"လူသိအမ်ားဆံုး Electronic mail" (သို ့မဟုတ္) "Gmail"အပိုင္း(၁)[original post by @thantzin(moehlaing)]steemCreated with Sketch.

in #myanmar7 years ago (edited)

IMG_20170708_074021.jpg
zawgi;
"လူသိအမ်ားဆံုး Electronic mail" (သို ့မဟုတ္) "Gmail"အပိုင္း(၁)[original post by @thantzin(moehlaing)]
မဂၤလာပါ ခင္ဗ်။
ယေန့ေခတ္မွာ ဆက္သြယ္ေရးနည္းပညာေတြ တိုးတက္လာတာနဲ ့အမ်ွ လူအမ်ားစုဟာ အင္တာနက္အသံုးျပဳႏိုင္တဲ ့mobile device ေတြ(ဥပမာ-smart phone ေတြ၊tablet ေတြ)ကို အသံုးျပုျပီးေတာ့ တစ္ဦးနဲ ့တစ္ဦး online ေပၚကေန ဆက္သြယ္မႈေတြ ပိုမိုျပုလုပ္လာႏိုင္ႀကပါတယ္။
ယေန့ေခတ္မွာ ေက်းလက္ေဒသမွာေတာင္ လူေတြ အမ်ားစုဟာ english စာ မဖတ္ႏိုင္ေသာ္လည္းပဲ facebook,viber,messenger,beetalk တို့က တဆင့္ တစ္ဦးနဲ ့တစ္ဦး အဆက္အသြယ္ ျပဳလုပ္ေနႀကပါျပီ။
social_icons_3_w10244.jpeg
#google(this photo is taken from google)
ဒါ့ေႀကာင့္ အြန္လိုင္းအသံုးျပုတဲ ့လူတိုင္းအတြက္ မရွိမျဖစ္ အေရးႀကီးလွတဲ ့electronic mail (သို့မဟုတ္)email အေႀကာင္းေလး က်ြန္ေတာ္သိသေလာက္ မ်ွေဝေပးပါ့မယ္။
****"Email"ဆိုတာ ဘာလဲ?****
Email ဆိုတာ Electronic mail ရဲ ့အတိုေကာက္စာလံုး ျဖစ္ပါတယ္။
Electronic mail ဆိုတာ လြယ္ေအာင္ေျပာရရင္ေတာ့ အြန္လိုင္း စာပို ့စနစ္လို ့ အဓိပၸါယ္ရပါတယ္။
ဟိုးအရင္တုန္းကေတာ့ တယ္လီဖုန္းဆက္သြယ္ေရးရွားပါတဲ ့အခ်ိန္တုန္းက က်ြန္ေတာ္တို့တေတြဟာ ဆက္သြယ္ေရး စာတိုက္ရံုးကတဆင့္ စာပို ့စနစ္ကို အသံုးျပဳျပီးေတာ့ အဆက္အသြယ္ ျပဳလုပ္ႀကရပါတယ္။
စာပို ့စနစ္သံုးေတာ့ စာတစ္ေစာင္ေရာက္ဖို ့အနည္းဆံုး ေလး၊ငါးရက္ေတာ့ ႀကာခဲ့ပါတယ္။အျမန္စာပို ့စနစ္ျဖစ္တဲ ့အျမန္ေခ်ာစနစ္နဲ့ ့ပို ့ရင္ေတာင္ ၂ရက္ေလာက္ႀကာပါတယ္။
အျမန္ေခ်ာထက္ ပိုျမန္ခ်င္ရင္ေတာ့ ေႀကးနန္းရိုက္ျပီး စာပို ့ခဲ့ရပါတယ္။ဒါေတာင္ ေႀကးနန္းသြားရိုက္တဲ ့အခ်ိန္က ေန့ခင္းပိုင္းဆိုရင္ ဟိုဘက္က ကိုယ္စာပို ့ခ်င္တဲ ့သူဆီကို ေန့ခ်င္းမေရာက္ေတာ့ပါဘူး။ေနာက္တစ္ေန့မွပဲ
ေႀကးနန္းေရာက္ပါတယ္။
က်ြန္ေတာ္ အခု ဟိုးအရင္က ဆက္သြယ္ေရးစနစ္ကို ျပန္ေျပာျပရတဲ ့ရည္ရြယ္ခ်က္က
ယေန့ေခတ္ က်ြန္ေတာ္တို ့အသံုးျပုေနတဲ့ ့email စနစ္ရဲ ့ အားသာခ်က္ေတြကို ပိုျပီးထင္ရွားေစလိုတဲ ့အတြက္ေႀကာင့္ျဖစ္ပါတယ္။
Screen Shot 2012-11-28 at 7.53.48 AM.png
#google(this photo is taken from google)
*****emailစနစ္က ဟိုးအရင္ ဆက္သြယ္မႈ စနစ္ေတြထက္ ဘာေတြမ်ား ပိုေကာင္းသလဲ?*****
အင္တာနက္ အသံုးျပဳႏိုင္မယ္ဆိုရင္ email ရဲ့ အားသာခ်က္ေတြကေတာ့-------
(၁)email စနစ္ကို အလြယ္တကူ အသံုးျပုႏိုင္ျခင္း။
(၂)ေပးပို ့သူနဲ ့လက္ခံသူအႀကား email တစ္ေစာင္ ေရာက္ရွိရန္ စကၠန့္အနည္းငယ္သာ ႀကာျခင္း။
(၃)email ပို့ေဆာင္ခ အခမဲ့ ျဖစ္ျခင္း။
(၄)email ေပးပို ့ျခင္းႏွင့္ လက္ခံျခင္းျပဳလုပ္ရန္ ေနရာေဒသ၊အခ်ိန္ကာလ ကန့္သတ္မႈ မရွိျခင္း(ကမ႓ာေပၚရွိ အင္တာနက္ရ႐ွိေသာ မည္သည့္ေနရာေဒသ၌မဆို၊မည္သည့္အခ်ိန္ကာလတြင္မဆို email ေပးပို့ျခင္းႏွင့္ လက္ခံျခင္းတို့ကို ျပဳလုပ္ႏိုင္ျခင္း)။
(၅)email အသံုးျပဳျခင္းအတြက္ email အေရအတြက္ ကန့္သတ္မႈ မရွိျခင္း။
(၆)email ေပးပို့တဲ့အခါ text message(စကားလံုးစာသားမ်ား)ႏွင့္အတူ jpg,mp3,mp4,pdf,txt အစရွိတဲ ့ဖိုင္မ်ားပါ တပါတည္း တြဲ၍ ပို ့ႏိုင္ျခင္း(attached တြဲမယ့္ file size ကိုေတာ့ ကန့္သတ္ထားပါတယ္)
(၇)email တစ္ေစာင္ကို email လက္ခံမည့္သူ အမ်ားအျပားဆီသို ့တျပိဳင္နက္တစ္ႀကိမ္တည္းျဖင့္ ေပးပို ့ႏိုင္ျခင္း။
(၈)မိမိမအားလပ္တဲ ့အခါမ်ိဳးမွာ ့မိမိထံ email ေပးပို့သူေတြကို တိက်တဲ ့စာသားအခ်ိဳ ့ကို ႀကိဳတင္ေရးသားထားျပီး အလို အေလ်ာက္ email ျပန္ပို ့၍ အေႀကာင္းျပန္ႀကားႏိုင္ျခင္း။
အစရွိတဲ ့အခ်က္ေတြပဲျဖစ္ပါတယ္။
က်ြန္ေတာ္ မသိတဲ ့emailရဲ ့အျခားေသာအားသာခ်က္ေတြလည္း ရွိပါလိမ့္ဦးမယ္။
ေလာကႀကီးမွာ အေကာင္းနဲ ့အဆိုးဟာ အျမဲတမ္းဒြန္တြဲေနတယ္ ဆိုတဲ ့အတိုင္းပဲ email မွာ အားနည္းခ်က္ေတြ(မေကာင္းတဲ ့အခ်က္ေတြ)လည္း ရွိပါတယ္။
*****emailရဲ ့အားနည္းခ်က္ေတြက ဘာေတြလည္း?*****
(၁)email အသံုးျပဳသူဟာ အင္တာနက္ ရွိရပါမယ္။အင္တာနက္မရွိပဲ email အသံုးမျပဳႏိုင္ပါဘူး။
(၂)email နဲ ့အတူ virus ေတြပါလာႏိုင္ျပီးေတာ့ မိတ္ေဆြရဲ့ computer (သို ့မဟုတ္)mobile phone ကို တိုက္ခိုက္ျပီး မိတ္ေဆြရဲ ့computer (သို့မဟုတ္)mobile phone ထဲမွာ သိမ္းဆည္းထားတဲ ့အခ်က္အလက္ေတြကို ခိုးယူသြားႏိုင္ပါတယ္။
(၃)အခ်ိန္ကာလတစ္ခု ႀကာလာတာနဲ ့အမ်ွ mailbox(စာအိတ္ပံုး)ထဲမွာ email ေတြျပည့္ႏွက္လာျပီး ရႈပ္ပြေနပါလိမ့္မယ္။ဒါ့ေႀကာင့္ အခ်ိန္ကာလ အပိုင္းအျခားအလိုက္[ဥပမာ-အပတ္စဥ္(သို ့မဟုတ္)လစဥ္] mailbox ထဲဝင္ျပီး မလိုအပ္တဲ ့email ေတြ ဖ်က္ပစ္ဖို့ ့(deleteလုပ္ဖို့)လိုအပ္ပါတယ္။
ဒီအခ်က္ေတြအျပင္ အျခားေသာ အားနည္းခ်က္ေတြလည္း ရွိပါလိမ့္ဦးမယ္။
*****email အသံုးျပုဖို ့အတြက္ ဘာေတြလိုအပ္သလဲ?*****
email အသံုးျပဳဖို ့အတြက္
(၁)အင္တာနက္လိုင္း၊
(၂)အင္တာနက္အသံုးျပဳႏိုင္တဲ့ ့computer,laptop,tablet(or)smart phone
အစရွိတဲ ့device တစ္ခုနဲ ့
(၃)email address တစ္ခု ရွိဖို ့လိုပါတယ္။
တကယ္လို ့မိတ္ေဆြမွာ smart phone တစ္လံုးရွိျပီးသားဆိုရင္ေတာ့ smart phone ထဲမွာ mobile sim card က အင္တာနက္လိုင္း ပါျပီးသားျဖစ္တဲ ့အတြက္ email address တစ္ခုရွိတာနဲ့ email ကို စတင္အသံုးျပုႏိုင္ပါျပီ။
gmail.jpg
#google(this photo is taken from google)
*****email address ဆိုတာ ဘာလဲ?*****
email address(e-address)ဆိုတာ အြန္လိုင္းေပၚက မိတ္ေဆြရဲ ့စာတိုက္ပံုးလိပ္စာပါပဲ။
စာတိုက္ကေန စာပို့တဲ ့အခါ စာပို့သူေရာ စာလက္ခံမယ့္သူေရာ ႏွစ္ေယာက္စာလံုးရဲ ့လိပ္စာေရးေပးရပါတယ္။ေမာင္ျဖူ ၊မနီ ဆိုျပီး ပို ့လို ့မရပါဘူး။လိပ္စာအတိအက် သိမွသာ စာတိုက္ရံုးက စာလက္ခံျပီး ပို့ေပးပါတယ္။
ထို ့အတူပါပဲ။အြန္လိုင္းေပၚမွာ တစ္ဦးနဲ ့တစ္ဦး email ကတဆင့္ ဆက္သြယ္တဲ ့အခါမွာလည္း မိတ္ေဆြရဲ ့အြန္လိုင္းစာတိုက္ပံုးလိပ္စာ(email address)ကို အတိအက် သိမွ ဆက္သြယ္လို ့ရပါတယ္။မိတ္ေဆြရဲ ့email address မွာ တစ္လံုးတစ္ေလ မွားသြားရင္ေတာင္ မိတ္ေဆြကို email ကတဆင့္ ဆက္သြယ္လို ့မရေတာ့ပါဘူး။''invalid email address'' ဆိုျပီး ေပၚေနပါလိမ့္မယ္။
email address တစ္ခုဟာ ''[email protected]''ဆိုတဲ ့ ပံုစံေလးရွိပါတယ္။
''@'' symbol ေလးကေတာ့ "at''လို ့အသံထြက္ပါတယ္။
@ရဲ့ေရွ့မွာရွိတဲ့ username ဆိုတဲ ့ေနရာမွာ မိမိနာမည္ ဒါမွမဟုတ္ အသင္းအဖြဲ ့အစည္းေတြနဲ ့company ေတြရဲ ့နာမည္ ထည့္ေပးရမွာပါ။
username မွာ alphabetေတြ(a,b,c,d အကၡရာေတြ) အျပင္ numberေတြ (1,2,3,4----)နဲ ့punctuation marks အခ်ို့
ကိုလည္း အသံုးျပဳဖို့ ခြင့္ျပုထားပါတယ္။
@ရဲ့ေနာက္က ''domain.com''ကို domain name လို့ေခၚပါတယ္။
domain name ေနရာမွာေတာ့ email ကို အခမဲ ့ဝန္ေဆာင္မႈေပးတဲ ့company ရဲ့ ့domain name ကို ေတြ့ရမွာပါ။
ဥပမာ-
"[email protected]"
ဆိုတာမ်ိဳးပါ။
email address တစ္ခုဟာ @သေကၤတနဲ့ ့domain name အပါအဝင္ စုစုေပါင္း စာလံုးအေရအတြက္ ၂၅၄ လံုးအထိ ခြင့္ျပုထားတယ္လို ့လည္း သိရပါတယ္။
နာမည္ရွည္ရွည္ႀကိဳက္တဲ ့သူေတြအတြက္ေတာ့ ကြက္တိေပါ့ဗ်ာ!
*****email address တစ္ခုကို ဘယ္လိုရယူႏိုင္ပါသလဲ?*****
email address တစ္ခုကို email အခမဲ ့ဝန္ေဆာင္မႈေပးတဲ ့company ႀကီးေတြမွာ account တစ္ခု sign up လုပ္ျပီး အခမဲ ့ရယူႏိုင္ပါတယ္။
email အခမဲ ့ဝန္ေဆာင္မႈေပးတဲ ့company ေတြ အမ်ားအျပားရွိေပမယ့္ ယေန့ေခတ္မွာ popular အျဖစ္ဆံုး emailကေတာ့ ကမၻာေက်ာ္ Google companyက အခမဲ ့ဝန္ေဆာင္မႈ ေပးေနတဲ့ ''gmail (or) google mail'' ပဲျဖစ္ပါတယ္။
Gmail_logo.png
#google(this photo is taken from google)
*****email ဟာ online သံုးစြဲသူေတြအတြက္ အေရးပါ,ပါ သလား?*****
ဟုတ္ကဲ ့။email ဟာ online သံုးစြဲသူေတြအတြက္ မရိွမျဖစ္ကို အေရးပါ,ပါတယ္။
ဥပမာ-facebook,twitter,steemit အစရွိတဲ ့လူမႈကြန္ယက္တစ္ခုခုကို မိတ္ေဆြသံုးစြဲခ်င္ရင္ အဲဒီလူမႈကြန္ယက္ေတြမွာ account ဖြင့္ဖို့အတြက္ email မရွိမျဖစ္ လိုအပ္ပါတယ္။
ဒါ့အျပင္ မိတ္ေဆြဟာ online money ရွာေဖြသူဆိုရင္ paypal,perfect money,coinbase,blockchain အစရွိတဲ့ online ပိုက္ဆံအိတ္ ဝန္ေဆာင္မႈေပးတဲ့ company ေတြမွာ account ဖြင့္ဖို့အတြက္ email ဟာ မရွိမျဖစ္လိုအပ္ပါတယ္။
ဒါ့အျပင္ fbs,binary.com,fxtm အစရွိတဲ့ brokers ေတြဆီမွာ forex trading လုပ္ဦးမလား။ဒါ့အျပင္ ptc sites ေတြမွာ click ျပီး ေငြရွာဦးမလား။ဒါ့အျပင္ exmo.com,btceနဲ ့bitterex အစရွိတဲ့ exchange site ေတြမွာ crypto currencies ေတြ trade ဦးမလား။
ဒါ့အျပင္ planet of bets ကဲ့သို့ေသာ ေလာင္းကစား sites ေတြမွာ ေဘာလံုးပြဲေလာင္းဦးမလား။မိတ္ေဆြ အတြက္ email ဆိုတာ မရွိမျဖစ္ လိုအပ္ပါတယ္။
ဟုတ္ကဲ့။စာလည္း ေတာ္ေတာ္ရွည္သြားပါျပီ။
ေနာက္တစ္ပိုင္းမွာေတာ့ google account တစ္ခု ျပဳလုပ္ျခင္း နဲ ့gmail account ကို
လံုျခံဳေအာင္ ဘယ္လိုျပုလုပ္ရမယ္ဆိုတာကို ဆက္လက္ေဖာ္ျပပါ့မယ္ ခင္ဗ်။
က်ြန္ေတာ္ဟာ နည္းပညာသမား တစ္ေယာက္မဟုတ္တဲ့အတြက္ က်ြန္ေတာ့္ရဲ ့post ထဲမွာ အားနည္းခ်က္ အမွားအယြင္း တစ္စံုတစ္ရာ ပါခဲ့ရင္ က်ြန္ေတာ့္ရဲ ့ေလ့လာမႈ အားနည္းမႈေႀကာင့္သာျဖစ္လို ့နားလည္ခြင့္လႊတ္ေပးဖို ့လည္း ေတာင္းပန္ပါတယ္ ခင္ဗ်။
မိတ္ေဆြ အေပါင္း က်မ္းမာ ခ်မ္းသာျပီး
မဂၤလာရွိတဲ ့ေန့ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ပါေစ ခင္ဗ်။
ခ်စ္ခင္ေလးစားစြာျဖင့္-----
@thantzin(moehlaing)
--------*********-----------*********------------
IMG_20170708_074021.jpg
unicode;
"လူသိအများဆုံး Electronic mail" (သို့မဟုတ်) "Gmail"အပိုင်း(၁)[original post by @thantzin(moehlaing)]
မင်္ဂလာပါ ခင်ဗျ။
ယနေ့ခေတ်မှာ ဆက်သွယ်ရေးနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူအများစုဟာ အင်တာနက်အသုံးပြုနိုင်တဲ့mobile device တွေ(ဥပမာ-smart phone တွေ၊tablet တွေ)ကို အသုံးပြုပြီးတော့ တစ်ဦးနဲ့တစ်ဦး online ပေါ်ကနေ ဆက်သွယ်မှုတွေ ပိုမိုပြုလုပ်လာနိုင်ကြပါတယ်။
ယနေ့ခေတ်မှာ ကျေးလက်ဒေသမှာတောင် လူတွေ အများစုဟာ english စာ မဖတ်နိုင်သော်လည်းပဲ facebook,viber,messenger,beetalk တို့က တဆင့် တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် ပြုလုပ်နေကြပါပြီ။
social_icons_3_w10244.jpeg
#google(this photo is taken from google)
ဒါ့ကြောင့် အွန်လိုင်းအသုံးပြုတဲ့လူတိုင်းအတွက် မရှိမဖြစ် အရေးကြီးလှတဲ့electronic mail (သို့မဟုတ်)email အကြောင်းလေး ကျွန်တော်သိသလောက် မျှဝေပေးပါ့မယ်။
****"Email"ဆိုတာ ဘာလဲ?****
Email ဆိုတာ Electronic mail ရဲ့အတိုကောက်စာလုံး ဖြစ်ပါတယ်။
Electronic mail ဆိုတာ လွယ်အောင်ပြောရရင်တော့ အွန်လိုင်း စာပို့စနစ်လို့ အဓိပ္ပါယ်ရပါတယ်။
ဟိုးအရင်တုန်းကတော့ တယ်လီဖုန်းဆက်သွယ်ရေးရှားပါတဲ့အချိန်တုန်းက ကျွန်တော်တို့တတွေဟာ ဆက်သွယ်ရေး စာတိုက်ရုံးကတဆင့် စာပို့စနစ်ကို အသုံးပြုပြီးတော့ အဆက်အသွယ် ပြုလုပ်ကြရပါတယ်။
စာပို့စနစ်သုံးတော့ စာတစ်စောင်ရောက်ဖို့အနည်းဆုံး လေး၊ငါးရက်တော့ ကြာခဲ့ပါတယ်။အမြန်စာပို့စနစ်ဖြစ်တဲ့အမြန်ချောစနစ်နဲ့ပို့ရင်တောင် ၂ရက်လောက်ကြာပါတယ်။
အမြန်ချောထက် ပိုမြန်ချင်ရင်တော့ ကြေးနန်းရိုက်ပြီး စာပို့ခဲ့ရပါတယ်။ဒါတောင် ကြေးနန်းသွားရိုက်တဲ့အချိန်က နေ့ခင်းပိုင်းဆိုရင် ဟိုဘက်က ကိုယ်စာပို့ချင်တဲ့သူဆီကို နေ့ချင်းမရောက်တော့ပါဘူး။နောက်တစ်နေ့မှပဲ
ကြေးနန်းရောက်ပါတယ်။
ကျွန်တော် အခု ဟိုးအရင်က ဆက်သွယ်ရေးစနစ်ကို ပြန်ပြောပြရတဲ့ရည်ရွယ်ချက်က
ယနေ့ခေတ် ကျွန်တော်တို့အသုံးပြုနေတဲ့email စနစ်ရဲ့ အားသာချက်တွေကို ပိုပြီးထင်ရှားစေလိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
Screen Shot 2012-11-28 at 7.53.48 AM.png
*****emailစနစ်က ဟိုးအရင် ဆက်သွယ်မှု စနစ်တွေထက် ဘာတွေများ ပိုကောင်းသလဲ?*****
အင်တာနက် အသုံးပြုနိုင်မယ်ဆိုရင် email ရဲ့ အားသာချက်တွေကတော့-------
(၁)email စနစ်ကို အလွယ်တကူ အသုံးပြုနိုင်ခြင်း။
(၂)ပေးပို့သူနဲ့လက်ခံသူအကြား email တစ်စောင် ရောက်ရှိရန် စက္ကန့်အနည်းငယ်သာ ကြာခြင်း။
(၃)email ပို့ဆောင်ခ အခမဲ့ ဖြစ်ခြင်း။
(၄)email ပေးပို့ခြင်းနှင့် လက်ခံခြင်းပြုလုပ်ရန် နေရာဒေသ၊အချိန်ကာလ ကန့်သတ်မှု မရှိခြင်း(ကမ္ဘာပေါ်ရှိ အင်တာနက်ရရှိသော မည်သည့်နေရာဒေသ၌မဆို၊မည်သည့်အချိန်ကာလတွင်မဆို email ပေးပို့ခြင်းနှင့် လက်ခံခြင်းတို့ကို ပြုလုပ်နိုင်ခြင်း)။
(၅)email အသုံးပြုခြင်းအတွက် email အရေအတွက် ကန့်သတ်မှု မရှိခြင်း။
(၆)email ပေးပို့တဲ့အခါ text message(စကားလုံးစာသားများ)နှင့်အတူ jpg,mp3,mp4,pdf,txt အစရှိတဲ့ဖိုင်များပါ တပါတည်း တွဲ၍ ပို့နိုင်ခြင်း(attached တွဲမယ့် file size ကိုတော့ ကန့်သတ်ထားပါတယ်)
(၇)email တစ်စောင်ကို email လက်ခံမည့်သူ အများအပြားဆီသို့တပြိုင်နက်တစ်ကြိမ်တည်းဖြင့် ပေးပို့နိုင်ခြင်း။
(၈)မိမိမအားလပ်တဲ့အခါမျိုးမှာ့မိမိထံ email ပေးပို့သူတွေကို တိကျတဲ့စာသားအချို့ကို ကြိုတင်ရေးသားထားပြီး အလို အလျောက် email ပြန်ပို့၍ အကြောင်းပြန်ကြားနိုင်ခြင်း။
အစရှိတဲ့အချက်တွေပဲဖြစ်ပါတယ်။
ကျွန်တော် မသိတဲ့emailရဲ့အခြားသောအားသာချက်တွေလည်း ရှိပါလိမ့်ဦးမယ်။
လောကကြီးမှာ အကောင်းနဲ့အဆိုးဟာ အမြဲတမ်းဒွန်တွဲနေတယ် ဆိုတဲ့အတိုင်းပဲ email မှာ အားနည်းချက်တွေ(မကောင်းတဲ့အချက်တွေ)လည်း ရှိပါတယ်။
*****emailရဲ့အားနည်းချက်တွေက ဘာတွေလည်း?*****
(၁)email အသုံးပြုသူဟာ အင်တာနက် ရှိရပါမယ်။အင်တာနက်မရှိပဲ email အသုံးမပြုနိုင်ပါဘူး။
(၂)email နဲ့အတူ virus တွေပါလာနိုင်ပြီးတော့ မိတ်ဆွေရဲ့ computer (သို့မဟုတ်)mobile phone ကို တိုက်ခိုက်ပြီး မိတ်ဆွေရဲ့computer (သို့မဟုတ်)mobile phone ထဲမှာ သိမ်းဆည်းထားတဲ့အချက်အလက်တွေကို ခိုးယူသွားနိုင်ပါတယ်။
(၃)အချိန်ကာလတစ်ခု ကြာလာတာနဲ့အမျှ mailbox(စာအိတ်ပုံး)ထဲမှာ email တွေပြည့်နှက်လာပြီး ရှုပ်ပွနေပါလိမ့်မယ်။ဒါ့ကြောင့် အချိန်ကာလ အပိုင်းအခြားအလိုက်[ဥပမာ-အပတ်စဉ်(သို့မဟုတ်)လစဉ်] mailbox ထဲဝင်ပြီး မလိုအပ်တဲ့email တွေ ဖျက်ပစ်ဖို့(deleteလုပ်ဖို့)လိုအပ်ပါတယ်။
ဒီအချက်တွေအပြင် အခြားသော အားနည်းချက်တွေလည်း ရှိပါလိမ့်ဦးမယ်။
*****email အသုံးပြုဖို့အတွက် ဘာတွေလိုအပ်သလဲ?*****
email အသုံးပြုဖို့အတွက်
(၁)အင်တာနက်လိုင်း၊
(၂)အင်တာနက်အသုံးပြုနိုင်တဲ့computer,laptop,tablet(or)smart phone
အစရှိတဲ့device တစ်ခုနဲ့
(၃)email address တစ်ခု ရှိဖို့လိုပါတယ်။
တကယ်လို့မိတ်ဆွေမှာ smart phone တစ်လုံးရှိပြီးသားဆိုရင်တော့ smart phone ထဲမှာ mobile sim card က အင်တာနက်လိုင်း ပါပြီးသားဖြစ်တဲ့အတွက် email address တစ်ခုရှိတာနဲ့ email ကို စတင်အသုံးပြုနိုင်ပါပြီ။
gmail.jpg
#google(this photo is taken from google)
*****email address ဆိုတာ ဘာလဲ?*****
email address(e-address)ဆိုတာ အွန်လိုင်းပေါ်က မိတ်ဆွေရဲ့စာတိုက်ပုံးလိပ်စာပါပဲ။
စာတိုက်ကနေ စာပို့တဲ့အခါ စာပို့သူရော စာလက်ခံမယ့်သူရော နှစ်ယောက်စာလုံးရဲ့လိပ်စာရေးပေးရပါတယ်။မောင်ဖြူ ၊မနီ ဆိုပြီး ပို့လို့မရပါဘူး။လိပ်စာအတိအကျ သိမှသာ စာတိုက်ရုံးက စာလက်ခံပြီး ပို့ပေးပါတယ်။
ထို့အတူပါပဲ။အွန်လိုင်းပေါ်မှာ တစ်ဦးနဲ့တစ်ဦး email ကတဆင့် ဆက်သွယ်တဲ့အခါမှာလည်း မိတ်ဆွေရဲ့အွန်လိုင်းစာတိုက်ပုံးလိပ်စာ(email address)ကို အတိအကျ သိမှ ဆက်သွယ်လို့ရပါတယ်။မိတ်ဆွေရဲ့email address မှာ တစ်လုံးတစ်လေ မှားသွားရင်တောင် မိတ်ဆွေကို email ကတဆင့် ဆက်သွယ်လို့မရတော့ပါဘူး။''invalid email address'' ဆိုပြီး ပေါ်နေပါလိမ့်မယ်။
email address တစ်ခုဟာ ''[email protected]''ဆိုတဲ့ ပုံစံလေးရှိပါတယ်။
''@'' symbol ကလေးကတာ့ "at''လို့အသံထွက်ပါတယ်။
@ရဲ့ရှေ့မှာရှိတဲ့ username ဆိုတဲ့နေရာမှာ မိမိနာမည် ဒါမှမဟုတ် အသင်းအဖွဲ့အစည်းတွေနဲ့company တွေရဲ့နာမည် ထည့်ပေးရမှာပါ။
username မှာ alphabetတွေ(a,b,c,d အက္ခရာတွေ) အပြင် numberတွေ (1,2,3,4----)နဲ့punctuation marks အချို့
ကိုလည်း အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။
@ရဲ့နောက်က ''domain.com''ကို domain name လို့ခေါ်ပါတယ်။
domain name နေရာမှာတော့ email ကို အခမဲ့ဝန်ဆောင်မှုပေးတဲ့company ရဲ့domain name ကို တွေ့ရမှာပါ။
ဥပမာ-
"[email protected]"
ဆိုတာမျိုးပါ။
email address တစ်ခုဟာ @symbolနဲ့domain name အပါအဝင် စုစုပေါင်း စာလုံးအရေအတွက် ၂၅၄ လုံးအထိ ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။
နာမည်ရှည်ရှည်ကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပေါ့ဗျာ!
*****email address တစ်ခုကို ဘယ်လိုရယူနိုင်ပါသလဲ?*****
email address တစ်ခုကို email အခမဲ့ဝန်ဆောင်မှုပေးတဲ့company ကြီးတွေမှာ account တစ်ခု sign up လုပ်ပြီး အခမဲ့ရယူနိုင်ပါတယ်။
email အခမဲ့ဝန်ဆောင်မှုပေးတဲ့company တွေ အများအပြားရှိပေမယ့် ယနေ့ခေတ်မှာ popular အဖြစ်ဆုံး emailကတော့ ကမ္ဘာကျော် Google companyက အခမဲ့ဝန်ဆောင်မှု ပေးနေတဲ့ ''gmail (or) google mail'' ပဲဖြစ်ပါတယ်။
Gmail_logo.png
#google(this photo is taken from google)
*****email ဟာ online သုံးစွဲသူတွေအတွက် အရေးပါ,ပါ သလား?*****
ဟုတ်ကဲ့။email ဟာ online သုံးစွဲသူတွေအတွက် မရှိမဖြစ်ကို အရေးပါ,ပါတယ်။
ဥပမာ-facebook,twitter,steemit အစရှိတဲ့လူမှုကွန်ယက်တစ်ခုခုကို မိတ်ဆွေသုံးစွဲချင်ရင် အဲဒီလူမှုကွန်ယက်တွေမှာ account ဖွင့်ဖို့အတွက် email မရှိမဖြစ် လိုအပ်ပါတယ်။
ဒါ့အပြင် မိတ်ဆွေဟာ online money ရှာဖွေသူဆိုရင် paypal,perfect money,coinbase,blockchain အစရှိတဲ့ online ပိုက်ဆံအိတ် ဝန်ဆောင်မှုပေးတဲ့ company တွေမှာ account ဖွင့်ဖို့အတွက် email ဟာ မရှိမဖြစ်လိုအပ်ပါတယ်။
ဒါ့အပြင် fbs,binary.com,fxtm အစရှိတဲ့ brokers တွေဆီမှာ forex trading လုပ်ဦးမလား။ဒါ့အပြင် ptc sites တွေမှာ click ပြီး ငွေရှာဦးမလား။ဒါ့အပြင် exmo.com,btceနဲ့bitterex အစရှိတဲ့ exchange site တွေမှာ crypto currencies တွေ trade ဦးမလား။
ဒါ့အပြင် planet of bets ကဲ့သို့သော လောင်းကစား sites တွေမှာ ဘောလုံးပွဲလောင်းဦးမလား။မိတ်ဆွေ အတွက် email ဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။
ဟုတ်ကဲ့။စာလည်း တော်တော်ရှည်သွားပါပြီ။
နောက်တစ်ပိုင်းမှာတော့ google account တစ်ခု ပြုလုပ်ခြင်း နဲ့gmail account ကို
လုံခြုံအောင် ဘယ်လိုပြုလုပ်ရမယ်ဆိုတာကို ဆက်လက်ဖော်ပြပါ့မယ် ခင်ဗျ။
ကျွန်တော်ဟာ နည်းပညာသမား တစ်ယောက်မဟုတ်တဲ့အတွက် ကျွန်တော့်ရဲ့post ထဲမှာ အားနည်းချက် အမှားအယွင်း တစ်စုံတစ်ရာ ပါခဲ့ရင် ကျွန်တော့်ရဲ့လေ့လာမှု အားနည်းမှုကြောင့်သာဖြစ်လို့နားလည်ခွင့်လွှတ်ပေးဖို့လည်း တောင်းပန်ပါတယ် ခင်ဗျ။
မိတ်ဆွေ အပေါင်း ကျမ်းမာ ချမ်းသာပြီး
မင်္ဂလာရှိတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
@thantzin(moehlaing)

Sort:  

thanks for sharing. good post.

thanks for your support,bro!
ေလးစားပါတယ္ ခင္ဗ်။

Sir, please vote for us. We are very grateful to this. You continue to have success in the same way. @ahlawat
happy friendship day

ok,bro!
upvoting is done!

thank you so much for your support!

ေက်းဇူးပါ

ဟုတ္ကဲ့။ေလးစားပါတယ္ bro။
က်ြန္ေတာ္ကလည္း bro ကို ေက်းဇူးတင္ပါတယ္ ခင္ဗ်။

We are very grateful to this. You continue to have success in the same way. @ahlawat

ေကာင္းပါတယ္bro ျမန္မာစာေတကဖတ္မရဘူး။

zawgi ေရာ unicode ေရာ ၂မ်ိုးလံုး ဖတ္လို့မရတာလား ခင္ဗ်?

ဟုတ္bro zawgyi ဖတ္လို႕ရပါတယ္ဗ်ာ ။ unicode ကို သတိမထားလိုက္မိလို႕ပါ။ ေဆာရီးေနာ္ ။ အားေပးေနပါတယ္။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.030
BTC 62708.03
ETH 2457.30
USDT 1.00
SBD 2.62