2018 AFF Suzuki Cup

in #myanmar6 years ago

image

2018 AFF Suzuki Cup ရဲ့ အုပ်စု (က)ကို သုံးသပ်ကြည့်ခြင်း
ဒီနေ့မှာ 2018 AFF Suzuki Cup ပြိုင်ပွဲကြီး စတင်ပါပြီ။ (၁၂)ကြိမ်မြောက် ပြိုင်ပွဲကြီးမှာလည်း ထုံးစံအတိုင်း အုပ်စု (၂)ခု ရှိနေမှာ ဖြစ်ပြီး အုပ်စုထိပ်ဆုံးက အသင်း (၂)သင်းက ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အုပ်စု (က) ကို သုံးသပ်ကြည့်ချင်ပါတယ်။ အုပ်စု (က)မှာ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီယား နဲ့ လာအိုတို့ ပါဝင်နေပါတယ်။ ဗီယက်နမ် ဂျာကာတာမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ အာရှအားကစားပြိုင်ပွဲမှာ ဗီယက်နမ်က ဆီမီးဖိုင်နယ်ကို ရောက်ခဲ့သလို AFC U23 ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ရောက်ခဲ့ပါတယ်။ ဒီခြေစွမ်းတွေကိုသာ ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ဗီယက်နမ်အနေနဲ့ ဆူဇူကီးဖလားကို အရယူဖို့အတွက် အခက်အခဲက နည်းနည်းလေးပဲ ရှိမှာပါ။ ဗီယက်နမ်က ကျင်းပခဲ့ပြီးတဲ့ ပြိုင်ပွဲ (၁၁)ကြိမ်မှာ (၉) ကြိမ်အထိ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ဗိုလ်စွဲထားတဲ့ အသင်းဖြစ်ပါတယ်။ ဒီအတွက် ဆီမီးဖိုင်နယ်အဆင့်ဆိုတာ သူတို့အတွက်တော့ ပုံမှန်ကစားနေကျ အဆင့်တစ်ခုလို့ ပြောလို့ ရပါတယ်။ ဗီယက်နမ်အသင်းရဲ့ လူစာရင်းမှာ လူငယ်ကစားသမားတွေများပြားပြီး အတွေ့အကြုံရှိကစားသမားတွေဖြစ်တဲ့ ငုယင်အန်ဒူ၊ ငုယင်ဗန်ကွက်တို့လည်း ရှိနေပါတယ်။ သူတို့ကသာ အသင်းကို အကောင်းဆုံးထိန်းကျောင်းမှု ပြုလုပ်ပေးနိုင်ရင် ဗီယက်နမ်ဟာ ဒီပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်တက်ဖို့ လွယ်ကူနိုင်ပြီး ဖလားတောင် ရရှိနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ (၁၀)နှစ်အတွင်းမှာ နောက်ထပ် ဆူဇူကီးဖလားကို သိမ်းပိုက်နိုင်ဖို့ အလားအလာကောင်းတဲ့ အသင်းဖြစ်ပါတယ်။ မလေးရှား မလေးရှားကတော့ ဆူဇူကီးပြိုင်ပွဲမှာဆို ခြေစွမ်းက အတက်အကျကြမ်းတယ်လို့ ပြောလို့ရပါတယ်။ ၂၀၁၀ မှာ ပြဇာတ်ဆန်ဆန်ဗိုလ်စွဲခဲ့ပြီး ၂၀၁၄ မှာတော့ ဆီမီးဖိုင်နယ်ထိ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေတောင်မှ မတက်နိုင်ခဲ့တာကို ကြည့်ရင် မလေးရှားက ခြေစွမ်းမတည်ငြိမ်ဘူးလို့ ဆိုရမှာပါ။ အုပ်စုအဖွင့်ပွဲတွေမှာ လာအို၊ ကမ္ဘောဒီယားတို့နဲ့ ဆက်တိုက်ကစားရမှာက ကံကောင်းမှုတစ်ခုဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့ အဆုံးအဖြတ်ပွဲဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲကိုတော့ နိုဝင်ဘာလ (၁၆)ရက်နေ့မှာ ဗီယက်နမ်နဲ့ ဟနွိုင်းမှာ ကစားရမှာပါ။ ဒီပြိုင်ပွဲအတွက် မလေးရှားအသင်းရဲ့ မျှော်လင့်ချက်တွေက လူငယ်ကစားသမား ဆာဖာဝီရာဆစ်ဒ်ပေါ် မူတည်နေပါတယ်။ အသက် (၂၁)နှစ်ရွယ် ကြယ်ပွင့်ကစားသမားဟာ AFC U23 နဲ့ အာရှအားကစားပြိုင်ပွဲတွေမှာ ခြေစွမ်းပြခဲ့ပြီး ဆူဇူကီးမှာ ထပ်ခြေစွမ်းပြမှာလား စောင့်ကြည့်ရမှာပါ။ မြန်မာ ၂၀၁၆ ပြိုင်ပွဲမှာ မြန်မာအသင်းက ဆီမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပါတယ်။ မြန်မာက ဒီအုပ်စုမှာ ဗီယက်နမ်နောက် အုပ်စုဒုတိယနဲ့ နောက်တစ်ဆင့်တက်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲက ဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့ တွေ့ခဲ့ပြီး မြန်မာက နှစ်ကျော့ပေါင်း (၆-၀) နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲထိ တက်နိုင်ဖို့ အရည်အသွေးလိုအပ်နေတယ်ဆိုတာ ထင်ရှားခဲ့ပါတယ်။ မြန်မာအသင်းမှာ တိုက်စစ်မှူး အောင်သူကို အားကိုးရမှာဖြစ်ပြီး အောင်သူက ထိုင်းလိဂ်မှာ ပြီးခဲ့တဲ့ရာသီမှာ (၁၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အာရှဖလားကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ရမှာ မဟုတ်တာကြောင့် ဆူဇူကီးဖလားက မြန်မာအသင်းအတွက်တော့ အရမ်းအရေးကြီးနေပြီး ပရိသတ်တွေကလည်း အသင်းအပေါ် အရမ်းမျှော်လင့်ထားကြပါတယ်။ ဒီတစ်ကြိမ် မြန်မာအသင်း ဆုဖလားကို ကိုင်မြှောက်နိုင်မယ်လို့လည်း ယုံကြည်မျှော်လင့်နေကြပါတယ်။ မြန်မာအသင်းရဲ့ လူစာရင်းအရလည်း အုပ်စုအဆင့်ကနေ ကျော်လွှားနိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။ ကမ္ဘောဒီးယား ကမ္ဘောဒီးယားအသင်းကတော့ ပြိုင်ပွဲတစ်လျှောက် (၂၂)ပွဲ ကစားပြီး အုပ်စုတွင်းမှာ နိုင်ပွဲ (၂)ပွဲသာ ရဖူးတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ မြန်မာ နဲ့ မလေးရှားတို့ကို အံ့အားသင့်စရာတွေ လုပ်ပြနိုင်လိမ့်မယ်လို့ တချို့က ယူဆထားပါတယ်။ အသင်းနည်းပြအဖြစ် ဂျပန် နာမည်ကျော်ကစားသမား ဟွန်ဒါ ကိုင်တွယ်မှာဖြစ်လို့ ကမ္ဘောဒီးယားအသင်းအပေါ် မျှော်လင့်လာကြတာပါ။ ဒါပေမယ့် ဟွန်ဒါအတွက်တော့ ဒီအုပ်စုက လွယ်ကူတဲ့ အုပ်စုတော့ မဟုတ်ပဲ ဖလားရဖို့အထိ ရေပန်းစားနေတဲ့ ဗီယက်နမ်နဲ့လည်း ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ သူ့လက်ထက်မှာလည်း ကမ္ဘောဒီးယားအသင်း အုပ်စုက တက်ရောက်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရဦးမှာ ဖြစ်ပြီး အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ကွင်းလယ် ချာသာဘင်၊ တိုက်စစ်မှူါ် ချာဗက်သာနာကာတို့ ဘယ်လောက်ထိ တောက်ပနိုင်မလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။ လာအို လာအိုအသင်းကလည်း ကမ္ဘောဒီးယားလိုပါပဲ။ အုပ်စုတွင်းမှာ နိုင်ပွဲရဖို့အတွက်ကို မနည်းကြိုးစားခဲ့ရတဲ့ အစဉ်အလာနဲ့ အသင်းပါ။ အသင်းရဲ့ နည်းပြအဖြစ် စင်ကာပူနည်းပြဟောင်း ဆန်ဒရာက ကိုင်တွယ်နေလို့ လာအိုအသင်းကို ဒီပြိုင်ပွဲမှာ အပြောင်းအလဲတွေနဲ့ မြင်တွေ့ရဖွယ် ရှိနေပါတယ်။ လာအိုက ၂၀၀၇ ပြိုင်ပွဲမှာ ဗီယက်နမ်နဲ့ ရင်ဆိုင်ခဲ့ရတုန်းက (၉)ဂိုးအထိ ပေးခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့က အဖွင့်ပွဲအဖြစ် ဗီယက်နမ်နဲ့ ကစားရမှာမို့ ခြေစွမ်းတိုးတက်လာမလား စောင့်ကြည့်ရမှာပါ။ အုပ်စုအဆင့်က လွန်မြောက်ဖို့က လာအိုအတွက်ကတော့ တော်တော်လေးကြီးမားတဲ့ အိပ်မက်ဖြစ်ပါတယ်။ အိမ်ကွင်းမှာ ကစားရမယ့် ပွဲတွေကိုသာ အခြေအနေကောင်းခဲ့မယ်ဆိုရင် လာအိုအတွက် မျှော်လင့်ချက် ရှိနိုင်ပါတယ်။ ဒါပေမယ့် သိပ်တော့မလွယ်ကူပါဘူး။ အုပ်စု (က)မှာ နောက်တစ်ဆင့်တက်ဖို့အတွက်က ဗီယက်နမ်၊ မြန်မာ နဲ့ မလေးရှားတို့ပဲ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ်လို့ ယူဆမိပါတယ်။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 56386.16
ETH 2529.81
USDT 1.00
SBD 2.49