Tourists just arrived in magway by ship

in #myanmar7 years ago

image

image

image
မကွေးတိုင်းဒေသကြီး၏မြို့ တော် မကွေးမှာ မြေလတ်ဒေသအလှအပများ သမိုင်းဝင် စေတီပုထိုးများ လှပသော ရှုခင်းများဖြင့် ပြည့်နှက်နေလေသည်။အနောက်ဘက်ခြမ်းတွင် ဧရာဝတီမြစ်ကြီးက လှပစွာစီးဆင်းနေပြီး မကွေးနှင့်မင်းဘူး ဆက်သွယ်ထားသော တံတားကြီးမှာလည်း ထည်ဝါခန့် ညားလှသည်။ဧရာဝတီမြစ်ရေပြင်တွင် လှေသင်္ဘောများ အမြဲအပြတ် လှော်ခတ်မောင်းနှင်နေကြပြီး လှပသော ရှုခင်းများ စိမ်းလန်းရာ မကွေးကမ်းနားလမ်းသည်လည်း အထင်ကရနေရာတစ်ခု ဖြစ်ပေသည်။ထိုမျှမကသေး သမိုင်းဝင်မြသလွန် စေတီတော်မြတ်ကြီးကြောင့် နိုင်ငံခြားသားများ အ၀င်အထွက်များရာ မြို့ တစ်မြို့ ဖြစ်ခဲ့၏။မကွေးမြသလွန်စေတီမှာ ဘုရားရှင်လက်ထက်တော်က ဘီလူးတည်ခဲ့သော စေတီဖြစ်ပြီး စုလစ်မွန်းချွန်များ ပန်းဆွဲများ ဗိသုကာမြောင် ပြသာဒ်များဖြင့် လေ့လာစရာ အလွန်ပင်များသော နေရာတစ်ခုဖြစ်ပေသည်။ ရှေးယခင်ကတည်းက မပျောက်ပျက်သေးသော မြန်မာ့သမိုင်းဝင် ရုပ်ထုများ ကျောက်စာများ ရှိသောကြောင့် နိုင်ငံခြားသားအများစု လေ့လာဖူးမျှော်ရာ နေရာတစ်ခုဖြစ်ပေသည်။ မြသလွန်စေတီအပါအ၀င် တခြားလှပသော ရှုခင်းများ၊ ကောင်းမွန်သော စားသောက်ဆိုင်များ ၊ နွေးထွေးသော မြို့ သူမြို့ သားများ၏ စေတနာကြောင့် မကွေးကို မြန်မာသာမက တခြားနိုင်ငံများကပါလာရောက်လည်ပတ်ကြလေသည်။မကွေးသည် အညာဒေသဟန်ပါသော မြေလတ်မြို့ ကလေးတစ်မြို့ ဖြစ်ပြီး အဓိကပေါက်ရောက်သော အပင်များမှာ ဖန်ခါးပင်များဖြစ်ပေသည်။မျှတသော ရာသီဥတုနှင့် စီးပွားရေးအချက်အခြာကျသောမြို့ ဖြစ်သောကြောင့် လူအများစု အခြေချရာ မြို့ တစ်မြို့ ဖြစ်ခဲ့၏။ ကောင်းမွန်မှုများ ၊အလှအပများ သမိုင်းဝင်နေရာဒေသများနှင့် အဖိုးတန်နေသော မကွေးမြို့ သို့ မြန်မာသာ မက နိုင်ငံခြားသားများပါ ယခုကဲ့သို့ အစဉ်အမြဲ လာရောက်လည်ပတ်ကြစေရန် မြို့ သူမြို့ သားများအနေဖြင့် မိမိမြို့ ၏ ဂုဏ်ကျက်သရေကို မယုတ်လျော့အောင် အစဉ်အမြဲ ထိန်းသိမ်းသင့်ပေတော့သည်။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60865.75
ETH 2381.36
USDT 1.00
SBD 2.57