....အိမ်မက်...
လူတိုင်းတွင်အိမ်မက်ကိုယ်စီရှိကျလျှင်...ကျမ၏အိမ်မက်သည်ကမ်းခြေတခုတွင်လမ်းလျောက်ခြင်းဟုဆိုလျှင်..အင်မတန်ရိုးရှင်းနေသည်ဟုရီကျလိမ့်မည်.....
...
ကျမ၏နူးညံ့ခြင်းကိုပြန်လည်သယ်ဆောင်လာသော... တစုံတဦးအား ဝတ်လစ်စားလစ်ထားကာလေးဖက်ထောက်အနေအထားဖြင့်..
လည်ပတ်ကြိုးစလေးအားဆွဲလျက်...
...ကမ်းစပ်တွင်အတူတကွလမ်းလျောက်ကာ...
အေးမြစိုစွတ်သော...သဲသောင်ပြင်၏ထိတွေ့မူနှင့်အတူပူစပ်စပ်ပင်လယ်နံ့သင်းသောလေပြည်အားရှူရှိုက်ရင်း....မနက်ခင်းနေထွက်ချိန်ကိုကြိုခြင်မိသည်...
...
မထန်သောလှိုင်းလေးများပုတ်ခတ်စော့ကစားနေသည်ကိုခြေဖျားလေးဖြင့်တို့ထိကစားလိုသည်...
သဲစသဲနလေးများပေကျံလာသောခြေမလေးကို ထိုသူအားစုတ်ယူစေခြင်းဖြင့်မနက်ခင်း၏အဓိပ္ပါယ်ကိုပိုလေးနက်စေမည်....
...
လည်ပင်းကြိုးစကိုခပ်တင်းတင်းစောင့်ဆွဲကာရှေ့မှပြေးလွှားခြင်းဖြင့်ထိုသူကိုချွေးများစိုရွှဲသည်အထိမောဟိုက်စေလိုသည်...
....
မောပမ်းလို့နားလျှင်တော့ကျမ၏ဖိနပ်လေးကိုကိုက်ကာဘေးတွင်ဝတ်တွားခိုင်းရမည်..ကျမ၏ခုံအဖြစ်တော့မထားလိုပါ...ဒူးဒဏ်ပိုဆိုးသွားမလားဟူသောစိတ်ဖြင့်ထိုင်ရဖြောင့်မည်မဟုတ်...
...
သဲသောင်နုမှကျောက်စကျောက်နလေးများ...ခရုခွံလေးများပေါများသောနေရာရောက်လျှင်တော့...ထိုသူကိုလေးဖက်ကုန်းဒူးမထောက်စေလိုပါ...ကျမ၏အပေါ်ဝတ်ဖြင့်ခြုံသိုင်းပေးမိမည်...
ကျမကိုယ်တိုင်ပေးသေါဒဏ်ရာမျိုးမှအပ..
မည်သည့်ပြင်ပမှရလာသောနာကျင်မူများ
ထိုသူကိုမထိရှစေလိုပါ...
....
ကျမ၏ရိုးရှင်းလွန်းသောအိပ်မက်လေးသည်...အိပ်မက်သက်သက်သာလား...မသေခြာ.... ဘဝသည်တခါတရံအိပ်မက်ဆန်တတ်သည်မဟုတ်ပါလား....
....
ဤထက်ကောင်းသော ဤထက်သာယာသောအိပ်မက်ကိုမက်ခွင့်ရှိမည်ဆိုလျှင်တောင်... ကျမ၏ရိုးရှင်းသောအိပ်မက်လေးကိုလွှတ်ချမိလိမ့်မည်မထင်ပါ....
....
ထိုသေခြာနေခြင်းကပင်...
KhinSundy
အိုက်စ် . . အမြင်နှစ်ခွလေးနဲ့ . . . ကိုယ်သန်ရာအမြင်ဘက်ကနေ ကည့်သွားပါတယ်ဗျ . .