ဘုရားဖူးတစ်ခေါက်

in #myanmar7 years ago (edited)

image
"နေ့ ပူလို့ ည ချမ်း တပေါင်းလဆန်း"

သစ်ရွက်ခြောက်...ကြွေ လေမှာဝဲလို့နေ၊

ဟော...တဖန် တစ်ရာသီကုန်ပြန်ပေါ့၊

ဆောင်းကုန်လို့နွေ...ပြောင်း 'လ'တပေါင်းခါသမယ၊

မြောက်မှ..တခါ တောင်မှ..တဖန် လေရူးတွေတိုက်ချိန်ပေါ့၊

မြူ ခိုးတွေ ဝေဝေ...ဆိုင်း အုံ့မှိုင်းတဲ့ကာလ၊

အို...ဘာကြောင့် မလွမ်းပဲနေပါ့မလဲ။

အာကာရေ...ဘုရားဖူးသွားမယ်ကွာ လိုက်ခဲ့ပါလား ။ အကိုတို့ကျောင်းသားတွေချည်း ကားတစ်စီးအပြတ်ငှားပီး excursion(လေ့လာရေးခရီး)သွားကြမှာ ။ လိုက်ခဲ့နော်ညီလေး ။
ဟုတ်...ကိုမျိုး လိုက်ချင်တယ်ဗျာ ။ ဒါမယ့် အမေက ပေးမသွားလောက်ဘူး ။ ဘလိုလုပ်ရမလဲ ။ ကူပြောပေးပါလား ။ ကိုကြီး ကူပြောရင်ရမှာဗျ ။

ကိုမျိုးက GTC တတိယနှစ် ကျောင်းသားတယောက် ။ အသားညိုညို ၊ အရပ်အသင့်သင့်နဲ့ ရုပ်ရည်လည်း ဖြောင့်သလောက် သဘော မနောကလည်းအတော်ကောင်းသည် ။ ကျနော်ရဲ့ Guideဆရာဆိုလဲ မမှားပါဘူး ။ ကျနော် ဗဟုသုတတွေရအောင် သူတို့ အပျော်ခရီးထွက်တဲ့ခါ လိုက်စေချင်၏ ။ ကျနော်လည်း စာမေးပွဲဖြေပီးတည်းက အိမ်မှာပဲ နေနေရတာ ပျင်းလှချေပြီ ။ ဒါနဲ့ သွားခွင့်ရဖို့ ကိုမျိုးကို စစ်ကူခေါ်ရတော့သည် ။

စစ်ကူကောင်းတော့ သွားခွင့်ကတော့ရသွားပြီ ။ ခက်တာက ခုချိန်ကနွေရာသီ၊ "သစ်ရွက်ခြောက်ချိန် ငွေရှားချိန်" ဆိုသလို သီးနှံပေါ် ချိန်မဟုတ်တော့ အမေ့လက်ထဲ ငွေများးများးမရှိ ။ သီးနှံဈေးကမကောင်းတော့ ငွေပိုငွေလျှံကလည်း မထွက် ။ ကျောင်းစရိတ်ကလည်း ထောင်းခဲ့သည် မဟုတ်လား ။ ခက်ချေတော့ပြီ ။
ပိုက်ဆံဘယ်ကရနိုင်မလဲ စဉ်းစားရလွန်းလို့ ခေါင်းမွှေးတွေတောင် ကျွတ်ကုန်ပြီ ။ (သူ့ဘာသူ ရေမချိုးလို့ပါ😂)။ စဉ်းစားရင်း တခါတခါ စူပါမန်းဖြစ်လိုက်၊ ငတတ်ပြားဖြစ်လိုက်၊ တုတ်ပီးဓားပီး ဓားပြကြီးဖြစ်လိုက် ရာထူးတွေစုံသွားတော့တာပဲ ။

{ ကြုံတုန်းလေး တခုလောက် ပြောပြပါရစေဗျ ။ သီးနှံတွေကို တောင်သူနဲ့ အဝယ်တော်ကြား ဈေးညှိပေးပြီး ပွဲစားခယူကာ တောင်သူအား သီးနှံဖိုး ငွေရှင်းပေးရသူကို ပွဲစားလို့ခေါ်တယ်ခင်မျ ။ အဝယ်တော်ဆိုတာကတော့ ပွဲစားတွေဆီမှ သီးနှံတွေ အကြွေးဝယ်တဲ့သူပါ ။ လက်ငင်းဝယ်တဲ့သူလဲ ရှိမှာပါ ။ ကိုယ့်မြို့နဲ့ကိုယ် ဆိုတော့ များသောအားဖြင့် အကြွေးပါ ။ အဖေကပြောတယ် အရင်တုန်းက နှမ်း ၁တင်းရောင်းလျှင် ဆန်၂အိတ်ရတယ်ခင်မျ ။အနည်းငယ်တောင် ငွေပိုပါသေးသည်။ ခုချိန်ကတော့ နှမ်း၁တင်းရောင်းလို့တောင် ဆန်၁အိတ်ကောင်းးကောင်းမရနိုင်တော့ပါဘူး။ မိုးလေဝသက မကောင်း၊ ကူလီတွေက(ကုန်ဈေးနှုန်းတက်တော့)လုပ်အားခတွေ နင်းကန်တောင်းတော့ ဆိုရိုးလေးတောင်ပေါ်လာတယ်ဗျ "မိုးမျှော်ရ ကူလီခရ"တဲ့ ။ ဒီတော့...များသောအားဖြင့်ကြုံတွေ့နေရတာက တောင်သူမှန်ရင် အကြွေးမကင်းတော့ပါဘူး။ "လယ်ယာထဲသို့ မြေသြော်ဇာတွေကို အတိုးဖြင့် အကြွေးဝယ်ထည့် သီးနှံမျိုးစေ့ အကြွေးဝယ်ပျိုး" အဲ့လိုတွေ ကြုံရတာပေါ့ ။ ဒီကြားထဲ ပွဲစားက(ငွေမလှယ်နိုင်တော့) ချသမျှသီးနှံတွေကို အကြွေးနဲ့ နှိမ်လွှတ်။ အတိုးနဲ့ဆိုတော့ သိပ်မကျန်ပါဘူးဗျာ ။ ရတာလေး ကျစ်ကျစ်ပါအောင်ဆုတ်ပီး ပြန်ခဲ့ရတဲ့ တောင်သူတွေအကြောင်းပြောပြလျှင် စာဖတ်သူအပေါင်း မျက်ရည်တွေ ဘူးသီးလုံးလောက်ကျလိမ့်မည်။ }လိုရင်းကိုပဲ ဆက်ပါရစေ...

ကံကောင်းထောက်မစွာနဲ့ အဆင်ပြေစွာ ကျနော် သွားခွင့်ရသွားပြီဗျ ။ ကိုမျိုးက "သီးနှံပေါ်မှပေး အဆင်ပြေတယ် လိုက်ခဲ့"...တဲ့ ။ အိန်း...ကျနော့်ရဲ့ ရှေးရှေးဘဝက ကုသိုလ်ကံလို့ပြောရမှာပေါ့နော်...(😁ဟဲဟဲ)။ ကျနော် တခုခုလုပ်ချင်ပီဆို သိပ်အကြာကြီး မတောင့်တရဘူးဗျ ။ ကျနော့်ကို စိတ်မချလို့ အမနဲ့ ယောက်ဖပါ အတူထည့်လွှတ်လိုက်သည် ။
ယနေ့ညပဲသွားမှာဗျ...ရင်တွေခုန်လိုက်တာနော် ။ ကားက ရွာထိလာခေါ်မှာဆိုတော့ အေးဆေးပဲ စောင့်နေလိုက်တယ်။ ည၁၀နာရီတောင်ထိုးပီ ကားကမလာသေးဘူး။ အမရေ...ကားကလဲမလာနိုင်သေးဘူးလာသိဘူးဗျာ ကျနော်ခဏအိပ်လိုက်အူးမယ် ။ အေး... အေး မောင်လေး ။

မှေးခနဲ ကျနော် ခဏအိပ်ပျော်သွားသည်။ မောင်လေး...ထ ထ ကားရောက်ပီ ။ ဗျာ...ဟာ ကားရောက်ပီ...ပျော်လိုက်တာ ။ ကိုမျိုး ကျနော်တို့ ဘယ်နေရာကစီးရမလဲ ဗျ။ နောက်ဆုံးကခုံတော့ မလုပ်လိုက်နဲ့ နော် ကိုကြီး ။ ကျနော်က လမ်းတွေ တံတားတွေ ကြည့်ချင်တာ(ဘယ်ရောက်ပီလဲစပ်စုချင်တာ)။ အေးပါ...ညီလေးရာ မင်းကြောင်း အကိုကောင်းကောင်းသိပါတယ် ။ မင်း မမနဲ့ယောက်ဖကို ခုံနံပါတ် 7 8မှာပေးလိုက်ပီ။ မင်းကတော့ ရှေ့ ဒက်စ်ဘုတ်နား ထိုင်လိုက် အိပ်ချင်တဲ့ချိန်နောက်နားမှာ သွားအိပ်လိုက်ပေါ့ကွာ ။ အိုစ်ကေပေါ့ဗျာ ။ ကျနော့် အကြိုက်ပဲ ။
image
မနက် ၄နာရီကျော်လောက်ဖြစ်မည်။ ကျောက်ပန်းတောင်းမှာ မနက်စာစားကြသည် ။ "သီးစုံတွေရမယ်နော်" ။ "ငုံးဥပြုတ်တွေ လတ်လတ်ဆတ်ဆတ်ဗျို့" ။ အမလေး...ဒီအချိန်ကြီး ဈေးထရောင်းတဲ့လူရှိတယ်ဗျ ။ ဟုတ်ပါတယ် ဝမ်းရေးအတွက်ပါ။ သူတို့လေးတွေမြင်တော့...သြော် ငါ့ဘဝကြီးဆိုးတယ်ဆိုတာ သူတို့နဲ့ယှဉ်လျှင် တော်တော် ​ချမ်းသာပါသေးတယ်လားး။ ကိုယ်အဆင်မပြေဘူးဆိုတာ သူတို့ပုံ တစ်ရာပုံမှ တစ်ပုံစာလောက်ပဲ မဟုတ်လား။

"ကိုမျိုး...ကားစက်ကြီးက ထမင်းစားနားနေတာတောင် ဘာလို့နှိုးထားတာလဲ ။ ဆီအလကားရလို့လားဟင်" ။ ဘယ်ကသာ ငါ့ညီရာ...ကားစက်ရပ်တန့်ပစ်ရင် လေပေါင်ပြန်ဖြည့်နေရမှာမို့လို့ကွ... Expressတွေက အဲ့လိုပဲ ။ သြော်...လက်စသတ်တော့ ဒို့များစီးနေတာ လေယာဉ်ကြီး တစ်မျိုးကိုးး...ဟားဟား ။ (ကိုယ့်ကယ်ကို ကြံဖန် ဂုဏ်ယူပစ်လိုက်သည်)

ကျောက်ပန်းတောင်းကနေတဆင့် မိတ္ထီလာ လမ်းခွဲဘက်သို့ ဆက်သွားသည်။ မိတ္ထီလာမရောက်ခင်လေးမှာ အမြန်လမ်းပေါ်တက်ရမည်ဖြစ်သည် ။ အမြန်လမ်းပေါ် မတက်မှီ ရေမြောင်းဘေးတွင် ကျနော်တို့ ကိုယ်လက်သန့်စင်ကြသည်​ ။ အဲ့ဒီမှာ ကျနော့် နှလုံးခုန်နှုန်း 90 (ပိုပိုကြိုကြို)စဖြစ်တော့တာပဲ ။ တခြားမထင်လိုက်ပါနဲ့ ဗျ ။ မင်းဘူးသူလေး အရမ်းကိုချောလို့ပါ ။ အသက်က ၁၈၊၁၉လောက်ရှိမယ်ဗျ ။ကျနော်ထက် ၄နှစ်လောက်ကြီးလိမ့်မယ် ။အသားဖြူ ဖြူ ၊နိုင်ငံခြားမင်းသမီး ရှုကြည်ရဲ့ခန္ဓာကိုယ်မျိုး ၊ ရုပ်ကတော့ စံရတီမိုးမြင့် ရုပ်မျိုးဗျ ။ ဝတ်တတ်စားတတ် နေတတ်ထိုင်တတ်တယ်ဗျ ။ (ကျနော့် ယောက်ဖကတော့ပြောပါတယ်...ကောင်မလေးက မျက်နှာပါလို့သာရှေ့ဖက်မှန်းသိရတာ၊ နို့မို့ဆိုရင် ရှေ့ခြမ်းနဲ့နောက်ခြမ်းခွဲလို့ ရမှာမဟုတ်ဘူးတဲ့) ဘာပဲပြောပြော ရင်ဘတ်ထဲက စက်လှေကြီးက တဒုန်းဒုန်းခုတ်မောင်းနေပြီ ။ တတ်နိုင်ဘူးလေ ။

ဆက် ပါဦးမည်...
Written by @thantzinoo
ကိုယ်တိုင်ရေးပ်သည်ခင်မျာ
အားလုံး​​သော Steemit ညီအကို မောင်နှမများး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ.....

Credit to google image
Author : Thant Zin Oo (Magway)
MSC- 184
image

Sort:  

ဆောင်းကုန်လို့ နွေဦးခါသယမှာတော့
စိတ်ကလေးတွေက ဟိုရောက်ဒီပေါက်

ဟား ကိုဘီလီယံတာကြီးကတော့လုပ်ပြီ
စိတ်တွေဘယ်မှမရောက်နဲ့အူးဗျို့

အစ်ကို့ရဲ့ ဒွိဟစိတ်နှင့်သူ ဖတ်ပီး အရေးသားတွေ အားကျနေတာ
ဆက်ရေးပါအူးဗျို့

ကျောက်ပန်းတောင်းတောင်ဆိုတာအဲ့မြို့မှာလားဗျ မသိလို့ ကြားဖူးတဲ့တောင်နဲ့မြို့နာမည်တူတာလားသိချင်တာပါ

သိဘူးခင် မျ
ကျနော်က လမ်းကြုံပဲဖြတ်သွားဖူးတာ
ကျောက်ပန်းတောင်းမြို့ပဲ ကြားဖူးမိပါတယ် ခင်မျ

အဆက်ကိုမျှော်နေမယ်ဗျ ဘာလို့ဆို ဘုရားဖူးရင်းလိပ်ဥပါတူးနိုင်မလားလို့ ဟဲဟဲ

ဟဲဟဲ ko soeတို့ကတော့လုပ် ပီ
ဒါဆိုလဲ ဆက်တူးပါအုံးမယ်လို့စ်
အဲလေ ဆက်ရေးပါအုံးမည်လို့

မျှော်​​နေမယ်​ဗျို့ ဘုရားဖူးကအပြန်​ဘာလက်​​ဆောင်​များပါလာမလဲလို့

ဟားးချောင်းသာပြန် ငါးကင် ဟဲဟဲ

Bro အညွှန်းကောင့်း လို့  မင်းဘူးကိုဘုရား သွားဖူးအူးမှ 😁😁

ကြာသလားလို့စ် အစ်ကိုရေ
ကျနော်လဲလိုက်မယ်

ခရီးစဉ်အကြောင်း ပြောသွားတာ ဖတ်လို့ကောင်းတယ် ညီလေး နောက်ဆုံးမှာ facebook အသုံးအနှုန်း မသုံးဘဲ ဆက်ပါဦးမည်လို့ ရေးတာက ကောင်းပါတယ်

ဟုတ်ကဲ့ အစ်ကိုစော ပြင်လိုက်ပါပြီ ခင်မျာ
ကျေးဇူးပါနော် နောက်လဲ ဆက်လက်ဝေဖန် သင်ပြပေးပါဦးခင်မျ

ဘုရားဖူးအမှက်တရပေါ့
ကုန်ဈေးနှုန်းကြီးလို့  စီးပွားရေးသိပ်မကောင်းလှပေမယ့်
တရုတ်နဲ့  မြန်မာပေါင်းစပ်ထားတဲ့ကောင်မလေးကိုတွေ့ပြီး သကာလ....😁😁😁

အကုန်ဖတ်ပေးလို့ ကျေးဇူးတင်ပါရစေ အစ်ကိုရေ
မြင်သာအောင် ပုံဖော်လိုက်တာ တရုတ်မြန်မာ ကပြားဖြစ်သွားဒယ်

ဘုရားဖူး သွားခဲ့တာလေးတောင် ပြန်သတိရတယ်

အတိတ်ကကြောင်းလေးတွေက သတိရစရာလေးတွေချည်းပါ

ရေးသလောက်ထွက်နေတဲ့ စာရေးဆရာတွေကတော့ steemitမှာ အေးအေးဆေးဆေးပါဘဲ့ကြိုက်တဲ့အချိန်တင်နိုင်တယ်..အားကျပါဘိပြီးတော့ ဖတ်လို့လည်းကောင်းတယ်နော်bto

ကျေးဇူးပါခင်မျာ
အစ်ကို rocketgyiက အမြဲအားပေးပေးတော့
ရေးရတာ အားမငယ်တော့ဘူးပေါ့
အစ်ကိုတို့ကို အမြဲအားကျလေးစားလျက် ပါ

အားပေးနေပါ့မယ်

ဟုတ်ကဲ့ပါ ခင်မျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57912.63
ETH 2348.79
USDT 1.00
SBD 2.37