြန်သတိရစေတယ်ဗျာ

ဟုတ်​ပ အပြစ်​ကင်းတဲ့ငယ်​ဘဝ​လေး

မျက်ရည်တောင်ဝဲမိတယ် ညီရေ

အိမ်မြှောင်တော့ပါပီ တောက်တဲ့က ဘယ်မလဲ 😁

ဟဟ အကိုက​တော့​နောက်​ပြီ😂

ကျွန်​​တော်​​လေး​ရေး​နေရင်းကဝဲလာတယ်​😅

ပြန်​အမှတ်​ရမိ​စေတယ်​ good..

ဟုတ်​​ကျေးဇူးပါbro

ပူပန်တာပေါ့ဗျာ မိဘဆိုတာ သားသမီးကို အရိပ်တကြည့်ကြည့်နေရတာ

ဟုတ်​တယ်​​ဗျာ တုနှိုင်းမဲ့တဲ့​မေတ္တာ​ပေါ့

၅၂၈ လေ😪😪😪

528​တွေထဲမှာမှအမွန်​မြတ်​ဆုံး​မေတ္တာ​ပေါ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63156.23
ETH 2560.33
USDT 1.00
SBD 2.83